ကိုယ်ချင်းစာပါ
lotaya.mpt.com.mm
|
2024-05-15

ရန်ကုန် အရှေ့တိုင်း တရားရုံတွင် ဖြစ်သည်။

"တရားခံ ဖြစ်တဲ့ ဒေါ်မာမာ‌ချိုက ဦးလောင်းရီကို အမှန်တစ်ကယ်ဘဲ သတ်ခဲ့တာ ဟုတ်ပါသလား" ဟု တရားသူကြီးမှ မေးလာတော့၏။

တရားသူကြီးရှေ့တွင် လက်ကြိုးချည်ထားလျက် ရပ်နေသော ဒေါ်မာမာချိုမှာ ဘာမှမပြောဘဲ ငြိမ်နေလေသည်။ တရားရုံး အခန်းလေးမှ တရားကြားနာ ပရိတ်သတ်များကလည်း ဒေါ်မာမာချို ဘာများဖြေလေမလဲဆိုတာ မျှော်လင့်တကြီးဖြင့် စောင့်စားနေကြလေသည်။

"တရားခံ ပြန်ဖြေပေးပါ" ဆိုကာ တရားသူကြီးမှ ထပ်ပြောလာတော့၏။

ထိုတွင်ဘဲ ဒေါ်မာမာချိုမှာ အောင်နိုင်သူ အပြုံးလေး ဖန်ဆင်းလိုက်ပြီး တရားသူကြီးကို တည့်တည့်ကြည့်ကာ

"ဟုတ်ပါတယ်..... မှန်ပါတယ်" လို့  တိုတိုတုတ်တုတ် ပြန်ဖြေလိုက်ပါလေသည်။

ဒေါ်မာမာချို ပြန်ဖြေအပြီးမှာ တရားရုံးအခန်းတွင်း ဆူညံပွက်လော ထသွားတော့သည်။ တရားသူကြီးမှာလည်း ထိုဆူညံသံတွေ ငြိမ်ချသွားဖို့အတွက် တူဖြင့် ခုံကို ခပ်ကျယ်ကျယ်လေး ရိုက်လိုက်ပါတော့၏။ 

*****

လွန်ခဲ့‌သော တစ်လက ဖြစ်သည်။ ဒေါ်မာမာချိုသည် သားဖြစ်သူ မောင်သာချို ထမင်းစားနေတာကို ကြည့်ပြီး ယင်မောင်းပေးနေတော့သည်။

"စား..... စား သားလေး ထည့်စား......" ဆိုကာ ဒေါ်မာမာချိုမှ ပြောလေသည်။

"အမေကလည်း သားနဲ့ တူတူစားပါဆိုမှ"

"သားသာ အရင်စားပါ..... အမေက ခဏနေမှ စားတော့မယ် ဗိုက်သိပ်မဆာသေးလို့ကွယ်"

"အင်းပါ" လို့ ပြန်ဖြေပြီး မောင်သာချိုမှာ အားရပါးရ စားနေတော့သည်။

"ဒါနဲ့ သားလေး စာတွေဘာတွေ လိုက်နိုင်ရဲ့လား..... ကိုးတန်းဆိုတော့ စာတွေဘာတွေ ခက်နေမလားလို့"

"လိုက်နိုင်ပါတယ် အမေရဲ့....."

"ပေါ့ပေါ့တန်တန်လည်း လုပ်မနေနဲ့အုန်း..... တစ်ချို့တွေက ပြောကြတယ် ကိုးတန်းက ဆယ်တန်းရဲ့ အခြေခံတဲ့......"

"အင်းပါ..... အမေကလည်း သားလည်း သိပါတယ်..... အမေ့သားက အတန်းထဲမှာ စာအလိုက်နိုင်ဆုံးဆိုတာလည်း အမေ သိရဲ့သားနဲ့"

"ဟုတ်ပါပြီရှင်..... ဟုတ်ပါပြီ.... ကဲ.... စားစရာရှိတာ စားတော့.... တော်ကြာ စကားတွေ ပြောရင်း နင်နေလိမ့်မယ်.... ဟင်းရည်လေးလည်း သောက်"

"ဟုတ်......"

မောင်သာချို တစ်‌ယောက် ပလုတ်ပလောင်းလေးဖြင့် အမေဖြစ်သူ ဒေါ်မာမာချိုကို ပြန်ဖြေရှာလေသည်။ ဒေါ်မာမာချိုလည်း သားဖြစ်သူကို ပြုံးပြုံးကြီး ကြည့်နေပါတော့သည်။ ဒေါ်မာမာချို သားဖြစ်သူကို ကြည့်နေစဉ်မှာဘဲ ဆိုင်ရှေ့သို့ ဈေး၀ယ် ရောက်လာတော့သည်။

"ဒေါ်လေးချိုရေ........"

"အေး..... လာပြီ..... လာပြီ..... မိစုရေ" လို့ ဖြေရင်း ဒေါ်မာမာချို တစ်ယောက် သားဖြစ်သူနား ထိုင်နေရာက ထသွားလေသည်။

"ကဲ...... ဘာယူမှာလဲ..... ဒီနေ့ ဟင်းတွေက ရှယ်တွေနော်....." ဆိုပြီး ဒေါ်မာမာချို ပြောရင်း ဟင်းဗန်းတွေကို အုပ်ထားတဲ့ ဇာပုဝါလေးကို ဖယ်လိုက်ပြီး ယင်ခါလိုက်လေသည်။

"ဒီနေ့တော့ ၀က်သားဆီပြန်ချက်လေး ငါးရာဖိုး ထည့်ပေး ဒေါ်လေးချိုရေ"

"ဟုတ်ပြီ..... ဟုတ်ပြီ......"

ဒေါ်မာမာချိုမှာ အသားဟင်းထုတ်ပြီးတော့ "ကဲ..... နောက်တစ်မျိုး ဘာယူအုန်းမလဲ..... မိစု" ဟု ထပ်မေးလိုက်လေသည်။

"ချဉ်ပေါင်ကြော်လေး ငါးရာဖိုး ထည့်လိုက်.... ရတယ်"

"‌ဟုတ်ပြီ.... ဟုတ်ပြီ....." လို့ ပြန်ပြောရင်း ဒေါ်မာမာချိုမှာ ချဉ်ပေါင်ကြော်လေးကို ကြွပ်ကြွပ်အိတ်ထဲ ခူးခပ်ထည့်ပေးနေတော့၏။

ထိုချိန်မှာဘဲ မောင်သာချိုတစ်ယောက် နေ့လည် ထမင်းစားပြီးလို့ ကျောင်းသွားဖို့ ပြင်ဆင်လေသည်။ ကျောင်းသွားဖို့ အဆင်သင့်ဖြစ်တာနဲ့ မောင်သာချိူ ဆိုင်ရှေ့ ထွက်လာတော့သည်။ ထိုသည်ကို ဟင်းထည့်ပေးနေတဲ့ ဒေါ်မာမာချို တစ်ယောက် မြင်လေသည်။

"ဖြည်းဖြည်းလည်း သွားအုန်းနော် သားမောင်ချို"

"ဟုတ်....." ဆိုကာ မောင်သာချို ပြန်ဖြေသည်။

"ကျောင်းဆင်းရင်လည်း ကျူရှင်တန်းသွား.... ဟုတ်ပြီလား.... ကျူရှင်ဆင်းရင်လည်း အိမ်ကို တန်းပြန်လာခဲ့ ကြားလား"

"ဟုတ်ပါပြီ..... ဒါဆို သွားပြီ အမေရေ......." လို့ ပြောပြီး မောင်သာချို ကျောင်းသို့ အပြေးလေး သွားတော့သည်။

"ဒေါ်လေးချိုရယ်..... မောင်လေးချိုက အရွယ်ရောက်နေပါပြီ..... အဲ့လောက်ကြီးထိလည်း စိတ်ပူရမယ့် အရွယ်မဟုတ်တော့ပါဘူး" ဆိုပြီး မိစုက ၀င်ပြောသည်။

"အိုး..... ငါ့မှာ ဒီသားလေး တစ်ယောက်ထဲ ရှိတာကို စိတ်ပူရမှာပေါ့...."

"ဟာ..... ဒေါ်လေးချိုကလည်း မောင်လေးချိုက လိမ္မာရေးခြားရှိတဲ့ ကလေးပါ.... အဲ့ဒီတော့ အရမ်းကြီး စိတ်မပူလည်း ရပါတယ်......."

"အမလေး..... ငါ့သားလေးကို စိတ်မပူရင် ဘယ်သူ့ကို စိတ်ပူရမှာလဲ မိစုရယ်..... ငါ့မှာ ချစ်ဖို့ဆိုလည်း ဒီသားလေးဘဲ ရှိတာလေ မဟုတ်ဘူးလား..... ဒီတော့ သူ့ဟာသူ အရွယ်ဘဲရောက်ရောက်.... မိဘကတော့ သားသမီးကို စိတ်ပူရမှာက ထုံးစံဘဲလေ" လို့ ပြောရင်း ဒေါ်မာမာချိုမှာ ဟင်းရည်ထုတ်ပေးနေပါတော့သည်။

"အင်းပါ.... ဟုတ်ပါပြီ....." လို့ မိစု ပြန်ဖြေလေသည်။

ဟင်းဝယ်ပြီးလို့ မိစုလည်း ထွက်သွားတော့ ဒေါ်မာမာချိုလည်း ဟင်းဗန်းတွေကို ယင်ခါလိုက်ပြီး ဇာပုဝါလေးနဲ့ ပြန်အုပ်ထားလိုက်တော့သည်။ ပြီးနောက် သားဖြစ်သူ၏ စားပြီးသား ပန်းကန်လေးတွေ သိမ်းဖို့သွားလိုက်လေသည်။ ပန်းကန်သိမ်းဖို့ သွားလိုက်ပေမယ့်လည်း စားပွဲပေါ်တွင် ပန်းကန်တွေ ရှိမနေတာကို တွေ့လိုက်ရလေသည်။ ဒါနဲ့ဘဲ ဒေါ်မာမာချို တစ်ယောက် ပြုံးလိုက်ရတော့သည်။

