
CRUSH (ခွက်ရှ်)
ကားတိုးစီးခဲ့ပြီးတဲ့နောက်မှာတော့ ကောင်းလင်းသန့် တစ်ယောက် အလုပ်နဲ့ အနီးဆုံးဖြစ်သည့် မှတ်တိုင်ကို ရောက်ရှိလာတော့သည်။ မနက်ပိုင်း ရုံးတက်ချိန် ဖြစ်တာကြောင့် ybsကားမှာ လူပြည့်ကြပ်လို့နေလေသည်။ ကောင်းလင်းသန့်မှာ ကားပေါ်ကနေ မနဲ ဆင်းခဲ့ရလေသည်။ မဟုတ်ရင် နောက်မှတ်တိုင်ထိ ပါသွားနိုင်လေသည်။ အဲ့လိုတော့ ကောင်းလင်းသန့် အဖြစ်မခံနိုင်ပါ။ ပထမဆုံး အလုပ်ဝင်တဲ့နေ့တွင်တော့ စောရောက်နေသင့်ပါလေသည်။ ကားပေါ်ကနေ ခဲရာခဲဆစ် ဆင်းပြီးတာနဲ့ ကောင်းလင်းသန့် တစ်ယောက် ရုံးသို့ ဆက်ပြီး လမ်းလျှောက်သွားလိုက်ပါလေသည်။ ရုံးကို သွားနေရင်း အဲ့နေ့က အကြောင်းကို ပြန်စဉ်းစားကြည့်မိတော့သည်။ ကောင်းလင်းသန့် အလုပ်ရခဲ့တာကလည်း ထူးဆန်းတယ်လို့ ပြောလို့ရလောက်သည်။
အဲ့နေ့က ကောင်းလင်းသန့် အင်တာဗျူးသွားဖြေခဲ့လေသည်။ ကောင်းလင်းသန့်မှာ တစ်ဖက်ကပို့လာတဲ့ လိပ်စာအတိုင်း ရောက်လာခဲ့တော့သည်။ ချောချောမွတ်မွတ် ရောက်လာခဲ့တာတော့ မဟုတ်ပေ။ ကြားထဲမှာ နေရာရှာမတွေ့လို့ဆိုကာ ကောင်းလင်းသန့် တစ်ယောက် ဆက်သွယ်လာတဲ့သူကို ဖုန်းဆက်ပြီး ပြန်မေးခဲ့ရလေသည်။ ဒီတော့မှသာ ကောင်းလင်းသန့် ရုံးကို ရောက်သွားခဲ့တော့သည်။ ရုံးကိုရောက်တော့ ချက်ချင်းဘဲ အင်တာဗျူးဖို့အတွက် အခန်း တစ်ခုမှာ သွားစောင့်နေရလေသည်။ ခဏလောက်ကြာတော့ CEOဆိုတဲ့သူ ရောက်လာပြီး အင်တာဗျူးတာကို စတင်လေတော့သည်။ အင်တာဗျူးမှာ ကောင်းလင်းသန့် နာမည်တို့ ပညာအရည်အချင်းတို့ကို မေးလေသည်။ ကောင်းလင်းသန့်လည်း သေသေချာချာဘဲ ပြန်ဖြေလိုက်လေသည်။ နောက်တော့ ကောင်းလင်းသန့်ကို အလုပ်လျှောက်ထားတဲ့ script writer positionနဲ့ ပတ်သက်ပြီး မေးလာတော့သည်။ ကောင်းလင်းသန့်လည်း တော်သင့်ရုံလေး ပြန်ဖြေလိုက်တော့တာပေါ့။ အဲ့တာပြီးတော့ CEOဆိုတဲ့သူကနေမှ ကောင်းလင်းသန့်ကို ဘယ်ချိန်အလုပ်စဆင်းနိုင်မလဲဆိုကာ မေးလာတော့သည်။ ချက်ချင်းကြီး အလုပ်တန်းခန့်မယ်လို့ မထင်ထားတော့ ကောင်းလင်းသန့်မှာ အတန်ငယ် ကြောင်သွားပါလေသည်။ ပြီးတော့မှ ကောင်းလင်းသန့်လည်း ချက်ချင်း အလုပ်စဆင်းနိုင်ကြောင်းကို ပြန်ဖြေလိုက်တော့သည်။
ဒီလိုနဲ့ ကောင်းလင်းသန့် အလုပ်ရလာခဲ့တာ ဖြစ်ချေသည်။ အမှန်တော့ ကောင်းလင်းသန့်မှာ အရင်ကအလုပ်တွေလိုမျိုး အင်တာဗျူးပြီး နှစ်ရက်လောက်ကြာတော့မှ ဖုန်းဆက်လာမယ်လို့ ထင်ထားခဲ့တာဖြစ်သည်။ ခုတော့ ချက်ချင်းကြီးဆိုတော့ ကောင်းလင်းသန့်လည်း အံ့ဩသွားတာ ဖြစ်သည်။ ဒီထပ်ပိုပြီး အံ့ဩရတာကတော့ ကောင်းလင်းသန့် ခုအလုပ်ရခဲ့တဲ့နေရာတွင် ကောင်းလင်းသန့် ကျောင်းတုန်းက Crushနေရတဲ့သူ ရှိနေလို့ပင် ဖြစ်သည်။ ကောင်းလင်းသန့်လည်း အဲ့နေ့မှဘဲ သိခဲ့ရတာ ဖြစ်လေသည်။ အင်တာဗျူးဖြေပြီး အခန်းထဲက ပြန်ထွက်လာချိန်မှာဘဲ အခန်းပေါက်ဝတွင် ဆုံခဲ့တာ ဖြစ်သည်။ ကောင်းလင်းသန့်ကတော့ Crushနေတာဆိုတော့ ခဏလေးမြင်ရုံနဲ့ မှတ်မိလေသည်။ တစ်ဖက်က အကိုကတော့ ကောင်းလင်းသန့်ကို မမှတ်မိဘဲ ဖယ်ပေးလေတော့သည်။ ကောင်းလင်းသန့်ကတော့ အံ့ဩပြီး ရပ်နေမိတော့တာပေါ့။ ကောင်းလင်းသန့်မှာ ဘယ်လောက်ကြာကြာ ရပ်နေမိသလဲဆိုရင် တစ်ဖက်ကနေ “ညီလေး” ဆိုပြီး ပြောလာတော့မှ ကောင်းလင်းသန့်လည်း သတိပြန်လည်လာပြီး အခန်းထဲက ထွက်ဖို့ကို သတိရတော့သည်။ အဲ့လိုနဲ့ ကောင်းလင်းသန့် အဲ့ကနေ ရင်ခုန်ခြင်းများစွာဖြင့် ပြန်လာခဲ့ရတာဘဲ ဖြစ်ချေသည်။
အင်တာဗျူးနေ့က အကြောင်း ပြန်တွေးရင်း ကောင်းလင်းသန့် တစ်ယောက် ရှက်တာဘဲ သိတော့သည်။ အမှန်တော့ ကိုယ့်crushကိုတွေ့ရင် ပျော်နေရမှာ မှန်ပေမယ့် ကောင်းလင်းသန့်အနေနဲ့ crushအကိုနဲ့ မတွေ့သည်မှာ နှစ်နဲ့ကြာနေပြီလို့ ဆိုလို့ရလောက်သည်။ ထိုအကို ဘွဲ့ရသွားပြီးကတည်းက ကောင်းလင်းသန့် မတွေ့တော့တာဖြစ်သည်။ ဘာကြောင့်ဆို ထိုအကိုက ကောင်းလင်းသန့်ထက် အတန်းကြီးလို့ဘဲဖြစ်သည်။ စီနီယာလို့လည်း ပြောလို့ရလောက်သည်။ ကောင်းလင်းသန့်အနေနဲ့ ထိုအကိုနဲ့ မတွေ့ရတော့တာနဲ့ Crushနေတယ်ဆိုတဲ့ စိတ်ကြီးကလည်း ပျောက်မသွားခဲ့ပါ။ တက္ကသိုလ်တက်စဉ်ကတော့ ထိုအကိုနဲ့ တွေ့နေရတော့ ကောင်းလင်းသန့်အတွက် အဆင်ပြေတယ်လို့ ဆိုရပေမည်။ ထိုအကိုမရှိတော့တဲ့ နောက်ပိုင်းတွေမှာတော့ ကောင်းလင်းသန့်မှာ ထိုအကိုရဲ့ အကောင့်ကို အပ်ထားပြီး ခဏခဏ ဝင်ကြည့်လေတော့သည်။ အဲ့ကတည်းက ထိုအကိုရဲ့ ဖေ့ဘုတ်အကောင့်ကနေ တင်တာတွေကို ကောင်းလင်းသန့် မလွတ်တန်း ဝင်ကြည့်ခဲ့လေသည်။ ပြီးတော့ ဟာသဗီဒီရိုအတိုလေးတွေမှာ ထိုအကို ဝင်သရုပ်ဆောင်နေတာကို ကောင်းလင်းသန့် သိခဲ့ရလေသည်။ ကောင်းလင်းသန့် မသိခဲ့တာကတော့ သူလျှောက်ခဲ့တဲ့အလုပ်က ထိုအကိုရှိနေတဲ့ အလုပ်ဆိုတာကိုပင် ဖြစ်သည်။
