နွားခြံ - အပိုင်း ( ၆ )
lotaya.mpt.com.mm
|
2022-10-31

အပိုင်း ( ၆ )

မြဖူးငုံမှာ တသက်နှင့်တကိုယ် တစ်ခါမှ မကြားဖူးခဲ့

သော အေးစက်စက်အသံမျိုးကို ကြားလိုက်ရသဖြင့်

တုန်လှုပ်သွားခဲ့သည်။ 

ထိုအသံမှာ မိန်းမတစ်ယောက်ကခပ်တိုးတိုးပြောနေသံ။

သေသေချာချာဆိုလျှင် သူမကိုလှမ်းပြောနေသံမျိုးဖြစ်

သည်။ 

' ငါ့အိမ်ကထွက်သွား ' ဆိုသော အေးစက်စက်အသံကြီး

က နားထဲစွဲကျန်နေမိသည်။ တုန်လှုပ်မိသည်။ အုတ်ဂူ

အတွင်းပိုင်းမှ လွင့်ပျံလာသဖြင့်လည်း အံ့ဩမှင်သက်

ကာ ကြောက်လန့်သွားမိသည်။

နောက်လှည့်မကြည့်တမ်း ထွက်ပြေးရန် ကြံဆောင်မိသေး

သည်။ ပြီးမှ သူ့စိတ်ကိုသူ ပြန်ထိန်းလိုက်၏။ 

" မဖြစ်နိုင်ဘူး ... ငါနားကြားမှားတာများလား "

ထိုသို့တွေးလိုက်သည့်အခါ ကြောက်စိတ်တစ်ဝက်လျော့

ပါးသွားသလို ပြန်လည်ဖြစ်ပေါ်လာသည်။ မြဖူးငုံမှာ

ငယ်စဉ်ကတည်းက အလုပ်ဆိုက်အမျိုးမျိုးတွင် လုပ်

ကိုင်ခဲ့ဖူးသူ။

သင်္ချိုင်းမြေပေါ်လည်း အဆောက်အဦးဆောက်ဖူးသည်။

ကျတ်ကုန်းဟုနာမည်ကြီးသောမြေကြမ်းသော နေရာတွင်

လည်း နေ့ဆိုင်း ညဆိုင်း အလုပ်ဆင်းဖူးသည်။

သရဲ တစ္ဆေဟူ၍တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ချေ။ ထို့ကြောင့်

ယခုအခါတွင် ထိတ်လန့်ရခြင်းက မှန်ကန်သော်လည်း

စိတ်ပြန်ဖြည်ချသည့်အခါ အလွန်အမင်း ကြောက်စိတ်

မဝင်လာတော့ပေ။ 

အုတ်ဂူကို စူးစူးရဲရဲ ကြည့်ပြီး လှည့်ထွက်လာခဲ့၏။ ပြီး

နောက် ကားကို တရစပ်အကြမ်းမောင်းကာ ဖခင်ရှိရာ

ဆိုက်သို့ ဦးတည်သွားသည်။

" ဖေဖေ "

မြဖူးငုံခေါ်သံကြောင့် ဦးအောင်စိုးမှာ စူးစမ်းသလို သေ

ချာကြည့်နေသည်။

" ဘာဖြစ်လာတာလဲ သမီး "

မြဖူးငုံက နွားခြံအကွက်၏ ဖြစ်ကြောင်းကုန်စင်ကို

အတိုချုံးပြောပြလိုက်၏။ 

" ဒါကလွယ်ပါတယ် သမီးရယ် ... အကုန်ဖြိုချပစ်လိုက်

ရင် သူဘာလုပ်နိုင်မှာလဲ "

" သူရှိတာ ဖေဖေ လက်ခံတယ်ပေါ့ ... တကယ်ပဲ အဲ့ဒီ

မိန်းမက အစောင့်ဖြစ်နေတာလား "

" မမြင်ရတဲ့လောကဆိုတာ ရှိတတ်တယ်သမီး ... ဒါပေ

မယ့် လူကြံရင် ဘာမှမတတ်နိုင်ပါဘူး "

" သမီးသိရသလောက် အဲ့ဒီမိန်းမက တော်တော်ဆိုး

တယ်ဖေဖေ ... ‌သူက လူ့အသက်တောင်နုတ်နိုင်တယ်လို့

ပြောကြတယ် "

" သူများတွေက နတ်လို့ထင်နေကြတယ်မလား "

" ဟုတ်တယ် ဖေဖေ ... ခု ကိုဥက္ကာလည်း အဲ့ဒီအုတ်ဂူ

မှာမေ့လဲနေလို့ ဆေးရုံတင်ထားရတယ် ... ခုထိသတိပြန်

မရသေးဘူး "

" ကျော်ထင်ရေ "

" ဗျာ ဆရာ "

" အေ ... ခဏလာအုံးကွာ "

ဦးအောင်စိုး ကသူ့တပည့်ကို လှမ်းခေါ်လိုက်သည်။ ကျော်

ထင်ရောက်လာသည့်အခါ နွားခြံ ရာဇဝင်ကို အသေးစိပ်

စုံစမ်းခဲ့ရန် စေခိုင်းလိုက်၏။

" သမီးစုံစမ်းပြီးပြီလေဖေဖေ ... "

" အဲ့လောက်နဲ့ မရဘူး ... "

" ဖေဖေက ဘာတွေစုံစမ်းမှာလဲ "

" သူက နတ်မဟုတ်တာသေချာတယ်သမီး ... မြန်မာနတ်

တွေအကြောင်း သမီးကြားဖူးမှာပေါ့ ... အဲ့ဒီနတ်တွေထဲ

သူမပါနေဘူး ... ဒါက သူ့နေရာဆိုရင် အရင်က သူနေခဲ့

သလား ... ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ကို

ခေါ်လာသလား သိရင် နှင်ထုတ်ပစ်လို့ရပြီ ... ခေါ်လာတာ

ဆိုပါစို့ ... သူ့နေရာသူပြန်ပို့လိုက်ရုံပဲ ... ဒီလိုမဟုတ်ဘဲ

သူနေခဲ့တာဆိုရင် သူ့ရာဇဝင်ရှိကိုရှိရမယ် "

