
အပိုင်း ( ၄ )
" ဖေဖေ "
အိမ်တံခါးရှေ့ရပ်နေသော ဖခင်ဖြစ်သူကို မြင်တွေ့လိုက်
ရသဖြင့် မြဖူးငုံ အလွန်ပင်ထိတ်လန့်သွားသည်။ ဦးအောင်
စိုးမှာ မြဖူးငုံကို ဒေါသဖုံးလွှမ်းနေသော မျက်နှာဖြင့် စူး
စိုက်ကြည့်နေသည်။
" ဘယ်လိုကနေ သိပြီး ... "
ဦးအောင်စိုးက တစ်ခွန်းမျှပြန်မဖြေဘဲ အိမ်ထဲတန်းဝင်
လာကာ ထိုင်ခုံတွင်ဝင်ထိုင်လိုက်၏။ မြဖူးငုံမှာမူ ပျာပျာ
သလဲ လိုက်ဝင်ရင်း ဖခင်၏မျက်နှာကို မဝံ့မရဲ လှမ်းကြည့်
နေရှာသည်။
" ဒီလိုအနေအထားနဲ့ ဘယ်လိုများနေနေတာလဲ
သမီးရယ် "
အိမ်အခြေအနေကိုကြည့်ကာ ဦးအောင်စိုး စိတ်မကောင်း
ဖြစ်သွားခဲ့ရသည်။
" သမီး အဆင်ပြေပါတယ် ဖေဖေ ... ဒီအိမ်လေးက ယာ
ယီနေတာပါ ... "
" ယာယီဆိုတာက "
" ခဏငှားထားတာဖေဖေ ... တခြားနေရာပြောင်းမှာ "
" ဘယ်ကိုပြောင်းမှာလဲ "
" ဟို ... သမီးမြေကွက်ဝယ်ထားတယ် ... အဲ့မှာ အိမ်
ဆောက်မလို့ ပြင်နေတာ ... "
" သမီးရာ ... ဖေဖေအတန်တန်တားနေရက်နဲ့ ... ဇွတ်တိုး
တာကိုး "
" သမီးရွေးထားတာအတွက် နောင်တမရပါဘူးဖေဖေ ... "
မြဖူးငုံစကားကြောင့် ဦးအောင်စိုးမျက်နှာမှာ နီမြန်းလာ
လေသည်။
" မိုက်လိုက်တာ နှစ်ယောက်မရှိဘူး ... ဟိုကောင်ခု
ဘယ်မှာလဲ "
" သူအလုပ်သွားတယ် ... ညနေမှပြန်ရောက်မှာဖေဖေ "
" ဟင်း ... သမီးမေမေနေမကောင်းဘူး ... သမီးကို
တွေ့ချင်တယ်တဲ့ ... မေမေ့ဆီလိုက်ခဲ့ဖို့ လာခေါ်တာ "
" မေမေဘာဖြစ်လို့လဲဟင် "
" စိတ်ထောင်းကိုယ်ကျေပေါ့ကွာ ... သမီးကြောင့် အဲ့
လိုတွေဖြစ်ရတာ ... "
" တောင်းပန်ပါတယ်ဖေဖေရယ် ... သမီးမလိမ္မာလို့
သိပါတယ် ... ဒါပေမယ့် ရုပ်ရှင်တွေထဲကလို ကိုဥက္ကာနဲ့
ခွဲဖို့တော့ မလုပ်ပါနဲ့နော် "
" ခွဲလို့ရော ဘာထူးမှာလဲ ... ခုအကုန်သိနေကြပြီ ...
အရှက်လည်းကွဲပြီးပြီ ... တားခဲ့တာပဲ ရမှမရတာ "
" ဒါဆို ဖေဖေတို့ သဘောတူလိုက်ပြီလားဟင် "
" ငါသေတောင်မတူဘူး မိဖူး ... "
" ဖေဖေရယ် ... "
မြဖူးငုံမှာ မျက်ရည်များဝဲတက်လာရင်း ဖခင်ကို ပြန်
ကြည့်နေတော့သည်။ ဉီးအောင်စိုးမှာ တောက်တခေါက်
ခေါက်ဖြင့်သာ ကြိမ်းဝါးနေနိုင်၏။
သမီးဖြစ်သူ၏စိတ်ကိုလည်း သူသိသည်။ ဒါဆိုဒါမှ၊
မရအရ ကြံစည်တတ်မှန်း သိပြီးဖြစ်၏။ ထိုစိတ်မှာ
သူနှင့် တထေရာတည်း တူညီသည်မဟုတ်ပါလော။
" အဲ့ကောင်ကိုတော့ ဖေဖေတို့ လက်မခံနိုင်သေးဘူး ...
ဒါပေမယ့် သမီးက ဖေဖေတို့သမီးပဲ ... သမီးမိုက်တာ
မှန်တယ် ... မျက်နှာလွဲနေလို့လည်း မဖြစ်ပြန်ဘူး ... ခု
သမီးမေမေ အိပ်ရာထဲလဲနေပြီ ... သူမှန်းထားသလိုဖြစ်
မလာတော့ ဘုံးဘုံးလဲတာပေါ့ ... ဖေဖေလာတာ သမီးကို
လာခေါ်တာ ... သမီးမေမေကို လိုက်တွေ့လိုက်အုံး ... "
" ကိုဥက္ကာရော ခေါ်လာလို့ရလားဖေဖေ ... သူ့ကိုပါခေါ်
လာချင်လို့ ... "
" အဲ့အကောင်ကိုမမြင်ချင်ပါဘူးဆို ဘာလို့ခေါ်မလဲ ...