လမ်းလေးအနည်းငယ်လျှောက်ပြီးသွားတဲ့အခါမှာ အင်တာဗျူးသွားဖြေခဲ့တဲ့ ရုံးကို ကောင်းလင်းသန့် ရောက်သွားတော့သည်။ ကောင်းလင်းသန့်မှာ ရုံးဝန်းထဲကို ဝင်သွားရမလားဆိုကာ တွေဝေနေလေသည်။ ဘာကြောင့်ဆို ထိုအကိုကြောင့်ပင်ဖြစ်သည်။ လှည့်ပြန်လိုက်ရင်လည်း အချိန်ရသေးသည်။ မျက်နှာပူတာမျိုးတွေဖြစ်မှာ စိုးရိမ်တာကြောင့် ကောင်းလင်းသန့် တွေဝေနေတာဘဲ ဖြစ်သည်။ ဒါပေမယ့်လည်း ကောင်းလင်းသန့်မှာ အလုပ်လုပ်မယ်ဆိုပြီး ရန်ကုန်ကို ထွက်လာခဲ့တာဆိုတော့ တွေဝေနေလို့ မဖြစ်ပေ။ အိမ်ကလည်း အလုပ်မှမရင် ပြန်ခဲ့ဆိုပြီး ပြောနေတော့ ကောင်းလင်းသန့် အနေနဲ့ ဒီအလုပ်ကိုရမှ ဖြစ်ပေမည်။ ဒီတော့ ကောင်းလင်းသန့်လည်း ထိုရုံးဝန်းလေးထဲသို့ ဝင်သွားလိုက်ပါလေတော့သည်။
ရုံးဝန်းထဲကို ဝင်လိုက်ပြီးတော့ ရုံးအဆောက်အဦးနားသို့ ကောင်းလင်းသန့် သွားလိုက်သည်။ ပြီးနောက် ဖိနပ်လေးချွတ်ကာ ရုံးထဲ ဝင်သွားလိုက်လေသည်။ ရုံးထဲရောက်တော့ တစ်ခြားသူတွေလည်း ရောက်နေကြတာကို ကောင်းလင်းသန့် တွေ့လိုက်ရတော့သည်။ ကောင်းလင်းသန့်ကတော့ ကြောင်တောင်တောင်လေးဖြင့် ရပ်နေတော့တာပေါ့။ အဲ့ချိန်မှာဘဲ အမကြီး တစ်ယောက်ကနေပြီး ကောင်းလင်းသန့်ကို မေးလာတော့သည်။
“လူသစ်လား.......” ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
“ဟုတ်..... ဟုတ်ကဲ့” ဆိုကာ ကောင်းလင်းသန့်လည်း ပြန်ဖြေလိုက်လေသည်။
ကောင်းလင်းသန့် ပြန်ဖြေပြီးတာနဲ့ ထိုအမကြီးမှ တစ်ခြားတစ်ယောက်ကို လှမ်းပြောနေတာ ကောင်းလင်းသန့် တွေ့လိုက်ရလေသည်။ ပြီးတော့ ကောင်းလင်းသန့်လည်း ဒီအတိုင်း တွေ့တဲ့ ထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်ပါတော့သည်။ ခဏနေတော့ အခန်းလေးကနေ အကို တစ်ယောက်ထွက်လာကာ ကောင်းလင်းသန့်ကို တွေ့သွားလေသည်။ လူသစ်လားဆိုပြီး မေးလာတော့ ကောင်းလင်းသန့်လည်း ခေါင်းညိတ်ပြလိုက်လေသည်။
“အော်...... ဟုတ်ပြီ....... ညီလေး နေရာက ဟိုနားမှာ.......” လို့ ပြောလာတော့ ကောင်းလင်းသန့် လှမ်းကြည့်လိုက်ပါသည်။
နေရာလေးက မဆိုးရှာပါဘူး။ နေရာကို ကြည့်ပြီးတာနဲ့ ကောင်းလင်းသန့်လည်း ပြန်ဖြေလိုက်လေသည်။
“ဟုတ်ကဲ့..... အကို.......”
“ကျန်တဲ့ ကိစ္စတွေက CEOပြောလိမ့်မယ်နော်..... ညီလေး” လို့ ပြောပြီး ထိုတစ်ယောက်မှာ အခန်းထဲက ထွက်သွားပါတော့သည်။
ကောင်းလင်းသန့်လည်း ပေးထားတဲ့နေရာလေးကို ပြောင်းသွားထိုင်လိုက်ပါလေသည်။ ပြီးတာနဲ့ လွယ်အိတ်လေးထဲက လက်တော့ကို ထုတ်လိုက်ပါတော့သည်။ ကောင်းလင်းသန့် နေရာမှာ ထိုင်နေပေမယ့်လည်း အနီးအနားက သူတွေမှာ မိတ်ဆက်စကား လာမပြောကြပေ။ ကောင်းလင်းသန့် တစ်ယောက်ကတော့ အထူးအဆန်းဖြစ်လို့နေတော့သည်။ ပုံမှန်ဆို လူသစ်ဝင်လာရင် မိတ်ဆက်တာတို့၊ တစ်ခုခု မေးတာတို့ လုပ်လေ့ရှိလေသည်။ အခုကတော့ သူတို့အလုပ်သာကိုယ်စီ လုပ်နေကြတော့သည်။ ပြီးမှ ကောင်းလင်းသန့် တစ်ယောက် အင်တာဗျူးတုန်းက CEOပြောတာကို သတိရမိလိုက်လေသည်။
“ရုံးကသူတွေက ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ နေတတ်ကြတယ်...... ရင်းနှီးသွားရင်တော့ ခင်တတ်ကြပါတယ်” ဆိုသည့် စကားပင် ဖြစ်သည်။
ဒီတော့ ကောင်းလင်းသန့်လည်း အဲ့စကားကို အမှတ်ရပြီး ဒီအတိုင်း နေနေလိုက်ပါလေသည်။ ဒီအတိုင်း နေနေဖို့ ကြိုးစားပေမယ့်လည်း ကောင်းလင်းသန့် တစ်ယောက် မနေခဲ့ပါ။ ဟိုဟိုဒီဒီလှည့်ကြည့်ရင်း တစ်ယောက်ယောက်ကို မျှော်နေသလို ဘေးဘီကို ကြည့်နေပါတော့သည်။ အမှန်တော့ ကောင်းလင်းသန့် တစ်ယောက် သူCrushနေတဲ့ အကို ရောက်ပြီလားဆိုတာကို လိုက်ရှာနေခြင်းဘဲ ဖြစ်လေသည်။ ဟိုဒီလှည့်ကြည့်ပေမယ့် မတွေ့တော့ ကောင်းလင်းသန့်လည်း ပြန်လှည့်ပြီး လက်တော့ကို ကြည့်နေပါတော့သည်။ လက်တော့နဲ့ youtubeဖွင့်ပြီး ဇာတ်ညွှန်းရေးနည်းကို ပြန်လေ့လာနေလေသည်။ ထိုချိန် တံခါးဖွင့်လို့လာလေသည်။ ကောင်းလင်းသန့်လည်း လှည့်ကြည့်မိတော့တာပေါ့။ ဒါပေမယ့် ကောင်းလင်းသန့် တွေ့ချင်တဲ့သူ မဟုတ်ပါ။ ခဏက ကောင်းလင်းသန့်ကို နေရာပေးသွားတဲ့ အကို ဖြစ်ချေသည်။ ထိုအကိုမှာ ကောင်းလင်းသန့်ကို ပြုံးပြပြီး ခဏက အခန်းထဲကို ဝင်သွားလေသည်။ ကောင်းလင်းသန့်ကတော့ သူတွေ့ချင်သည့် တစ်ယောက် မဟုတ်တာကြောင့် စိတ်ပျက်သွားပါတော့သည်။
