
အပိုင်း ( ၈ )
ကိုဥက္ကာတက်နေသော ဆေးရုံသို့ ဖခင်ဖြစ်သူ ဦးအောင်
စိုးကို ခေါ်ဆောင်သွားသည်။ အရေးပေါ်ခန်းတွင် သတိ
လစ်နေသော ဖခင်ကိုကြည့်ကာ စိတ်အပူကြီးပူနေမိ၏။
မိခင်ဖြစ်သူကိုတဖန် လှည့်ကြည့်ပြန်သည့်အခါ တုန်
ယင်နေဆဲဖြစ်သည်ကို တွေ့နေရသည်။ မိခင်၏လက်
လေးအား ဆုပ်ကိုင်ရင်း မကြောက်ရန်၊ စိတ်မပူရန် ဘေး
မှ တတွတ်တွတ်ပြောနေရသော်လည်း သူမကိုယ်တိုင်မှာ
မူ မည်သည့်အရာကို စတင်လုပ်ဆောင်ရမည်မှန်း မသိ
နေချေ။
" ဖေဖေ ဘယ်လိုကနေ ခုလိုဖြစ်သွားရတာလဲ မေမေ "
သူမ မည်သို့မေးမေး မိခင်ထံမှ အဖြေမရခဲ့။ ပြတင်း
ပေါက်မှခုန်ဆင်းသွားသော မိန်းမကို ပြန်လည်မြင်ယောင်
လာမိသည်။
" သ ... သရဲ ... ခြောက် တာ လား "
သူမက အထစ်ထစ်အငေါ့ငေါ့နှင့် မေးကြည့်လိုက်၏။
မြဖူးငုံစကားကြားသည့်အခါ ဒေါ်မိုးမိုးခိုင်မှာ ဆတ်ခနဲ
ခေါင်းမော့လာပြီး မျက်လုံးများဝိုင်းစက်ကာ ကြည့်နေ
လေသည်။
" ဟုတ်တယ်မလား ... အင်္ကျီအနီနဲ့ မိန်းကလေး ...
သမီးတွေ့လိုက်တယ် "
" သူ ... သမီးဖေဖေကို ... ကုတင်ပေါ်က ဆွဲချသွားတာ "
" ဘယ်လို "
" ပြီးတော့ သူ့နေရာကို ဖျက်စီးတယ်လို့ပြောတယ် ... "
" နောက်ပြီးတော့ရော ဘာလုပ်သေးလဲ "
" အဲ့လိုပြောပြီး ... အခန်းနံရံပေါ် နောက်ပြန်ကြီးတက်
သွားတာ ... သမီးဖေဖေလည်း ဘာမှမပြောနိုင်ခင်
ခုလိုဖြစ်သွားတာပဲ ... "
" သမီးရှိတယ်နော်မေမေ ... မကြောက်နဲ့ ... နော် ... "
ဒေါ်မိုးမိုးခိုင်မှာ ယခုမှ ပြန်လည်ပြောပြလာနိုင်ပြီး မော
ဟိုက်နေသည်။
" ဒီမိန်းမကို ဘယ်လိုနှင်ထုတ်ရမလဲ မသိတော့ဘူး "
မြဖူးငုံက တကိုယ်တည်း တီးတိုးပြောဆိုရင်း မည်သို့
မည်ပုံ လုပ်ဆောင်ရမည်ကို တွေးတောနေလေ၏။
ပထမဆုံး ကိုဥက္ကာ၊ ပြီးနောက် ဖခင်ဖြစ်သူ၊ နောက်ထပ်
မည်သူ့အလှည့်လာအုံးမည်နည်း။ နောက်တစ်ခါ သူမ
အလှည့်သာဆိုပါက ယခု ကိစ္စကို ဖြေရှင်းမည့်သူ ရှိတော့
မည်မဟုတ်ချေ။
" ငါရှေ့တိုးရင် ပိုဆိုးသွားမလား ... ဒီလောက်နဲ့ ရပ်လိုက်
ရင်ကော ... အို ... မဖြစ်သေးပါဘူး ... ငွေတွေအကုန်ခံ
ထားပြီးမှ ... ရပ်ပစ်ရင် အကုန်ရှုံးကုန်မှာ "
ရှေ့တိုးရန်လည်း မဝံ့မရဲ၊ နောက်လည်းမဆုတ်ချင်ဖြစ်
နေပြီး ဝေခွဲမရ ဖြစ်နေရသည်။
ဦးအောင်စိုးက သတိပြန်လည်ရလာသော်လည်း လန်း
လန်းဆန်းဆန်းမရှိနေချေ။
" ဖေဖေ ... သက်သာရဲ့လားဟင် ... "
မြဖူးငုံအမေးကို ခေါင်းအသာအယာငြိမ့်ပြ၏။
" ဟိုမိန်းမနေရာကို ရပ်လိုက်ကြမလား "
ထိုအခါ ခေါင်းခါပြသည်။
" ဆက်လုပ်မှာလား "
" နောက်မှပြောမယ်သမီး ... ဖေဖေခဏနားချင်သေး
တယ် "
" ဟုတ်ကဲ့ "
ဦးအောင်စိုးမှာ မျက်လုံးကိုအသာမှိတ်ပြီး မှိန်းနေသည်။
ဒေါ်မိုးမိုးခိုင်က လူနာစောင့်ကုတင်ပေါ် ထိုင်ရင်း မြဖူးငုံ
ကို ဘေးသို့လာထိုင်ရန် လှမ်းခေါ်လိုက်၏။
" ဘာလဲ မေမေ "
" သမီးတို့တွေ ဘာလုပ်ခဲ့ကြတာလဲ "
မြဖူးငုံကလည်း မထိန်ချန်တော့ဘဲ နွားခြံအကြောင်းကို