ခုဖေဖေနဲ့ လိုက်ခဲ့ ... ပြီးရင် ပြန်လိုက်ပို့ပေးမယ် "
" ဟုတ်ကဲ့ "
မြဖူးငုံလည်း ငြင်းဆန်နိုင်စွမ်းမရှိတော့။ မိခင်အတွက်
လိုက်မှဖြစ်ပေမည်။ အဝတ်အစားအမြန်လဲကာ ဖခင်
နောက်လိုက်ထွက်လာခဲ့တော့သည်။
" ဒီလိုကိုဥက္ကာရေ ... ခင်ဗျားတို့ဝယ်မယ်ဆိုတဲ့ နွားခြံ
အကွက်က နာမည်ကြီးပဲဗျ ... ကျွန်တော်သိရသလောက်
ပေါ့လေ ... ခင်ဗျားတို့ရှေ့မှာ ဝယ်မယ်ဆိုပြီး စရံချခဲ့တဲ့
သူတွေရှိတယ် ... သူတို့လည်း ဘာကြောင့်လဲမသိ ပျက်
ကြတာချည်းပဲ ... "
" ပျက်လို့လည်း ကျွန်တော်တို့လက်ထဲရောက်တာပေါ့
ကျွန်တော်က စရံအဆုံးခံချင်နေပြီ ... မိန်းမက ခေါင်း
မာနေတာကိုသက် "
" ခက်တော့ခက်တယ် ... မဖူးမှာ အစီအစဉ်ရှိလို့နေမှာ
ပါ ... သူတို့က မသေချာရင်ဘာမှမလုပ်တာတော့ ခင်ဗျား
လက်ခံရမယ် "
" ဒါတော့ဒါပေါ့ ... သူ့အဖေသာပါရင် ကျွန်တော်သံသယ
မရှိပါဘူး ... ခုက ဖူးတစ်ယောက်ထဲ ဆုံးဖြတ်တာဆို
တော့ ဘယ်လိုလာမယ်မသိနိုင်ဘူး ... "
" တိုင်ပင်ကြည့်ကြပေါ့ဗျာ ... ဟုတ်ဘူးလား "
ကိုဥက္ကာမှာ အလုပ်ထဲတွင်လည်း စိတ်မဖြောင့်လှဘဲ ထို
မြေကွက်ကိစ္စသာ ခေါင်းထဲရှိနေတော့သည်။ ထို့ကြောင့်
လုပ်ဖော်ကိုင်ဖက်အချို့နှင့် တိုင်ပင်ကြည့်၏။
မြဖူးငုံနှင့် လက်ထပ်ပြီးချိန်မှစကာ ပန်းရံအလုပ် မလုပ်
ရအမိန့်ကြောင့် အခြားအလုပ်ပြောင်းရွေ့လုပ်ကိုင်ခဲ့ရ
သည်။
မြဖူးငုံက ဆောက်လုပ်ရေး ပစ္စည်းဆိုင်လေး ရှယ်ယာ
ဖွင့်ပေးသဖြင့် ထိုဆိုင်လေး၌ ကြီးကြပ်နေရသော်လည်း
စိတ်မပျော်လှချေ။
သူဝါသနာပါသည်က သူ့လက်သူ့ခြေဖြင့် ဆောက်လုပ်
ရသောအလုပ်ပင်။ ယခင်အလုပ်မှာ ပန်းရံဆိုသော်လည်း
အလုပ်ထဲပျော်သည်။
အပေါင်းအသင်းများနှင့် စလိုက်နောက်လိုက်၊ အလုပ်
လုပ်ရသဖြင့် မပျင်းရချေ။ ပင်ပန်းသော်လည်း စိတ်
ချမ်းသာသည်ဟုသူထင်မိသည်။
" အခြေကြီးတဲ့ သူဌေးသမီးနဲ့ ရတော့လည်း ဒူးနေရာဒူး
တော်နေရာတော် အလိုက်အထိုက် လုပ်ရအုံးမှာပဲဗျာ "
တစ်ခါတစ်ခါသူကထိုသို့ ငြီးငြူတတ်၏။ မြဖူးငုံကို
ချစ်သည့်စိတ်ကြောင့် အရာရာခေါင်းငုံ့သည်းခံတတ်
လာခဲ့သည်။
" ခင်ဗျားကံကောင်းပါတယ်ဗျာ ... ထီပေါက်သလိုပဲ
... တော်ရုံလူမရနိုင်တဲ့ အခွင့်အရေးမျိုး ခင်ဗျားရခဲ့
တာပဲ ကိုဥက္ကာ "
" တစ်ချို့တစ်ဝက်တော့မှန်ပါတယ် ... ကျွန်တော်က
ငွေတွေဂုဏ်တွေ တပ်မက်လို့မဟုတ်ဘူး ... ဥစ္စာဓန
ထက် ချစ်ခြင်းမေတ္တာကို တပ်မက်ခဲ့တာ... တစ်ကောင်
ကြွက်တစ်မျက်နှာဘဝနဲ့ မနေချင်တော့တာလည်းပါ
တယ် ... ဖူးကိုချစ်တာလည်းပါတာပေါ့ ... အချိန်တန်ရင်
အားလုံးထားခဲ့ရမှာပဲလေ ... မသေခင်လေးတော့ မိသား
စုဘဝလေး လိုချင်မိတယ် "
" ခင်ဗျားကလည်း သေစကားကအရင်ပါလား ... နိမိတ်
မရှိတာတွေ မပြောပါနဲ့ ကိုဥက္ကာရာ ... ခုဆို ခင်ဗျားက
စင်ပေါ်မှာဗျ ... "
ကိုသက်နှင့်ပြောဆိုပြီး ဆိုင်ပိတ်ချိန်ရောက်ပြီဖြစ်၍ ပိတ်
ကာ အိမ်သို့ပြန်လာခဲ့လေသည်။ အိမ်ရှေ့အရောက် အိမ်
သော့ခတ်ထားသည်ကို မြင်တွေ့ရသဖြင့် ရင်ထဲ ထိတ်ခနဲ
ဖြစ်သွားခဲ့၏။
" ကိုဥက္ကာ ... မဖူးက သူ့အမေနေမကောင်းလို့ ခဏသွား
တယ်လို့ ပြောပေးပါတဲ့ ... မှာခဲ့တယ်ရှင့် "
" ဗျာ ... ဟုတ် ... ဟုတ်ကဲ့ "
ဘေးအခန်းက မဝေလွင် စကားကြောင့် ပို၍ပူပန်လာ
မိသည်။ သူကြည့်နေကြ ဇာတ်ကားထဲကလိုများ ဝေး
ကြရတော့မည်လားဟု တွေးမိနေသည်။
" သံယောဇဉ် ... သံယောဇဉ် ... ဒီအပူကြီးက တကယ်
ဆိုးပါလား "
ဂဏှာမငြိမ်နိုင်ဘဲ ထိုင်ရမလို ထရမလိုဖြင့် အပူကြီးပူ