ခဏကြာတော့ တံခါးဖွင့်သံ ထပ်ကြားလိုက်ရတော့သည်။ ဒီတစ်ခါလည်း ကောင်းလင်းသန့် လှည့်ကြည့်လိုက်ပါသေးသည်။ ဒီတစ်ခါတော့ သူ Crushနေတဲ့ အကိုဝင်လာတာဘဲ ဖြစ်ချေသည်။ ကောင်လင်းသန့်မှာ မြင်ပြီး စက္ကန့်ပိုင်းအတွင်းမှာဘဲ ချက်ချင်း ပြန်လှည့်လိုက်ပါလေသည်။ အသစ်လား ဘာညာဆိုပြီး ထိုအကို တစ်ခြားသူကို မေးနေတာတွေ ကောင်းလင်းသန့် အထင်းသားကြားနေရပါသည်။ ကောင်းလင်းသန့်မှာ crushအကိုကို မြင်လိုက်ရတော့ ပျော်နေလေတော့သည်။ ပြီးတော့ ကောင်းလင်းသန့် ထပ်လှည့်ကြည့်လိုက်ပြန်လေသည်။ Crushအကို အခန်းထဲဝင်သွားတာကို မြင်လိုက်ရတော့ ကောင်းလင်းသန့် ဝမ်းနည်းသလို ဖြစ်သွားရတော့သည်။ ပြီးတာနဲ့ ဇာတ်ညွှန်းရေးနည်းကို ပြန်ကြည့်နေလိုက်တော့သည်။
ဆယ်နာရီ ရုံးချိန်ဆိုပေမယ့် ကောင်းလင်းသန့်မှာ ကိုးခွဲကတည်းက ရုံးကိုရောက်နေခဲ့လေသည်။ ကိုးခွဲကတည်းက ရောက်နေတာ ဆယ်ခွဲထိတိုင်အောင် ကောင်းလင်းသန့်အနေနဲ့ ဘာလုပ်ရမလဲဆိုတာကို ခုထိ သေသေချာချာမသိရသေးပါ။ ရုံးကို တစ်ယောက်ပြီးတစ်ယောက် ရောက်လာကျတာတွေလည်း ရှိပါသည်။ Crushအကို ဝင်သွားတဲ့အခန်းလေးထဲ ဝင်သွားကြတာကိုလည်း ကောင်းလင်းသန့် တွေ့နေရလေသည်။ ကျန်တဲ့သူတွေကတော့ သူတို့လုပ်စရာရှိတာ လုပ်နေကြတော့သည်။ ကောင်းလင်းသန့် တစ်ယောက်ထဲသာ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိ ဖြစ်နေတော့သည်။ ခဏနေတော့ အခန်းထဲကို CEOရောက်လာလေသည်။ ကောင်းလင်းသန့် လှည့်ကြည့်လေတော့ CEOမှ ပြုံးပြလာတော့သည်။ ပြီးတာနဲ့ မီတင်ဆိုပြီးတော့ ပြောကာ CEOမှ ပြန်ထွက်သွားလေသည်။ မီတင်ဆိုတော့မှ ကျန်တဲ့သူတွေ လှုပ်ရွရွဖြစ်ကုန်ကြသည်။ အခန်းလေးထဲကသူတွေကို သွားပြောတဲ့သူကပြော၊ မီတင်အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်တဲ့သူနဲ့ အလုပ်ရှုပ်နေကြလေသည်။ ကောင်းလင်းသန့်ကတော့ ကြောင်တောင်တောင်လေးနဲ့ လိုက်ကြည့်နေတော့တာပေါ့။
အခန်းထဲကသူများလည်း မှတ်စုစာအုပ်လေး ကိုင်ကာ အသီးသီး ထွက်သွားကြကုန်လေသည်။ ကောင်းလင်းသန့်ကတော့ တစ်ယောက်ထဲ ကျန်ရစ်ခဲ့တော့တာပေါ့။ ကောင်းလင်းသန့်မှာ လက်တော့က ဇာတ်ညွှန်းရေးနည်းကိုသာ ပြန်ကြည့်နေလိုက်တော့သည်။ ခဏအကြာမှာတော့ တံခါးဖွင့်သံ ကြားလိုက်ရသည်။ ကောင်းလင်းသန့်လည်း တံခါနားကို ကြည့်မိလိုက်တော့၏။ Crushအကိုကို မြင်လိုက်ရတော့ ကောင်းလင်းသန့် လန့်သွားပါတော့သည်။ Crushအကိုကလည်း ကောင်းလင်းသန့်ကို စိုက်ကြည့်လို့နေလေသည်။ ကောင်းလင်းသန့်မှာ တစ်ခုခုဘဲ စကားပြောရမလား၊ လက်တော့ဘက်ကို ပြန်လှည့်လိုက်ရမလားဆိုကာ ဆုံးဖြတ်ရခက်လို့နေတော့သည်။ ပြီးကာမှ Crushအကိုကနေမှ ကောင်းလင်းသန့်ကို စကားပြောလာပါတော့သည်။
“ညီလေးက အသစ်နော်.......” ဆိုပြီးတော့ပင် ဖြစ်သည်။
ရုတ်တရက်ကြီး စကားပြောလာတော့ ကောင်းလင်းသန့် တစ်ယောက်လည်း လန့်လို့သွားလေသည်။ Crushအကိုနဲ့က ကောင်းလင်းသန့် တစ်ခါမှ စကားမပြောဖူးပါ။ ဂျူနီယာဖြစ်ခဲ့တာဆိုတော့ ကောင်းလင်းသန့်အနေနဲ့ ကျောင်းပွဲတွေမှာသာ မြင်ဖူးတာတို့၊ အခန်းရှေ့တွေမှာ ဖြတ်သွားတုန်း တွေ့ဖူးတာတို့သာ ရှိခဲ့လေသည်။ ခုက ပထမဆုံး စကားပြောဖူးခြင်းဖြစ်သည်။ ကောင်းလင်းသန့်မှ ပြန်မဖြေလာတော့ တစ်ဖက်က ချောင်းဟန့်လာပါလေသည်။ ဒီတော့မှဘဲ ကောင်းလင်းသန့်လည်း ကမန်းကတန်းဖြင့် ပြန်ဖြေလိုက်ပါတော့သည်။
“ဟုတ်....ဟုတ်ပါတယ်..... အကို.........”
“CEOက မီတင်ကို လာခဲ့ပါတဲ့.........”
“အော်...... ဟုတ်ကဲ့”
Crushအကိုကတော့ ပြောပြီး ပြန်ထွက်သွားသည်။ ကောင်းလင်းသန့်ကတော့ လက်တော့လွယ်အိတ်လေးထဲကနေ မှတ်စုစာအုပ်နဲ့ ဘောပင်ကို ရှာနေပါလေသည်။ ရှာလို့တွေ့တာနဲ့ ကောင်းလင်းသန့်လည်း ချက်ချင်း ထွက်သွားလိုက်လေတော့သည်။ တံခါးဖွင့်လိုက်တဲ့ အချိန်မှာ Crushအကို ရှိနေသေးတာကို မြင်ပြီး ကောင်းလင်းသန့် အံ့ဩသွားလေသည်။ ထိုချိန် Crushအကိုမှ ကောင်းလင်းသန့်ဘက် လှည့်လာပြီး ပြုံးပြကာ
“သွားရအောင်..... ညီ” ဆိုပြီး ပြောလာပါလေသည်။
ကောင်းလင်းသန့်လည်း “ဟုတ်” ဆိုပြီး ကြောင်အအဖြင့် ပြန်ဖြေလိုက်တော့သည်။ ပြီးတာနဲ့ Crushအကို ခေါ်တဲ့နောက်သို့ ကောင်းလင်းသန့် လိုက်သွားလေသည်။
အခန်းလေးက ထွက်ပြီးတော့ လှေကားလေးနားကို သွားလိုက်ကြသည်။ လှေကားလေးကနေ တက်လိုက်ပြီးတာနဲ့ လူတွေ ဝိုင်းဖွဲ့ထိုင်နေတဲ့ အုပ်စုကို ကောင်းလင်းသန့် တွေ့လိုက်ရလေသည်။ Crushအကိုကတော့ သူထိုင်နေတဲ့ နေရာမှာ ဝင်ထိုင်တော့သည်။ ကောင်းလင်းသန့်ကိုတော့ CEOက လှမ်းခေါ်ပြီး သူ့နားမှာ လာထိုင်ဖို့ ခေါ်နေလေသည်။ ဒါနဲ့ ကောင်းလင်းသန့်လည်း CEOနားသွားထိုင်လိုက်ရတော့တာပေါ့။ ပြီးတာနဲ့ CEOကနေပြီး ကောင်းလင်းသန့်ကို မိတ်ဆက်ပေးဖို့ ပြောလာပါလေသည်။ ကောင်းလင်းသန့်မှာ ရုတ်တရက်ကြီး မိတ်ဆက်ရမယ်ဆိုတော့ နေရခက်သလို ဖြစ်လို့သွားလေသည်။ ပြီးမှ ကောင်းလင်းသန့်လည်း မိတ်ဆက်လိုက်ရတော့သည်။
“ကောင်းလင်းသန့်လို့ ခေါ်ပါတယ်...... Script writerပါ....”