မြဖူးငုံမှာ ဖခင်ဖြစ်သူကို နားမလည်စွာကြည့်ရင်း

" သမီးတော့ ဘာမှ မလုပ်တတ်တော့ဘူး "

" စိတ်အေးအေးထားပါသမီးရယ် ... ဖေဖေတစ်ယောက်

လုံးရှိပါတယ် ... ဟိုအကောင်ကိုသာ ဖေဖေ့မျက်စိရှေ့

ရောက်မလာစေနဲ့ "

ကိုဥက္ကာကို ရည်ညွှန်းပြောဆိုနေခြင်းကြောင့် မြဖူးငုံ

ဝမ်းနည်းသွားမိသည်။ ဖြစ်နိုင်မည်ဆိုပါက ဖခင်နှင့်

ခင်ပွန်းသည်ကို အဆင်ပြေစေချင်လှသည်။ 

သူမက ကိုဥက္ကာကို ရင်ထဲမှ အမှန်ပင် ချစ်မြတ်နိုး၏။

တခါတရံ အနိုင်ယူလိုစိတ်ဖြစ်ပေါ်မိသော်လည်း ရင်ထဲ

၌မူ အချစ်မပြယ်ပေ။ 

" ဖေဖေ ... ကိုဥက္ကာကို သမီးလိုချင်လို့ ခိုးခဲ့တာပါ ...

သူဘာမှ သိတာမဟုတ်ပါဘူး ... သမီးအလိုကျ သူနေနေ

ရတာပါဖေဖေ ... ဖေဖေစိတ်ဆိုးမယ်ဆို သမီးကိုပဲ ဆိုး

ပါနော် ... သူက ဖေဖေ့ကိုလည်း လေးစားရိုသေသလို 

သမီးကိုလည်း မလွန်ဆန်နိုင်ခဲ့ဘူး ... ပစ္စည်းဥစ္စာမက်

ပြီး သမီးကို ချဉ်းကပ်ခဲ့တာလည်း မဟုတ်ပါဘူး ... "

" တော်တော့ မိဖူး ... ပြန်တော့ ... ဖေဖေ အလုပ်ရှိသေး

တယ် "

ဖခင်ထံ ကိုဥက္ကာအကြောင်းကို မည်သို့မှ စကားစ၍

မရဘဲဖြစ်နေသဖြင့် မြဖူးငုံရင်ထဲ နွမ်းလျသွားခဲ့သည်။

" ဖေဖေရယ် ... ပစ္စည်းဥစ္စာဆိုတာ မတည်မြဲပါဘူး ...

နေရမယ့် ဘဝတိုတိုလေးမှာ ချစ်တဲ့သူရဲ့ ဘေးနား

နေနေရတာမှ အေးချမ်းရာပါဖေဖေ "

ထိုစကားများမှာ မြဖူးငုံ၏ နှုတ်ကထွက်မလာဘဲ ရင်

ထဲမှာသာ ပဲ့တင်ထပ်နေသော စကားများဖြစ်လေသည်။

ကိုဥက္ကာကို လွမ်းဆွတ်သဖြင့် ဆေးရုံသို့ ထွက်လာခဲ့၏။

‌ဆေးကုသသူများ၊ လူနာစောင့်သူများနှင့် ဆေးရုံမှာ စည်

ကားနေသည်။ 

ကိုဥက္ကာရှိရာ လူနာခန်းသို့ သွားရန် ဓါတ်လှေကားရှေ့

ရပ်စောင့်နေလိုက်၏။ လူနာလှည်းနှင့် သူနာပြုများ၊

အခြားသူများဖြင့် များပြားနေသဖြင့် ရိုးရိုးလှေကားမှ

တက်ရန် ပြန်လှည့်လာလိုက်တော့သည်။

ဆေးရုံက ငါးထပ်ဆောင်ကြီးဖြစ်ပြီး ကိုဥက္ကာအခန်း

မှာ လေးထပ်မြောက်တွင်ရှိသည်။ လှေကားကိုကြည့်ပြီး

အားကုန်သွားသလို ခံစားလိုက်ရ၏။ 

သို့သော် ဓါတ်လှေကားစောင့်ရသည်ကို စိတ်မရှည်သဖြင့်

ကြိုးစားတက်မည်ဟု စဉ်းစားကာ တက်လာခဲ့တော့သည်။

လှေကားအကွေ့များ၌ အုတ်နံရံကြီးသာရှိပြီး လူဟူ၍

တစ်ဦးတစ်လေမျှ မတွေ့ရချေ။

မြဖူးငုံလည်း ခပ်မှန်မှန်တက်လှမ်းလာခဲ့၏။ လှေကား

အကွေ့သို့ အရောက်တွင် သူမရှေ့မှ ခပ်ဖြည်းဖြည်း

တက်နေသော မိန်းမတစ်ယောက်ကို တွေ့မြင်လိုက်ရ

သဖြင့် အဖော်ရပြီဆိုကာ ဝမ်းသာသွားလေသည်။

သူမနှင့် ထိုမိန်းမမှာ လှေကား တစ်ပြန်စာ ဝေးကွာနေ

သည်ကို သတိပြုမိလိုက်၏။ တူညီစွာတက်လှမ်းနေ

သော်လည်း မြဖူးငုံကသာ ထိုမိန်းမ အနီး တရွေ့ရွေ့နီး

ကပ်လာသည်။ တဖြည်းဖြည်းနှင့် လှေကား သုံးထစ်လောက်သာ ကွာတော့၏။ 

" သူကငါ့ထက်ပိုနှေးနေတယ် ... မောလို့ထင်ပါရဲ့ "

မြဖူးငုံကထိုသို့ တွေးကာ ထိုမိန်းမကို ကျော်တက်ရန်

ကြိုးစားလိုက်သည်။ ထိုမိန်းမမှာ လှေကားအလယ်

တည့်တည့်မှ နေပြီး ပိတ်နေသဖြင့် တက်မရနေချေ။

" အစ်မ နည်းနည်းလောက် "