နေမိတော့သည်။ မနေနိုင်သည့်အဆုံး မဝံ့မရဲဖြင့် မြဖူးငုံ
ဖုန်းကို လှမ်းခေါ်ကြည့်လိုက်၏။
" ဖူး ... ဘယ်တော့ပြန်လာမှာလဲဟင် "
" မေမေ နေမကောင်းသေးလို့ ဒီညအိမ်မှာအိပ်လိုက်အုံး
မယ်နော်မောင် ... မနက်ဖြန် ဖူးပြန်လာခဲ့မယ် ... ပြန်လာ
မှပြောမယ်နော် ... "
မြဖူးငုံက လေသံခပ်တိုးတိုးဖြင့် အမြန်ပြောပြီး ဖုန်းချ
သွားခဲ့သည်။ ကိုဥက္ကာတစ်ယောက်ထဲ ငေါင်စင်းစင်း
ဖြင့် ထိုင်နေမိလေ၏။
" တကယ်လို့ ဖူးပြန်မလာရတော့ရင် ငါဘာဆက်လုပ်
ရမလဲ "
အတွေးများကကြီးစိုးလာပြန်သည်။ မြဖူးငုံနှင့်အတူ
ပေါင်းသင်းကြသည်မှာ လပိုင်းမျှသာရှိသေးသော်
လည်း ယခုလို တစ်ယောက်တည်းနေရချိန်တွင် ဟာတာ
တာ ဖြစ်နေမိ၏။
ညစာကို ဖြစ်သလိုစားရင်း ငေါင်တောင်တောင် ဖြစ်နေ
ပြန်သည်။ အိပ်၍လည်းမပျော်။ စိတ်က မြဖူးငုံထံသာ
ရောက်နေမိနေသည်။
" ဟူး "
သက်ပြင်းသာတွင်တွင်ချရင်း ကုတင်ပေါ်လူးလှိမ့်နေမိ
၏။ မှေးခနဲ အိပ်ပျော်သွားစဉ် သူ၏ဘေး၌ မြဖူးငုံက
နွမ်းလျစွာ ပစ်လှဲချလိုက်သည်ကို တွေ့မြင်လိုက်ရသဖြင့်
ဇဝေဇဝါဖြင့် ကြည့်လိုက်လေသည်။
အခန်းထဲ မည်သည့်အချိန်ဝင်လာမှန်းမသိသော မြဖူးငုံ
ကို တအံ့တဩကြည့်နေမိသည်။ မြဖူးငုံကလည်း သူ့
ဘက်စောင်းငဲ့ကာ ပြုံးရင်းကြည့်နေ၏။
" မောင် ... ဖူးလေ စရံအဆုံးခံလိုက်တော့မယ် နွားခြံ
အကွက်မယူတော့ဘူး "
" ကောင်းပါတယ်ဖူးရာ ... ဒါနဲ့ ဘယ်လိုဖြစ်ရတာလဲ "
" ဖေဖေတို့နဲ့တိုင်ပင်ပြီး ဆုံးဖြတ်လိုက်တာပေါ့ ... သူတို့
ကို မောင်ပဲ အကြောင်းပြန်လိုက်နော် ... ဖူးအခုပြန်သွား
ရမှာ ... မေမေက မသက်သာသေးဘူး ... "
" ခုပြန်သွားမလို့လား ... ညကြီးကို ဖူးရာ ... မနက်မှသွား
ပါလား ... နေပါအုံး ခုနကပြောတော့ ဟိုမှာညအိပ်မှာဆို "
" ဟုတ်တယ် ... ဟိုမှာအိပ်မှာ အင်္ကျီပြန်လာယူတာလေ ...
ဖူးသွားပြီနော် ... မောင်ဆက်အိပ်နေလိုက် ... ဖူးတံခါးပိတ်
ခဲ့လိုက်မယ် "
" အင်း "
ကိုဥက္ကာမှာ မျက်လုံးမဖွင့်နိုင်ဘဲ အလွန်ပင် အိပ်ချင်နေ
သည်။ မြဖူးငုံကို မနည်းပြူးပြဲကြည့်နေရကာ ပြန်ဖြေ
နေရသည်။
ထို့နောက် မြဖူးငုံထွက်သွားပြီး တံခါးပိတ်လိုက်သံကို
ထင်ထင်ရှားရှားကြားသိလိုက်ရပြီး ပြန်လည်အိပ်ပျော်
သွားလေသည်။
မနက်လင်းသည့်အခါ အလုပ်မသွားခင် မခင်လှထံ ဖုန်း
လှမ်းဆက်လိုက်၏။
" မြေကွက်မယူဖြစ်တာသေချာပြီဗျ ... ကျွန်တော်တို့ချ
ထားတဲ့စရံငွေလေး ရသလောက်ပြောပေးကြည့်ပါအုံး
အန်တီ "
" အေးပါကွယ် ... နေ့လည်လောက်မှအားမှာမလို့ ပြီးရင်
ဖုန်းပြန်ဆက်ပေးမယ်ငါ့တူရေ "
နွားခြံအကွက်ကို ဇာတ်လမ်းဖြတ်လိုက်နိုင်ပြီဖြစ်၍
ကိုဥက္ကာ စိတ်အနည်းငယ်အေးသွားရသည်။ စရံငွေ
မည်မျှပင် ပြန်ရရ၊ ပြန်ယူရမည်ဟု တွေးထားလေသည်။
ဆုံးရှုံးသွားသောငွေအတွက် အလုပ်နှစ်ဆလုပ်ကာ ပြန်
စုပေးမည်ဟု စိတ်ကူးထား၏။
ညကမြဖူးငုံ ပြန်လာသဖြင့် ဇာတ်ကားထဲကလို သူနှင့်
ခွဲတော့မည်မဟုတ်မှန်း ခံစားမိနေသဖြင့်လည်း အပူတစ်
ဝက်လျော့ကျသွားထဲ့သည်။ ထို့ကြောင့် ဆိုင်ဖွင့်ရန် အလုပ်ထဲ ထွက်လာခဲ့လိုက်၏။
နေ့လည်ထမင်းစားနေစဉ်တွင် မြဖူးငုံထံမှ ဖုန်းဝင်လာ
သဖြင့် ကိုင်လိုက်သောအခါ။
" မောင့် သဘောနဲ့မောင် ဘာလို့လုပ်တာလဲ ... "
ဒေါသအလွန်ထွက်နေသောအသံဖြင့် မြဖူးငုံကအော်
ပြောနေလေ၏။
" ဘာကိုလဲ ဖူးရဲ့ ... မောင်ဘာလုပ်လို့လဲ "
" ဖူးစီစဉ်ထားပါတယ်လို့ အတန်တန်ပြောနေရက်နဲ့ ...