ကောင်းလင်းသန့်မှာ မိတ်ဆက်ပြီး Crushအကိုကို လှမ်းကြည့်လိုက်ပါလေသည်။ Crushအကိုမှ ပြုံးပြီး ကြည့်နေတာကို မြင်တော့ ကောင်းလင်းသန့် တစ်ယောက် ပိုပြီး နေရခက်သွားပြီး ဟိုကြည့်ဒီကြည့် လုပ်လိုက်ရလေသည်။ CEOကတော့ ကောင်းလင်းသန့်ကို တစ်ခြားသူတွေနဲ့ မိတ်ဆက်ပေးနေပါလေသည်။ ဒီတော့ ကောင်းလင်းသန့်လည်း CEOမိတ်ဆက်ပေးနေတဲ့သူတွေကို လိုက်ကြည့်ရတော့တာပေါ့။ မိတ်ဆက်နေရင်း Crushအကို အလှည့်ရောက်လို့လာလေသည်။ ဒီတွင် ကောင်းလင်းသန့်လည်း Crushအကိုကို ကြည့်လိုက်ရတော့သည်။ Crushအကိုကတော့ ပြုံးစိစိ လုပ်နေပါလေသည်။ ကောင်းလင်းသန့်ကတော့ Crushအကိုကို ကြည့်နေရင်းမှ “ကိုမြတ်မင်းစျာန်...... သိသားဘဲ” ဆိုကာ စိတ်ထဲ ပြောလိုက်ပါလေသည်။ CEOကတော့
“ကဲ..... နောက်ဆုံးကျန်တာကတော့...... အကိုတို့ရုံးရဲ့ မင်းသားချောကြီး...... ဘယ်နေရာမှ မရနိုင်တဲ့ မျက်နှာကို ပိုင်ဆိုင်ထားတဲ့ မြတ်မင်းစျာန်ဘဲ ဖြစ်ပါတယ်”
CEOက မိတ်ဆက်ပေးတော့ ကျန်တဲ့သူများက လက်ခုပ်တွေ တီးနေကြလေသည်။ မြတ်မင်းစျာန်ကတော့ ပြုံးနေတော့တာပေါ့။ ကောင်းလင်းသန့်လည်း မြတ်မင်းစျာန်ကို ကြည့်ပြီး ပြုံးလိုက်ပါလေသည်။ ဟုတ်ပါလေသည်။ ရုပ်ချောလို့လည်း ကောင်းလင်းသန့် Crushခဲ့ရတာဖြစ်သည်။ ရုပ်ချောလို့လည်း အခုလိုမျိုး လူသိများနေရတာ ဖြစ်သည်။ ရုပ်ချောပြီး လူသိများလို့လည်း ကောင်းလင်းသန့် ဒီအတိုင်း ဖွင့်မပြောဘဲ နေနေတာဖြစ်သည်။ ပြီးတော့ ဖွင့်ပြောလိုက်ကာမှ ရှောင်ဖယ်တာမျိုးတွေ ဖြစ်မှာစိုးရိမ်တာကြောင့်လည်း ပါလေသည်။ မိတ်ဆက်တာ ပြီးတော့ CEOကနေ အလုပ်အကြောင်း ပြောနေတော့သည်။ ကောင်းလင်းသန့်ကို စီနီယာအကိုဆီမှာ ရေးပုံရေးနည်းတွေ မေးဆိုကာ ပြောနေလေသည်။ နောက်ပြီးတော့ ကောင်းလင်းသန့် ရေးရမယ့် အပိုင်းကိုလည်း ပြောနေပါလေသည်။ ကောင်းလင်းသန့်ကတော့ မှတ်စုစာအုပ်လေးထဲမှာ မှတ်ထားတော့တာပေါ့။ ပြီးတော့ တစ်ခြားအကြောင်းအရာတွေ ပြောကြလေသည်။ ပြောစရာတွေ ပြီးသွားတာနဲ့ မီတင်လည်း ရပ်လိုက်ကြပြီး ရုံးခန်းလေးထဲကို အသီးသီး ပြန်သွားကြလေသည်။ ကောင်းလင်းသန့်လည်း သွားလိုက်တော့တာပေါ့။ သူ့ရဲ့နောက်မှာတော့ မြတ်မင်းစျာန် လိုက်လို့လာလေသည်။
အခန်းလေးထဲရောက်တော့ ကောင်းလင်းသန့်လည်း ကိုယ့်နေရာကို ပြန်သွားလိုက်လေသည်။ ထိုင်မလို့ပြင်လိုက်ချိန်မှာဘဲ စီနီယာ အကိုကနေပြီး ကောင်းလင်းသန့်ကို လာခေါ်လေတော့သည်။ ဒါနဲ့ ကောင်းလင်းသန့်လည်း ဟိုအခန်းလေးထဲကို သွားလိုက်ပါတော့သည်။ အခန်းထဲ ဝင်ဝင်ချင်းမှာဘဲ မြတ်မင်းစျာန်ကို တွေ့လိုက်ရတော့ ကောင်းလင်းသန့် တစ်ယောက် ရှိန်သွားလေသည်။ ပြီးတော့ စီနီယာအကိုကနေပြီး ကောင်းလင်းသန့်ကို ထိုင်ခုံတစ်ခုမှာ ထိုင်စေပြီးတော့ ရေးလက်စ scriptကို ပေးဖတ်တော့သည်။ ကောင်းလင်းသန့်ကလည်း scriptကို short filmပုံစံ တစ်ခါမှမရေးဖူးတော့ သေချာလေး ကြည့်နေပါလေသည်။ ထိုချိန်မှာဘဲ မြတ်မင်းစျာန်ကနေပြီး ထိုင်ရာကထလာကာ စီနီယာအကိုကို ပြောလာပါတော့သည်။
“ညီလေး...... သူ့ကို မယုံနဲ့သိလား..... ပြီးရင် သူက အသေခိုင်းမှာ”
ရုတ်တရက်ကြီးဆိုတော့ ကောင်းလင်းသန့်လည်း ဘာပြောရမှန်းမသိတာကြောင့် ပြုံးသာပြုံးလိုက်ရလေသည်။ မြတ်မင်းစျာန်ကတော့ ပြောပြီး အခန်းထဲက ထွက်သွားလေသည်။ ကောင်းလင်းသန့်ကတော့ စကားတွေလာပြောနေတဲ့ မြတ်မင်းစျာန်ကြောင့် နေရခက်လို့နေလေသည်။ ဒါပေမယ့်လည်း သင်ယူစရာရှိတာကိုသာ အာရုံစိုက်ထားလိုက်တော့သည်။ ပြီးနောက် စီနီယာ အကိုကနေပြီး ကောင်းလင်းသန့်ကို ရေးပုံရေးနည်းကို ကြည့်ပြီး အချစ်ဟာသအတိုလေး စမ်းရေးကြည့်ခိုင်းလေသည်။ ဒါနဲ့ ကောင်းလင်းသန့်လည်း အခန်းထဲကထွက်လာလိုက်ပြီး ကိုယ့်နေရာမှာကိုယ်ထိုင်ကာ လက်တော့လေးမှာ စရေးလေတော့သည်။
ကောင်းလင်းသန့် တစ်ယောက် ကြိုးစားပမ်းစားနဲ့ရေးနေတာ အနားကို မြတ်မင်းစျာန် ရောက်လာတာကိုပင် မသိလိုက်။ ပြီးတော့လည်း အခန်းထဲက သူတွေ မရှိတော့တာကိုလည်း သတိမထားမိလိုက်ပေ။ ဘာလို့ဆို စာရေးတဲ့ထဲမှာကိုဘဲ စိတ်နှစ်ထားလို့ပင် ဖြစ်သည်။ မြတ်မင်းဈာန်ကနေပြီး စကားပြောလာတော့မှ ကောင်းလင်းသန့်လည်း အနားမှာ လူရောက်နေတာကို သတိထားမိတော့သည်။
“အကို ပြောသားဘဲ..... ဟိုကောင်ကို သိပ်မယုံနဲ့လို့......”
မြတ်မင်းဈာန် အသံကို ကြားလိုက်ရတော့ ကောင်းလင်းသန့် လန့်လို့သွားလေသည်။ မြတ်မင်းဈာန်လည်း ကောင်းလင်းသန့် လန့်သွားတာကို မြင်တော့ ချက်ချင်းဘဲ တောင်းပန်စကား ပြောလာပါလေသည်။
“ဆောရီး...... အကိုကြောင့် လန့်သွားပြီ ထင်တယ်.........”