မချွင်းမချန် ပြောပြလိုက်တော့၏။
" မလုပ်ကောင်းတာတွေကွယ် ... သူများနေရာသွားဖျက်
တော့ ခုလိုတွေဖြစ်ရတာ ... ဆက်မလုပ်ပါနဲ့တော့သမီး
ရယ် ... သမီးနဲ့ သမီးဖေဖေနဲ့ တစ်ခုခုဖြစ်ရင် မေမေ ဘယ်
လိုလုပ်ရမလဲ ... ပိုက်ဆံကအရေးမကြီးဘူး ... ဆက်
မလုပ်နဲ့တော့ "
မြဖူးငုံက မိခင်ကို ခေါင်းညိမ့်ပြပြီး ခပ်ဆိတ်ဆိတ်သာ
နေလိုက်၏။ ထိုညတစ်ညလုံးလည်း အိပ်မပျော်ဘဲ ငုတ်
တုတ်ထိုင်နေမိလေသည်။
မနက်လင်းသည့်အခါ ဦးအောင်စိုးလည်း သက်သာ
လာပြီဖြစ်သဖြင့် သားအမိသားအဖသုံးယောက်သား
အိမ်ပြန်လာခဲ့ကြ၏။
မြဖူးငုံမှာ ကိုဥက္ကာကို တွေ့ချင်သေးသော်လည်း မိဘ
နှစ်ပါးရှိနေသဖြင့် သွားမတွေ့ခဲ့တော့ပေ။
အိမ်သို့ရောက်သောအခါ အိမ်အကူနှစ်ယောက်က
မျက်စိမျက်နှာပျက်ပြီး စောင့်ကြိုနေကြသည်။
" ဘာဖြစ်နေကြတာလဲ ... "
ဒေါ်မိုးမိုးခိုင်က အရင်ဦးဆုံး ဆီးမေးလိုက်၏။
" ဟို ... အစ်မတို့သွားလိုက်ပြီး မကြာဘူး ... အိမ်အပေါ်
ထပ်မှာ တဒုန်းဒုန်းနဲ့ အကျယ်ကြီးကြားလို့ တက်ကြည့်
ကြတာ ... ဘာမှလည်းမတွေ့ဘူး ... ကျွန်မတို့အောက်
ရောက်ပြီဆိုတာနဲ့ အသံကပြန်ထွက်လာပြီ ... တက်ကြည့်
ရင် မကြားရပြန်ဘူး ... အဲ့ဒါနဲ့ ကြောက်လာလို့ အိမ်ထဲမှာ
မနေရဲတာနဲ့ အပြင်ထွက်ထိုင်နေရတာ မိုးလင်းပေါက်ဘဲ "
ဒေါ်မိုးမိုးခိုင်က အလွန်ထိတ်လန့်သွားပြီး မြဖူးငုံကို လှမ်း
ကြည့်နေသည်။
" ခုထိမတက်ကြည့်ရသေးဘူးပေါ့ "
" ဟုတ်တယ်သမီးဖူးရယ် ... အိမ်ထဲတောင်မဝင်ရဲလို့
ဒီကနေထိုင်စောင့်နေတာ "
" ဒေါ်ကြီးစန်းကြည်ကလဲ ... ကြောင်ပါဒေါ်ကြီးရဲ့ ...
ညက ပြတင်းပေါက်ကနေ ကြောင်ကြီးတစ်ကောင်
ခုန်ဝင်လာတာ တွေ့လို့ ဖူးလိုက်ခြောက်ရသေးတယ် "
" ကြောင်သံ မဟုတ်ဘူးသမီးဖူးရဲ့ ... ကြောင်လားဘာလား
ဒေါ်ကြီးခွဲတတ်ပါတယ် "
" ကြောင်ပါဆိုဒေါ်ကြီးရယ် ... ဟောဒီလောက်ကြီးရှိတယ်
... နည်းတဲ့ကောင်ကြီးမဟုတ်ဘူး ... သမီးကိုယ်တိုင်တွေ့
တာ ... မကြောက်နဲ့ ... လာ "
မြဖူးငုံက ဖခင်ကိုတွဲကာ ရှေ့မှဦးဆောင်ပြီး ဝင်သွား
လိုက်သည်။ ထိုအခါမှ အိမ်အကူနှစ်ယောက်လည်း
မရဲတရဲ လိုက်ဝင်လာကြ၏။
ဖခင်ဖြစ်သူကို အခန်းထဲလိုက်ပို့ပြီး မိမိအခန်းဆီပြန်
လာသည့်အခါ သူမစိတ်ထဲ ထိတ်လန့်သွားခဲ့သည်။
ကုတင်ပေါ်မှစောင်က အောက်သို့ပုံကျနေပြီး မှန်တင်ခုံ
ပေါ်ရှိ အလှပြင်ပစ္စည်းများမှာ ပြန့်ကျဲလျက်ရှိနေသည်။
တစုံတယောက်ဖွထားသည့်အတိုင်း ရှုပ်ပွနေ၏။
မြဖူးငုံမှာ စိတ်လက်မကြည်သာတော့ဘဲ ပြန်လှည့်ထွက်
တော့သည်။
" ဖေဖေ ... ဘယ်လိုနေသေးလဲဟင် "
" ကောင်းနေပါပြီ ... သက်သာနေပြီ "
" တော်ပါသေးရဲ့ ... သမီးစိတ်ပူလိုက်ရတာဖေဖေရယ် "
ဦးအောင်စိုးက မြဖူးငုံကို ပြုံးရင်းကြည့်နေ၏။ သမီးဖြစ်
သူ၏ သိတတ်မှုကို ဖခင်တစ်ယောက်အနေနှင့် ပီတိဖြစ်
မိနေသည်။
" ဒါနဲ့ဟိုမိန်းမကို ဖေဖေမြင်ရလား "
ဦးအောင်စိုးကခေါင်းညိမ့်ပြသည်။