ဘာလို့ လိုက်ဖျက်နေရတာလဲလို့ "
" မောင်ဘာဖျက်လို့လဲ ... "
" စရံပြန်တောင်းတယ်ဆို "
" ဟင် ... ဖူးပဲ ပြန်တောင်းလိုက်ဆိုလို့ မောင်တောင်း
တာလေ "
" ဘယ်တုန်းကတောင်းခိုင်းလို့လဲ ... ဖူးတစ်ခွန်းမှမပြော
ခဲ့ဘူး "
" ဖူးပဲ ညကပြန်လာပြီး စရံပြန်တောင်းလိုက်တော့ နွား
ခြံအကွက်မယူတော့ဘူးလို့ ပြောတာလေ "
" မောင်ဘာတွေပြောနေတာလဲ ... ဖူးဘယ်အချိန်
အိမ်ပြန်လာလို့လဲ ... မနေ့ည တစ်ညလုံး မေမေ့ဘေး
မှာ အိပ်နေတာကို ... မဝေလွင်ကိုမှာခဲ့တယ်လေ ...
ညပြန်မလာဘူး မနက်မှပြန်ခဲ့မယ်လို့ ... သူ မပြောဘူး
လား "
" ပြောတယ်လေ "
" အင်းလေ ... ဒါကို မောင်ဘာတွေပြောနေတာလဲ "
" ဒါပေမယ့် ညကြတော့ ဖူးပြန်လာပြီး အင်္ကျီလာယူ
တယ်လေ ... ပြီးတော့ အဲ့လိုပြောသွားတာ "
" မောင် ရူးနေပြီလား ... ဒါမှမဟုတ် တမင်ဇာတ်လမ်း
ဆင်ပြောနေတာလား ... ခုပြန်လာခဲ့ ... အိမ်ရောက်မှ
ရှင်းမယ် ... ပြန်လာ "
ဒေါသတကြီးအော်ဟစ်နေသော မြဖူးငုံကြောင့် ကိုဥက္ကာ
မှာ ခေါင်းနားပန်းကြီးသွားရတော့၏။ ညက မြဖူးငုံ
ရောက်လာပြီး သေသေချာချာပြောသွားသည်မှာ အိပ်
မက်မဟုတ်နိုင်ချေ။
အခန်းလော့ချပြီး တံခါးပိတ်သွားသံ၊ အပြင်ထွက်သွား
သံများကို သူသေချာစွာကြားခဲ့သည်ပဲ။ မည်သို့မှ တွေးမရဘဲ ဖြစ်နေရသည်။ ထို့ကြောင့် အိမ်သို့အမြန် ပြန်ခဲ့တော့သည်။
" ဖူး "
" အိမ်သို့ရောက်သည်နှင့် မြဖူးငုံကို အော်ခေါ်လေသည်။
ညက မြဖူးငုံ မဟုတ်လျှင် မည်သူနည်း။ မြဖူးငုံပင် သူ့
ကို ကစားနေပြီလော။ ဇဝေဇဝါဖြစ်နေမိသည်။
" မောင် လုပ်လို့ အားလုံးပျက်ကုန်ပြီဆိုတာသိလား "
" မောင်ဘာမှမလုပ်ရပါဘူးဖူးရာ ... ဖူးကိုယ်တိုင်ပဲ ညက
ပြောလို့ စရံပြန်တောင်းလိုက်တာလေ "
" မောင်ဘာလို့ လိမ်နေတာလဲ ... ဖူးညက မပြန်လာပါဘူး
လို့ ပြောနေတာကို ... မောင်မယုံရင် ဖူးအိမ်ကို လိုက်မေး
မလား ပြော "
" ဖူးကမငြင်းနဲ့လေကွာ ... မောင့်ဘေးမှာလာလှဲပြီး သေ
ချာပြောသွားတာကို ဖူးမပြောဘဲ မောင်မလုပ်ဘူး "
" တော်ပြီမောင် ... မနေ့က ဖေဖေနဲ့ မြေကိစ္စပြောကြတော့
ဖေဖေက နေရာလည်းကောင်းတယ် ... အချက်အချာလည်းကျတယ်တဲ့ ... ဖူးကို ဝယ်ဖြစ်အောင်ဝယ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီသေးသေးလေး စလုပ်လိုက်
ပေါ့ ... ပိုက်ဆံအတွက် ဖေဖေက လိုသလောက် ထုတ်
ပေးမှာ ... အားလုံးအဆင်ပြေနေပြီးမှ ငွေအကျေချမယ်
ဆိုတော့ မြေကွက်ကိုမရောင်းတော့ဘူးတဲ့ ... ငွေချမယ်
ပြောလိုက် စရံပြန်တောင်းလိုက်နဲ့ ဇာတ်လမ်းရှုပ်တယ်
ဆိုပြီး ခုနကပြောလာတယ် ... အစီအစဉ်တွေအကုန်ပျက်
ကုန်ပြီ ... အဲ့ဒါမောင်လိုက်ရှုပ်လို့ဖြစ်ရတာ ... "
ထိုစကားကြောင့် ကိုဥက္ကာမှာ အံ့ဩမှင်သက်ဖြစ်သွားပြီး
ပါးစပ်အဟောင်းသားနှင့် ကြောင်သွားလေတော့သည်။
" တစ်ခုခုတော့မှားနေပြီဖူး ... တစ်ခုခုတော့မှားနေပြီ "
" ဖူးဘက်ကဘာမှမမှားဘူး ... မောင်ပဲ လိုက်ရှုပ်နေတာ "
" မဟုတ်သေးပါဘူးဖူးရာ ... ညကတကယ်ပဲ "
" တော်ပြီ ... ဖူးအရမ်းဒေါသထွက်တယ် ... ခုမောင့်ကို
လာပြောတာ ဖူး မေမေ့ဆီမှာ ခဏသွားနေအုံးမယ် ...