ဒေါ်မာမာချိုမှာ ဘ၀အကြောင်းမလှခဲ့တဲ့ သူတစ်ယောက် ဖြစ်သည်။ ဒေါ်မာမာချိုသည် မုဆိုးမ တစ်ယောက် ဖြစ်ရှာသည်။ ယောကျာ်းဖြစ်သူ ဦးသာလှမှာ ‌သားမောင်သာချို ငါးတန်းအရွယ်မှာ အက်စီးတန့် ဖြစ်ပြီး ဆုံးသွားရရှာသည်။ ဒါကြောင့် ဒေါ်မာမာချိုနှင့် သားဖြစ်သူတို့သာ ကျန်ခဲ့လေသည်။ နောက်ပြီး ဒေါ်မာမာချိုသည် သားဖြစ်သူကို သိပ်ချစ်လေသည်။ သားဖြစ်သူကို ယောကျာ်းဖြစ်သူ ဦးသာလှနှင့် ဆင်တူသည်ဟု သမုတ်ကာ အားကြီးချစ်ရှာလေသည်။ ဒေါ်မာမာချိုမှာကား ငွေးကြေးကိစ္စအရာမှာ အရမ်းကြီး ပြည့်စုံတဲ့သူ မဟုတ်သော်ငြားလည်း သားလေး မျက်နှာငယ်မှာကိုတော့ ကြောက်ရှာသည်။  နဂိုကမှ သားဖြစ်သူဟာ အဖေမရှိ မိတဆိုးလေးပေမို့ သူငယ်ချင်းများကြားမှာ အားငယ်နေရမည်ကို ဒေါ်မာမာချို သိနေ‌လေ၏။ ဒါကြောင့်လည်း သားဖြစ်သူ အားမငယ်ရအောင်၊ မျက်နှာမငယ်ရအောင်လို့ တစ်ခြားကလေးတွေ ဒါဆိုရင်ဒါ သားဖြစ်သူကိုလည်း လိုက်၀ယ်ပေး၊ လိုက်လုပ်ပေးနိုင်ရအောင် ဆိုပြီး ထမင်းဆိုင်လေး ဖွင့်ထားလိုက်တာ ဖြစ်သည်။

ထမင်းဆိုင်ဆိုတာကလည်း ကြီးကြီးမားမားတော့ မဟုတ်ပေဘူးပေါ့။ ဒီအတိုင်း သာမန် လူလတ်တန်းစားတွေ ၀ယ်စားနိုင်လောက်တဲ့ ဈေးတန်တန်နဲ့ ဖွင့်ထားတဲ့ အိမ်ဆိုင်လေးဘဲပေါ့။ ထမင်းဆိုင်လေးကနေ သားဖြစ်သူကို လိုလေသေးမရှိ ထားပေးနိုင်တာဘဲလေ။ တစ်ခု ကောင်းသည်က လက်ရှိနေနေတဲ့ အိမ်လေးက အိမ်ပိုင်မလို့သာ နေ‌သာတော့သည်။ မဟုတ်ရင်တော့ အိမ်ငှားစရိတ်နဲ့ ထမင်းဆိုင်ထဲ ရင်းရတဲ့ စရိတ်နဲ့တင် သားဖြစ်သူကို ဘယ်လိုလုပ် လိုလေသေးမရှိ ထားပေးနိုင်ပါတော့မလဲ။ ယောကျာ်းဖြစ်သူက အိမ်ပိုင်လေး ရှိအောင် လုပ်ပေးသွားခဲ့လို့သာပေါ့။  ဒါကြောင့်ဘဲ ဒေါ်မာမာချို တစ်ယောက် ခုလိုမျိုး ရပ်တည်နိုင်နေရတာဘဲလေ။

×××××

မောင်သာချို တစ်ယောက် နေ့လည်ခင်း ကျောင်းကပြန်လာ၍ ဒေါ်မာမာချို ပြင်ပေးထားသည့် နေ့လည်စာကို စားနေပါတော့သည်။ ဒေါ်မာမာချိုကတော့ ထုံးစံအတိုင်း သားဖြစ်သူ‌ ဘေးနားနေပြီးတော့ ပြုံးပြုံးလေး ထိုင်ကြည့်နေလေသည်။ မောင်သာချိုကတော့ ထမင်းစားနေရင်း အမေဖြစ်သူကို အရိပ်အကဲ ကြည့်နေတော့၏။ ထမင်းလေး တစ်လုပ်နှစ်လုပ် စားလိုက်၊ အမေဖြစ်သူ ဒေါ်မာမာချိုကို တစ်ချက်တစ်ချက် ချောင်းကြည့်လိုက် လုပ်နေလေ၏။ သားဖြစ်သူ၏ အဖြစ်ကို ဒေါ်မာမာချို ရိပ်စားမိလေသည်။ တစ်ခုခု ပြောစရာရှိနေမည် ဆိုတာကိုလည်း ဒေါ်မာမာချို သိနေလေသည်။ ဒါနဲ့ဘဲ ဒေါ်မာမာချို တစ်ယောက် သားဖြစ်သူ မောင်သာချိုကို စိုက်ကြည့်ကာ မေးခွန်းထုတ်ဖို့ ပြင်လိုက်ပါတော့သည်။

"သား..... ပြောစရာများ တစ်ခုခု ရှိနေတာလား" ဆိုပြီး ဒေါ်မာမာချို မေးလိုက်သည်။

ဒီတော့မှ အရိပ်တကြည့်ကြည့် လုပ်နေတဲ့ မောင်သာချိုလည်း သူပြောချင်တဲ့ စကားကို ဘာမှစဉ်းစားမနေဘဲ ချက်ချင်း ပြောလိုက်ပါလေသည်။

"သား ဖုန်းလိုချင်တယ် အမေ"

သားဖြစ်သူ မောင်သာချို၏ စကား‌ကိုကြားပြီး ဒေါ်မာမာချို မပြုံးနိုင်တော့။ မျက်နှာဟာ အနည်းငယ် နွမ်းကျလို့သွားလေသည်။

"သားရယ်........" လို့သာ ဒေါ်မာမာချို ပြောနိုင်တော့သည်။

"ဘာဖြစ်လို့လဲဟင်.... အမေ...... သားလည်း ဖုန်းသုံးချင်လို့လေ.... ကျောင်းမှာဆို သူငယ်ချင်းတွေက ဖုန်းတွေကိုယ်စီနဲ့ အမေရဲ့..... သားလည်း သူတို့တွေလို သုံးချင်တယ်"

သားဖြစ်သူ စကားကြောင့် ဒေါ်မာမာချို ဘာပြောရမှန်း မသိတော့ချေ။ ခါတိုင်းဆိုလျှင် သားဖြစ်သူ ပူဆာတာကို လုပ်ပေး၊ ၀ယ်ပေးနေကြဖြစ်သည်။ ခါတိုင်း ပူဆာသည့်အရာတွေကလည်း တတ်နိုင်တဲ့ ပစ္စည်းတွေမလို့ ဒေါ်မာမာချို မညည်းညူခဲ့ပေ။ ခုပူဆာတဲ့ အရာကြီးက မတတ်နိုင်တာကို ဒေါ်မာမာချို တပ်အပ်သိလေသည်။ ပိုက်ဆံစုပြီး ၀ယ်မယ်ဆိုရင် ဖြစ်နိုင်ပေမယ့် အချိန် တစ်ခုလောက်တော့ စောင့်ရမှာဘဲပေါ့။ ဘာကြောင့်ဆို ဆိုင်အတွက် ရင်းရမည့် စရိတ်၊ အိမ်သုံးစရိတ်၊ သားဖြစ်သူ ကျောင်းစရိတ်တွေ ရှိနေလို့ပင်။ နောက်ပြီး သားဖြစ်သူဟာ ပူဆာလျှင် ချက်ချင်း လိုချင်တတ်သည်။ ဒါကိုလည်း ဒေါ်မာမာချိူ သိ၏။ သားအမိနှစ်‌ယောက်ထဲရှိတာမလို့ ဒေါ်မာမာချိုမှာ သားဖြစ်သူကို ချစ်ရှာလေသည်။ သို့ပေမယ့်လည်း ဒီတစ်ခါတော့ သားဖြစ်သူ ပူဆာတာကို ငြင်းလိုက်ဖို့ ဒေါ်မာမာချို ဆုံးဖြတ်လိုက်ရတော့သည်။

"သားရယ်.... ဖုန်းက အရမ်းကြီး အရေးမကြီးသေးပါဘူး.....ခုချိန် သားရဲ့ ပညာရေးကသာ အရေးကြီးတာပါ.... ဒီတော့ အမေက သားကို တစ်ခြားဟာတွေကို အာရုံမစိုက်စေချင်ဘူး..... ပညာရေးကိုသာ အာရုံစိုက်စေချင်တယ်"

ဒေါ်မာမာချိုမှာသားဖြစ်သူကို ပြောလိုက်ပေမယ့် သူမကိုယ်တိုင်တော့ စိတ်မကောင်းဖြစ်လို့နေလေသည်။ သားဖြစ်သူ မျက်နှာငယ်နေမှာကို တွေးမိသွားလို့ပင်။ ဒါပေမယ့်လည်း မတတ်နိုင်ပေ။

"ဒါပေမယ့်လည်း....." ဆိုကာ မောင်သာချို စောဒကတက်ဖို့ ပြင်သည်။

သည်တွင် ဒေါ်မာမာချိုမှ ဖြတ်ပြောလိုက်လေသည်။

"သားရယ်..... အမေ ၀ယ်ပေးမှာပါ.... ဒါပေမယ့် သား ဆယ်တန်းပြီးမှဘဲ ရမယ်..... ဘာလို့ဆိုတော့ သားက ခုချိန် ပညာသင်နေတဲ့ အရွယ်လေ.... ပညာသင်နေချိန်မှာ ပညာကိုဘဲ အာရုံစိုက်စေချင်တယ်..... သား ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်သွားရင် သားတက်ချင်တဲ့ တက္ကသိုလ်ကို ရွေးတက်လို့ရမှာဘဲပေါ့၊ အဲ့ချိန်ကြရင် အမေ သားကို ဖုန်းကောင်းကောင်း တစ်လုံး ၀ယ်ပေးမယ် ဟုတ်ပြီလား"

"ဟုတ်......" ဆိုကာ မောင်သာချို တိုးပျပျလေး ပြန်ဖြေသည်။

ဒေါ်မာမာချိုလည်း သားဖြစ်သူ စိတ်မကောင်း ဖြစ်နေတာကို မြင်တော့ သူမကိုယ်တိုင်လည်း စိတ်မကောင်းပေ။ ဒါနဲ့ ဒေါ်မာမာချိုလည်း သားဖြစ်သူကို နှစ်သိမ့်ပေးဖို့ ပြင်တော့သည်။ ထိုအချိန်တွင် ဆိုင်ရှေ့သို့ ဈေး၀ယ်ရောက်လို့လာလေသည်။

"ဟေ့..... အချိုရေ .... မရှိကြဘူးလား" ဆိုကာ ယောကျာ်းကြီး တစ်ယောက် အသံ ထွက်လာသည်။

"လာပြီ.... လာပြီ" လို့ ပြန်ထူးရင်း ဒေါ်မာမာချိုလည်း ဆိုင်ရှေ့သို့ အပြေးလေး သွားလိုက်ပါသည်။

ဆိုင်ရှေ့သို့ ရောက်တော့ ဒေါ်မာမာချို တစ်ယောက် ‌ဦးလောင်းရီကို တွေ့လိုက်ရသည်။

"ဘယ်တွေ သွားနေတာလဲ.... ခေါ်လိုက်ရတာဟာ....."