“အော်..... ဟုတ်..... ရုတ်တရက်ကြီးဆိုတော့...... နဲနဲတော့ လန့်သွားတယ်.......” ဆိုကာ ကောင်းလင်းသန့် ပြန်ဖြေလိုက်လေသည်။
“ဆောရီးနော်...... ဒါနဲ့ နေ့လည်စာ သွားမစားဘူးလား”
“နေ့လည်စာ......” လို့ တီးတိုးလေး ရေရွတ်ရင်း ကောင်းလင်းသန့် တစ်ယောက် ဖုန်းက နာရီလေးကို ကြည့်လိုက်တော့သည်။
ဆယ့်နှစ်နာရီပင် ခွဲချေပြီ။ ပြီးတာ့ ဘေးဘီကို ကောင်းလင်းသန့် တစ်ချက် လှမ်းကြည့်လိုက်တော့သည်။ နေ့လည်စာစားဖို့ ကောင်းလင်းသန့်ကို လာခေါ်ကြပါသည်။ ဒါပေမယ့် ပထမဆုံးရက်မှာ လူအများနဲ့ ဝင်ရောဖို့က ကောင်းလင်းသန့်အတွက် ခက်ခဲတာကြောင့် ဗိုက်မဆာသေးဘူးလို့ ပြောပြီး နေ့လည်စာသွားစားတာကို ငြင်းခဲ့တာ ဖြစ်ချေသည်။ ဒါကြောင့်ဘဲ ရုံးထဲတွင် ကောင်းလင်းသန့် တစ်ယောက်ထဲ ကျန်ရစ်ခဲ့လေသည်။
“မနက်လာတုန်းက ပေါင်မုန့်တွေ အများကြီးစားထားတော့ ဗိုက်သိပ်မဆာသေးလို့ အကို..... အကိုကော စားပြီးပြီလား” ဆိုပြီး ကောင်းလင်းသန့် တစ်ယောက် ပြန်လည်းဖြေရင်း ပြန်မေးလိုက်ပါလေသည်။
“အကိုကတော့ မစားရသေးဘူး..... ခုမှ ညီ့ကို ရေးခိုင်းတဲ့ တစ်ယောက်နဲ့ သွားစားမလို့...... တစ်ခါတည်း လိုက်ခဲ့လိုက်ပါလား ညီ”
“တော်ပါပြီ..... အကိုတို့ဘဲ သွားလိုက်ပါ.... ဗိုက်သိပ်မဆာလို့ပါ”
အမှန်တော့ ကောင်းလင်းသန့် လိမ်ပြောလိုက်တာဖြစ်သည်။ တစ်ကယ်တမ်းတော့ ကောင်းလင်းသန့် ဗိုက်ဆာနေခဲ့ပါသည်။ မနက်တုန်းက ပထမဆုံးအလုပ်သွားရမယ်ဆိုကာ ကော်ဖီတစ်ခွက်နှင့် ပေါင်မုန့်လေး တစ်ဝက်ကို အဖြစ်လောက်သာ စားခဲ့ပြီး ကမန်းကတန်း ထွက်လာခဲ့တာ ဖြစ်သည်။ အခုလောက်ချိန် ကောင်းလင်းသန့်ရဲ့ အစာအိမ်ကလည်း နောက်တစ်ကြိမ် ထပ်ဖြည့်ဖို့လိုနေလောက်ရောပေါ့။ ကောင်းလင်းသန့်က ဗိုက်သိပ်မဆာချင် ဟန်ဆောင်နေပေမယ့် အစာအိမ်ကတော့ တားမရခဲ့ပါဘူး။ တဂွီဂွီနဲ့ အော်မြည်တွန်တောက်လာလေသည်။ ထိုအသံကို မြတ်မင်းဈာန်လည်း ကြားလေသည်။
“ဗိုက်မဆာဘူးတာပြောတယ်..... ညီ့ ဗိုက်ကတော့ အချက်ပြနေတယ်နော်”
မြတ်မင်းဈာန် စကားကြောင့် ကောင်းလင်းသန့် ရှက်သွားပြီး ဗိုက်ကို လက်နှစ်ဖက်ဖြင့် ကွယ်ထားလိုက်တော့သည်။ ပြီးတော့ ခေါင်းငုံထားလေသည်။
“လာပါ...... ညီ့ကို ကြည့်ရတာ ဗိုက်ဆာနေတယ်နဲ့ တူတယ်....... အကိုတို့နဲ့ တစ်ခါတည်းလိုက်ခဲ့လိုက်ပါ”
“ဟို......ဟို.....” ဆိုပြီး ကောင်းလင်းသန့် မူနေတုန်းမှာဘဲ မြတ်မင်းဈာန်ကနေပြီး “လိုက်ခဲ့လိုက်ပါ” လို့ ပြောကာ ကောင်းလင်းသန့် လက်ကို ဆွဲသွားပါလေသည်။ ဒီတော့ ကောင်းလင်းသန့်လည်း မြတ်မင်းဈာန်တို့နဲ့ အတူ လိုက်ပါသွားရလေတော့သည်။
ထမင်းဆိုင်မှာ ကောင်းလင်းသန့်တို့တွေ နေ့လည်စာ စားနေကြတော့တာပေါ့။ ကောင်းလင်းသန့် တစ်ယောက်ကတော့ မြတ်မင်းဈာန်ကြောင့် ရှက်ကိုးရှက်ကန်းဖြင့် ထမင်းစားနေလေတော့သည်။ ဘာကြောင့်ဆို မြတ်မင်းဈာန်မှာ ကောင်းလင်းသန့် ရှေ့တည့်တည့်တွင် ထိုင်နေလို့ပင် ဖြစ်သည်။ မြတ်မင်းဈာန်ကတော့ ဒီအတိုင်း စားသောက်နေတော့တာပေါ့။ စားလို့သောက်လို့ပြီးသွားချိန်မှာ စီနီယာအကိုကနေပြီး အအေးသွားဝယ်မယ်ဆိုပြီး ထွက်သွားတော့ ကောင်းလင်းသန့်နဲ့ မြတ်မင်းဈာန်တို့ နှစ်ယောက်လည်း ရေနွေးကြမ်းလေး သောက်ရင်း စောင့်နေရတော့တာပေါ့။ အဲ့ချိန်မှာဘဲ မြတ်မင်းဈာန်ကနေပြီး ကောင်းလင်းသန့်ကို စကားစပြောလာတော့သည်။
”ညီ့အသက်က ဘယ်လောက်လဲ.......”
“၂၂နှစ်ပါ အကို.......” ဆိုပြီး ကောင်းလင်းသန့် ပြန်ဖြေလိုက်လေသည်။
“ငယ်တာဘဲ...... တော်တော်လေးကို ငယ်သေးတယ်.......”
“ဟုတ် အကို......”
“ဒါနဲ့ ညီနဲ့ အကိုနဲ့ တစ်နေရာရာမှာ ဆုံဖူးသလား........ ဘာလို့ဆို ညီ့ကို တွေ့ဖူးနေသလို ခံစားရနေလို့”
မြတ်မင်းဈာန် အမေးကြောင့် ရေနွေးကြမ်း သောက်မလို့လုပ်နေတဲ့ ကောင်းလင်းသန့်မှာ သီးသွားပါတော့သည်။ ပြီးတော့ မြတ်မင်းဈာန်ကို ကြည့်လိုက်လေသည်။ “တွေ့ဖူးမှာပေါ့...... ကျောင်းတူတူဘဲလေ” လို့ ကောင်းလင်းသန့် စိတ်ထဲကပြောပြီး တစ်ကယ်ဖြေလိုက်တာကတော့
“ဒီအတိုင်း အကို့ စိတ်ထင်လို့နေမှာပါ” ဆိုပြီးတော့ပင် ဖြစ်သည်။
“မဟုတ်ဘူး...... တော်တော်လေးကို မြင်ဖူးနေတယ်လို့ ခံစားနေရတယ်..... ညီက ဘယ်ကျောင်းကလဲ.......”
“TUမှော်ဘီကပါ အကို.........” ဆိုပြီး ကောင်းလင်းသန့် တစ်ယောက် မပြောချင်ပြောချင်ဖြင့် ပြောလိုက်ရပါလေသည်။
“အဲ့တာကြောင့်ကိုး...... အကိုလည်း TUမှော်ဘီကဘဲ....... ဒါနဲ့ ညီက ဘယ်မေဂျာကလဲ”
“ECမေဂျာပါ အကို.......”
“မေဂျာလည်း တူနေပြန်ပြီ....... အဲ့တာကြောင့် တွေ့ဖူးတာဖြစ်ရမယ်.......”
“ဟုတ်လား...... အဲ့တာကြောင့် နေမှာပေါ့........ အကို”
ပြီးတော့ နှစ်ယောက်သား စကားစပြတ်သွားပြီး တိတ်ဆိတ်သွားကြလေသည်။ ကောင်းလင်းသန့်ကတော့ ဟိုကြည့်ဒီကြည့် လုပ်နေတော့သည်။ မြတ်မင်းဈာန်လည်း ရေနွေးကြမ်းကို သောက်နေပါလေသည်။ ပြီးကာမှ မြတ်မင်းဈာန်ကနေ ထပ်ပြီး စကားပြန်ပြောလာပါလေတော့သည်။
“ညီက အင်ဂျင်နီယာလိုင်းထက်..... ဒီ ဇာတ်ညွှန်းရေးတဲ့ဘက်ကို ပိုပြီး စိတ်ဝင်စားတာလား”
“အင်း...... ခဏ အကို အရင်ဖြေ....... အကိုရော..... ဘာလို့ အင်ဂျင်နီယာဘက်မသွားတာလဲ”
“အကိုလား..... အင်ဂျင်နီယာ လုပ်လိုက်ပါသေးတယ်....... ပြီးတော့ ဘယ်လိုပြောရမလဲ..... မပျော်သလို ခံစားလာရလို့..... နောက်ပြီး ဒီဘက်ပိုင်းကို ဝင်လာတော့ ပျော်လည်းပျော်သလို...... စိတ်လည်းချမ်းသာတယ်လို့ ခံစားရလို့”
“အင်း....... ဒါဆို အကိုနဲ့ အတူတူပါဘဲ...... စာရေးတာက ပိုပြီး စိတ်ချမ်းသာစေလို့ အင်ဂျင်နီယာဘက်ကို မလုပ်တာ”
“ကောင်းပါတယ်...... ကိုကိုယ်တိုင် စိတ်ချမ်းသာဖို့က အဓိကဘဲလေ...... မဟုတ်လား”
“အင်း..... ဟုတ်တယ်.......”