မြဖူးငုံက ခွင့်ပန်သည်။ ထိုမိန်းမက မကြားသလိုပင်။

" အစ်မ ... ဟိုဘက်နည်းနည်း တိုးပေးပါလား ... "

သူမက ထပ်ပြောသည်။ ထိုမိန်းမက လုံးဝဂရုမစိုက်

ချေ။ ငါတက်ပြီးမှ နင်တက်ဟု ‌မပြောရုံတမယ် ပိတ်

ထားသည်။ 

မြဖူးငုံမှာ စိတ်မရှည်တော့။ မစောင့်ချင်၍ လှေကားမှ

တက်ပါသည်ဆိုခါမှ ပို၍ဆိုးနေချေပြီ။

" အစ်မ ... ဟိုဘက်နည်းနည်းလောက် ဖယ်ပေးပါရှင့် "

မကျေမချမ်းသံဖြင့် အသံမြင့်ကာ ပြောလိုက်တော့

သည်။ ထိုအခါ ထိုမိန်းမမှာ ကိုယ်မလှည့်ပါဘဲ သူမ၏

ခေါင်းကြီးကို အနောက်သို့လှည့်ကြည့်လာပြီး ... 

" ငါနဲ့တူတူ မတက်ချင်ဘူးလား " ဟု အေးစက်စက်

အသံဖြင့် ပြောသည်။ 

ဒူးနှစ်ဖက်တုန်ယင်သွားကာ လက်ရန်းပေါ်တင်ထားသော

လက်ကမမြဲလာတော့ပေ။ လှေကားပေါ်မှ ပြုတ်မကျစေ

ရန် သတိကိုမနည်းထိန်းပြီး နောက်ပြန်ဆုတ်ခဲ့သည်။ 

မြဖူးငုံ နောက်ဆုတ်သွားသလို ထိုမိန်းမကလည်း လိုက်

ဆုတ်လာသည်။ မြဖူးငုံမှာ ဆုတ်ရင်းဆုတ်ရင်း အုတ်နံရံ

တွင် ကျောပြင်ကကပ်ရက်ဖြစ်နေခဲ့ပြီ။

ထိုမိန်းမကလည်း နောက်ပြန်ကြီးဖြင့် တဖြည်းဖြည်းနီး

ကပ်လာ၏။ မြဖူးငုံ၏ မျက်နှာနှင့် အနီးကပ်ဆုံးကို ကပ်

လာကာ " ငါ့အိမ်ကထွက်သွား " ဆိုသော စကားကို 

ပြောနေသည်။

ထိုအသံကိုကြားသည်နှင့် မြဖူးငုံမှာ မေ့လဲကျသွားလေ

တော့၏။ ထိုအသံမှာ အုတ်ဂူထဲကအသံပင်ဖြစ်လေ

သည်။ 

မြဖူးငုံသတိရလာသောအခါ ဆေးရုံကုတင်ပေါ်တွင်

ဖြစ်သည်။ 

" ဆရာမ ... "

အားတင်းကာ ထထိုင်လိုက်ပြီး သူနာပြုကို လှမ်းခေါ်

လိုက်၏။

" သတိရလာပြီပဲ ... ဘာဖြစ်တယ်ဆိုတာ မှတ်မိလား "

မြဖူးငုံက အကြောင်းအရာများကို ပြန်တွေးကြည့်သည့်

အခါ အကုန်ပြန်မှတ်မိလာခဲ့သည်။

" ဟုတ်ကဲ့ "

" အိပ်ရေးပျက်တာများလို့ သွေးပေါင်ကျနေတယ် ... 

Drip တစ်လုံးချိတ်ပေးမယ်နော် ... ကောင်းသွားမှာပါ "

" ဟုတ် "

ကိုဥက္ကာကို တွေ့ချင်သည်ဆိုမှ ပို၍အချိန်ကြာသွားခဲ့

သည်။ ဓါတ်လှေကားမစောင့်ချင်သောစိတ်ကိုလည်း

မကျေမနပ်ဖြစ်မိနေသည်။

တစ်စက်စက်ကျနေသော ဆေးရည်ကို ငေးကြည့်ရင်း

လှေကားပေါ်ဖြစ်ပျက်ခဲ့သည်များအား ပြန်တွေးနေမိ

၏။ 

" သူက သခင်မနတ်စင်ကလား ... အုတ်ဂူထဲကလား "

မြဖူးငုံမှာ တွေးမရဘဲဖြစ်နေသည်။ သူမကြုံတွေ့ရသည်

များက ထိတ်လန့်ဖွယ်ဖြစ်သော်လည်း အလွန်အမင်း

တော့ မကြောက်မိ။ 

ထိုပြဿနာကို သူမဖြေရှင်းနိုင်သည် ဟုသာ ယုံကြည်

နေမိသည်။ 

" သုကငါ့ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှတော့

ငါကလည်း သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် သွားရုံပေါ့ "

သူမကိုယ်သူမ ဒေါသထွက်ကာ ရေရွတ်နေ၏။ ထိုပြဿ

နာကို အမြန်ဆုံးဖြေရှင်းပြီး လူနေဆိုင်ခန်းဆောက်ကာ

အလုပ်ဆက်လုပ်ချင်သည်။

ကိုယ်ပိုင် ကုမ္ပဏီကြီး စတည်ထောင်ချင်နေပြီ။ ဖခင်က

စိတ်အားထက်သန်စွာ ကူညီပေးမည့်အချိန်ကို လက်

လွတ်မခံချင်ပေ။ 

Drip ချိတ်ပြီး ကိုဥက္ကာရှိရာအခန်းဆီ တက်သွားခဲ့သည်။

ကိုဥက္ကာမှာ ယခုထိတိုင် သတိပြန်မရလာသေးချေ။

" မောင် ... ဖူးအားလုံးဖြေရှင်းမှာမလို့ ကျန်းကျန်းမာမာ

နဲ့ ဖူးဆီပြန်လာရမယ်နော် "