"အော်.... ဘယ်မှမသွားပါဘူး အိမ်ထဲမှာ နေနေတာပါ ကိုလောင်းရီရယ်.... ကဲပြော.... ပါဆယ်ထုတ်မှာလား ထိုင်စားမှာလား"

"ကဲ..... ပြင်လိုက်ဟာ......" လို့ ပြောပြီး ဦးလောင်းရီမှာ ဆိုင်ထဲ ၀င်ထိုင်လေသည်။

ဒေါ်မာမာချိုမှာတော့ ဦးလောင်းရီအတွက် ထမင်း၊ဟင်းတွေ ထည့်ပေးနေတော့၏။ ဦးလောင်းရီကတော့ ခင်းကျင်းထားတဲ့ စားပွဲဝိုင်းလေးမှာ ၀င်ထိုင်လေတော့သည်။ ထိုအချိန် အိမ်ထဲကနေ မောင်သာချို မျက်နှာမကောင်းလျက်ဖြင့် ထွက်လာပါလေသည်။ ဦးလောင်းရီ ထိုင်နေသည့် နေရာနားသို့ အဖြတ်မှာ ဦးလောင်းရီ၏ လက်ဆွဲခြင်းကို ခံလိုက်ရသည်။

"သားလေး..... မျက်နှာလည်း မကောင်းပါလား.... ဘာဖြစ်တာလဲ" လို့ ပြောရင်း ဦးလောင်းရီမှာ မောင်သာချို လက်ကလေးကို အသာလေး လွတ်ပေးလိုက်ပါတော့သည်။

"ဘာမှမဖြစ်ပါဘူး..... ဒီအတိုင်းပါဘဲ ဦး" ဟု မောင်သာချို တိုးပျပျလေး ပြန်‌ဖြေလိုက်ပါသည်။

"ဘာဖြစ်တာလဲ ဦးကို ပြောပြလေ.... သားက ခါတိုင်း ကျောင်းသွားရင် ပြုံးပြုံးပျော်ပျော်လေးနဲ့ ဆိုတော့လေ.... ခုက မရွင်မလန်းနဲ့ ဆိုတော့ ဘာများ ဖြစ်တာလဲ"

ဦးလောင်းရီစကားကြောင့် မောင်သာချို ဦးလောင်းရီကို ကြည့်လိုက်မိသည်။ ပြီးနောက် ခဏက အမေဖြစ်သူ ဒေါ်မာမာချိုကို ပြောခဲ့သည့်အတိုင်း ပြောလိုက်လေသည်။

"သား.... ဖုန်းလိုချင်တယ်လို့ အမေ့ကို ပြောလိုက်တာ..... အမေက ခုမရဘူးတဲ့.... ဆယ်တန်းပြီးမှ ၀ယ်ပေးမယ်လို့ ပြောလို့"

"အော်.... သားရယ် ‌ဦးက ဘာများလဲလို့..... သားအမေက ၀ယ်ပေးမယ်လို့ ပြောနေပြီဘဲ"

"ဒါပေမယ့် သားက အခုသုံးချင်တာ....."

"သားက ဖုန်းရပြီးရင် ဘာလုပ်မလို့တုန်း"

"သား သူငယ်ချင်းတွေကို ကြွားမှာပေါ့.... ပြီးရင် သူတို့နဲ့အတူတူ ဂိမ်းတွေ ဆော့မှာပေါ့"

"အင်း........" ဆိုကာ ဦးလောင်းရီ တစ်ယောက် ဘာမှမပြောသေးဘဲ ခဏ စဉ်းစားနေသည်။ ပြီးကာမှ တိုးတိုးလေး ပြောလာတော့သည်။

"ဒါဆိုရင်..... ဒီလိုလုပ်ပါလား..... ညနေ ကျူရှင်ဆင်းရင် ဦးအိမ်ကိုလာခဲ့..... ဦး သားကို ပေးစရာရှိလို့ ဟုတ်ပြီလား"

"ဟုတ် ဦး...."

"ကဲ.... ဒါဆိုလည်း ကျောင်းသွားတော့လေ......"

"ဟုတ်ကဲ့....." လို့ ဖြေပြီး မောင်သာချို ကျောင်းသွားတော့သည်။

ဒေါ်မာမာချိုကိုတောင် နှုတ်ဆက်မသွားချေ။ ဒေါ်မာမာချိုလည်း သက်ပြင်းလေးချပြီး ဦးလောင်းရီဖို့ ပြင်ထားသည့် ထမင်းပန်းကန်လေးကို ဦးလောင်းရီ ထိုင်နေသည့် နေရာသို့ သွားချပေးလိုက်‌လေသည်။ ပြီးနောက် ဟင်းရည်ပါ ခူးခပ်ပြီး ချပေးလိုက်သည်။ ပြီးတာနဲ့ လျော့သွားတဲ့ ဟင်းတွေကို ပန်းကန်‌လုံးထဲ လှယ်နေတော့၏။ ဦးလောင်းရီကတော့ သူ့ဟာသူ ထမင်းစားနေလေရဲ့။

ဒီလိုနဲ့ ညနေ သိပ်မမှောင်သေးတဲ့ အချိန်ရောက်တော့ မောင်သာချို တစ်ယောက် ကျူရှင်က ပြန်လာပါတော့သည်။ ကျူရှင်ကနေ အိမ်သို့ တန်းမပြန်သေးဘဲ ဦးလောင်းရီ အိမ်သို့ ၀င်လေသည်။ နေ့လည်က ဦးလောင်းရီ စကားကြောင့်ဘဲပေါ့။ ဦးလောင်းရီ အိမ်သို့ရောက်တော့ ဦးလောင်းရီမှ မောင်သာချိုကို ခဏ ထိုင်ခိုင်းစေတော့၏။ ဒါနဲ့ မောင်သာချိုလည်း ထိုင်စောင့်နေရင်း အိမ်လေးကို ငေးကြည့်နေမိသည်။ ဦးလောင်းရီ အိမ်လေးသည် သိပ်တော့ မကြီးပေ။ တစ်ထပ် အိမ်ကလေးဖြစ်သည်။ တစ်ထပ်အိမ်ဆိုပေမယ့် အိပ်ခန်းသုံးခန်း ပါသည့်  တစ်ထပ်အိမ်ကလေး ဖြစ်သည်။ နောက်ပြီးတော့ အိမ်ပိုင်လည်း ဖြစ်ချေသည်။ ဦးလောင်းရီ၏ မိဘများက အမွေထားခဲ့တာဟု ပြောလျှင် ပိုမှန်မည်။ ဦးလောင်းရီ၏ မိဘနှစ်ပါးလုံးဟာ အရွယ်တင်လို့ ဆုံးသွားကြပြီဘဲ ဖြစ်သည်။ ဒါကြောင့် တစ်ဦးတည်းသားဖြစ်သည့် ဦးလောင်းရီမှာ အိမ်နဲ့ခြံနဲ့‌ကို အမွေရခဲ့လေသည်။

မောင်သာချိုမှာ အိမ်ထဲကို ဟိုကြည့်ဒီကြည့်ဖြင့် လုပ်နေပါလေသည်။ ခဏ‌လောက်ကြာတော့ ဦးလောင်းရီမှ လက်ထဲတွင် ဖုန်းကိုင်ပြီး မောင်သာချို ထိုင်နေသည့် နေရာသို့ ရောက်လာသည်။ ပြီးနောက် မောင်သာချို ထိုင်နေသည့် ရှေ့တည့်တည့်တွင် ၀င်ထိုင်ကာ စားပွဲပေါ်သို့ ဖုန်းတစ်လုံးကို တင်လိုက်ပါလေသည်။ မောင်သာချိုမှာ စားပွဲပေါ်က ဖုန်းလေးကို အကြောင်သားဖြင့် ကြည့်နေပါတော့၏။

"ဦး..... ဒါက...." လို့ မောင်သာချို မေးလိုက်သည်။

"အော်.... သား သုံးဖို့အတွက်လေ..... ဦးမှာက ဖုန်းတွေက အများကြီးရှိတာလေ... ဒီတော့ မသုံးဖြစ်တဲ့ တစ်လုံးကို သားကို ပေးမလို့လေ....." လို့ ပြောပြီး ဦးလောင်းရီမှာ စားပွဲပေါ်က ဖုန်းလေးကို မောင်သာချိုရှေ့သို့ ရွေ့လိုက်လေသည်။

ဟုတ်ပါသည်။ ဦးလောင်းရီတွင် ဖုန်းသုံးလေးလုံးလောက် ရှိပါသည်။ အကြောင်းကတော့ ဦးလောင်းရီမှာ ကားပွဲစားဖြစ်တာကြောင့်ပင်။ ကားပွဲစားလုပ်လေတော့ ဖုန်းတွေ ပိုပိုလိုလိုထားရှိထားတာ ဖြစ်သည်။ ပြီးနောက် ဦးလောင်းရီသည် တစ်ကိုယ်ထီး လူပျိုသိုး ဖြစ်ချေသည်။ နောက်ပြီး တစ်ဦးတည်းသောသားလည်း ဖြစ်နေသေးသည်။ ဒီတော့ ဦးလောင်းရီမှာ ဖုန်းပေးသုံးစရာ တူ‌လေး၊တူမများ မရှိတာကြောင့် ဖုန်းများ ပိုလျှံလို့နေလေသည်။ ဒါနဲ့ဘဲ မောင်သာချိုကို သိပ်မသုံးဖြစ်သည့် ဖုန်းတစ်လုံးပေးဖို့ ခေါ်လိုက်တာပင် ဖြစ်ချေသည်။ မောင်သာချို တစ်ယောက် ဖုန်းကို အတော်အတန်ကြာ စိုက်ကြည့်နေပြီးကာမှ

"အာ..... မယူချင်ပါဘူး.... ဦး... ပြီးတော့ ဒီဖုန်းက ဦးဖုန်းလေ..... ဒီဖုန်းကို အိမ်ယူသွားရင် အမေဆူလိမ့်မယ်" ဆိုပြီး ပြောလိုက်သည်။

"ဟေ..... မင်းဘဲ ဖုန်းသုံးချင်တယ် ဆိုလို့လေ......"

"သုံးတော့ သုံးချင်ပေမယ့်..... သူများပစ္စည်းယူလာတာဆိုရင် အမေက မကြိုက်ဘူး......"

"အခု ဦးက သားလေးကို ပေးနေတာလေ..... သားက မသိအောင်မှ ယူသွားတာ မဟုတ်ဘဲ...... ဒီတော့ သားအမေ ဘာမှမပြောလောက်ပါဘူး.... ပြောလာရင်လည်း ဦးပေးတယ်လို့ ပြောလိုက်ပေါ့"

"ဒါပေမယ့်လည်း သား မယူသွားရဲဘူး......"