အဲ့ချိန်မှာဘဲ စီနီယာအကိုက ပြန်ရောက်လာတော့သည်။ ပြီးတော့ ရုံးကို ပြန်ကြလေသည်။ ကောင်းလင်းသန့်လည်း သူ ကြိတ်ကြိုက်နေရတဲ့သူနဲ့ စကားပြောလိုက်ရတော့ ရင်ထဲ ပျော်သလိုလိုမျိုး ခံစားလိုက်ရပါတော့သည်။ ရုံးကို ပြန်ရောက်တော့ ကောင်းလင်းသန့်လည်း ရေးလက်စကို အပြီးသတ် ရေးပြီး စီနီယာအကိုကို ပြကြည့်လေသည်။ အဆင်ပြေတယ်ဆိုတော့မှ ကောင်းလင်းသန့်လည်း စိတ်အေးသွားရတော့သည်။ ပြီးတော့လည်း ကောင်းလင်းသန့်ကို စိတ်ထဲပေါ်လာရင် ရေးထားဖို့နဲ့ ရေးထားတာလေးကို Emailပို့ပေးဖို့ ပြောလာလေသည်။ ဒီတော့ ကောင်းလင်းသန့်လည်း Emailပို့ပေးလိုက်တော့သည်။ ရုံးဆင်းချိန်ရောက်တော့ တစ်ခြားသူက ပြန်လို့ရပြီဖြစ်ကြောင်း ပြောလာတော့ ကောင်းလင်းသန့်လည်း ပြန်ဖို့ ပစ္စည်းပစ္စယတွေ သိမ်းဆည်းလေတော့သည်။ ပြီးတာနဲ့ ရုံးဆင်းလေသည်။ ရုံးက အထွက်မှာ မြတ်မင်းဈာန်ကို ကောင်းလင်းသန့် တွေ့လိုက်ရလေသည်။ ကောင်းလင်းသန့် ပြန်မလို့ လုပ်ချိန်မှာဘဲ မြတ်မင်းဈာန်ကနေပြီး စကားပြောလာပါလေတော့သည်။
“ပြန်တော့မှာလား......... ညီ”
“အော်...... ဟုတ်ကဲ့......” လို့ ကောင်းလင်းသန့် ပြန်ပြောပြီး ပြန်မလို့ လုပ်နေချိန်မှာ မြတ်မင်းဈာန်ကနေ ထပ်ပြောလာတော့သည်။
“ybsစီးပြီးလာတာမလား..... သတိထားအုန်းနော်....... ybsမှာက ခါးပိုက်နှိုက်တွေ များတယ်”
မြတ်မင်းဈာန်ကနေ စိတ်ပူသလိုလို ပြောလာတော့ ကောင်းလင်းသန့် ပျော်လည်းပျော်သလို ကြောင်လည်းကြောင်သွားပါလေသည်။ ပြီးတော့မှ “ဟုတ်”လို့ ပြန်ဖြေပြီးတော့ အိမ်ပြန်လာခဲ့လိုက်သည်။ အိမ်ပြန်တဲ့ တစ်လျှောက်လုံး ကောင်းလင်းသန့်မှာ ပျော်နေပါတော့သည်။ ဘာကြောင့်ဆိုတော့ မြတ်မင်းဈာန်နဲ့ ရင်းရင်းနှီးနှီး စကားပြောခဲ့ရလို့ဘဲပေါ့။
နောက်နေ့ ကောင်းလင်းသန့် တစ်ယောက် မနေ့ကလိုဘဲ ရုံးသွားလိုက်ပါတော့သည်။ ရုံးကိုရောက်တော့ ရိုက်ကူးရေးရှိတယ်ဆိုပြီး စီနီယာအကိုက ပြောလာပါလေသည်။ နောက်ကျရင် ကောင်းလင်းသန့် ရေးထားတာတွေ ရိုက်ကူးမယ်လို့တော့ စီနီယာအကိုက ပြောလာပါသည်။ အခုက ကောင်းလင်းသန့် အနေနဲ့ နေသားကျအောင်လို့ လိုက်ကြည့်ခိုင်းတာလို့ ဆိုသည်။ ရိုက်ကူးရေး လုပ်တဲ့နေရာကလည်း ဝေးဝေးလံလံတော့ မဟုတ်ပါ။ ရုံးဝန်းလေးထဲက နေရာတစ်ခုမှာဘဲ လုပ်မှာလို့ ပြောလေသည်။ တစ်ခြားနေရာ သွားရိုက်ရတာမျိုးတွေလည်း ရှိတယ်လို့ ပြောပါသည်။ ကောင်းလင်းသန့်ကတော့ ရိုက်ကူးရေးဆိုတော့ ဘယ်ချိန်စမလဲဆိုပြီး စောင့်နေတော့တာပေါ့။ စီနီယာအကိုကို မေးကြည့်တော့ night sceneဆိုတော့ ညနေမှ စရိုက်ကြမယ်လို့ ပြောလာတော့သည်။ ဒီတော့ ကောင်းလင်းသန့်လည်း စောင့်လိုက်တော့တာပေါ့။
ရိုက်ကူးရေးရှိတယ်ဆိုတော့ အကုန်လုံး အလုပ်ရှုပ်နေကြတော့သည်။ ကင်မရာတွေကို စစ်နေကြတော့သည်။ နောက်ပြီး ရိုက်ကူးရေးအတွက် လိုအပ်မယ့် ပစ္စည်းတွေကို ရှာနေကြသည်။ ပြီးတော့ ဇာတ်ညွှန်းတွေ ထုတ်ရလေသည်။ စီနီယာအကိုမှ ကောင်းလင်းသန့်ကို ဖတ်ဖို့ ဇာတ်ညွှန်းလာပေးသွားပါလေသည်။ ကောင်းလင်းသန့်လည်း ဖတ်ကြည့်လိုက်တော့တာပေါ့။ နေ့လည်ပိုင်း ကောင်းလင်းသန့် ထမင်းထွက်စားတော့ မီတင်လုပ်တုန်းကနေရာမှာ မြတ်မင်းဈာန်ရယ်၊ CEOရယ်နဲ့ တစ်ခြား မိန်းကလေးနှစ်ယောက်တို့နဲ့ စကားတွေ ပြောနေကြတာကို တွေ့လိုက်ရလေသည်။ မိန်းကလေး တစ်ယောက်နဲ့ မြတ်မင်းဈာန်နဲ့ စကားပြောနေတာကို မြင်တော့ ကောင်းလင်းသန့် စိတ်ထဲ ဝမ်းနည်းသလို ခံစားသွားရလေသည်။ ပြီးတာနဲ့ ဒီအတိုင်း နေ့လည်စာစားဖို့ ထမင်းဆိုင်ကိုသာ သွားလိုက်တော့သည်။
ညနေရောက်တာနဲ့ ရိုက်ကူးရေး စကြပါသည်။ ရိုက်ကူးရေးနဲ့ ပတ်သက်တဲ့သူတွေက နေခဲ့ကြပြီး တစ်ခြားသူတွေက ရုံးဆင်းသွားကြတော့သည်။ ကောင်းလင်းသန့်ကတော့ နေခဲ့တော့တာပေါ့။ ရိုက်ကူးရေးဆိုတော့ အရင်ဆုံး နေရာတွေ ပြင်ဆင်ကြလေသည်။ ပြီးတော့ ကင်မရာangleတွေ ချိန်ရလေသည်။ နောက်ပြီးတော့ lightingဗန်းကြီးတွေနဲ့ အလင်းအမှောင်ချိန်ရလေသည်။ နောက်ဆုံးမှာ သရုပ်ဆောင်တွေအတွက် micတွေ တပ်ရလေသည်။ မြတ်မင်းဈာန်က သရုပ်ဆောင်မှာဆိုတော့ ဇာတ်ညွှန်းဖတ်နေလေသည်။
ဇာတ်ညွှန်းဖတ်နေရင်း ကောင်းလင်းသန့်ကို မြင်တော့ အံ့ဩသွားပြီး “မပြန်သေးဘူးလား” ဆိုပြီး မေးလာတော့သည်။ ကောင်းလင်းသန့်လည်း အမှန်တိုင်း ပြောလိုက်ရတော့တာပေါ့။
အားလုံးပြင်ဆင်ပြီးတော့ ရိုက်ကူးရေးကို စကြလေသည်။ မြတ်မင်းဈာန်တို့က တစ်ကယ့်ကို ရုပ်ရှင်တွေမှာ သရုပ်ဆောင်တဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ မဟုတ်တော့ ခဏခဏ ပြန်ရိုက်ခဲ့ရလေသည်။ ဇာတ်ညွှန်းတွေလည်း ရိုက်နေရင်း တိုးလာတာတို့၊ ပြောင်းသွားတာတို့ ရှိလာတာကို ကောင်းလင်းသန့် တွေ့နေရလေသည်။ ကောင်းလင်းသန့်ကတော့ မြတ်မင်းဈာန် သရုပ်ဆောင်တာကို ကြည့်ပြီး ကျေနပ်နေလေတော့သည်။ ဘယ်သူမဆို Crushကို ကြာကြာကြည့်နေရရင် ကောင်းလင်းသန့်လို့ ဖြစ်မှာဘဲလေ။ ဒါပေမယ့်လည်း မြတ်မင်းဈာန်က မိန်းကလေး တစ်ယောက်နဲ့ သရုပ်ဆောင်နေတာကို မြင်ရတော့ ကောင်းလင်းသန့် အနေနဲ့ စိတ်ထဲ တစ်မျိုးဖြစ်ပေမယ့် သရုပ်ဆောင်နေတာပါလို့ တွေးပြီးတော့သာ ကြည့်နေရလေသည်။ ရိုက်ကူးရေးက ညဆယ့်တစ်ခွဲမှာ ပြီးသွားခဲ့သည်။ ဒါတောင် အကုန်ပြီးတာ မဟုတ်ပေ။ တစ်scene၊နှစ်scene ရိုက်ဖို့ ကျန်သေးတယ်လို့ ပြောလာသည်။ ခုက ညနက်လာလို့ နားလိုက်တာလို့ ပြောသည်။ အိမ်ပြန်ဖို့လိုတာတွေကို CEOက ကားခွဲပြီး လိုက်ပို့ပေးလေသည်။ ကောင်းလင်းသန့်ကတော့ CEOကားနဲ့ ပါသွားတော့တာပေါ့။