ခင်ပွန်းသည်ကို စိတ်မကောင်းစွာကြည့်ရင်း နှုတ်မှတီး

တိုးရွတ်ဆိုလိုက်သည်။ သူမကိုယ်၌ကလည်း ပင်ပန်း

နွမ်းလျနေပြီ ဖြစ်၍ ကိုဥက္ကာအခန်းထဲရှိ လူနာစောင့်

ကုတင်ပေါ် မှေးခနဲ အိပ်ပျော်သွားလေတော့၏။

အခန်းထဲခြေသံများကြားနေရသဖြင့် မျက်လုံးကို အတင်း

ဖွင့်ကြည့်လိုက်သည်။ သူနာပြုများက ကိုဥက္ကာကို

လာရောက်ကြည့်ရှုနေကြခြင်းဖြစ်နေသည်။

" ဆရာမ ... သူဘာလို့ ခုထိသတိမရသေးတာလဲဟင် "

" ဆရာဝန်ကြီးလာမှ သေချာမေးကြည့်နော် ... "

" ဟုတ်ကဲ့ ... ဘယ်တော့လာမှာလဲရှင့် "

" ခဏနေလာလိမ့်မယ် "

မြဖူးငုံက ဆရာဝန်လာမည့်အချိန်ကို စောင့်မျှော်နေသည်။

နာရီဝက်ခန့်ကြာပြီးသော် ခြေသံများထပ်ကြားရပြီး

သူနာပြုများ၊ ဟောက်ဆာဂျင်များနှင့် ဆရာဝန်ကြီး

ရောက်လာခဲ့သည်။

" ‌ဆရာ ... ကျွန်မယောကျာ်း ဘာဖြစ်လို့ သတိမရသေး

တာလဲရှင့် "

" သူ့ကို အကုန်စစ်ကြည့်တော့ ဆေးစစ်ချက်အဖြေမှာ

လည်းဘာမှရှာမတွေ့ခဲ့ဘူး ... ဘာလို့ခုလိုဖြစ်ရတယ်

ဆိုတာ ရှာနေတုန်းပါပဲ ... "

" ဟုတ်ကဲ့ ... "

" မကြာခင်တော့ အဖြေရှာတွေ့မှာပါ ... ကျွန်တော်တို့

ကြိုးစားနေပါတယ် "

" ဟုတ် "

မြဖူးငုံမှာ အားမရှိနေချေ။ ကိုဥက္ကာ၏ မျက်နှာကိုသာ

ငေးကြည့်နေမိသည်။ ဆရာဝန်များပြန်ထွက်သွားပြီး

ရှိုက်ကြီးတငင် ငိုချပစ်လိုက်၏။

" ဘာမှလည်းရှာမတွေ့ဘူး ... ခုထိလည်း သတိမရသေး

ဘူး ... မောင် ... ဖူးပြောတာကြားရဲ့လား ... ဖူးဆီပြန်

လာခဲ့ပါမောင်ရယ် ... မောင့်ကို ဖူးဘယ်လောက်ချစ်လဲ

ဆိုတာ မောင်သိတယ်မလားဟင် ... မောင့်ကို အရမ်း

လွမ်းလို့ ပြန်လာခဲ့ပါတော့နော် "

အားရအောင်ငိုရှိုက်ပြီး နွားခြံကို သတိရသွားသည်။

" ဟုတ်တယ် ... အဲ့မိန်းမပဲ ... သူမောင့်ကို ခေါ်ထားတာ "

ထိုသို့တွေးမိသည့်အခါ ဒေါသက လျှံကျလာခဲ့သည်။

သို့နှင့် ဆေးရုံပေါ်မှ ပြေးဆင်းလာလိုက်၏။

" နင်ဘာလဲ ငါမသိဘူး ... ငါဘာလဲဆိုတာ နင်သိစေရ

မယ် "

ဒေါသတကြီးနှင့် ကားကို မောင်းထွက်လာခဲ့ပြီး ပလက်

စတစ်ပုံးဝင်ဝယ်ကာ ဓါတ်ဆီဆိုင်၌ ဓါတ်ဆီဝင်ဝယ်လိုက်သည်။ ကုန်စုံဆိုင်၌ တဖန်ရပ်ကာ ဂတ်စ်မီးခြစ်တစ်လုံးပါ ဝယ်လာသည်။

" တွေ့ကြပြီပေါ့ကွာ "

မြဖူးငုံမှာ နွားခြံဆီသို့ ဦးတည်မောင်းနှင်သွား၏။ 

နွားခြံသို့ရောက်သည်နှင့် ကားပေါ်မှ ဓါတ်ဆီပုံးကြီးကို

မနိုင့်တနိုင် မ ယူလာသည်။ သခင်မစင်ကို ဒေါသမျက်

လုံးဖြင့် မီးဝင်းဝင်းတောက်ကာ စူးစိုက် ကြည့်လိုက်၏။

ပြီးနောက် ဓါတ်ဆီများကို စင်ကိုပက်ဖြန်းပြီး အုတ်ဂူပါ

မကျန် ပက်ပစ်သည်။ ထိုစင်ရှေ့ ရပ်ကာ နှုတ်မှ ပြောဆိုပြန်သည်။

" ဒီခြံကငါ့ခြံ ... ငါ့အပိုင် ... ငါပေးမနေရင် နေခွင့်မရှိ

ဘူး ... ငါ့ခြံထဲ လာမနေနဲ့ ... ထွက်သွား ... "

ဆူးကိုင်းတစ်ခုကို မီးငြှိကာ စင်ရှိရာသို့ ပစ်ထုတ်ပစ်

လိုက်၏။ ဟုန်းခနဲ မီးထတောက်မည်ဟု ထင်မှတ်ခဲ့

သော်လည်း ဆူးကိုင်းခြောက်မှာ စင်ရှိရာသို့မရောက်ခင်

ဆူးကိုင်းပေါ်စွဲငြိနေသော မီးတောက်ငယ်ကို တစုံတရာ

က လေနှင့်မှုတ်ငြိမ်းလိုက်သကဲ့သို့ ငြိမ်းကျသွားလေသည်။

ထိုအဖြစ်အပျက်ကြောင့် မြဖူးငုံမှာ ကြောင်သွားခဲ့သည်။

တဖန်ပြန်ပြီး ဆူးကိုင်းခြောက်တစ်ခုကို ထပ်ယူကာ မီး

ပြန်ငြိသည်။ 

ပြီးနောက် စင်ရှိရာသို့ ပစ်ပြန်သည်။ ယခင်အတိုင်း

လေထဲမှာပင် မီးငြိမ်းသွားပြန်သည်။ လေတိုက်သော

ကြောင့် ငြိမ်းသွားသည်လားဟု တွေးထင်မိကာ ထပ်

ယူပြီး ရှို့ပြန်၏။

ယခုအခါတွင်မူ ဆူးကိုင်းခြောက်ကို လေမတိုးစေရန်

လက်နှင့် ကွယ်ထားခဲ့သည်။ ပြီးမှ ပစ်ထုတ်လိုက်သည်။

မည်သို့ပင်လုပ်လုပ်၊ ဆူးကိုင်းခြောက်က လေထဲမှာပင်

ငြိမ်းသွားလေ၏။ မြဖူးငုံလည်း ဒေါသအလွန်ထွက်လာ

ပြီး ဆူးကိုင်းခြောက်များကို အစည်းလိုက် စည်းလိုက်ကာ

လက်ကျန်ဓါတ်ဆီ သုံးလေးစက်ကို လောင်းချလိုက်သည်။

ပြီးနောက် အခြားကိုင်းခြောက်ကို မီးငြိပြီး ထိုဆူးကိုင်း

ခြောက်ပေါ် ပစ်ချလိုက်၏။ ဆူးကိုင်းခြောက်အစည်း

ကြီးက မီးတောက်ရဲရဲများ တောက်လောင်ကျွမ်းနေချေ

ပြီ။

" ဒီ မီးတောက်ဆို နင်ငြိမ်းနိုင်အုံးမလား "

ထိုသို့ရေရွတ်လိုက်ပြီး စင်ရှိရာသို့ ပစ်ထုတ်လိုက်သည့်

အခါ စင်အိုကြီးမှာ ဝုန်းခနဲ မီးထတောက်သွားပြီး လောင်

မြိုက်ကျလာတော့သည်။

ဓါတ်ဆီလောင်းထားသဖြင့် မီးလုံးကြီးများ တစ်ဝုန်းဝုန်း

တက်နေသည်။ ဟုန်းခနဲ တက်လာသော မီးတောက်ကြီး

ကို ကြည့်ရင်း မြဖူးငုံ သဘောကျကာ ရယ်လိုက်၏။

" ငါ့ခြံထဲမှာ ဘယ်အကောင်မှ ပေးမနေနိုင်ဘူး ...

အားလုံးထွက်သွားကြ "

အရူးတစ်ယောက်လို သူမအော်ဟစ်ပစ်လိုက်သည်။ 

စင်အိုကြီးမှာ မီးအရှိန်ကြောင့် တဖြည်းဖြည်း ပြိုကျ

ပျက်စီးသွားသည်။ 

ဆူးကိုင်းခြောက်များမှာ လေ၏အားပေးအားမြောက်မှု

ကြောင့် ပိုမိုတောက်လောင်လာခဲ့၏။ 

" ဟင်း ... ဟင်း ... ဟင်း "

မိန်းမတစ်ယောက်၏ အေးစက်စက်ရယ်သံသည် မီး

ဟုန်းဟုန်းတောက်လောင်နေသော အုတ်ဂူထဲမှ တိုးထွက်

လာနေသည်။ 

ထိုအသံကြောင့် မြဖူးငုံ ရယ်မောနေရာမှ အသံတိတ်

သွားပြီး အာရုံစိုက်ကာ နားထောင်လိုက်၏။ 

အသံကို သဲသဲကွဲကွဲကြားရလေ လူတကိုယ်လုံး ကြက်

သီး တဖြန်းဖြန်းထလာလေဖြစ်လာသည်။ အုတ်ဂူရှိရာ

သို့ စူးစိုက်ကြည့်လိုက်သည့်အခါ မီးတောက်များကြား

မှ အခိုးအငွေ့သဏ္ဍာန်တစ်ခုကို တွေ့မြင်လာရသည်။

သေချာစွာစူးစိုက်ကြည့်လိုက်သော် အုတ်ဂူပေါ်တွင်

ထိုင်ကာ သူမကိုကြည့်နေသော မိန်းမနှစ်ယောက်။ 

သေချာသည်က ထိုမိန်းမနှစ်ယောက်လုံး သူမကို မုန်း

တီးစွာ အငြိုးကြီးကြီး ကြည့်နေကြခြင်းပင်။

ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ထိုနေရာမှ အမြန်ဆုံး

ကွယ်ပျောက်သွားချင်သလို ချက်ချင်းဖြစ်ပေါ်လာကာ

မည်သည့်အရာကို စိုးထိတ်ကြောက်ရွံ့မှန်းမသိ ကြောက်

လာမိသည်။ 

" ငါမှားပြီလား " ဟူသောအသိကလည်း တဆက်တည်း

တွေးမိသွား၏။ 

" အစ်မ ဘာဖြစ်တာလဲ ... မီးလောင်တာလား "

ပတ်ဝန်းကျင်တွင် မြေကွက်ဖော်ကြသူ၊ အိမ်ဆောက်နေ

ကြသူများက မီးတောက်ကြီးမြင်ကာ အလန့်တကြား

ပြေးလာကြသည်။

" မဟုတ်ပါဘူး ... သစ်ကိုင်းခြောက်တွေ မီးရှို့နေတာပါ "

" ဟာအစ်မ ... မီးတောက်က ဟိုဘက်ကို ကူးတော့မယ်

ဗျ "

ထိုသူပြောမှ မြဖူးငုံသတိထားမိသည်။ နွားခြံအနောက်

ဘက်ရှိ သစ်ပင်ကြီးကို မီးကူးနေပြီဖြစ်သည်။ ထိုခြံ

အနောက်ဘက်တွင် တောင်ကမ်းပါးရံနှင့် သစ်ပင်ကြီး

သာရှိသဖြင့် အလွန်အမင်းတော့ စိတ်မပူချေ။

" ဒီလောက်ဆို ရပြီလေအစ်မ ... တော်ကြာ တောင်ကုန်း

တစ်ခုလုံး ပြောင်သွားလိမ့်မယ် "

" ဟုတ် ... ကူညီပါအုံး ... မီးသတ်ကို ခေါ်ရမလားဟင် "

" ရတယ်အစ်မ ... ကျွန်တော်တို့ ငြိမ်းလိုက်မယ် "

ထိုလူ လေးငါးဆယ်ယောက်က ၎င်းတို့အကွက်မှ 

ရေကို ယူလာပြီး ပက်ကြသည်။ သစ်ကိုင်းအစိုများ

ဖြင့် မီးတောက်နေသော အပင်များကို ရိုက်လှဲကြသည်။

အုတ်အုတ်ကြွပ်ကြွပ်ညံသွားပြီး တစ်နာရီခန့်ငြိမ်းပြီး

သည့်အခါ မီးစမှာ ငြိမ်းကျသွားခဲ့တော့သည်။ ထိုအခါ

မှ အားလုံးသက်ပြင်းချလိုက်နိုင်၏။

" ဓါတ်ဆီနဲ့ ရှို့ဖို့မလိုတာ ... ဒီတိုင်းလည်း ရတာကို ...

အစ်မဘာတွေ လျှောက်လုပ်နေတာလဲ ... ဘေးမှာ အိမ်

တွေမရှိလို့ တော်သေးတယ်ဗျာ "

" ကျွန်မလည်း သတိလွတ်သွားလို့ပါ ... အားလုံးကို

တောင်းပန်ပါတယ်နော် "

" နောက်ဆိုသတိထားပါအစ်မရာ ... "

" ဟုတ် ဟုတ် ... ဒါမောင်လေးတို့အတွက်ပါ ...

ကူညီပေးလို့ ကျေးဇူးတင်ပါတယ် "

မြဖူးငုံက ကားပေါ်တွင် တင်ထားသော လက်ပွေ့အိတ်

ထဲမှာ ငွေစက္ကူအချို့ကို ထုတ်ပေးလိုက်သည်။ 

" ဟုတ်ကဲ့ပါဗျာ ... တစ်ခုခုလိုရင်လည်း ပြောနော်အစ်မ ...

ကျွန်တော်တို့ ဟိုဘက်မှာ ရှိတယ် "

" ဟုတ်ကဲ့ "

ထိုသူများပြန်သွားပြီး မီးလောင်ပြင်ကြီးကို မြဖူးငုံ

ငေးကြည့်နေမိသည်။ ပြီးနောက် ပြာပူများကို သစ်

ကိုင်းဖြင့် ဟိုဟိုဒီဒီ ဘေးဖယ်လိုက်၏။ အုတ်ဂူအနီးသို့

တိုးကပ်သွားပြီး ...

" မနေနဲ့လို့ငါပြောပြီးပြီ ... ငါ့ကိုဆက်နှောင့်ယှက်နေမယ်

ဆို ... နင်တို့ကို ဒီထက်ကြမ်းတာနဲ့ လာနှင်မှာ ... ဒီခြံတစ်ခုလုံး ချောက်ကြီးဖြစ်သွားအောင် တူးထုတ်ပစ်မယ် ... ငါ

မလုပ်ရဲဘူးမထင်နဲ့ ... "

ထိုသို့ပြောပြီး လှည့်အထွက် အသံကြားလိုက်ရသဖြင့်

ပြန်လှည့်ကြည့်သည့်အခါ မည်းနက်နေသော အုတ်ဂူ

ကြီးက အုတ်များပဲ့ကြွေကျလာခြင်းဖြစ်နေသဖြင့် သေ

ချာစွာ စူးစိုက်ကြည့်လိုက်သည်။ 

သူမကြည့်နေစဉ်မှာပင် ထိုအုတ်ဂူထဲမှ အသံထွက်ပေါ်

လာခဲ့သည်။ 

" ငါ့အိမ်ကထွက်သွား "

မြဖူးငုံမှာ မျက်လုံးပြူးကျယ်သွားပြီး ခေါင်ကိုခါရမ်း

လိုက်၏။ ပြာဖြစ်သွားသည့်တိုင် မရသော သခင်မဆိုသူ

ကို အနည်းငယ်တော့ ထိတ်လန့်လာသည်။ 

" နင်ဘာလို့ ငါ့ကို နှောင့်ယှက်နေတာလဲ "

သူမအော်ဟစ်ပစ်လိုက်၏။ စိတ်လည်းဆိုးလာသည်။

ထို့ကြောင့် အနီးတွင် ကျနေသော သစ်ကိုင်းကြီးကို

ဆွဲယူကာ အုတ်ဂူကို လှမ်းရိုက်ချပစ်လိုက်သည်။

ဟောင်းနွမ်းပျက်စီးနေသော အုတ်ဂူကြီးမှာ မီးအပူရှိန်

ကြောင့် ကြွပ်ဆတ်နေသည်။ ထိုအခါ မြဖူးငုံရိုက်ချ

လိုက်သည့်အရှိန်ကြောင့် အုတ်ဂူကြီး နှစ်ခြမ်းကွဲထွက်

သွား၏။ 

အပြင်ဘက်တွင်သာ မည်းနက်နေသော်လည်း အထဲ

ဘက်တွင် အင်္ဂတေသားဖြူဖြူက ပေါ်နေသည်။ ထို

အုတ်ဂူအနီးသို့ တရွေ့ရွေ့တိုးကပ်သွားကာ အထဲဘက်

ကို စိတ်ဝင်တစား ကြည့်နေမိသည်။ 

အနီရောင်အစတစ်စကို မြင်နေရသဖြင့် မည်သည့်အရာ

များဖြစ်မည်နည်းဟု သိချင်လာသည်။ ပက်ကြားအက်

နေသော အုတ်ဂူနှစ်ပိုင်းကြားမှ အဖြူရောင် ပိတ်စကို

မြင်နေရသည်မဟုတ်လော။ 

အနီးကပ်တိုးကာ ကြည့်လိုက်၏။ သေချာစွာမမြင်ရ

ချေ။ ထို့ကြောင့် သစ်ကိုင်းကြီးနှင့် ထပ်ရိုက်ခွဲပစ်သည်။

အုတ်ဂူက ထက်ပိုင်း ထပ်ပိုင်းသွားသည်ကို တွေ့ရသဖြင့်

ဆင့်ကာဆင့်ကာ ရိုက်ခွဲပစ်လိုက်တော့၏။ 

မွစာကျဲကျလာသော အုတ်ကျိုးအပိုင်းအစများနှင့်

အမှုန်များကြားတွင် ပိတ်စအဖြူညှပ်နေသည်ကို

တွေ့မြင်လာရသည်။

ထိုပိတ်စမှာ မြေအောက်ထဲမှ ထိုးထွက်နေခြင်းလည်း

ဖြစ်၏။ ပိတ်စလာရာသို့ ကြည့်ရန် အုတ်ကျိုးစများ

အား အမြန်ဖယ်ပစ်လိုက်သည့်အခါ မြေကျင်းထဲတွင်

အင်္ကျီအနီဝတ်ဆင်ထားသော မိန်းက‌လေးတစ်ယောက်

လှဲလျောင်း၍နေသည်ကို တွေ့မြင်လိုက်ရသည်။

တုန်ယင်နေသောလက်အစုံဖြင့် အုတ်ကျိုးများကို ဖယ်

ကာ ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် ပေါ်ထွက်လာ

သည်မှာ အလောင်းတစ်လောင်းဟုတ်သည်။

ယခုမှ လောလောလတ်လတ်သေဆုံးထားသကဲ့သို့

ပျက်စီးယိုယွင်းခြင်း မရှိသေးသော အလောင်းတစ်

လောင်းဖြစ်သည်။

ထိုအလောင်း၏မျက်နှာအား မြဖူးငုံသေချာစွာ ငုံ့ကြည့်

လိုက်၏။ လှေကားပေါ်၌ တွေ့ဖူးသော မိန်းမတော့ မ

ဟုတ်ချေ။ 

ယခုအလောင်းမှာ အသက်ငယ်ရွယ်လွန်းသော မိန်း

ကလေးတစ်ဦးသာ။ ကိုဥက္ကာပြောပြဖူးသော အိဖြူဆို

သူ ကလေးမပင်လော။ သို့တည်းမဟုတ် အခြားတစ်ယောက်လော။ 

မြဖူးငုံက ထိုနေရာမှ ပြေးထွက်လာပြီး ဖခင်ဖြစ်သူထံ

အကျိုးအကြောင်းပြောပြကာ ‌လှမ်းခေါ်လိုက်တော့

သည်။ 

ယခုပြဿနာမှာ သူမတစ်ဦးတည်း ဖြေရှင်းနိုင်မည့်

ကိစ္စရပ်မဟုတ်မှန်း သေချာနေခဲ့ပြီဖြစ်သောကြောင့်

ဖခင်၏အကူအညီကို ‌ယူရန်သာ ဆုံးဖြတ်မိ၏။

ဉီးအောင်စိုးနှင့် သူ့တပည့်များရောက်လာကြသည့်အခါ

မြဖူးငုံက ကားပေါ်တွင်ထိုင်ပြီး တုန်ယင်နေသည်ကို

တွေ့မြင်လိုက်ကြရသည်။

" ဖေဖေ "

" ဘယ်မှာလဲ သမီး "

" ဟိုထဲမှာ "

ဖခင်နှင့်အတူ တပည့်များက အုတ်ဂူရှိရာသို့ သွားကြည့်

ကြသည်။ 

" ဟေ့ကောင်တွေ ... မင်းတို့ အဲ့အလောင်းကို ယူပြီး

တနေရာရာမှာ ရှို့ခဲ့လိုက် "

" ဘယ်မှာရှို့မှာလဲဆရာ ... သူများတွေ့သွားရင် အမှုပတ်

နေအုံးမယ် "

" မပတ်စေရဘူးကွာ ... ကားပေါ်တင်ပြီး ‌မြို့ပြင်မှာ

သွားရှို့လိုက်စမ်းပါ ... ဆိုက်ထဲကကားယူသွား ...

ဘယ်သူ့မှမစစ်ဘူး "

" ဟုတ်ကဲ့ဆရာ "

ဦးအောင်စိုး တပည့်များသည် လူရိပ်လူချည်ကြည့်ပြီး

အုတ်ဂူထဲမှအလောင်းကို ထုတ်ယူလိုက်ကြသည်။

" မရဘူးဆရာ ... "

" ဘာလို့လဲကွ "

" ဘာကြီးခံနေလဲမသိဘူး ဆွဲထုတ်မရဘူး "

" ရအောင်ဆွဲထုတ်ကွာ "

လူအင်အားဖြင့် ဆွဲမယူသော်လည်း မ မရချေ။ 

" မင်းတို့ အောက်ကိုဆင်းကြည့်စမ်း "

လူနှစ်ယောက်က အုတ်ဂူမြေကျင်းထဲ ခုန်ဝင်သွားပြီး

အလောင်းကို မ ယူကြည့်ကြသည်။

၎င်းတို့မည်သို့ဆွဲဆွဲ အလောင်းကို ယူမရနိုင်ဘဲ ရှိနေ

သည်။ 

" မင်း ဟိုဘက်က မ "

ယောကျာ်းအားနှင့် အတင်းဆွဲလိုက်ကြရာ ထောက်ခနဲ

အသံနှင့်အတူ အလောင်း၏နောက်ကျောဘက်ကို

တွေ့မြင်လိုက်ကြရသည်။

" ဆရာ "

ထိုသူနှစ်ယောက်မှာ မယုံနိုင်ခြင်းများဖြစ်ပေါ်နေပြီး

ဦးအောင်စိုးကို လှမ်းခေါ်ကြ၏။

" ဘာဖြစ်တာလဲ "

" သူ့ကျောဘက်မှာ သစ်မြစ်ကြီးဗျ "

" ဘယ်လို "

" သစ်ပင်အမြစ်ကြီးတွယ်နေလို့... မ လို့မရတာဆရာ "

'' သူ့အမြစ် ဖြတ်ထုတ်ပစ်လိုက် "

" မပါလာဘူးလေဆရာကလဲ ... ဟိုဘက်ဆိုက် ပြန်သွား

ယူမှ ရမှာ "

" တစ်ယောက်သွားပြန်ယူစမ်းကွာ ... ‌ဖိုးထူးနဲ့ တစ်ယောက်လောက် အဖော်လိုက်သွားပေးလိုက် "

ဦးအောင်စိုး တပည့်နှစ်ယောက်က ကပျာကယာထကာ

ထွက်သွားကြသည်။ 

" ဆရာ ... ကျွန်တော်တော့ ဒါမျိုးတစ်ခါမှ မတွေ့ဖူးပါ

ဘူး ... အမြစ်ကြီးက နည်းတာကြီးမဟုတ်ဘူး ... နောက်ပြီး

အလောင်းက ဘာလို့ ရုပ်မပျက်တာလဲ "

" ဘာမှ လျှောက်တွေးမနေနဲ့ ... လူဆိုတာ သေပြီးရင်

အပုပ်ကောင်တွေချည်းပဲ ... ဘယ်သူမှပြန်မရှင်ဘူး ... "

" ဒါတော့ ဒါပေါ့ဆရာ ... ဒါပေမယ့် အလောင်းကြီးက "

" ခုပဲပြောနေတာကို ... လျှောက်မတွေးနဲ့လို့ ... အော် ...

ခက်ပြီ "

" ဟုတ် ... ဟုတ်ကဲ့ "

အလောင်းကို ကြည့်ရင်း ကြည့်ရင်း သူ့တပည့်များမှာ

ကျောချမ်းလာကြသည်။ ဆက်မကြည့်ရဲကြသဖြင့်

မျက်နှာ လွှဲနေလိုက်ကြ၏။

" ဖေဖေ ... သစ်ပင်အမြစ်က သူ့ကို ဖောက်သွားတာလား "

" မပြောတတ်သေးဘူးသမီး ... ခဏနေမှ သေချာသိမှာ "

" မဟုတ်သေးဘူးဖေဖေ ... ဒီလောက်ကြီးတဲ့အမြစ်က 

သူ့ကျောကို ထိုးပြီး အမြစ်တွယ်နေတာမလား ... ဒါဆို

အမြစ်တောင် အဲ့လောက်ကြီးမှတော့ အပင်ကဘယ်မှာ

လဲ ... လူနှစ်ယောက်ဖက်စာရှိလောက်မယ့်သစ်ပင်ကြီး

... အဲ့ဒါဘယ်မှာလဲ "

မြဖူးငုံပြောမှ ခြံနောက်ဘက် တောင်ကမ်းပါးရံသို့ အား

လုံးအကြည့်ရောက်သွားကြသည်။ ထိုခြံကွက်အဆုံးက

တောင်ကမ်းပါးရံ။ 

သစ်ပင်များရှိသော်လည်း အလောင်းနောက်ကျောဘက်

ဆီ တွယ်လောက်သော အမြစ်ကြီးသည့် သစ်ပင်မျိုး

မမြင်။ 

" ခုနကကြည့်တာတော့ အမြစ်က မြေကြီးထဲကဖောက်

လာတာ ... ကျွန်တော့်အထင် ဒီတောင်ကုန်းပေါ်မှာပဲ အပင်

ရှိလိမ့်မယ်ဗျ "

" အေးလေ ... တောင်ကုန်းကို မီးရှို့ထားလို့ မြင်နေရပြီ

လေ ... ခုကြည့် အဲ့လောက်ကြီးတဲ့ သစ်ပင်မျိုး မြင်လို့

လား "

" သစ်ငုတ်ကြီးကနေလာတာများလားမှမသိတာ "

" ဘယ်မှာလဲ သစ်ငုတ် "

" ဟုတ်ဘူးလေ ကျွန်တော့်အထင်ပြောတာ "

" အမြစ်အတိုင်း လိုက်ဖော်ကြည့်ရင် အပင်တွေ့မှာပဲ ...

မြေကော်စက်ကြီးနဲ့ ထိုးချလိုက်မယ် ... "

ဦးအောင်စိုးက သူ၏အကြံကို ထုတ်ဖော်ပြောပြနေသည်။

" ဒါဆို သူများအကွက်ထဲ ရောက်သွားမလား "

မြဖူးငုံကပြောရင်း ဘေးကပ်ရက်ခြံသို့ ဝေ့ကြည့်လိုက်

လေသည်။

ကြားသိရသလောက် နွားခြံမှာ ဧကလိုက်ကျယ်ဝန်းပြီး

ကပ်ရက်ခြံတွင် နွားမွေးခဲ့ကြသည်။ ယခု သူမဝယ်လိုက်

သော မြေကွက်မှာ နွားခြံကို ပိုင်းဖြတ်ကာ သားသတ်ကုန်း

လုပ်ထားခြင်းဖြစ်သည်။

ဘေးအကွက်သည် သစ်ပင်ခြုံနွယ်များ ထူထပ်စွာပေါက်

နေပြီး ပိုင်ရှင်က လာမရှင်းလင်းသေးချေ။ 

" အနောက်ဘက်မှာမရှိရင် ... ဘေးအကွက်မှာရှိနိုင်တယ် "

" နော် ... ဖူးလည်းအဲ့လိုထင်တယ် ... ဝင်ကြည့်ကြမလား "

" သူများအကွက် ခြံခတ်ထားတာကို "

" ရပါတယ် ... ဘယ်သူ့မှရှိတာမဟုတ်တာ ... "

မြဖူးငုံက စိတ်ဆောင်နေသဖြင့် သူမ အရင်ဝင်ကြည့်

မည်ဟု ပြောဆိုကာ တဘက်ခြံထဲသို့ တိုးဝင်သွားလေ

သည်။ 

ဦးအောင်စိုးကလည်း သမီးဖြစ်သူကို စိတ်ပူကာ အတူ 

လိုက်ပါသွားလေတော့သည်။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_သော်တာလမင်းစန္ဒာ




Some text some message..