"ဟာ.... ဒါဆို ဘယ်နှယ့်လုပ်ကြမတုန်း" လို့ ပြောပြီး ဦးလောင်းရီ ငြိမ်နေတော့သည်။

ထိုတွင်ဘဲ မောင်သာချိုမှာ တစ်ခုခုကို စဉ်းစားလို့ရသွားသည်နှင့် တူရဲ့။ တစ်ခုခု ပြောလာလေသည်။

"ဒီလိုလုပ်မယ်လေ.... ဦး.... မနက် သားကျောင်းသွားရင် ဦးအိမ် ဖုန်း၀င်ယူမယ်လေ... ညနေ ဒီလိုချိန်ကြ ပြန်လာထားမယ်.... အဲ့လိုကော မရဘူးလား....."

"သား သဘောပါ.... သား အဆင်ပြေရင် ရပါပြီ"

"ဟုတ်......" ဆိုကာ မောင်သာချို ပြုံးပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ ဒါနဲ့ဘဲ မောင်သာချိုလည်း အိမ်ပြန်လေသည်။

ဒီလိုနဲ့ မောင်သာချို တစ်ယောက် မနက်ကျောင်းသွားတိုင်း ဦးလောင်းရီ အိမ်၀င်ကာ ဖုန်း၀င်ယူလေသည်။ ပြီးနောက် ကျောင်းတွင် သူငယ်ချင်းတို့ကို ကြွားလုံးထုတ်လေသည်။ နေ့လည် အိမ်ပြန်ရင်တော့ ဖုန်းကို စက်ပိတ်ထားလိုက်သည်။ ဒေါ်မာမာချိုကို ဖုန်းထဲ စာ၀င်သံတွေ မကြားစေချင်လို့ဘဲပေါ့။ နေ့လည် ‌ထမင်းစားပြီး ကျောင်းပြန်သွားရင်တော့ ဖုန်းကို စက်ပြန်ဖွင့်လေသည်။ ညနေဘက် ကျူရှင်က ပြန်လာတော့မှ ဦးလောင်းရီ အိမ်၀င်ကာ ဖုန်းကို ၀င်ထားတော့သည်။

အချိန်အတော်ကြာလာတော့ မောင်သာချိုလည်း ဦးလောင်းရီနှင့် ရင်းနှီးစပြုလာသည်။ တစ်ခြားသူမြင်လျှင် ဦးလေးနဲ့တူလေးဟု ထင်ရလောက်သည်အထိပင်။ ဦးလောင်းရီလည်း မောင်သာချိုကို တူလေး တစ်ယောက်လို ဆက်ဆံလေသည်။ သို့ပေမယ့် တစ်ခါတစ်လေတော့ ဖင်ပုတ်၊ခေါင်းပုတ်ဖြင့် အသားယူတာတွေ လုပ်တတ်သည်။ ဒါပေမယ့်လည်း မောင်သာချို ဘာမှမပြောခဲ့။ ဒီအတိုင်း ဦးလေးနဲ့တူ ဆက်ဆံရေး ဖြစ်နေကြအတိုင်းလို့ဘဲ တွေးပြီးတော့သာ ဒီအတိုင်း နေနေလိုက်သည်။

မောင်သာချိုမှာ ဦးလောင်းရီနှင့် ရင်းနှီး‌နေသည်ကို အမေဖြစ်သူ ဒေါ်မာမာချိုကိုတော့ မပြောပြခဲ့။ ဖုန်းအကြောင်း မသိစေချင်လို့ဘဲ ဖြစ်သည်။

×××××

တစ်ရက်တွင်တော့ မောင်သာချို တစ်ယောက် ကျူရှင်ကနေ ပြန်လာပါတော့သည်။ စနေနေ့ ကျောင်းပိတ်ရက် ဖြစ်တာကြောင့် မနက်ပိုင်း ကျူရှင် သွားရလေသည်။ အခုလည်း မောင်သာချိုမှာ ကျူရှင်ကနေ ပြန်လာရင်း ဦးလောင်းရီ အိမ်၀င်ဖို့ ဆုံးဖြတ်ထား‌လေ၏။ အကြောင်းကတော့ ဖုန်းထားဖို့ပင်ဖြစ်သည်။ မနက် ကျူရှင်သွားတုန်းက ဦးလောင်းရီ အိမ်၀င်ပြီး ဖုန်းယူသွားခဲ့လို့လေသည်။ မောင်သာချိုမှာ ဖုန်းထားပြီး အိမ်ပြန်မယ်ဆိုပြီး ဆုံးဖြတ်ထားပေမယ့် ဖုန်းကို လက်ကမချချင်တာကြောင့် အိမ်မပြန်သေးဘဲ ဦးလောင်းရီ အိမ်မှာ ဖုန်းသုံးနေလေသည်။ ဦးလောင်းရီကတော့ ခြံရှေ့မှာ ဖုန်းပြောနေတော့၏။ မနက်ကတည်းက ဖုန်းကို ကျူရှင်ယူသွားပြီး သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့နေ‌တာကြောင့် ဖုန်းဟာ အတော်အတန်ပင် အားလျော့နေလေပြီ။ ဒါနဲ့ မောင်သာချိုလည်း ဦးလောင်းရီ၏ အခန်းထဲသွားကာ အိပ်ယာပေါ်တွင် မှောက်လျက်သားလေး လှဲပြီး‌တော့ ဖုန်းအားသွင်းကာ ဖုန်းထပ်ဆော့နေပါတော့သည်။

ထိုအချိန် အိမ်ရှေ့တွင် ‌ဖုန်းပြောပြီးလို့ ဦးလောင်းရီ အိမ်ထဲ ပြန်၀င်လာသည်။ ပစ္စည်းတစ်ခုခု ယူစရာရှိတာကြောင့် အခန်းကိုသာ တန်းလာလိုက်သည်။ အခန်း၏ အပေါက်၀လည်းရောက်ရော အိပ်ယာပေါ်က မောင်သာချိုကို ဦးလောင်းရီ တွေ့လိုက်ရလေသည်။ ဦးလောင်းရီမှာ အစပိုင်းတော့ မောင်သာချိုကို ကြည့်ရင်း ပြုံးနေတော့သည်။ နောက်မှသာ ဦးလောင်းရီလည်း ကြည့်ကောင်းကောင်းနှင့် ကြည့်နေတော့၏။ ကြည့်ကောင်းကောင်းနှင့်ဆိုတော့ မောင်သာချိုမှာ ခြေထောက်လေး အငြိမ်မနေဘဲ လှုပ်နေတော့ တင်လေးကလည်း တုန်နေလေတော့သည်။ အတော်အတန်ကြာ ကြည့်နေရင်း မောင်သာချို လှည့်ကြည့်လာတော့မှ ဦးလောင်းရီလည်း ချက်ချင်း အကြည့်လွှဲလိုက်သည်။

"ဟာ..... ဦး.... ဖုန်းပြောလို့ ပြီးသွားပြီလား......"

"အေး..... ဟုတ်တယ်......."

"ဦး အိပ်ယာပေါ်မှာ လှဲနေတာ ဘာမှမဖြစ်ဘူးမလား..... ဦး မကြိုက်ရင် သားဖယ်ပေးမယ်လေ....."

"နေနေ.... ရတယ်..... ဘာမှ မဖြစ်ဘူး......" လို့ ဦးလောင်းရီ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်သည်။

"ဟုတ် ဦး"

ဦးလောင်းရီမှာ စကားပြောနေရင်း အာခြောက်သလို ဖြစ်လာသည်။

"အဟမ်း..... သားလေး.... ဦး အချိုရည် ယူလာပေးရမလား...."

"ဟုတ်.... ဦး"

ဒါနဲ့ ဦးလောင်းရီလည်း အခန်း‌ပေါက်၀မှာ ရပ်နေရာကနေ မီးဖိုဘက်သို့ အပြေးလေး သွားလိုက်ပါလေသည်။ မီးဖိုလည်း ရောက်ရော ရေခဲသေတ္တာကနေ မောင်သာချိုအတွက် ကိုလာအအေးဘူးထုတ်လိုက်သည်။ နောက်ပြီး သူကိုယ်တိုင် သောက်ဖို့အတွက် ရေဘူး ထုတ်ဖို့ လက်အလှမ်းမှာဘဲ ဦးလောင်းရီ၏ အကြည့်တွေက ရေဘူးဘေးတွင် ရှိနေသော ဘီယာသံဗူးဆီသို့ အကြည့်ရောက်သွားလေသည်။ ဒါနဲ့ ရေဘူးအစား ဘီယာတစ်ဗူး ထုတ်လာလေတော့သည်။ ပြီးနောက် ဘီယာဗူးကို ချက်ချင်းဖောက်ကာ တစ်၀က်လောက်ထိကို တစ်ကျိုက်တည်း မော့လိုက်လေသည်။ ပြီးတာနဲ့ မောင်သာချို အတွက် ထုတ်ထားတဲ့ ကိုလာကို ခွက်ထဲ ပြောင်းထည့်တော့သည်။ နောက်တော့ ဦးလောင်းရီလည်း ကျန်နေတဲ့ ဘီယာ တစ်၀က်ကို တစ်ကျိုက်တည်း ထပ်မော့လေသည်။ ဒီတစ်ခါတော့ အကုန်မသောက်လိုက်။ ကျန်နေတဲ့ ဘီယာ အနည်းငယ်ကို မောင်သာချို၏ ကိုလာခွက်ထဲသို့ ထည့်လိုက်ပါလေသည်။ ပြီးလျှင် ကိုလာခွက်ကို ကိုင်ကာ အခန်းထဲ ပြန်သွားလေတော့သည်။

အခန်းကို ပြန်ရောက်‌တော့ ဦးလောင်းရီမှာ ကိုလာခွက်လေးကို အခန်းထဲရှိ စားပွဲလေးပေါ် တင်ထားလိုက်သည်။ ပြီးတော့ ခုတင်ခြေရင်းမှာ အသာလေး ထိုင်နေလေသည်။ မောင်သာချိုလည်း ဦးလောင်းရီ ယူလာပေးသည့် ကိုလာကို နှစ်ငုံလောက် သောက်လိုက်လေသည်။ ပြီးတာနဲ့ ဖုန်းပြန်ကြည့်နေတော့၏။ ခုတင်ခြေရင်းတွင် ထိုင်နေသည့် ဦးလောင်းရီမှာတော့ မောင်သာချိုကို ကြည့်မြဲကြည့်နေဆဲပင်။ မောင်သာချိုကတော့ ထိုသည်ကိုမသိ ကိုလာလေး သောက်လိုက်၊ ဖုန်းကြည့်လိုက်ဖြင့် လုပ်နေလေသည်။ တစ်အောင့်လောက်ကြာတော့ ကိုလာလေးလည်း ကုန်လေပြီ။ မောင်သာချိုလည်း မူးသလိုလို ဖြစ်လာတော့သည်။ တစ်ခါမှ ဘီယာမသောက်ဖူးတဲ့ သူအဖို့ ဘီယာလေး အနည်းငယ်၀င်တော့ မူးချေပြီ။ မောင်သာချိုကတော့ ဘီယာကြောင့် မူးတယ်ဆိုတာကိုမသိ။ ဒီအတိုင်း နေလို့မကောင်းတာကြောင့် ခေါင်းမူးတာလို့ဘဲ ထင်လေသည်။ ခေါင်းမူးပေမယ့်လည်း ဖုန်းဂိမ်းက တစ်ပွဲပြီးအောင် ဆော့ရမည် ဖြစ်သောကြောင့် အောင့်အီးပြီး နေနေ‌လိုက်သည်။

ထိုအချိန်တွင် ဦးလောင်းရီမှ မောင်သာချို၏ ခြေသလုံးကို ပွတ်သီးပွတ်သပ်ဖြင့် လုပ်လာသည်။ မောင်သာချိုလည်း သိပေမယ့်လို့ ဂိမ်းကိုသာ အာရုံစိုက်လိုက်သည်။ ဦးလောင်းရီကတော့ တစ်ဆင့်ပြီး တစ်ဆင့် တက်လာတော့သည်။ ခြေသလုံးကို ပွတ်နေရင်းကနေ ပေါင်တွေကို ပွတ်သပ်လာတော့၏။ မောင်သာချိုလည်း ဂိမ်းကြောင့်မလို့သာ သည်းခံနေတာဖြစ်သည်။ ဒါကြောင့် ဂိမ်းကိုသာ ပွဲမြန်မြန်ပြီးအောင် ဆော့နေလိုက်သည်။ ဦးလောင်းရီလည်း မောင်သာချို ငြိမ်နေတော့ ထပ်ပြီး အဆင့်တက်ပြန်သည်။ ပေါင်ကို ပွတ်သပ်နေရာကနေ မောင်သာချို၏ တင်ကို ပွတ်သပ်ပြီး ဖျစ်ညစ်လာတော့၏။ ဒီတစ်ခါတော့ မောင်သာချို ငြိမ်မနေတော့။ ဂိမ်းကို ပိတ်လိုက်ပြီး ကုန်းရုန်းထလိုက်သည်။ မောင်သာချို ရုတ်တရက် ထလိုက်လေတော့ ဦးလောင်းရီလည်း ဟန်ပျက်သွားသည်။

"သား.... ပြန်တော့မယ် ဦး.... ခေါင်းမူးလာလို့" ဆိုကာ ပြောပြီး မောင်သာချို အခန်းထဲက ထွက်ဖို့ပြင်သည်။

ထိုတွင် ဦးလောင်းရီမှ မောင်သာချို၏ လက်ကို ဖမ်းဆွဲထားက မသွားဖို့ တားတော့၏။

"နေပါအုန်း သားရယ်" ဆိုပြီး ဦးလောင်ရီ တစ်ယောက် မောင်သာချိုကို ရီဝေဝေ အကြည့်ဖြင့် ကြည့်ကာ ပြောလာသည်။

"မနေတော့ဘူး.... ဦး.... အမေ စိတ်ပူနေတော့မယ်"

"နေပါအုန်းဆိုကွာ"

ဦးလောင်းရီ၏ အသံမှာ ကျယ်ပြီး ခက်ထန်လာသည်။ ဒါကြောင့် မောင်သာချို အနည်းငယ် လန့်သွားရသည်။

"ပြန်တော့မယ်..... ဦး" ဟု မောင်သာချို ထပ်ပြောလိုက်ပြီး တံခါးကို ကြည့်လိုက်သည်။ တံခါးဟာ  ဂျက်ထိုးထားတော့သည်။ ဘယ်ချိန်ကတည်းက ဂျက်ထိုးထားမှန်းလည်း မောင်သာချို မသိတော့။ ဒါနဲ့ မောင်သာချို တစ်ယောက် ဦးလောင်းရီဘက် ပြန်လှည့်လိုက်လေသည်။

"နေပါအုန်းလို့ ပြောနေတာကိုကွာ" လို့ ပြောရင်း ဦးလောင်းရီလည်း ခုတင်ခြေရင်းမှာ ထိုင်နေရာကနေ ထလာတော့၏။ ပြီးနောက် မောင်သာချို၏ ပုခုံးနှစ်ဖက်ကို ကိုင်ကာ ပွတ်သပ်နေလေသည်။

မောင်သာချိုလည်း ဦးလောင်ရီကို ကြောက်ကြောက်နဲ့ ကြည့်နေမိသည်။ ပြီးကာမှ "ဘာလို့ တံခါးကို ဂျက်ချထားတာလဲ....." ဆိုကာ အရဲစွန့်ပြီး မေးလိုက်ပါလေသည်။

"ဟာ.... တယ်စကားများပါလား" လို့ ဦးလောင်းရီ အော်ပြောရင်း မောင်သာချို၏ ပုခုံးကို တင်းတင်းကြပ်ကြပ်ကိုင်လိုက်ပြီး ခုတင်ဘက်သို့ ဘက်ပြောင်းလိုက်ကာ မောင်သာချိုကို အိပ်ယာပေါ်သို့ ပစ်တင်လိုက်တော့၏။

"သား..... သားကို ဘာလုပ်မလို့လဲ ဦး" ဟု မောင်သာချို တုန်တုန်ရီရီဖြင့် မေးလိုက်သည်။

"သားလေးကို.... ဦးက ကောင်းအောင် ‌လုပ်ပေးမလို့ဘဲပေါ့"

ဦးလောင်းရီမှာ ပြောလည်းပြီးသွားရော ခုတင်ပေါ်တက်ကာ မောင်သာချို၏ ကိုယ်လုံးကို အုပ်မိုးလိုက်တော့သည်။ ပြီးနောက် ရီဝေဝေအကြည့်ဖြင့် မောင်သာချိုကို ကြည့်လျက် နှုတ်ခမ်းကို စတင် နမ်းပါလေတော့၏။ ဦးလောင်းရီ ‌နမ်းလေတော့ မောင်သာချို ခေါင်းကို ဟိုဘက်ဒီဘက် လှုပ်ရမ်းနေလေသည်။ ဦးလောင်းရီလည်း စိတ်မရှည်လေတော့ မောင်သာချို လှုပ်ရမ်းနေတာ ငြိမ်သွားအောင် လည်ပင်းကို အားပါပါဖြင့် ညစ်ထားလိုက်လေ၏။ ပြီးနောက် အတင်း နမ်းလေသည်။ မောင်သာချိုမှာ လည်ပင်းညစ်ခံထားရတော့ ခေါင်းကို မလှုပ်နိုင်တော့။ ခြေထောက်က‌လည်း ဦးလောင်းရီ တက်ဖိထားလေတော့ သိပ်လှုပ်လို့မရပေ။ ဒါနဲ့ လက်ဖြင့် တွန်းဖယ်ပြီး ရုန်းလေ၏။

သို့ပေမယ့်လည်း ဦးလောင်းရီက ကိုယ်လုံးကိုယ်ပေါက် ကြီးလေတော့ မောင်သာချို အခွင့်မသာခဲ့ပါ။ ဦးလောင်းရီကတော့ အတင်းနမ်းရှုံ့နေ၏။ သူ့ကို တွန်းဖယ်နေတာ သိတော့ ဦးလောင်းရီလည်း ကျန်လက်တစ်ဖက်ဖြင့် မောင်သာချို၏ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ထားကာ စုကိုင်ထားလိုက်သည်။ ပြီးနောက် ပြန်ပြီး နမ်းတော့၏။ အတော်ကြာနမ်းလို့ပြီးသွားတော့ ဦးလောင်းရီမှာ မောင်သာချို၏ လည်ပင်းညစ်ထားတဲ့ လက်ကို ဖယ်လိုက်တော့၏။ ပြီးနောက် ထိုလက်တစ်ဖက်ဖြင့် ခါးပတ်ကို ချွတ်နေတော့သည်။ လည်ပင်းညစ်ခံထားရာကနေ လွတ်သွားတော့ မောင်သာချို တစ်ယောက် အသက်ကို ခပ်ပြင်းပြင်းလေး ရှူနေမိလေ၏။ ထိုအချိန် ခါးပတ် ချွတ်ပြီးသွားသော ဦးလောင်းရီမှာ မောင်သာချိုကိုယ်ပေါ် အုပ်မိုးထားရာကနေ ဖယ်လိုက်ပါလေသည်။

ဦးလောင်းရီလည်း ဖယ်လိုက်ရော မောင်သာချိုမှာ ထလာကာ "သားကို ပြန်လွတ်ပေးပါနော် ဦး...." ဆိုပြီး ပြောတော့သည်။

ဦးလောင်းရီမှာ မောင်သာချိုကို သားရဲအကြည့်ဖြင့် ကြည့်သည်။ ပြီးတာနဲ့ မောင်သာချိုကို ခဏကလို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပြန်လေသည်။ မောင်သာချို၏ ကိုယ်ကို ပွေ့ကိုင်ပြီးတော့ မှောက်လျက်အနေအထားသို့ ပြောင်းလိုက်သည်။ ပြီးနောက် မောင်သာချို လက်တွေကို နောက်သို့ယူလိုက်ပြီး ခဏက ချွတ်လိုက်သော ခါးပတ်ဖြင့် ချည်နေတော့သည်။ မောင်သာချိုမှာတော့ ဦးလောင်းရီကို ငိုယိုပြီး အဆက်မပြတ် တောင်းပန်နေတော့၏။

"ဦးရယ်.... သားကို လွတ်ပေးပါတော့.....အီး.... ဟီး.... သား အိမ်ပြန်ချင်လှပြီ...... ဟင့်.... ဟင့်.....သား ကြောက်တယ်..... အီး.... ဟီး..... ဟီး.....သားကို လွတ်ပေးပါတော့"

ဦးလောင်းရီမှာ မောင်သာချို၏ လက်ကို ခါးပတ်ဖြင့် တင်းကြပ်ကြပ်လေး ချည်ပြီးသွားတာနဲ့

"ရှူး..... သား ဘာမှမကြောက်နဲ့ ဟုတ်ပြီလား.... ဦးက သားကို ကောင်းအောင် လုပ်ပေးမှာ..... ပြီးရင် သား အိမ်ပြန်ရမှာ သိလား...." လို့ ပြောလာလေသည်။

"သား မလိုချင်ဘူး.....ဟင့်.... ဟင့်... သား ဦးပြောတဲ့ ကောင်းတာတွေ မလိုချင်ဘူး..... အီး.... ဟီး.... ဟီး...... သား အိမ်ဘဲ ပြန်ချင်တယ်"

"မင်းကို ခဏနေ ပြန်ရမယ်လို့ ပြောနေတယ်လေ......."

ဦးလောင်းရီမှ အသံအကျယ်ကြီးဖြင့် ဟောက်လိုက်တာကြောင့် မောင်သာချိုမှာ လန့်သွားလေသည်။ ဒါနဲ့ မောင်သာချိုလည်း ကြောက်ပြီး ငြိမ်နေမိတော့သည်။

ဦးလောင်းရီကတော့ လုပ်စရာရှိတာ ဆက်လုပ်သည်။ မောင်သာချို ဘောင်းဘီကို ချွတ်လိုက်သည်။ ပြီးနောက် မောင်သာချို၏ တင်ကို အားပါပါဖြင့် ရိုက်‌လိုက်တော့သည်။

"အား......ဟင့်.... ဟင့်...... ဟင့်..... "

နာသောကြောင့် မောင်သာချို အသံထွက်လာသည်။ ခဏက ငိုထားတာကြောင့် ရှိုက်သံပါ သဲ့သဲ့လေး ထွက်လို့လာသည်။

"တိတ်စမ်း..... ဒီမှာ လုပ်ရတာ ‌အာရုံနောက်တယ်......"

ဦးလောင်းရီက ထပ်ဟောက်တော့ မောင်သာချိုလည်း မျက်နှာနဲ့  ခေါင်းအုံးကို အပ်ထားလိုက်တော့သည်။ အခန်းလေးလည်း တိတ်ဆိတ်သွားတော့ ‌ဦးလောင်းရီ တစ်ယောက် သူ့လုပ်စရာရှိတာကို ဆက်လုပ်လေသည်။ သူ၏ ကျားအင်္ဂါကို ထုတ်ပြီး မောင်သာချို၏ အပေါက်ထဲသို့ အစိမ်းလိုက် ထိုးသွင်းတော့သည်။ နာတာကြောင့် မောင်သာချို တစ်ယောက် အော်တော့သည်။

"အား......." ခေါင်းအုန်းနှင့် မျက်နှာအပ်ထားသည်မို့ အော်သံက သိပ်မကျယ်ပေ။

ဦးလောင်းရီကတော့ သူ အထွတ်အထိပ်ကို ရောက်ဖို့အတွက် လုပ်စရာရှိသည့် တာ၀န်ကိုသာ ဆက်လုပ်နေပါလေသည်။ မောင်သာချိုသည်တော့ ကိုယ်ကို တောင့်တောင့်ကြီး လုပ်ထားလျက် အံကြိတ်ထားတော့သည်။ ပြီးနောက် ငိုယိုပြီး အမေကိုသာ လာခေါ်ဖို့ တွေးနေတော့၏။

ဒီလိုနှင့် တစ်နာရီလောက် ကြာတော့ ဦးလောင်းရီမှာ ဖုန်းပြောနေရင်း မောင်သာချို လက်ကို ခါးပတ်ဖြင့် ချည်ထားရာကနေ ဖြေပေးနေတော့သည်။ မောင်သာချိုမှာတော့ မှိုင်မှိုင်ကြီးဖြင့် အိပ်ယာပေါ်တွင် လှဲနေပါလေသည်။ ဦးလောင်းရီကတော့ ခါးပတ်၀တ်ပြီးသွားတာနဲ့ မောင်သာချိုကို ဘောင်းဘီ ပြန်၀တ်ပေးနေတော့၏။ ပြီးတာနဲ့ ကားစီးပြီး အပြင်ထွက်သွားလေသည်။

ဦးလောင်းရီလည်း မရှိတော့ မောင်သာချိုလည်း ခုတင်ပေါ်က‌နေ အားယူပြီး ဆင်းလိုက်သည်။ ပြီးနောက် ထော့နဲ့ထော့နဲ့ဖြင့် အခန်းပြင် ထွက်တော့၏။ အခန်းပြင်သို့ ရောက်တော့ လွယ်အိတ်လေးကိုယူကာ အိမ်သို့ ဖြည်းဖြည်းလေး လျှောက်လျက် ပြန်သွားလိုက်လေသည်။ ဘာကြောင့်ဆို အရမ်း နာကျင်လို့ပင်။ အိမ်နားသို့ ရောက်ခါမှ မောင်သာချို တစ်ယောက်  အိမ်ထဲသို့ ပုံမှန်အတိုင်းလေး လျှောက်၀င်သွားလိုက်သည်။

"ဟဲ့..... သား..... ပြန်လာတာ နောက်ကျပါလား..... ဘယ်သူ့အိမ် ၀င်ပြီး ဆော့နေတာမလို့လဲ" ဆိုသည့် ဝယ်သူကို ဟင်းထည့်ပေး‌‌နေတဲ့ အမေဖြစ်သူ ဒေါ်မာမာချို၏ အမေးကိုပင် မဖြေဘဲ အိမ်ထဲတန်း၀င်သွားလေသည်။

ဒေါ်မာမာချိုကတော့ ဒီအတိုင်း သူငယ်ချင်းတွေနဲ့ အချင်းများလာသည်ဟု ထင်ပြီး ၀ယ်သူကိုသာ ဟင်းဆက်ထည့်ပေးနေလိုက်သည်။

သို့နှင့် နေ့လည်ရောက်တော့ ဒေါ်မာမာချို တစ်ယောက် သားဖြစ်သူကို ထမင်းစားဖို့ ခေါ်လေသည်။ ဒါပေမယ့် မောင်သာချိုမှာ တစ်ယောက်ထဲနေချင်ကြောင်းနှင့် ဗိုက်မဆာသေးကြောင်းကို တိုးပျပျလေး ပြန်ပြောလာလေသည်။ ဒါနဲ့ ဒေါ်မာမာချိုလည်း နေ့လည်စာကို တစ်ယောက်ထဲ စားလိုက်ရပြီး ဆိုင်ကိုသာ ပြန်ကြည့်နေလိုက်တော့သည်။ အချိန်တွေလည်း အတော်လေး လင့်လာပြီး ညနေတောင် ရောက်လာချေပြီ။ မောင်သာချိုမှာ အခန်းထဲက ထွက်မလာသေးပေ။ ဒါနဲ့ ဒေါ်မာမာချိုလည်း စိတ်ပူပြီး မောင်သာချို အခန်းရှေ့ ပြန်လာရတော့၏။

"သား..... ဘာဖြစ်တာလဲ.... နေမကောင်းလို့လား..... နေ့လည်စာလည်း ထွက်မစားဘူးဆိုတော့လေ..... အမေ ၀င်လာခဲ့မယ်နော်"

ဒေါ်မာမာချိုမှာ ပြောလည်းပြောရင်း တံခါးကို အသာလေး တွန်းဖွင့်ကာ ၀င်သွားလေသည်။ ပြီးနောက်  ခုတင်နားသွားကာ ခွေခွေလေး အိပ်နေသည့် သားဖြစ်သူ မောင်သာချိုကို လှုပ်နိုးလိုက်ချိန်မှာဘဲ ဒေါ်မာမာချို လန့်သွားရတော့၏။ ဘာကြောင့်ဆို မောင်သာချို၏ ကိုယ်မှာ ပူကျစ်တောက်နေပြီး ချွေးတွေရွဲနေလို့ပင် ဖြစ်သည်။ ဒါနဲ့ ‌ဒေါ်မာမာချိုမှာ ရပ်ကွက်ထဲက အငြိမ်းစားယူထားသည့် နာ့စ်ကို အလျင်အမြန် သွားခေါ်ရတော့သည်။

ဒေါ်မာမာချို၏ ပင့်ဆောင်မှုဖြင့် နာ့စ် ရောက်လာပြီး မောင်သာချိူကို စစ်ပေး၊ကြည့်ပေးတော့သည်။ ဒေါ်မာမာချိုကတော့ ဆိုင်လည်း ကြည့်ရအုန်းမှာဆိုတော့ ဆိုင်ရှေ့တွင် နေနေပါလေသည်။ ခဏလောက်ကြာတော့ နာ့စ်လည်း မောင်သာချို အခန်းက ထွက်လာတော့သည်။ ဒေါ်မာမာချိုလည်း ဆိုင်ရှေ့ကနေပြီးတော့ အိမ်ထဲပြန်၀င်လာပြီး နာ့စ်ကို သားဖြစ်သူ အဆင်ပြေ၊မပြေ မေးလေ၏။ ဒီတော့ နာ့စ်လည်း ဒေါ်မာမာချိုကို သားဖြစ်သူ၏ ကိစ္စကို ပြောလေတော့သည်။ မောင်သာချိုမှာ လန့်ဖျားဖျားကြောင်း၊ နောက်ပြီး စအိုကွဲသွားကြောင်းတွေ ပြောပြသည်။ ဒေါ်မာမာချိုမှာ နာ့စ်ပြောသွားတဲ့အထဲက ဖျားတယ်ဆိုတဲ့ အကြောင်းကိုသာ နားလည်လေသည်။ စအိုကွဲသွားတယ်ဆိုတာကိုတော့ နားမလည်ပေ။

ဒေါ်မာမာချို နားမလည်သည်ကို နာ့စ်လည်း ရိပ်မိလေသည်။ ဒါနဲ့ သားဖြစ်သူဟာ မုဒိမ်းကျင့်ခံရလို့ စအိုကွဲသွားကြောင်း ထပ်ပြောလာတော့သည်။ ဒါကလည်း မောင်သာချိုကို ဆေးထိုးဖို့အလုပ်မှာ နာ့စ်လည်း သိလိုက်ရတာ ဖြစ်သည်။ နာ့စ် စကားကြောင့် ဒေါ်မာမာချို ထိတ်လန့်သွားရသည်။ လဲကျမလိုတောင် ဖြစ်သွားသည်။ တော်သေးသည်က နာ့စ်က ဘေးကနေပြီး ဒေါ်မာမာချိုကို ထိန်းထားလေသည်။ ပြီးနောက် နာ့စ်ကနေပြီးတော့ဘဲ သားဖြစ်သူ မောင်သာချိုကို ထိုကိစ္စနဲ့ ပတ်သက်ပြီး မ‌မေးသေးဖို့နဲ့၊ သားဖြစ်သူ စိတ်အခြေအနေ တည်ငြိမ်လာတော့မှ မေးဖို့ ပြောပြလာတော့သည်။ ပြီးတော့ အဖျားကျဆေးနဲ့ အနာအကိုက်အခဲကျဆေး ထိုးထားပြီး ဖြစ်ကြောင်းလည်း ပြောလာသည်။ ပြီးတာနဲ့ ဒေါ်မာမာချိုကို သားဖြစ်သူ သောက်ရမည့်ဆေးတွေ ပေးပြီးတော့ ဆေးဖိုးကတော့ လမ်းကြုံမှ ပေးဖို့ ပြောပြီး ပြန်သွားလေတော့၏။

ဒေါ်မာမာချိုမှ ခုံတွင် ငိုင်တွေတွေကြီး ထိုင်နေပါလေသည်။ နာ့စ် ပြောသွားတဲ့ အတိုင်း ဒေါ်မာမာချိုမှာ သားဖြစ်သူကို ဘာမှမမေးခဲ့။ မေးလို့လည်း မရသေးပါ။ မောင်သာချိုမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေလို့ပင် ဖြစ်သည်။ ဒါနဲ့ ဒေါ်မာမာချို တစ်ယောက် သားဖြစ်သူကို ဒီအတိုင်းလေးသာ ကြည့်ပြီး အခန်းထဲက ပြန်ထွက်လာခဲ့ပြီး ခုံတွင် ထိုင်နေသည်မှာ အခုထက်ထိပင်။ သူမ အနေနှင့် မုဒိမ်းမှုဆိုတာ မိန်းကလေးတွေမှာဘဲ အဖြစ်များသည်ဟု ထင်မှတ်ထားခဲ့တာ ဖြစ်သည်။ ခုတော့ သူမ သားက မုဒိမ်းကျင့်ခံလိုက်ရသည်ဆိုတော့ သူမ အနေနဲ့ ဘယ်လိုမှ မယုံကြည်နိုင် ဖြစ်လို့နေလေ၏။ ခုထိလည်း မယုံကြည်နိုင်သေးပေ။ ဘာလုပ်လို့ လုပ်ရမှန်းလည်း သူမ အနေနှင့် မသိတော့။ ဒါကြောင့်ဘဲ မှိုင်တွေတွေနှင့် ထိုင်နေတာ ဖြစ်သည်။

အချိန်အတော်ကြာတော့မှ ဒေါ်မာမာချိုလည်း ထိုင်နေရာက လှုပ်လှုပ်ရှားရှား ဖြစ်လာတော့သည်။ အိမ်တွေကို တံခါးတွေ ပိတ်၊ ပြတင်းပေါက်တွေ ပိတ်သည်။ နောက်ပြီး အိတ်လေး တစ်အိတ်ယူကာ အိမ်ပြင်ထွက်လေသည်။ အိမ်တံခါးကိုလည်း သေချာ ပိတ်ခဲ့လိုက်သည်။ ပြီးတာနဲ့ ခြံပြင်ထွက်ကာ ခြံတံခါးကိုလည်း ပိတ်လိုက်ပြီး တစ်နေရာသို့ ဦးတည်လေတော့သည်။ ဒေါ်မာမာချို ဦးတည်လိုက်သည့် နေရာကတော့ ရပ်ကွက်တွင် ရှိနေသော ရဲကင်းအဆာက်အဦးလေးဘဲ ဖြစ်သည်။ ‌ဘယ်သူ့ကို အကူအညီတောင်းရမှန်း မသိလေတော့ ဒေါ်မာမာချိုလည်း ရဲကင်းကို လာဖို့သာ စဉ်းစားမိလေသည်။ ဒါကြောင့်ဘဲ ရဲကင်းကို တန်းလာလိုက်တာ ဖြစ်ချေသည်။ ဒေါ်မာမာချိုမှာ ရဲကင်း အဆောက်အဦးထဲ ၀င်သွားပြီး တာ၀န်ကျ ရဲကို အကျိုးအကြောင်း ပြောပြကာ တိုင်ကြားလေသည်။ သို့ပေမယ့် တာ၀န်ကျ ရဲသားမှာလည်း ယောကျာ်းလေး မုဒိမ်းဆိုတော့ ထူးဆန်းသွားရလေသည်။

ဒါနဲ့ ဒေါ်မာမာချိုကို သားဖြစ်သူ ခေါ်လာခဲ့ဖို့ကိုဘဲ ပြောလာတော့သည်။ ဒေါ်မာမာချိုမှာလည်း သားဖြစ်သူဟာ ဆေးအရှိန်ကြောင့် အိပ်နေကြောင်း ပြောသည်။ သို့သော်လည်း တာ၀န်ကျ ရဲသားက စစ်မေးဖို့အတွက် လိုတာမလို့ သားဖြစ်သူကို ခေါ်လာခဲ့ဖို့ကိုသာ ထပ်ပြောပြန်သည်။ ဒါနဲ့ ဒေါ်မာမာချိုလည်း စိတ်မရှည် ဖြစ်ကာ ထိုတာ၀န်ကျ ရဲသားကို စိတ်ဆိုးမာန်ဆိုးဖြင့် အော်ပြောပြီး အိမ်သာ ပြန်လာခဲ့လိုက်သည်။ ဘာတွေ ပြောခဲ့လိုက်မှန်း ဒေါ်မာမာချိုလည်း မသိတော့။ ဒီအတိုင်း စိတ်တိုလို့ ပြောချင်ရာ ပြောခဲ့လေသည်။

အိမ်သို့ ရောက်တော့ ဒေါ်မာမာချိုမှာ ထမင်းဆိုင်လေးကို မသိမ်းအားတော့။ ဒီအတိုင်း ခြံတံခါးလေးကိုသာ သေချာလေး ပိတ်ပြီး အိမ်ထဲ ၀င်သွားလိုက်လေသည်။ ပြီးနောက် သားဖြစ်သူ အခန်းလေးထဲ ၀င်ကာ ခုတင်ခြေရင်းမှာ ထိုင်လိုက်ပြီး သားဖြစ်သူ အဖျားကျ၊မကျ လက်ကလေးဖြင့် စမ်းသပ်နေတော့၏။ နောက်တော့ သားဖြစ်သူကို ကြည့်ရင်း မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာ‌လေသည်။ ထိုည ‌‌ဒေါ်မာမာချိုမှာ သားဖြစ်သူ အခန်းမှာသာ  အချိန်ပြည့် ရှိနေတော့သည်။ မနက် လေးနာရီ အချိန်လောက် ရောက်လေတော့ မောင်သာချို ယောင်ယမ်းလေတော့၏။

"သားကို မလုပ်ပါနဲ့......ဦး.... သား အိမ်ပြန်ချင်တယ် ဦး..... သားကို မလုပ်ပါနဲ့...... သားကို လွတ်ပေးပါတော့ ဦး......."

သားဖြစ်သူ မောင်သာချို အိမ်မက်ယောင်နေတာကို ဒေါ်မာမာချိုလည်း မကြည့်ရက်တာကြောင့် လှုပ်နှိုးလိုက်ပါသည်။ မောင်သာချိုမှာ အိမ်မက်က လန့်နိုးလာပြီး အမေဖြစ်သူကို မြင်တော့ ရင်ခွင်ထဲ၀င်ကာ ဖက်ထားတော့သည်။ ဒေါ်မာမာချိုလည်း ပြန်ဖက်ထားလိုက်လေသည်။ ခဏလောက် ဖက်ထားပြီးတော့ ဒေါ်မာမာချိုမှာ သားဖြစ်သူကို ဘယ်သူ လုပ်လိုက်သလဲဆိုတာ မေးတော့၏။ မောင်သာချို ပြန်မဖြေပါ။ မေးခွန်းမေးလာသည့် အမေဖြစ်သူကိုသာ ကြည့်ပြီး ငိုလေသည်။ ဒေါ်မာမာချိုလည်း သားဖြစ်သူ ငိုတာကို မြင်ပြီး လိုက်ငိုလေတော့သည်။ ငိုနေရင်းလည်း ခဏက မေးခွန်းကို ထပ်မေးပြန်လေသည်။ ဒီတစ်ခါလည်း မောင်သာချို ပြန်မဖြေခဲ့ပါ။ ရှိုက်ကြီးတငင်ဖြင့် ငိုနေတော့၏။ သားဖြစ်သူ မဖြေချင်တာကို သိလေတော့ ဒေါ်မာမာချိုလည်း ထပ်မမေးတော့ပေ။

"သား အားရှိအောင် အမေ ဆန်ပြုတ်လေး သွားလုပ်လိုက်အုန်းမယ်နော်.... သား ထပ်အိပ်နှင့်အုန်းနော်" လို့ ပြောပြီး ဒေါ်မာမာချိုမှာ မျက်ရည်တွေ သုတ်ကာ သားဖြစ်သူ အခန်းထဲကနေ ထွက်လာခဲ့လေသည်။ ပြီးတာနဲ့ မျက်နှာသစ်၊ ထမင်းအိုး တည်ခဲ့ပြီး ဈေးသွားတော့သည်။

ဈေးသွားတော့ ဈေး၀ယ်နေရင်း ရပ်ကွက်ထဲက တစ်ချို့ ဒေါ်မာမာချိုကို ကြည့်ရင်း သားဖြစ်သူ မောင်သာချို အကြောင်း ပြောနေကြလေသည်။ ထိုသည်ကို ဒေါ်မာမာချို ရိပ်မိလေသည်။ ဘယ်ကနေ ဘယ်လို သိလာမှန်း ဆိုတာ ဒေါ်မာမာချို မသိပါ။ ဖြစ်နိုင်တာကတော့ မနေ့ညက ရဲစခန်းမှာ အော်ပြောလိုက်တဲ့ချိန် ရပ်ကွက်ထဲက တစ်ယောက်ယောက်က အနီးအနားမှာ ရှိနေတော့ သိသွားသည်နှင့် တူလေရဲ့။ ဒါကြောင့် ဒေါ်မာမာချို လျစ်လျှူရှူထားလိုက်တော့သည်။ သို့ပေမယ့်လည်း စကားတွေက လွန်လာတော့ ဒေါ်မာမာချို တစ်ယောက် စိတ်မထိန်းနိုင် ဖြစ်ကာ ဈေးထဲတွင် စကားအချေအတင် ဖြစ်ကြလေတော့သည်။ တစ်ခြားသူတွေ ၀င်တားတော့မှ ဒေါ်မာမာချိုလည်း စကားအချေအတင် ပြောတာကို ရပ်ပြီး အိမ်ပြန်လာလိုက်ရသည်။

အိမ်ပြန်လာတဲ့ တစ်လျှောက်လုံးမှာလဲ သားဖြစ်သူကို ဘယ်သူ လုပ်သလဲဆိုတာ မေးဖို့ အားခဲထားလေတော့သည်။ အိမ်သို့ ရောက်တော့ ၀ယ်လာတဲ့ အထုတ်တွေကို တစ်နေရာရာမှာ တင်လိုက်ပြီး ‌သားဖြစ်သူ မောင်သာချို အခန်းသို့ ၀င်သွားလိုက်လေသည်။ အခန်းထဲ ၀င်ပြီး တစ်ခုခု ပြောမည် လုပ်နေသော ဒေါ်မာမာချိုမှာ သားဖြစ်သူကို ခုတင်ပေါ်တွင် မတွေ့ရ၍ အတော်ထိတ်လန့်သွားရလေသည်။ ဒါနဲ့ဘဲ ဒေါ်မာမာချို ခုတင်နားသို့ အလျင်အမြန် သွားလိုက်ပြီးနောက် ခုတင်ပေါ်က စောင်တွေကို စမ်းကြည့်လေ‌တော့၏။ နောက်ပြီး ဟိုဟိုဒီဒီ လိုက်ကြည့်တော့၏။ ဟိုဒီလိုက်ကြည့်‌နေရင်းမှ ဒေါ်မာမာချို တစ်ယောက် ခုတင်‌အောက်ဘက်တွင် သားဖြစ်သူ၏ လက်ကလေး ထွက်နေတာကို တွေ့လိုက်ရသည်။ ဒါနဲ့ ဒေါ်မာမာချိုလည်း လက်ကလေး ထွက်နေတဲ့ဘက်နားသို့ သွားလိုက်ပြီး ငုံ့ကြည့်လေသည်။ ပြီးတာနဲ့

"သား..... ဘာလို့ ခုတင်အောက်မှာ နေနေရတာလဲ" ဆိုပြီး မေးလိုက်တော့သည်။

ဒေါ်မာမာချို မေးပေမယ့် ပြန်ထူးသံဟာ ထွက်မလာပါ။ ဒီလိုနှင့် ဒေါ်မာမာချိုလည်း သားဖြစ်သူလက်ကို ကိုင်လိုက်သည်။ အေးစက်ပြီး ပျော့ပျောင်းနေသည်ကို ခံစားလိုက်ရသည်။ ဒေါ်မာမာချိုမှာ ခဏကထပ် ပိုပြီး ထိတ်လန့်သွားရလေသည်။ ဒါနဲ့ဘဲ ဒေါ်မာမာချိုမှာ သားဖြစ်သူ လက်ကလေးကို ဆွဲပြီး ကိုယ်ပေါ်လာသည်အထိ အခုတင်အောက်ကနေ ဖြည်းဖြည်းလေး ဆွဲထုတ်လာလိုက်လေသည်။ ဆွဲထုတ်နေရင်းနဲ့လည်း ဘာမှမဖြစ်ဖို့ကို ဆုတောင်းနေတော့၏။ သို့ပေမယ့် ဒေါ်မာမာချို ဆုတောင်းဟာ ဖြစ်မလာခဲ့ပါ။ ဒေါ်မာမာချို တစ်ယောက် လက်တွင်သွေးအလိမ်းလိမ်း လျံထွက်နေသည့် သားဖြစ်သူကိုသာ တွေ့လိုက်ရလေသည်။ နောက်ပြီး ပရိတ်ဓားကိုပါ တွေ့လိုက်ရသည်။

ဒေါ်မာမာချိုကား သားဖြစ်သူ မောင်သာချိုကို ပွေ့ဖက်ကာ ယူကြုံးမရဖြစ်လျက် ငိုချလေတော့သည်။ အရူးကြီး တစ်ယောက်ကဲ့သို့ သားဖြစ်သူကို ထွေးပွေးထားရင်း ငိုလေ၏။ အတော်ကြာ ငိုပြီးကာမှ သားဖြစ်သူကို ဖက်ထားရာကနေ အသာလေး လွတ်ချပြီးတော့ အိမ်ပြင်ထွက်ကာ နာ့စ်ဆီသို့ အပြေးအလွှား ပြေးသွားတော့၏။ ရပ်ကွက်ထဲက လူတွေလည်း သွေးတွေ အလိမ်းလိမ်းပေကျံနေတဲ့ ဒေါ်မာမာချိုကို အံ့ဩတကြီးဖြင့် ကြည့်နေကြတော့၏။

ဒီလိုဖြင့် မောင်သာချို ဘ၀ကား အဆုံးသတ်သွားချေပြီ။ မိခင်ဖြစ်သူ ဒေါ်မာမာချိုအတွက် စာလေး တစ်စောင် ထားခဲ့ရင်းနှင့်ပေါ့။

*****

"ဒုန်း...... ဒုန်း...... ဒုန်း......."

ဒေါ်မာမာချို၏ ပြန်ဖြေလိုက်တဲ့ အဖြေကြောင့် တရားရုံးတွင်း ပွက်လောရိုက်သွားသောကြောင့် တရားသူကြီးမှ ငြိမ်ကျသွားအောင် တူဖြင့် ခုံကို ခပ်ကျယ်ကျယ်လေး ထုရိုက်လိုက်တော့သည်။ တရားရုံးအခန်းတွင်း ငြိမ်ကျသွားတော့မှ တရားသူကြီးလည်း

"တရားခံဖြစ်တဲ့ ဒေါ်မာမာချို ကိုယ်တိုင်က ၀န်ခံနေပြီ ဆိုတော့ တရားစီရင်ချက် ချရပါလိမ့်မယ်" ဆိုကာ ပြောပြီး တရားသူကြီးမှာ စီရင်ချက်ချဖို့ အတွက် ဆွေးနွေးတိုင်ပင်နေတော့၏။

ထိုအချိန်တွင်ဘဲ ဒေါ်မာမာချိုကနေမှ "တရားသူကြီးရှင့်" ဆိုပြီး ခွင့်တောင်းလေသည်။

တရားသူကြီးများမှာလည်း ‌ဆွေးနွေးနေတာကို ရပ်ပြီး ဒေါ်မာမာချိုကို ကြည့်လိုက်ကြသည်။

"တရားစီရင်ချက် မချမှတ်ခင်.... ကျွန်မ တောင်းဆိုစရာလေး ရှိလို့ပါ....."

"ဘာများလဲ....."

"ကျွန်မ နောက်ဆုံးအနေနဲ့ စကားလေးတစ်ခုနှစ်ခုလောက် ပြောခဲ့ချင်လို့ပါ"

"ကဲ..... ကဲ...... ပြောပါ"

တရားသူကြီးလည်း ခွင့်ပြုပေးလိုက်ရော ဒေါ်မာမာချိုမှာ တရားသူကြီးဘက် လှည့်နေရာကနေ တရားကြားနာ ပရိတ်သက်ဘက် လှည့်လိုက်လေသည်။ ပြီးတာနဲ့ စတင်ပြီး ပြောလေတော့၏။

"ကျွန်မဟာ ယောကျာ်းသား မဟုတ်တဲ့ မိန်းမသား တစ်ယောက်ပါ.... ပြီးတော့လည်း ကျွန်မ လုပ်ခဲ့တာ အတွက် ကျွန်မ ၀န်ခံရဲတယ်.... ဒီတော့ ကျွန်မ လူသတ်ခဲ့တာကို နောင်တမရဘူး.... ဘာလို့လဲဆိုတော့ ကျွန်မမှာ လှည့်ကြည့်စရာ ဘယ်သူမှ မရှိတော့လို့ဘဲ..... ကျွန်မရဲ့သားလေးက အဲ့လူယုတ်မာကြောင့် အသက်ဆုံးသွားရရှာတာ.... အသက်ဆုံးသွားရတာ..... အဲ့လူယုတ်မာ မု....ဒိမ်းကျင့်လိုက်လို့ ကလေးက စိတ်ဒဏ်ရာရပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားရှာတာ..... ကျွန်မသားလေးက ပန်းကောင်းလေး တစ်ပွင့်ပါ..... အဲ့လူယုတ်မာကြောင့် ပန်းလေးက မပွင့်တော့ဘဲနဲ့ ညိုးနွမ်းသွားရရှာတာ..... အဲ့လိုလူယုတ်မာမျိုးက လူ့လောကကြီးမှာကို မရှိထိုက်ဘူး..... သူ့လိုလူမျိုးက ငရဲနဲ့ဘဲတန်တာ.... ပြီးတော့လည်း ကိုယ်ချင်းစာပေးပါ...... မုဒိမ်းမှုဆိုတာ မိန်းကလေးတွေမှာဘဲ အဖြစ်များတာ သိပေမယ့်..... ကောင်လေးတွေလည်း ဖြစ်တတ်ကြတယ်.... ကျွန်မသားလိုပေါ့...... ကောင်လေးတွေက ရှက်ပြီးတော့ ဖွင့်မပြောချင်ကြတာဘဲ ရှိတာပါ..... သူတို့ရဲ့ စိတ်ကတော့ ဒဏ်ရာတွေ ပရပွနဲ့ ဆိုတာ သိကြရဲ့လား...... ဒီတော့ ကောင်လေးမုဒိမ်းမှုဆိုတာ ကြားလိုက်တာနဲ့ ဘာကြောင့် မကာကွယ်ရတာလဲတွေ ဘာတွေ အပြစ်မတင်ကြပါနဲ့လို့.... သူတို့အနေနဲ့ အခြေအနေမဟန်တော့လို့ ဆိုတာကို နားလည်ပေးလိုက်ပါ..... ကျွန်မသားလို အဖြစ်မျိုး ကောင်လေး ဘယ်နှယောက် ဖြစ်ပြီးသွားပြီးပြီလဲဆိုတာ မသိနိုင်ဘူးလေ...... ဒီတော့ ကိုယ်ချင်းစာပေးပါ....... ကိုယ်ချင်းစာတရား ရှိတတ်ကြပါစေ"

ဒေါ်မာမာချိုမှာ ပြောပြီးသွားတော့ မျက်ရည်များကျလာမည်ကို တစ်ခြားသူတွေ မြင်မှာစိုးသောကြောင့် တရားသူကြီးဘက် ချက်ချင်း ပြန်လှည့်သွားလေသည်။ ပြီးတော့ ကျလာတော့မည့် မျက်ရည်များ မြေမခအောင်လို့ အပေါ်ကို မော့ကြည့်ကာ မျက်လုံး မှိတ်ထားလိုက်တော့သည်။

ထိုနေ့က ဒေါ်မာမာချိုကို စီရင်ချက်ချခဲ့လေသည်။ ဒေါ်မာမာချိုမှာ ပြုံးပြုံးလေးဖြင့် စီရင်ချက်ကို လက်ခံလေတော့၏။

××××ပြီးပါပြီ××××

ကိုယ်ချင်းစာပါ...............။

ကောင်လေးများဟာလည်း အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ သူတွေပါဘဲ။ ဒီတော့ ကောင်လေး တစ်ယောက်၊ သို့မဟုတ် Lgbt  ခံယူထားတဲ့ ကောင်လေး တစ်ယောက်ယောက်ကနေ မုဒိမ်းကျင့်ခံရတယ်လို့ ပြောလာမယ်ဆိုရင် ကဲ့ရဲ့ပြစ်တင်ရှုံ့ချနေမယ့်မစား ကိုယ်ချင်းစာ တရားရှေ့ထားပြီး ကူညီပေးလိုက်ပါ။

....................................

ထွဋ်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..