ကောင်းလင်းသန့် အိမ်ပြန်ရောက်တာနဲ့ ခြေလက်သန့်စင်လိုက်လေသည်။ ခြေလက်သန့်စင်ပြီး ပြန်လာတော့ ဖုန်းမှာ စာဝင်နေတာကို ကောင်းလင်းသန့် တွေ့လိုက်ရလေသည်။ ကောင်းလင်းသန့်လည်း ဘယ်သူစာပို့ထားဖြစ်မလဲဆိုတာ ကြည့်ကြည့်လိုက်ပါတော့သည်။ ဖုန်းဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ကောင်းလင်းသန့် အံ့ဩသွားခဲ့ရလေတော့၏။ ဘာကြောင့်ဆို မြတ်မင်းဈာန်ကနေမှ စာပို့ထားလို့ပင် ဖြစ်ချေသည်။
“အိမ်ပြန်ရောက်ပြီလား ညီ” ဆိုပြီး ပို့ထားလေသည်။
ကောင်းလင်းသန့်မှာ မြတ်မင်းဈာန်ပို့ထားတဲ့ စာကို တွေ့ပြီး ဘာပြန်ပို့ရမလဲ မသိ ဖြစ်နေပါတော့သည်။ ပြီးကာမှ ကောင်းလင်းသန့်လည်း ပြန်ရောက်ပြီဖြစ်ကြောင်းကို ပြန်ပို့လိုက်တော့သည်။
“ရောက်ပါပြီ......” လို့ ပထမ တစ်ခါ ပို့လိုက်လေသည်။ ပြီးမှ
“ဘာလို့လဲ......” ဆိုပြီး ထပ်ပို့လိုက်ပါလေသည်။ ပြီးတော့ ကောင်းလင်းသန့် တစ်ယောက် ပြန်စာကို စောင့်နေလိုက်တော့၏။ ခဏနေတော့ ပြန်စာရောက်လာလေသည်။
“အော်..... ပြန်ရောက်ရင်ဘဲ ရပါပြီ..... ဘာလို့ဆို CEOက တစ်ခြားသူတွေကို ပတ်ပို့နေတတ်လို့လေ..... အဲ့တာကြောင့်ပါ”
“ဟုတ်ကဲ့.....” လို့ ကောင်းလင်းသန့် ပြန်ပို့လိုက်တော့သည်။
ကောင်းလင်းသန့်ကတော့ တစ်ခုခု ထပ်ပို့လာမလားဆိုပြီး မျှော်နေပေမယ့် မြတ်မင်းဈာန်ကနေပြီး ဘာမှထပ်မပို့လာခဲ့တော့ပါ။ ကောင်းလင်းသန့်မှ goodnightလို့ ပို့ချင်သော်ငြားလည်း မြတ်မင်းဈာန် မကြိုက်လောက်ဘူးထင်ပြီး မပို့ဘဲ အိပ်ယာဝင်လိုက်တော့သည်။
ဒီလိုနဲ့ ကောင်းလင်းသန့် တစ်ယောက် ရုံးမှာ နေသားကျလာတော့သည်။ ရုံးကသူတွေနဲ့လည်း ခင်သွားခဲ့လေပြီ။ ဇာတ်ညွှန်းတွေလည်း စိတ်ကူးပေါ်ရင် ပေါ်သလို ရေးတော့သည်။ မြတ်မင်းဈာန်နဲ့ကတော့ စာပို့ပြီး နောက်ပိုင်းတွေမှာ စာပို့တာမျိုးတွေမရှိတော့။ ပြီးတော့ ပထမရက်တင် စကားပြောဖြစ်ခဲ့ကြတာ ဖြစ်လေသည်။ နောက်ပိုင်းတော့ စကားပြောမျိုးတွေ မရှိတော့ပေ။ တစ်ခါတစ်လေ နေ့လည်စာစားပြီး ရုံးကို ပြန်လာချိန်၊ မေးစရာရှိလို့ အခန်းလေးထဲဝင်ပြီး စီနီယာအကိုကို မေးတဲ့ချိန်တွေ၊ ရိုက်ကူးရေးလုပ်တဲ့ အချိန်တွေမှာ မြတ်မင်းဈာန်နဲ့တွေ့ရင် ပြုံးပြလေ့သာရှိတော့သည်။ ကောင်းလင်းသန့် အနေနဲ့ မြတ်မင်းဈာန်ကို ဒီအတိုင်း crushဖို့သာ မျှော်မှန်းထားတယ်နဲ့ တူပါရဲ့။
တစ်ရက်ကြတော့ ရုံးမှာဘဲ ရိုက်ကူးရေး လုပ်ကြလေသည်။ ညဘက်မဟုတ်ဘဲ နေ့ဘက်အခန်း ရိုက်ကြတာဖြစ်သည်။ ပြီးတော့ ကောင်းလင်းသန့် ရေးထားတဲ့ ဇာတ်ညွှန်းကို ရိုက်ကြတာ ဖြစ်လေသည်။ ဇာတ်ညွှန်းထဲ ပါတဲ့အတိုင်း နေရာထိုင်ခင်းတွေ ပြင်ဆင်ကြလေသည်။ သရုပ်ဆောင်မယ့်သူတွေကလည်း ဇာတ်ညွှန်း ဖတ်နေတော့သည်။ မြတ်မင်းဈာန်လည်း ဇာတ်ညွှန်း ဖတ်နေတော့တာပေါ့။ ကောင်းလင်းသန့်ကလည်း ဇာတ်ညွှန်းကို ကြည့်နေပါလေသည်။ CEOကတော့ ကင်မရာချိန်နေလေ၏။ အားလုံး ပြင်ဆင်တာ ပြီးတော့ သရုပ်ဆောင်မယ့်သူတွေကို ခေါ်ပြီး ရိုက်ပါတော့သည်။ ပထမကဒ်ကတော့ အစမ်းအနေနဲ့ ရိုက်လေသည်။ အစမ်းရိုက်တာ အဆင်ပြေတော့ အတည်ရိုက်ကြတော့သည်။
အခုရိုက်နေတာက ကောင်လေးက ကောင်မလေးဆီမှာ ရည်းစားရှိနတာကို မစုံစမ်းဘဲ ဖွင့်ပြောတဲ့အခန်းလေးဖြစ်သည်။ ကောင်လေး ဖွင့်ပြောပြီးကျမှ ကောင်မလေးရဲ့ ကောင်လေးကနေ ဖုန်းခေါ်လာလို့ ကောင်မလေးက ထွက်သွားပြီး ကောင်လေးက ကြောင်အအလေးနဲ့ ကျန်ခဲ့မယ့် အခန်းလေးဘဲပေါ့။ ကောင်လေးနေရာမှာ မြတ်မင်းဈာန် သရုပ်ဆောင်လေသည်။ အစမ်းမှာ ရိုက်တုန်းကတော့ အဆင်ပြေပေမယ့် တစ်ကယ့် အတည်ရိုက်တဲ့အချိန်မှာတော့ ဒိုင်ယာလော့မေ့တာတို့ဘာတို့ ဖြစ်လေတော့သည်။ ဒီတော့ ရိုက်ရတာလည်း ကြာသွားခဲ့လေသည်။
နောက်ဆုံးတော့ CEOကနေမှ ကောင်လေးနဲ့ ကောင်မလေးတို့ ဆုံပြီး ကောင်မလေးမှ ထွက်သွားတာကို နှစ်မိနစ်လောက် wideယူလိုက်ပြီးတော့ ပြီးမှ တစ်ယောက်ချင်းဆီ ပြန်ရိုက်ဖို့ကို ဆုံးဖြတ်လိုက်တော့သည်။ ဒီတော့ နှစ်ယောက်ဆုံတာကို အရင်ရိုက်လေသည်။ ပြီးတော့ ကောင်မလေးကို တစ်ယောက်ထဲ အရင်ရိုက်တော့သည်။ ဘာကြောင့်ဆို ကောင်မလေး ပြောရမယ့် ဒိုင်ယာလော့က နည်းလို့ပင်ဖြစ်သည်။ ကောင်မလေးကို တစ်ယောက်ထဲ ရိုက်ပြီးသွားတော့ မြတ်မင်းဈာန် အလှည့်ရောက်လို့လာလေသည်။ မြတ်မင်းဈာန် အလှည့် ရိုက်တဲ့အချိန်မှာ ပထမတော့ အဆင်ပြေပေမယ့် CEOကနေမှ အကြည့်တွေက ဘေးထွက်နေတယ်လို့ ဆိုသည်။ အဲ့ချိန်မှာဘဲ ကောင်းလင်းသန့်က ရပ်ကြည့်နေလေသည်။ ဒီတွင် CEOကနေမှ မြတ်မင်းဈာန်ကို ကောင်းလင်းသန့်ဘက် ကြည့်ပြီး ပြောဖို့ ပြောလာလေသည်။ ကောင်းလင်းသန့်မှာတော့ ကြောင်သွားပြီး တစ်ခုခု ပြောမလို့ လုပ်ပေမယ့် CEOကနေပြီး စတော့မယ်ငြိမ်ငြိမ်နေဆိုကာ ပြောလာတော့ ကောင်းလင်းသန့်လည်း ရပ်နေတဲ့အတိုင်းလေးသာ ရပ်လိုက်တော့သည်။ မြတ်မင်းဈာန်ကတော့ ကောင်းလင်းသန့်ဘက်ကြည့်ပြီး ဒိုင်ယာလော့တွေကို ခံစားချက်တွေ ထည့်ပြီးပြောတော့တာပေါ့။
“ကျွန်တော် စတွေ့ကတည်းက သဘောကျနေခဲ့တာပါ....... ရယ်ပုံ၊ စကားပြောပုံ၊ ရှက်သွားတဲ့ပုံလေးတွေက ကျွန်တော့် ခေါင်းထဲမှာ သံနဲ့ရိုက်ထားသလိုဘဲ မှတ်မိနေတော့တာပေါ့...... မတွေ့ရတဲ့ အချိန်တွေဆိုရင် ကျွန်တော့် စိတ်ထဲမှာ ဟာတာတာကြီးနဲ့ နေလို့အဆင်မပြေခဲ့ဘူး....... ပြီးတော့ ခုမှ ဖွင့်မပြောရင်..... ကျွန်တော် နောင်တရမိမယ်ထင်လို့ပါ..... အဲ့တော့ ကျွန်တော့် အချစ်ကို လက်ခံပေးနိုင်မလား.........”