စိတ်ပြေမှ ပြန်လာမှာ ... မောင့်ဘာသာနေရစ်ခဲ့တော့ "
ထိုသို့ပြောပြီး မြဖူးငုံမှာ ဆောင့်ကြီးအောင့်ကြီးထွက်
သွားသဖြင့် ကိုဥက္ကာက လိုက်ဆွဲရသည်။ စိတ်ကြီးသော
မြဖူးငုံကလည်း ကိုဥက္ကာကို တွန်းခဲ့ကာ အမြန်ပြေး
ထွက်သွားခဲ့သည်။
" ဘာတွေဖြစ်ကုန်တာလဲကွာ "
ကိုဥက္ကာမှာ တစ်ခုမှနားမလည်နိုင်ဘဲ ငိုင်တွေကာ ကျန်
ရစ်ခဲ့လေတော့သည်။
" အဖြစ်က အဲ့လိုကိုသက် ... ခုမိန်းမကလည်း အဆက်
အသွယ်မလုပ် ... ဖုန်းဆက်လည်းမကိုင်နဲ့ ကျွန်တော်
ဘာလုပ်ရမယ်မသိတော့ဘူး "
" မဖူးစိတ်ပြေသွားရင် ပြန်လာမှာပါဗျာ "
" ဘယ်အချိန်မှစိတ်ပြေမယ်မသိဘူး ... သူ့အိမ်လည်း
ကျွန်တော်သွားဖို့ မရဲဘူးဖြစ်နေတယ် "
" စိတ်ရှည်ရှည်နဲ့စောင့်ပြီး ဖုန်းကိုင်တဲ့အထိ ခေါ်ကြည့်
ပါအုံး ... ဖုန်းထဲကနေ ချော့လိုက်ပေါ့ "
" ခေါ်တာပဲဗျ ... လုံးဝကိုမကိုင်တာ "
" ဒါနဲ့ မဖူးကသူပြန်မလာဘူးဆို ကိုဥက္ကာကိုပြောတာ
တွေက အိပ်မက်မက်နေတာလား "
" အိပ်မက်မဟုတ်တာ ကျွန်တော်သိတယ် ... လုံးဝအိပ်
မက်မဟုတ်ဘူး "
" အဲ့မှာ လွဲနေတာပဲ ... အိပ်မက်လည်းမဟုတ်ဘူး ...
မဖူးလည်းမဟုတ်ဘူးဆို ... ဘယ်သူလဲ "
" ကျွန်တော်လည်းစဉ်းစားလို့မရဘူး ... အဲ့ညကဖူးမှဖူး
အစစ်ပါ "
" မဖူးက အိပ်နေရင်း လမ်းလျှောက်တတ်သလား "
" ပေါက်ပေါက်ရှာရှာ မတတ်ပါဘူးကိုသက်ရာ "
" ဒါဆို ဟိုမယ်တော်သခင်မများလားမပြောနိုင်ဘူးနော်
ကိုဥက္ကာ ... လူယောင်ဖန်ဆင်းပြီး လာသလားမသိနဲ့ "
" ခင်ဗျားပြောမှ စဉ်းစားမိတယ် ... အဲ့လိုတွေ ရှိတတ်
လား "
" မသိဘူးလေဗျာ ... တတ်သိနားလည်တဲ့သူကို မေး
ကြည့်ပါလား "
ကိုဥက္ကာက တိတ်ဆိတ်နေသည်။ ပြီးမှ
" မေးမနေတော့ဘူး ... ကျွန်တော်အဲ့ကို သွားကြည့်
ရမယ် "
" ဘာလုပ်မလို့လဲဗျ "
" ဒီလိုပါပဲ ... တစ်ချက်သွားကြည့်ချင်လို့ "
ဆိုင်မှစောစောပြန်ခဲ့ပြီး နွားခြံဆီသို့ ထွက်လာခဲ့လေသည်။ နွားခြံနေရာသည် အုံ့မှိုင်းမှိုင်းနှင့် တိတ်ဆိတ်နေ
၏။
ကားပေါ်မှဆင်းပြီး ထိုမြေကွက်ပေါ်ခြေချလိုက်သည်
နှင့် အမျိုးအမည်မသိသော ခံစားချက်ကို ခံစားလိုက်
ရသည်။
ခြုံတစ်ဝက်ရှင်းထားပြီဖြစ်သောကြောင့် မြေကွက်တစ်
ဝက်အထိ ရှောရှောရူရူသွားလာနိုင်ခဲ့သော်လည်း ကျန်
တစ်ဝက်မှာ ခြုံများပိတ်နေသည်။
ကြားသိဖူးသိအတိုင်း ထိုနေရာ၌ စင်ရှိသည်ဆိုသဖြင့်
အတင်းတိုးဝင်သွားလိုက်သည်။ ဆူးခြုံများက လက်
တတောင်တွင် ခြစ်မိကုတ်မိနေသော်လည်း ဂရုမစိုက်
နိုင်တော့ပေ။
ဇွတ်တိုးဝင်သွားသည့်အခါ ခြံထောင့်နေရာတွင် စင်အို
ကြီးကို ဘွားခနဲတွေ့မြင်လိုက်ရတော့သည်။ စင်ရှိရာ
နေရာသည် အလွန်မှောင်နေပြီး ခြုံများက ဂူကြီးတစ်ခုသဖွယ် အုပ်မိုးထားသလိုလို ပေါ်ပေါက်နေသည်။
စင်က ပျဉ်ချပ်များဖြင့် ဆောက်လုပ်ထားပြီး လေဒဏ်
မိုးဒဏ်နှင့် နှစ်ကာလကြာရှည်စွာ မပြုမပြင်ဘဲ ထားရှိထားမှုကြောင့် အတော်ပင် ယိုယွင်းပျက်စီးနေချေပြီ။
သစ်သားတိုင်များက တစ်တိုင်က ကျိုးကျနေပြီး ထောက်
သုံးတိုင်ဖြင့်သာ ထောက်ထားသလိုဖြစ်ပေါ်နေ၏။ ဆူး
ခြုံများ ခြံရံနေသော စင်နားရောက်လာလေ ကြက်သီး
မွေးညှင်းထလာလေ ဖြစ်နေခဲ့သည်။
စိတ်ကြောင့်ပင်လောမဆိုသာ ကြောက်စိတ်အနည်းငယ်
ဝင်နေမိသလို ဖြစ်နေသည်။ စင်ဘေးသို့ နေရာအနည်း
ငယ် ရွေ့ကြည့်လိုက်သည်။
ခြုံများကြားမှာ လှမ်းမြင်နေရသော အုတ်ဂူတစ်ခု။ ထို
အုတ်ဂူမှာ အက်ကြောင်းများနှင့် အင်္ဂတေအချို့ ပဲ့ကြွေ
ကျနေသည်။
အုတ်ဂူကိုကြည့်ရင်း ဂူထဲမှ အသံတစ်ခုကို ကြားမိသလို
လို ကြားလာရသည်။ ထိုအသံကို သေချာစွာ နားထောင်
လိုက်၏။
တစ်ခုခုကို ထုရိုက်နေသံလိုဖြစ်သည်။ အုတ်ဂူအနီးသို့
တိုးနိုင်သမျှ တိုးကပ်သွားကြည့်သည်။ ဒုန်းခနဲ ထုသံ
ကြီးက အုတ်ဂူထဲမှ ပေါ်ထွက်လာပြီး ဆက်တိုက်ထုနေ
သံပါကြားလိုက်ရသည့်အခါ ဒူးနှစ်ဖက်ကမခိုင်ချင်တော့
ပေ။
ကြောက်အားလန့်အားနှင့် အတင်းပြေးထွက်လာခဲ့မိ
သည်။ မြေကွက်လပ်ဆီ မည်ကဲ့သို့ ရောက်လာမှန်း
မသိ၊ ဇွတ်တိုးပြေးလာခဲ့၏။
ကားဆီတဖန်ထပ်ပြေးကာ အမြန်မောင်းထွက်လာခဲ့
သည်။ အိမ်ရောက်မှ သက်ပြင်းချနိုင်ပြီး မျက်နှာတွင်
စပ်ရှိမ်းရှိမ်းဖြစ်ပေါ်နေသဖြင့် မှန်တွင်ကြည့်လိုက်လေ
သည်။
ပါးပြင်ပေါ် ဆူးများခြစ်မိထားသည်ကို တွေ့သည့်အခါ
ဆေးလိမ်းဖို့ လုပ်ရတော့သည်။
" ပျက်လက်စနဲ့ပျက်သွားတာ ကောင်းပါတယ် ...
ဖူးကိုတော့ သေချာချော့ရမှာပဲ ... နောက်တော့ စိတ်
ကောက်ပြေသွားမှာပါလေ "
တကိုယ်တည်းတွေးကာ ဆေးထည့်နေတုန်း အိပ်ခန်းထဲ
မှ အသံကြားလိုက်သောကြောင့် မြဖူးငုံပြန်ရောက်နေ
ပြီဟု ထင်မိကာ ဝမ်းသာသွားမိသည်။
အိပ်ခန်းဆီ အမြန်ဝင်ကြည့်သောအခါ မည်သူ့ကိုမှ မတွေ့၊ မြဖူးငုံလည်း ရှိမနေပေ။ ကုတင်ပေါ် ထိုင်ချရင်း
သူ့ကိုယ်သူ ဆန်းစစ်နေမိ၏။
အဘာ်ကြောင့် ထင်ယောက်ထင်မှားများ တွေ့မြင်ကြား
သိနေရသနည်း၊ သူနားမလည်နိုင်ဘဲ ဖြစ်နေသည်။
" မဟုတ်သေးဘူး ... တစ်ခုခုလွဲနေပြီ "
အိမ်မှအမြန်ပြန်ထွက်ကာ မခင်လှအိမ်သို့ ထွက်လာ
ခဲ့၏။ အိမ်ရှေ့တွင်ကားရပ်ကာ ခြံထဲမျက်လုံးဝေ့ကြည့်
လိုက်သည့်အခါ မခင်လှသားကို အိမ်ရှေ့၌ အဆင်သင့်
တွေ့သဖြင့် ခေါင်းကိုစောင်းငဲ့ရင်း ကားပေါ်တက်ခဲ့ဖို့
ခေါ်လိုက်သည်။
အောင်မျိုးဦးကလည်း သဘောပေါက်၏။ မခင်လှအလစ်
တွင် ကားပေါ်အမြန်တက်လာလေသည်။ ထိုအခါ
ကိုဥက္ကာလည်း မြန်မြန်မောင်းထွက်လိုက်တော့သည်။
" အစ်ကို တို့က စရံပြန်တောင်းပြီး ခုကြ ဝယ်သွား
တယ်ဆို "
" ဟေ ... မဝယ်ရသေးပါဘူးကွ "
" ဟာအစ်ကိုကလည်း မနက်ကပဲ ငွေအကျေချေလို့
အမေတောင် သက်သေနေရာ လက်မှတ်သွားထိုးပြီး
ပွဲခရလာပြီဟာ "
" တကယ်ချေလိုက်ပြီလား "
" အစ်ကိုတို့ဝယ်တာမဟုတ်ဘူးလား ... မနက်ကပဲ
အစ်မက အမေ့ကို ဝင်ခေါ်သွားတာပဲဗျ "
ကိုဥက္ကာလည်း တအံ့တဩဖြစ်သွားမိသလို ရင်ထဲနွမ်း
လျသွားမိ၏။ မိမိဇနီးသည်က ချန်လှပ်ထားခဲ့ခြင်းကို
လည်း ဝမ်းနည်းမိနေသည်။
" အဲ့လိုဖြစ်ကုန်ပြီလား "
" ဟင် အစ်ကိုမသိဘူးလား "
" မသိရပါဘူးညီရာ ... မိန်းမကစိတ်ဆိုးပြီး သူ့အမေဆီ
ပြန်သွားလို့ "
" အော် ... "
" ဒါနဲ့ ငါ့ညီကို မေးစရာရှိလို့ လာခေါ်တာ "
" ဟုတ် မေးလေအစ်ကို "
" ဦးမာခင် မှာ မိသားစုဆိုလို့ ငါ့ညီတို့ပဲရှိတာလား ...
သူမဆုံးခင် အတူနေခဲ့တဲ့သူက ဘယ်သူတွေလဲ "
" ကျွန်တော့်ဦးလေးက လူပျိုကြီး.. အိမ်ထောင်မရှိဘူး ...
သူဆုံးတော့ သူ့ညီမလက်ပေါ်ဆုံးတာ ... အဖေ့ညီမ အငယ်
ဆုံး အန်တီနွဲ့ခင်ပေါ့ "
" အဲ့အဒေါ်ရော ခုရှိသေးလား "
" မရှိတော့ဘူး ... ဆုံးသွားပြီ "
" သူ့သားသမီးတွေရောရှိသေးလား "
" သူ့မှာ သမီးနှစ်ယောက်ရှိတယ် ... အိမ်ထောင်ကျပြီး
တစ်နယ်စီရောက်ကုန်ပြီဗျ ... ဘာဖြစ်လို့လဲအစ်ကို "
" ဦးမာခင် ဘာတွေေပြာပြခဲ့လဲ သိချင်လို့ပါကွာ ... "
" အစ်ကို သိချင်ရင် ကိုဖိုးမှန်ကို မေးကြည့်လေ ... သူ
က ဦးလေးနဲ့အတူ နွားခြံမှာလုပ်တာ "
" တွေ့ချင်တယ် ... ခုတွေ့လို့ရလား "
" သူ့အိမ်သွားကြည့်လိုက်ပေါ့အစ်ကို ... နည်းနည်းတော့
ဝေးတယ်နော် "
" ရပါတယ် သွားကြတာပေါ့ "
ကိုဖိုးမှန်ဆိုသူထံ အတူထွက်လာခဲ့ကြလေသည်။
" အစ်ကိုဖိုးမှန် ... "
ဖိုးမှန်ဆိုသူအိမ်မှာ ရပ်ကွက်အစွန်တွင်ဖြစ်ပြီး အခြေခံ
လူတန်းစားအများစုနေထိုင်ရာ နေရာလည်းဖြစ်သည်။
ကိုဥက္ကာတို့ကားဝင်လာသည်ကို ထွက်ကြည့်နေကြ၏။
" ဟေ ... လာပြီဟ "
တဲအိမ်ထဲမှ လူတစ်ယောက် ယိုင်တိုင်တိုင်ထွက်လာကာ
အောင်မျိုးဦးကို ကြည့်နေသည်။
" မင်း မောင်ဖြိုး မဟုတ်လား "
" ဟုတ်တယ်လေ အစ်ကိုဖိုးမှန်ကလဲ ... အစောကြီးရှိ
သေး ... မွတ်နေပြီလားဗျ "
" ဟား ... ဟား ... ငါ့အတွက်တော့ စောတယ် နောက်ကျ
တယ်မရှိပါဘူးကွာ ... ကဲ လာကြဟေ့ ... အိမ်ပေါ်တက် "
ယိုင်နဲ့နဲ့တဲလေးပေါ်သို့ တက်လိုက်ကြသည့်အခါ အရက်
နံ့က ထောင်းခနဲ နှာခေါင်းထဲ အရင်ဝေ့တက်လာခဲ့၏။
" ထိုင်ကြကွာ ... မင်း မတွေ့တာကြာပြီ ... ခုဘာလုပ်နေ
တုန်း "
" အလုပ်မရှိပါဘူးဗျာ ... ကြုံရာတော့လုပ်ဖြစ်တယ် ...
ပိုက်ဆံရတာ အကုန်လုပ်တာပဲဗျ "
" အေးကွ ... ရတဲ့အလုပ်တော့လုပ်ရမှာပဲပေါ့ ... မခင်လှ
ကြီး နေကောင်းတယ်မဟုတ်လား "
" ကောင်းတယ်အစ်ကို ... ဒီလိုဗျ "
အောင်မျိုးဦးက ကိုဥက္ကာနှင့်မိတ်ဆက်ပေးကာ နွားခြံ
ကိစ္စကို ပြောပြလေသည်။
" အဲ့နေရာတော့ မလုပ်စေချင်ဘူး ... ငါအကောင်းပြော
တာ "
" ကျွန်တော်လည်းတားပါတယ် ... ဒီကအစ်ကို့မိန်းမက
တားမရဘူးဖြစ်နေတာ "
" ရှင်းရှင်းပြောရရင်ကွာ ... ခင်ချိုသန့်သမီး အိဖြူကို
အဲ့မှာမြုပ်ထားတာကွ ... သူ့အုတ်ဂူရှိတယ် "
" ကျွန်တော်တွေ့ပါတယ် ... အုတ်ဂူတစ်ခု စင်ဘေးမှာ
ရှိနေတာ မြင်ခဲ့တယ် "
" အေ ... အိဖြူကို အဲ့ဒီသခင်မက ခေါ်သွားတာကွ "
" ဗျာ ... "
" သခင်မအကြောင်းတော့ သိပြီးကြပြီမလား "
" ဟုတ်ကဲ့ သိပါတယ် ... "
" သူက သားဦးဆက်ခိုင်းတယ်ဆိုတာ သူ့အပိုင် ယူမှာ
မလို့ ဆက်ခိုင်းတာ ... အိဖြူအသက် ဆယ့်ခြောက်နှစ်
လည်းရောက်ရော ခေါ်သွားတာပဲလေ "
" သူကခေါ်ပြီးဘာလုပ်တာလဲ "
" ငါသိသလောက်တော့ လူစားတယ်ဆိုတာပဲ "
" ဘယ်လိုကြီးလဲအစ်ကိုဖိုးမှန်ရ "
" အဲ့မြေမှာအလုပ်လုပ်ရင် စီးပွားတက်အောင် မစတယ်
... နောက်ပြီး လူလည်းစားတယ် ... မင်းခု အဲ့မြေကွက်
ဝယ်ပြီး အလုပ်လုပ်ကြည့်လိုက် ... စီးပွားတွေတက်ပြီး
ငွေသောက်သောက်လဲဝင်လိမ့်မယ် ... ပြီးရင်တော့ သူ
ကြိုက်တဲ့လူကို ခေါ်တော့တာပဲ ... အဲ့ဒီအခါ ရှာထား
သမျှ ကုန်တာပဲကွ ... "
" ဒါဆိုဘာထူးမှာလဲ "
" အေးလေကွာ ... ဒါပေမယ့်လောဘပေါ့ဟာ ... လူတွေက
ရလေလိုလေမဟုတ်လား ... "
" အစ်ကိုက ဉီးမာခင်နဲ့အတူ အဲ့ခြံမှာ အလုပ်လုပ်ဖူးတာ
ဆို တခြားဘာတွေသိသေးလဲ "
" အေ ဟုတ်တယ် အဲ့ဒီတုန်းကငါ့အသက် ၁၄ နှစ် ...
နွားကျောင်းသားပေါ့ကွာ ... နေ့ဆို နွားကျောင်းရတယ် ...
ဉီးနီတို့ စီးပွားဘယ်လောက်တက်သလဲဆို စစချင်းသူ
နွားမွေးတော့ အကောင် ၂၀ ထဲရယ် ... အဲ့ကနေတိုးလာ
ပွားလာလိုက်တာ လေးရာကျော်သွားတာပဲ ... စဉ်းစား
ကြည့် အကောင် ၄၀၀ ကျော်နော် ... တော်ရုံတန်ရုံမဟုတ်
ဘူး ... "
" သူကအသက်ကြီးမှ အိမ်ထောင်ကျသွားတာဆိုတော့
မိန်းမမယူခင်ကတည်းက သခင်မကို ဆက်သ နေတာ
မျိုးလား "
" အမှန်ပေါ့ ... သူကမွေးထားသလိုလုပ်ထားတာကိုး ...
ဒါကြောင့် သူ့ရုပ်နဲ့ အသက်ကလည်းကြီးသေး ခင်ချို
သန့်လို အပျိုနုနုထွတ်ထွတ်ဘယ်လိုရနိုင်မလဲ ... သခင်မ
က သမီးပျိုဆက်ခိုင်းတာ ... ဦးနီက ကတိပေးတယ် ...
သူမိန်းမရလို့ သမီးမွေးရင် ဆက်ပါမယ်လို့ ကတိပေးခဲ့
တာဟ "
" အဲ့ဒါတွေ ကျွန်တော်မသိဘူးရော "
" ကိုမာခင် ဘယ်ပြောပြမလဲ ... သူလည်းပါတာကိုး "
" အဲ့လိုတွေလား "
" ဟုတ်ပါ့ ... ဦးနီဘယ်လောက်လောဘကြီးလဲ မင်းတို့
မသိလို့ ... ခင်ချိုသန့်ကို ကြိုက်လို့ထင်နေလား ... သူ
စီးပွားတက်ဖို့ ပိုချမ်းသာဖို့ ယူတာ ... သားဦးမွေးရင်
ဆက်သပါ့မယ် ... သူ့နယ်မှာ သူ့ကို အချမ်းသာဆုံး
ဖြစ်အောင် မစပါလို့ တောင်းထားတာ ... သူဒီလို လုပ်
ထားမှန်း လူသိမှာကြောက်လို့ ကိုမာခင်ကို နှုတ်ပိတ်
နေခိုင်းတာပေါ့ ... ကိုမာခင်ကလည်း အလုပ်ရှင်အပေါ်
သစ္စာရှိချက် လုံးဝကိုမဟတာ "
" ဒါဆိုဒီအကွက်က လူနေအိမ်ဘယ်လိုမှ လုပ်လို့မရ
နိုင်ဘူးပဲ "
" ဘယ်ရမလဲ ... နေတဲ့သူအကုန် ဒုက္ခတွေ့မှာ "
" ကျွန်တော့်မိန်းမကို ရအောင်တားရတော့မှာပဲ "
" တားလိုက်တာအမှန်ဆုံးပဲ ... မယုံရင် နွားခြံအကွက်
ဆိုပြီး လိုက်မေးကြည့်လိုက်ကွာ ... အရင်ကလူတွေ
အကုန် သိတယ် ... စုံစမ်းကြည့်လိုက် "
" ဟုတ်ကဲ့ ပြောပြပေးတာကျေးဇူးပဲအစ်ကိုဖိုးမှန် ...
ဒါပေမယ့် မိန်းမက ငွေချေလိုက်ပြီဗျ ... ငွေအဆုံးခံ
ဖို့ တော်တော်ပြောယူရအုံးမယ် "
" ငွေချေလိုက်လည်း သူ့နေရာမဖျက်ရင် ဘာမှမလုပ်
ဘူး ... အေ ... ဖျက်ရင်တော့ ကိုင်ခံရမှာပဲ "
" သူ့နေရာလေးကွက်ချန်ခဲ့ပြီး မြေပိုင်းလိုက်ရင်တော့
ရနိုင်တယ်နော် ... ကျွန်တော်ကြည့်ခဲ့တာ စင်နဲ့ အုတ်
ဂူအတွက် ၁၅ ပေလောက်ချန်ရင် ရလောက်တယ် "
" အင်း ... အဲ့လိုဆို သူ့နေရာကို ဝင်ဖို့ ထွက်ဖို့ကရော ... "
" အကွက်ရဲ့ဘေးမှာ ဆယ်ပေလမ်းရှိတယ်လေဗျာ ...
ထောင့်ကွက်ဆိုတော့ ပိုင်းလိုက်လို့ရတယ် "
" စမ်းကြည့်ပေါ့ကွာ ... အဲ့လိုဆို သီးသန့်ဖြစ်သွားပြီ
လေ ... သူ့နေရာလည်း မပျက်ဘူး ... "
" ဟုတ်ကဲ့ ... မိန်းမကို ပြောကြည့်လိုက်အုံးမယ် "
ကိုဥက္ကာလည်း သူ့အစီအစဉ်အတိုင်း အကောင်အထည်
ဖော်ရန် မြဖူးငုံနှင့်တွေ့မှဖြစ်မည်ဆိုကာ စိတ်လောကြီး
နေမိတော့သည်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_သော်တာလမင်းစန္ဒာ