" ဆက်မလုပ်ဘဲ ရပ်လိုက်ကြမလားဖေဖေ "
" ဆက်မလုပ်ပါနဲ့တော့လို့ ... ကျွန်မတောင်းပန်ပါတယ်
ကိုအောင်စိုးရယ် ... ရှင်တို့သားအဖနှစ်ယောက်ဟာလေ
တစ်စိတ်ထဲ တစ်ကြိတ်ထဲ ... "
" မေမေကလဲ ... "
" မေမေကမလဲနဲ့ ... ညကများဆို လန့်သေလောက်တယ်
... အဲ့လောက်ကြမ်းတာကို မလုပ်ကြပါနဲ့တော့ ... ငါသေ
လိမ့်မယ် မိဖူး "
" စိတ်အေးအေးထားစမ်းပါကွာ ... ဘာမှမလုပ်တော့
ဘူး ... "
ဦးအောင်စိုးက ဒေါ်မိုးမိုးခိုင်ကို စိတ်သက်သာရာရစေ
ရန်နှစ်သိမ့်စကားပြောလိုက်၏။
" သမီး ... ဆိုက်ကိုသွားရအုံးမှာမလား ... သွားလိုက်အုံး "
မြဖူးငုံက ဖခင်ကို နားမလည်သလိုပြန်ကြည့်နေသည်။
ဦးအောင်စိုးက ဒေါ်မိုးမိုးခိုင်မမြင်စေရန် မျက်ရိပ်မျက်
ခြည်ပြကာ ဆက်ပြောသည်။
" မနက်ဖြန် အလုပ်မပျက်ကြနဲ့လို့ေပြာလိုက် ကြား
လား "
" ဟုတ် ... ဟုတ်ကဲ့ "
ဖခင်ဖြစ်သူပြောသည့်အဓိပ္ပါယ်ကို သူကောင်းကောင်း
နားလည်လိုက်ချေပြီ။ ကိုဥက္ကာကို ဦးဆုံးဝင်တွေ့ပြီး
သည်နှင့် နွားခြံဆိုက်သို့ သွားရမည်ဟု အစီအစဉ်ဆွဲ
ကာ ပြင်ဆင်လိုက်တော့၏။
ဆေးရုံသို့ရောက်သည့်အခါ ကိုဥက္ကာသူငယ်ချင်းများ
နှင့်အတူ အသက် ( ၆၀ ) အရွယ်ခန့် လူတစ်ယောက်ရှိ
နေသည်။
မြဖူးငုံက ထိုလူကို မျက်လုံးဝေ့ကြည့်ကာ အကဲခတ်
လိုက်၏။ အသားညိုညို၊ မျက်လုံးမျက်ဖန်ကောင်း
ကောင်းနှင့် ခပ်ဖိုင့်ဖိုင့်ကိုယ်လုံးကိုယ်ထည်ရှိသော
ထိုလူကလည်း မြဖူးငုံကို ပြန်လည်အကဲခတ်နေ၏။
ကိုဥက္ကာသူငယ်ချင်းများမှာ ထိုလူနှင့် မြဖူးငုံတွေ့ဆုံ
သွားခြင်းကို ထိတ်လန့်သွားကြဟန်ရှိသည်။ ကိုဥက္ကာ
သတိမရလာသေးကြောင်း၊ သူတို့သာဆက်စောင့်ပေး
နေမည့်အကြောင်းသာ တွင်တွင်ပြောနေပြီး ထိုလူနှင့်
မိတ်ဆက်ပေးဖို့ စကားမဟကြပေ။
မြဖူးငုံလည်း နဂိုကမှ ၎င်းတို့နှင့် မျက်နှာချင်းမဆိုင်ချင်
သဖြင့် အထူးအထွေမမေးတော့ဘဲ နွားခြံဆိုက်သို့ ထွက်
လာခဲ့တော့၏။
" ကိုဖိုးထူးတို့ မနေ့ကအခြေအနေဘယ်လိုလဲ "
ရောက်ရောက်ချင်း ဖိုးထူးတို့ကို ဆီးမေးလိုက်သည်။
" ဆရာ မပြောပြဘူးလား မမဖူး "
" အစ်မအလုပ်များနေတာနဲ့ မမေးလိုက်မိဘူးလေ "
" အမလေး ကျုပ်တို့ ဒုက္ခရောက်ချက်ဗျာ ... အလောင်း
ကြီးကို မီးရှို့တာ မီးမလောင်လို့ပါဆို "
" ဘယ်လိုရယ် "
" ဘယ်လိုရှို့ရှို့မရတာနဲ့ ကဲ မထူးဘူးကွာဆိုပြီး ... မီး
သဂြိုလ်စက်မှာသွားထည့်ပစ်လိုက်ရတယ် "
" အဲ့ဒီတော့ "
" မီးသဂြိုလ်စက်မှတော့ လောင်ပြီပေါ့မမဖူးရ ... နည်း
တဲ့အပူရှိန်လား ... ထူးတော့ထူးတယ်နော် ... ရှို့နေတဲ့
အချိန် ကျီးကန်းတွေ တအားအာတာ ... ကျောချမ်းစရာ
ကြီး "
" တခြားဘာမှတော့ မဖြစ်ကြဘူးမလား "
" မမဖူးမေးတာကလဲ ... လန့်တောင်လန့်တယ် "
" မဟုတ်ပါဘူးဟယ် ... ဒီတိုင်းသဘောရိုး မေးကြည့်
တာပါ "
" ဘာမှတော့မဖြစ်ဘူး ... ခုဆို ပြာတောင်ရောနေလောက်
ရောပေါ့ "
" တော်ပါသေးရဲ့ ... "
" အဲ့ကလူတွေကို ပေးလိုက်ရသေးတယ်နော်မမဖူး ...
ဆရာက ပြန်ရှင်းပေးမယ်ပြောတယ်ဗျ "
" အေးပါ ... ခဏနေပေးမယ်ဟုတ်ပြီလား "
အလောင်းကြီးမရှိတော့ဘူးဆိုသဖြင့် မြဖူးငုံ ဝမ်းသာ
သွားမိသည်။
" မမဖူး ... သူမြုပ်ထားတဲ့နေရာကနေ တူးလိုက်တာ
အောက်မှာ ဂလိုင်ကြီးတွေ့တယ် "
" ဘယ်မှာလဲ "
မြဖူးငုံလည်း ကပျာကယာအပြေးလေးသွားကြည့်
လိုက်၏။ အုတ်ဂူနေရာအောက်ဘက်တွင် မြေကျွင်း
ကြီးတွေ့ရပြီး အထဲသို့ ငုံ့ကြည့်လိုက်သည့်အခါ ဂလိုင်
ပေါက်ကဲ့သို့ တွေ့မြင်လိုက်ရသည်။
" အမြစ်ကဘယ်ရောက်သွားတာလဲ "
" မသိဘူးဗျ ... မတွေ့တော့ဘူး "
" ဟိုဘက်အကွက်က အပင်ဘက် ပြန်ရွေ့သွားပြီထင်
တယ် "
" ထပ်တူးအုံးမလား "
" တူးပစ်လိုက် ... သူများအကွက်ပဲရောက်ရောက် ...
တူးချလိုက် "
" ဟုတ် ဟုတ် "
အလုပ်သမားများ အုံလိုက်ကျင်းလိုက် ဆက်လက်တူး
ဖော်လိုက်ကြရာ မကြာခင်မှာပင် ဂလိုင်ဆန်ဆန် မြေ
တွင်းကြီး ပေါ်လာခဲ့ပြီး လိမ်ကောက်နေသော သစ်မြစ်
ကြီးများ ပေါ်လာလေတော့သည်။
ထိုအမြစ်အတိုင်း ဆက်တူးလိုက်ကြသည့်အခါ မနေ့က
တွေ့ခဲ့သော သစ်ပင်ကြီးမှ အမြစ်များ ဖြစ်နေ၏။
" ထင်တဲ့အတိုင်းပဲ "
ထိုအပင်ကြီးနားရောက်လေ အပုပ်နံ့က ထွက်လာလေ
ဖြစ်၏။
" အနံ့ ပြန်ရလာပြန်ပြီ "
" ကြက်သီးထစရာကြီးဗျာ "
" ဘယ်လိုလုပ်မလဲ မမဖူး ... ဒီအပင်ကြီးခုတ်ပစ်တာ
ကောင်းမယ်ဗျ "
" ဘယ်သူပိုင်မှန်းလဲမသိနဲ့ ... ငါစုံစမ်းပါအုံးမယ် ... ခဏ
ထားထားလိုက်အုံး "
မြဖူးငုံက ထိုသို့ပြောကာ ခေတ္တအမောထိုင်ဖြည်နေသည်။
ထိုစဉ် ဖုန်းဝင်လာသဖြင့် ကြည့်လိုက်သည့်အခါ ဖခင်
ထံမှခေါ်ဆိုလာခြင်းဖြစ်၍ ကိုင်လိုက်၏။
" သမီး ... အိမ်ခဏပြန်လာအုံး "
" ဘာဖြစ်လို့လဲ ဖေဖေ "
" ကျော်ထင် စုံစမ်းလာတာ ပြောပြမလို့တဲ့ ... "
" ဟုတ် ဖေဖေ ... ခုလာပြီနော် "
သိချင်စိတ်ကြောင့် အိမ်အမြန်ရောက်ချင်လာသည်။
ကားကို လီဗာတင်လိုက်ပြီး အိမ်သို့မောင်းလာခဲ့၏။
ကျော်ထင်နှင့် ဦးအောင်စိုးတို့မှာ ဧည့်ခန်း၌ စကားပြော
နေကြပြီး ဒေါ်မိုးမိုးခိုင်က မရှိချေ။ မြဖူးငုံက မိခင်ကို
အရင်မေးလိုက်၏။
" ဟိုဘက်အိမ်မှာ သွားလည်နေတယ် "
" မေမေမရှိတုန်း မြန်မြန်ပြောကိုကျော်ထင် ... မေမေက
မရဘူးရယ် "
" ဒီလိုမမဖူး ... အဲ့အကွက်မြေကြမ်းတာက နဂိုပိုင်ရှင်
ဦးနီဆိုတဲ့လူကြောင့်ဗျ ... သူအရင်က ဆေးဆရာ ...
တောထဲသွားပြီး သစ်မြစ်တွေသွားသွားတူးတာ ...
အဲ့ကနေ ရွာအပြင်ဘက် မြေကွက်လပ်ကြီးကို ရွာလူ
ကြီးဆီကနေ ဝယ်လိုက်တယ် ... ပြီးတော့ နွားမွေးတယ်
ပေါ့ ... အဲ့မြေပေါ်က အပင်တစ်ပင်ရဲ့ ကိုင်းကို တောထဲက
ရလာတဲ့ ကိုင်းတစ်ခုနဲ့ ဆက်ပစ်တယ်လို့ သိခဲ့ရတယ် ... "
" ကိုင်းဆက်တာက ဘာလို့လဲ "
" အဲ့ဒီအပင်က မကောင်းဆိုးဝါးကို ကိုင်းနဲ့ခေါ်လာ
တာ ... ပြီးတော့နေစရာပေးတဲ့အနေနဲ့ အပင်ကြီးတစ်
ပင်က ကိုင်းမှာ ဆက်ပေးထားတာမမဖူး "
" အော် ... "
" အဲ့လိုလုပ်လိုက်တော့ မကောင်းဆိုးရွားက အဲ့အပင်မှာ
နေတော့တာပေါ့ ... နောက်ပြီး သူက မကောင်းဆိုးရွားကို
ပူဇော်ထားတာ ... နွားလုပ်ငန်းနဲ့ ချမ်းသာဖို့ မစပါဆိုပြီး
အသားစိမ်းကျွေးထားတယ် ... အဲ့ကစပြီး စီးပွားရေးက
ထောင်တက်လာတာပဲ ... လူပျိုကြီး ကပ်စေးအတော်နဲ
သတဲ့ဗျ ... လောဘလည်းတအားကြီးတာရယ် ... သူ
မွေးထားတဲ့ မကောင်းဆိုးဝါးက သားဦးဆက်သရမယ်
လို့ တောင်းလာတော့ အပျိုမလေးတစ်ယောက်ကို အရ
ယူခဲ့တာတဲ့ ... သားဦးပေးပါမယ်လို့လည်း ကတိပေးခဲ့
တာ ... တကယ့်တကယ်ကြတော့ သူ့မိန်းမက မပေးလို့
မကောင်းဆိုးဝါးကိုင်တာခံရပြီး စီးပွားပျက်သွားခဲ့တာ
လို့ပြောတယ် ... "
" မဟုတ်သေးဘူး ... သူတို့ပေးလိုက်တယ်နော် ... အုတ်
ဂူတောင်ရှိသေးတယ် "
" အစကမပေးဘူးလေ ... နောက်မှပေးလိုက်တာ ...
သားဦးပေးပြီး သူ့သမီး အသက် ၁၆ နှစ်မှာ သေသွား
တယ်တဲ့ ... သူ့သမီးအုတ်ဂူကို အဲ့ခြံမှာမြုပ်ထားတယ် ...
ဦးနီလည်းဆုံး... သူ့မိန်းမလည်း ဘယ်ရောက်သွားလဲ
မသိကြဘူး ... ခြံကနာမည်ကြီးပဲ ... မြေကြမ်းလို့ ဘယ်
သူမှမဝယ်ရဲကြတာ "
" ဒါတွေဘယ်ကသိလာတာလဲ ကိုကျော်ထင် "
" ရွာသူကြီးရဲ့သမီးပြောပြတာလေ ... သူကအကုန်သိတယ် ... "
" ဒါဆို အဲ့ဒီဆက်ထားတယ်ဆိုတဲ့ သစ်ကိုင်းကို ရှာနိုင်
ရင် ရပြီပေါ့ "
" အဲ့ဒါတော့ ကျွန်တော်လည်းမပြောတတ်ဘူး ...
တစ်ပင်လုံးခုတ်ပစ်ရင် ပိုကောင်းမယ် "
" ဘေးခြံကိုဘယ်သူဝယ်သွားလဲ သိလား "
" သူကြီးသမီးတော့သိမယ်ဆရာ ... ကျွန်တော်မမေး
ခဲ့ရဘူး "
" မင်းအခု ထပ်သွားလိုက်ကွာ ... အဲ့လူဆီကနေ ပြန်
ဝယ်ချင်တယ်လို့ ပြောလိုက် ... ဘယ်လောက်ဈေး
ခေါ်ထားသလဲသေချာမေး ... တကယ်လို့မရောင်းဘူး
ဘာညာပြောလာရင် ... သစ်ပင်ပဲတောင်းဝယ်ခဲ့လိုက် ...
ကိုယ့်ကိုတူးမယ်လို့ပါပြော "
" ဟုတ်ကဲ့ဆရာ ... "
ကျော်ထင်ပြန်သွားပြီး သားအဖနှစ်ယောက် တိုင်ပင်
ကြသည်။
" ဟိုဘက်က ရောင်းမရောင်းမသိသေးဘူး ... အလုပ်
သမားတွေကအပင်ကိုအမြစ်ကလှန်ဖို့ ပြင်ေနကြပြီဖေဖေ
... သမီးကမလုပ်သေးနဲ့ ခဏစောင့်အုံးပြောထားရတယ် "
" အချိန်ဆွဲနေလို့တော့ မကောင်းဘူး ... ဒါပေမယ့် ဟိုက
စကားပြန်တာ တစ်ချက်စောင့်လိုက်ပါအုံးသမီးရယ် ...
သူများအကွက်ဆိုတော့ ဘာမှမလုပ်တာကောင်းတယ် "
" စောင့်ရမှာပေါ့ ... ဘယ်တတ်နိုင်ပါ့မလဲ ... "
" ဒါနဲ့ ဆိုက်ထဲမှာအဆင်ပြေကြရဲ့လား "
" ပြေပါတယ် ... ဂူအောက်မှာ ကလိုင်ကြီးဖြစ်နေတာ ...
ဟိုသစ်ပင်အမြစ်နဲ့ တစ်ဆက်ထဲပဲဖေဖေ "
" သူက နယ်မြေချဲ့တာထင်ပါရဲ့ ... ဒီဘက်က နွားသတ်
ကွင်းဆိုတော့ သွေးစိမ်းတွေကျတဲ့ဆီ သူ့အမြစ်က လှမ်း
ကူးလာတာ ... "
" အဲ့လိုဆို ကြောက်စရာကြီးပဲ ... သစ်ပင်ကို အမြစ်က
လှန်ပြီးရင် သူမနေနိုင်လောက်တော့ပါဘူးနော် "
" ဘယ်နေလို့ရပါ့မလဲ ... သူနေစရာ မရှိတော့ဘူးလေ ..."
" နေရာပျောက်သွားရင် ပိုဆိုးလာမှာလည်းကြောက်ရ
သေးတယ် "
" အပင်လိုက်ကြီး တောထဲပစ်ထားခဲ့လိုက် ပြီးပြီ "
" မြေကွက်ပိုင်ရှင်နဲ့ ညှိလို့ရမှ အဆင်ပြေမှာ ... "
" သမီးမေမေပြန်လာပြီ ... ဘာစကားမှ မဟနဲ့နော် ...
ဘာလို့ပြန်လာသလဲမေးရင် ကြည့်ပြောလိုက် "
ဒေါ်မိုးမိုးခိုင်က အိမ်ထဲဝင်ဝင်ချင်း မြဖူးငုံကို တွေ့
သဖြင့် စူးစမ်းသလိုသေချာကြည့်နေသည်။
" ဆိုက်ထဲသွားမှာဆို "
" စာချုပ်တစ်ခုချုပ်စရာရှိလို့မေမေ ... ချိန်းထားတာစောနေသေးလို့ အိမ်ခဏပြန်လာတာ "
မြဖူးငုံစကားကို ဒေါ်မိုးမိုးခိုင် ယုံကြည်သွားဟန်ရ၏။
မည်သည်မှ ထပ်မမေးလာတော့ချေ။
" ဒါဆိုသမီးသွားလိုက်အံုးမယ် "
" အေ အေ သမီး "
မြဖူးငုံက နွားခြံဆိုက်ကို ပြန်လာခဲ့လိုက်သည်။ ဆိုက်
ထဲတွင် လူစုရုန်းစုရုန်းဖြစ်နေသဖြင့် အမြန်သွားကြည့်
လိုက်၏။
" ဘာဖြစ်တာလဲ "
" ဒီထဲကနေ အသံကြားလို့ နားထောင်နေကြတာမမဖူး "
" ဘယ်ကနေကြားရတာလဲ "
" တွင်းထဲကကြားတာ ... ဝေါ ဝေါနဲ့ အော်နေသံမျိုးကြီး "
အလုပ်သမားများပြသောနေရာက အုတ်ဂူအပေါက်
နေရာဖြစ်သည်။ ထိုတွင်းထဲမှအသံကို သေချာစွာနား
ထောင်ကြည့်သည့်အခါ ဝေါခနဲ လေတိုးသံလိုလို ... ဂလိုင်
သံလိုလို တစ်ချက်တစ်ချက် ကြားနေရ၏။
" ဘာသံကြီးလဲ "
" အသံကြီးက ကြောက်စရာကြီးဟ ... "
" ရွာက ရေကန်မှာလည်း အဲ့လိုအသံမျိုး ကြားဖူး
တယ် ... ကန်ကလူစားတော့မယ်ဆို ကြားပြီ ... လူကြီး
တွေကတော့ ကန်အော်တယ်ပြောကြတာပဲ ... အဲ့အချိန်
ဆို ကန်ထဲပေးမဆင်းကြတော့ဘူး "
" တကယ်စားလို့လား "
" စားတာပေါ့ဟ ... "
" ပေးမဆင်းဘူးလည်းပြောသေး ... ဘယ်သူကဆင်း
လို့စားတာတုန်း "
" ပေးမဆင်းဘူးလေ ... ဖြတ်သွားတဲ့လူတွေကို ကန်က
ညို့တာတဲ့ ... မဆင်းဆင်းအောင် ညို့တာ ... ပြီးတာနဲ့
ရေနစ်သေတာပဲ "
" အဲ့ဒါကကန်လေဟာ ... ခုက မြေတွင်းကြီးကို ... တူမှ
မတူတာ "
" ရေနဲ့မြေပဲကွာတာပါဟာ ... အသံကတူတူပဲ ... ကြက်
သီးတောင်ထတယ် "
" မြသောင်းက တမင်ဖြဲခြောက်နေတာ ... နင်တို့ကလည်း
အကဲပို ... ဟုတ်တော့ဟုတ်နေပြီ "
ဆိုက်ကြပ်လာအော်မှ တစ်ယောက်တစ်ပေါက်ပြောဆို
မှုများ တိတ်သွားကြသည်။
" ဘာမှမဖြစ်ဘူး စိတ်မပူကြနဲ့ ... မနက်ဖြန် မနက် ၇ နာရီ
အရောက်နော် ... တရားနာမယ် ... မပျက်ကြနဲ့ ကြားလား "
" ဟုတ်ကဲ့ မမဖူး "
ထိုနေ့ကအလုပ်သိမ်းပြန်လာပြီးသော်လည်း မြဖူးငုံစိတ်
ထဲ လေးလေးကြီးဖြစ်နေသလို ခံစားနေရသည်။ မည်သည့်အကြောင်းအရာမှမရှိဘဲ မှိုင်တွေနေမိ၏။
စိတ်လည်းမပျော်သလို ရင်ထဲ ဆို့နစ်နစ်ဖြစ်နေမိလေသည်။ ကိုဥက္ကာကိုလည်း ပို၍ သတိရလာသလို ဖြစ်
နေသဖြင့် ယခုညတွင် ဆေးရုံ၌ စောင့်အိပ်မည်ဟု စိတ်
ကူးလိုက်တော့၏။
" သမီးရေ ... ခုနက မောင်ကျော်ထင် လာတယ် "
" ဟုတ်ဖေဖေ ... ဘာတဲ့လဲဟင် "
" မြေကွက်ပိုင်ရှင်က မြေကွက်ကို မရောင်းပါဘူးတဲ့ ...
ဒါပေမယ့် ကံကောင်းတာက သူ့မြေကွက်က ခြုံတွေ ရှင်း
ချင်လို့ လူခေါ်ပေးပါလို့ ပြောလာတယ်တဲ့ ... အဆင်သင့်
သွားတာပေါ့ ... မနက်ဖြန်ကြရင် အမြစ်လှန်ချပစ်လိုက်
တော့ "
" ဒါဆို အဆင်ပြေသွားပြီ ... ဒါပေမယ့် မနက် ၇ နာရီ
တရားနာဖို့ ရှိသေးတယ်လေ ... ဘယ်လိုလုပ်မလဲ "
" တရားနာပြီး အားလုံးပြီးမှ လုပ်ရမှာပေါ့ ... အချိန်မရ
တော့ အဲ့လိုပဲလုပ်တော့ "
" ဟုတ် ... ဟိုလေ ဒီည သမီးဆေးရုံမှာ စောင့်အိပ်ချင်
လို့ ဒီမှာမအိပ်တော့ဘူးနော် "
မြဖူးငုံစကားကို မကြိုက်လှသော်လည်း ဝင်ရောက်
မစွက်ဖက်ချင်သဖြင့် ခေါင်းသာညိမ့်ပြလိုက်လေသည်။
မြဖူးငုံဆေးရုံသို့ရောက်သည့်အခါ မျက်လုံးပြူးကျယ်
သွားရသည်။ နေ့လည်ကတွေ့ခဲ့သော ခပ်ဖိုင့်ဖိုင့်လူ
ကြီးမှာ ကိုဥက္ကာတစ်ကိုယ်လုံးကို ချည်မန်းကြိုးနှင့်
ချည်ထားပြီး သပြေခက်နှင့် ပုတ်လိုက် ရွတ်ဖတ်လိုက်
ပြုလုပ်နေ၍ဖြစ်၏။
" ဒါဘာလုပ်နေကြတာလဲ "
မြဖူးငုံသည် ဒေါသထွက်သွားပြီး အသံမာမာနှင့် မေး
လိုက်၏။ သူမအသံကြောင့် ကိုဥက္ကာသူငယ်ချင်းများ
အားလုံး တုန်လှုပ်သွားကြလေသည်။
" ဟို ... မမဖူး ... ဒီ ... ဒီလို ... ပါ "
" ပြောစမ်းပါ ... ဘာလုပ်နေတာလဲလို့ "
" ခုထိသတိမရလာသေးလို့ အပမှီနေတာများလားဆို
ပြီး ဆရာပင့်လိုက်တာ မမဖူး "
" ဘာဆရာလဲ ... ရှုပ်ရှုပ်ယှက်ယှက်တွေ "
မြဖူးငုံစကားကြောင့် ဆရာဆိုသူက လှည့်ကြည့်လာ
သည်။ ပြီးနောက်ပြန်လှည့်သွားကာ သူ့လုပ်စရာရှိသည်
များအား ဆက်လုပ်နေ၏။
" ကိုဥက္ကာသတိမရတာက ဘာအပမှီနေတာမှ မဟုတ်ဘူး ... တစ်ညလုံး အုတ်ဂူပေါ် မှောက်ရက်လဲနေလို့
အအေးမိသွားတာ "
" ခုထိသတိမရတာလေဗျာ ... မမဖူးစကားက ရှေ့
နောက်မညီနေဘူးဗျ "
" ဘာလို့ အုတ်ဂူပေါ်တစ်ညလုံးလဲနေရတာလဲ ... ဘာ
ဖြစ်လို့လဲ "
" မူးပြီး အိပ်ပျော်သွားလို့ပေါ့ "
" ကိုဥက္ကာအဲ့လောက် မသောက်တတ်တာ ကျွန်တော်
တို့အသိဆုံးပဲ ... ခုဆရာဘာပြောလဲသိလား ... သူ့ကို
အင်္ကျီအနီနဲ့ မိန်းမကခေါ်ထားတာတဲ့ ... ဆရာပြောပြ
တဲ့ပုံစံက ကျွန်တော်တို့အိပ်မက်ထဲက မိန်းမပုံစံနဲ့ တစ်
ပုံစံထဲ ... ရောဂါလည်းရှာမတွေ့ ခုထိလည်းသတိမရ
ဖြစ်နေတဲ့ ကျွန်တော်တို့သူငယ်ချင်းကို မမဖူးပစ်ထား
တာပဲလေ "
" နင် ... နင်တို့ လွန်လာပြီနော် ... ငါဘယ်မှာပစ်ထား
လို့လဲ "
" မမဖူး ဒီမှာ ဘယ်လောက်ကြာအောင် စောင့်ဖူးလဲ ...
တစ်နေ့ဘယ်နှခေါက်လာလဲ ... ကိုဥက္ကာထက် အလုပ်
ကပိုအရေးကြီးနေတယ်မလား ... ကျွန်တော်တို့သာ
မစောင့်ရင် သူ့တစ်ယောက်ထဲ ဆေးရုံခန်းမှာ နေနေရ
မှာဗျ ... "
တစ်ခါမှ ပြန်မပြောဖူးကြသော ယခင်ကအလုပ်သမား
များမှာ ယခုအခါ တစ်ခွန်းမကျန်ပြန်ပြောနေကြသဖြင့်
မြဖူးငုံ မျက်နှာနီမြန်းလာပြီး ဒေါသအလိတ်လိုက် ထွက်
လာခဲ့သည်။
" သူက ငါ့ယောကျာ်းဖြစ်နေပြီ ... သူ့ရဲ့ကောင်းခြင်း...
ဆိုးခြင်း အကုန် ငါပဲခံရမှာ ... ငါပဲလုပ်ပေးရမှာ ... နင်
တို့တွေက ဘေးလူတွေဆိုတာ သတိရစမ်းပါအုံး ...
စော်စော်ကားကားစကားတွေ လာပြောမနေနဲ့ ... ခုထွက်
သွားကြ ... နောက်လည်းလာမစောင့်နဲ့ ... ငါ့ရှေ့လည်း
ပေါ်မလာကြနဲ့ "
မြဖူးငုံက အသားတဆတ်ဆတ်တုန်လာပြီး အော်ဟစ်
ပြောဆိုပစ်လိုက်လေသည်။
" စိတ်ချမလာဘူး ... ဒါပေမယ့်ခင်ဗျားကြီးသိဖို့က ...
ငွေရှိတယ်ဆိုပြီး အရမ်းကြီးတော့မမောက်မာသင့်ဘူး
... ကျုပ်တို့သူငယ်ချင်းကို ငွေနဲ့ဝယ်ထားသလို ခံစား
နေရတယ် ... ခု ခင်ဗျား သူ့အတွက် ဘာလုပ်ပေးနိုင်ခဲ့
လဲ ... သူနေမကောင်းဘူး ...သတိမေ့နေတာ ... ခင်ဗျား
ဘာလုပ်ေပးနိုင်လို့လဲ ... သူ့အနားမှာ တစ်ရက်ပြည့်
ေအာင်စောင့်ပေးဖူးလား ... နေပေးဖူးလား ... ကျုပ်တို့
လာစောင့်နေတဲ့အချိန် ခင်ဗျားကိုဥက္ကာနား တစ်နေ့တစ်
ခေါက်တောင် တာဝန်အရလာပေးနေသလိုပဲ ... "
" မင်းတို့တွေ သိပ်လွန်နေပြီနော် ... လုံခြုံရေးခေါ်လိုက်
ရမလား ... ကိုယ့်အသိစိတ်နဲ့ကိုယ် ထွက်သွားကြမလား "
ကိုဥက္ကာ၏သူငယ်ချင်းများက မြဖူးငုံကို ဒေါသတကြီး
ဖြင့် စူးစိုက်ကြည့်လိုက်ကြပြီး ဆရာဆိုသူကို ခေါ်ထွက်
သွားကြလေသည်။
ဒေါသကြောင့်နီမြန်းနေသော မြဖူးငုံ၏မျက်နှာမှာ တင်း
မာနေရာမှ တဖြည်းဖြည်းဖြည်လျော့ကျသွားကာ ကိုဥက္ကာ
ကုတင်ပေါ် ကိုယ်တစောင်းထိုင်ချလိုက်၏။
ကိုဥက္ကာ၏ လက်လေးကို ဆုပ်ကိုင်လိုက်သည့်အခါ မျက်
ရည်စများက ပါးပြင်ပေါ်သို့ သူ့အလိုလို စီးကျလာလေ
သည်။
" အားလုံးပြီးတော့မှာပါ ... အဲ့ဒီအချိန်ကြရင် ဖူးဆီကို
မောင် ပြန်လာခဲ့ရမယ်နော် "
မျက်ရည်များကို လက်ဖမိုးနှင့်သုတ်ပစ်ရင်း ပြောနေမိ
၏။ အတွေးများကလည်း လွင့်မျော၍နေသည်။
ကုတင်ဘေးသို့ ထိုင်ခုံဆွဲယူကာ ထိုင်လိုက်ပြီး ကိုဥက္ကာ
၏မျက်နှာကို ငေးကြည့်နေမိသည်။
စိတ်ထဲ၌မူ တရားနာပြီး သစ်ပင်ခုတ်ပြီးသည်နှင့် အရာအားလုံးပြီးဆုံးသွားပြီဟု ယုံကြည်နေသော်လည်း ရင်
ထဲမှာမူ ခံစားချက်ကောင်းကို ခံစား၍မရနေပေ။
မကောင်းသောအရာတစ်ခုခုနှင့် နီးကပ်လာနေသလိုခံစား
နေရ၏။
" မဟုတ်သေးဘူး ... အပင်မရှိတာနဲ့ အားလုံးပြီးသွား
မှာ ... "
ကိုယ့်ကိုယ်ကို ပြန်လည်အားပေးနေမိသည်။ တရားနာ
ရန်အတွက် ဖခင်ဖြစ်သူ စီစဉ်ထားပြီးဖြစ်သဖြင့် စိတ်
ပူစရာမရှိ။
သို့သော် သစ်ပင်ခုတ်ပြီး အမြစ်လှန်သည့်အချိန်ကိုတော့
စိုးရိမ်မိသည်။ ထိုသို့တွေးနေစဉ်မှာပင် ဆံပင်များထောင်
လာပြီး အေးစိမ့်လာ၏။
" အပူရှပ်ပြီးဖျားချင်နေတာလားမသိဘူး ... "
တကိုယ်တည်းရေရွတ်လိုက်ရင်း အနွေးထည်ထဝတ်
လိုက်သည်။ ခုံပေါ်ပြန်ထိုင်ရန် ပြုစဉ် အခန်းနံရံပေါ် ပေါ်
နေသည့်အရိပ်ကြောင့် အလွန်ထိတ်လန့်သွားတော့၏။
သူမ၏လှုပ်ရှားဟန်အတိုင်း ပေါ်နေသောအရိပ်သည် သူမ
အရိပ်နှင့်မတူနေပေ။ အနောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်
ကြည့်သည်။
အရိပ်က ထပ်တူကျစွာလှုပ်ရှားနေသည်။ ရှေ့သို့တစ်လှမ်း
ပြန်တိုးကြည့်ပြန်သည်။ ထပ်တူကျတုန်းပင်။ သို့သော်
ထိုအရိပ်မှာ သူမအရိပ်မဟုတ်နေသလို ခံစားချက်ကြီးက
တိုးဝင်လာသည်။
မဝံ့မရဲဖြစ်လာပြီး ဝတ်ထားသော အနွေးထည်အား ဖြည်း
ဖြည်းချင်းချွတ်ရင်း အရိပ်ကို မျက်တောင်မခတ်တမ်း
စိုက်ကြည့်နေမိ၏။
အရိပ်ထဲတွင် အနွေးထည်ချွတ်နေသည့်ဟန် ပေါ်မလာ
ချေ။ ထို့အပြင် မည်သည့်လှုပ်ရှားမှုမှမရှိတော့ဘဲ သက်မဲ့
လို ငြိမ်သက်နေသည်။
မြဖူးငုံမှာ ချွေးစေးများပျံလာပြီး လက်ဖျားခြေဖျားများ
အေးစက်လာခဲ့၏။ အရိပ်ကိုကြည့်ရင်း ကြည့်ရင်းနှင့်
အလွန်ထိတ်လန့်လာကာ အနွေးထည်ကို တုန်တုန်ယင်
ယင်နှင့် ပြန်ဝတ်ကြည့်လိုက်သည်။
အရိပ်မှာ ငြိမ်သက်၍နေမြဲ။ ခြေထောက်နောက်တစ်လှမ်း
ဆုတ်ကြည့်လိုက်၏။ ထိုအရိပ်က လိုက်ဆုတ်မလာတော့
ချေ။
" ငါ့ အိမ်က ထွက်သွား "
အေးစက်စက်အသံကြီး ဘေးနားကပ်ပြောလိုက်သကဲ့
သို့ ကြားလိုက်ရသည်နှင့် အခန်းအပြင်ဘက်ကို ပြေး
ထွက်လာမိတော့၏။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_သော်တာလမင်းစန္ဒာ