မြတ်မင်းဈာန်မှာ ပြောပြီးတော့ ကောင်းလင်းသန့်ကို စိုက်ကြည့်နေလေသည်။ ကောင်းလင်းသန့် ခမျာမှာတော့ ရင်တွေခုန်နေတာ ပေါက်ထွက်လုမတတ်ပါဘဲ။ မြတ်မင်းဈာန်မှ ရိုက်ကူးရေးအတွက် ပြောနေတာ ဖြစ်ပေမယ့် ကောင်းလင်းသန့်မှာတော့ မြတ်မင်းဈာန်ကို ကြည့်ပြီး ရင်တွေ ခုန်နေခဲ့လေသည်။ မြတ်မင်းဈာန်ရဲ့ အကြည့်တွေကလည်း အရမ်းကို စူးရှလွန်းတော့ ကောင်းလင်းသန့်မှာ ရင်ထဲ ဖိုးသီဖတ်သီဖြစ်သွားရလေတော့သည်။ CEOမှ ရပြီလို့ပြောတာနဲ့ ကောင်းလင်းသန့်လည်း ထိုနေရာလေးကနေ ပြေးထွက်လာခဲ့လိုက်တော့သည်။
ပြီးတော့ CEOမှ နေ့လည်စာ လိုက်ကျွေးမယ်လို့ပြောတာကြောင့် အားလုံး အတူတူသွားရလေသည်။ ကောင်းလင်းသန့်မှာ မလိုက်လို့လည်းမရပေ။ လိုက်ရလေတော့သည်။ ထမင်းဆိုင်မှာ ထမင်းစားတုန်းကလည်း မြတ်မင်းဈာန်မှ ကောင်းလင်းသန့်ကို ကြည့်နေပါလေသည်။ ကောင်းလင်းသန့်ကတော့ ရှောင်နေတော့သည်။ ထမင်းစားပြီး ပြန်လာတော့ မြတ်မင်းဈာန်မှ ကောင်းလင်းသန့်လက်ကို ဆွဲပြီးတော့ တစ်ခြားသူတွေကို ရှေ့သွားစေတော့သည်။ ကောင်းလင်းသန့်ကတော့ မြတ်မင်းဈာန်ကို ကြောင်ပြီး ကြည့်လိုက်တော့တာပေါ့။ တစ်ခြားသူတွေ ရှေ့ရောက်သွားတော့မှ မြတ်မင်းဈာန်ကနေပြီး ကောင်းလင်းသန့်ကို စကားပြောလာပါတော့သည်။
“ညီ..... အကို့ကို ရှောင်နေတာလား........”
“မဟုတ်ပါဘူး..... အကို..... ဘာလို့လဲ” ဆိုကာ ကောင်းလင်းသန့် ပြန်ပြောလိုက်လေသည်။
“ညီက တစ်ခြားသူတွေကျ ရင်းရင်းနှီးနှီးနေပြီး..... အကို့ကျတော့ ရှောင်နေသလို ခံစားနေရလို့”
“မဟုတ်ပါဘူး..... ဒီအတိုင်း....... စကားပြောဖို့ အချိန်မသင့်လို့ ဖြစ်မှာပါ......” လို့ ပြောပြီး ကောင်းလင်းသန့်မှာ ရုံးကိုသွားဖို့ လုပ်တော့သည်။
ထိုချိန်မှာဘဲ မြတ်မင်းဈာန်ကနေပြီး ကောင်းလင်းသန့်ကို ပြန်ပြီးဆွဲထားတော့သည်။
“ခဏက အကိုပြောတာ ဘယ်လိုသဘောရလဲ ညီ......”
ဘာကိုပြောချင်မှန်းမသိတာကြောင့် ကောင်းလင်းသန့် ကြောင်သွားတော့ “ဘာကိုပြောချင်တာလဲ အကို” ဆိုပြီး မေးလိုက်တော့သည်။
“ခဏ ရိုက်ကူးရေး လုပ်တုန်းက ညီ့ကို ကြည့်ပြီး ပြောခဲ့တဲ့ စကားလေ”
“အဲ့တာက ဒီအတိုင်း ဒိုင်ယာလော့ဘဲလေ......”
“ဒီအတိုင်း ဒိုင်ယာလော့ဘဲဆိုပေမယ့် အကိုကတော့ ညီ့ကို တစ်ကယ့်ခံစားချက်နဲ့ ပြောခဲ့တာပါ....... အကို ညီ့ကို ချစ်နေခဲ့တာပါ”
“အကိုကလည်း..... ဘာတွေပြောနေတာလဲ........”
“ဒါဆိုလည်း အကို ပွင့်ပွင့်လင်းလင်းဘဲ ပြောတော့မယ်...... ညီ အကို့ကို crushနေတာ အကိုသိတယ်........ ပြီးတော့ ညီ့ ဇာတ်ညွှန်းထဲကရေးထားတာတွေက အကို့ကို သွယ်ဝိုက်ပြီးတော့ ရင်ဖွင့်နေသလို ခံစားရတယ်.........”
မြတ်မင်းဈာန် စကားကြောင့် ကောင်းလင်းသန့် လန့်လို့သွားလေသည်။ ဟုတ်ပါလေသည်။ ကောင်းလင်းသန့်မှာ မြတ်မင်းဈာန်ကို တွေးပြီး ရေးဖူးတာတွေ ရှိခဲ့လေသည်။
“အကို့မှာ ရည်းစားရှိတာကြီးကို...... ဘာတွေပြောနေတာလဲ.......”
“ရည်းစား...... ဘယ်ကရည်းစားလဲ..... အကို့မှာ ရည်းစားမရှိပါဘူး...... ညီ အကို့ကို ပြန်မပြောချင်လို့ ခုလိုပြောနေတာလား”
ကောင်းလင်းသန့် စိတ်ထဲတင်းကြပ်လာသလို ခံစားလာရတော့သည်။ မျိုသိပ်ထားတာတွေကို ဖောက်ထုတ်ချင်လာတော့သည်။ ဒီတော့ ကောင်းလင်းသန့်လည်း ဝန်ခံဖို့ ဆုံးဖြတ်လိုက်လေတော့၏။
“ဟုတ်တယ် အကို့ကို crushနေတာ.... ကျောင်းကတည်းကဘဲ..... အဲ့တာ အကိုကဘဲ မသိနေတာ”
ကောင်းလင်းသန့်လည်း ပြောပြီးတာနဲ့ မြတ်မင်းဈာန်မှ လာဖက်လေတော့သည်။ ကောင်းလင်းသန့် ကြောင်သွားလေသည်။ ပြီးတော့ မြတ်မင်းဈာန်ကနေ တိုးတိုးလေး ပြောလာတော့သည်။
“အဲ့တုန်းက အနေဝေးလို့ မသိတာလေ.... ခုတော့ အနေနီးတော့ သိပါပြီလို့”
ခဏလောက်ဖက်ထားပြီးတော့မှ ပြန်လွတ်လေတော့သည်။ ပြီးတော့ မြတ်မင်းဈာန်မှ ကောင်းလင်းသန့်လက်ကို ကိုင်လိုက်ပြီးတော့
“လာ.... ရုံးသွားကြမယ်......” ဆိုကာ ပြောလာပါလေသည်။
“အကိုကလည်း လက်ကိုင်ထားတာ ရုံးကသူတွေ မြင်ကုန်မှာပေါ့”
“မြင်မြင်ပေါ့..... ဘာဖြစ်လဲ”
ဒီလိုနဲ့ ကောင်လေး နှစ်ယောက် လက်လေးကိုင်ပြီး ရုံးထဲ သွားလိုက်ကြတော့သည်။
....................................
ထွဋ်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory