ရသစာပေများ ဖတ်ရှုမှုအားနည်းလာ၍ လူ့စိတ်များ ကြမ်းတမ်းလာကြောင်း စာရေးဆရာ ကောင်းသန့်ပြော
akonthi.com
|
2019-05-08





ရသစာပေများကို လူအများဖတ်ရှုမှုအားနည်းလာသည့်အတွက် နှလုံးစားများကြမ်းတမ်းလာကာ ရက်စက်သည့်အတွေးများ ရှိလာကြကြောင်း စာရေးဆရာ ကောင်းသန့်က ပြောသည်။


မေလ ၈ ရက်ရန်ကုန်မြို့အောကစ် ဟောက်စ်တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ ကျင်းပသောအကြိုက်ဆုံး စာအုပ်ဆုနှင့် စာပေဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားတွင် သတင်းမီဒီယာများသို့ စာရေးဆရာကောင်းသန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ရသစာပေဖတ်ရှုတာ လူတွေကနည်းလာတော့ နှလုံးသားတွေ ကြမ်းထော်ပြီးတော့ ရက်စက်တဲ့အတွေးတွေရှိလာတယ်။ မနေ့ ကပဲ ဆရာ Facebook ကိုကြည့်လိုက်တာ တစ်နှစ်သားအရွယ် ကလေးလေးကို သူ့ပထွေးကအိပ်နေတုန်း ကလေးက ငိုလို့ဆိုပြီးအဝတ်ကို ပါးစပ်ဆို့ပြီး ကျောကုနု်းကို ရိုက်လိုက်တာ ကလေးက သွေးအန်ပြီးသေတယ်။ နောက်တစ်ခါအဘွားနဲ့အဒေါ်က ကလေးလေးကို ရေစည်ထဲမှာ နှစ်သတ်တယ်။ မသေလို့သာပဲ။ နောက်ဒီနေ့ မနက်ပဲ သတင်းစာဖတ်လိုက်ရတယ်။အမေဖြစ်သူ ဆွဲကြိုးဖြုတ်လို့အမေက ရဲသွားတိုင်တာအမေကို သားဖြစ်သူက ဓါးနဲ့ ထိုးပစ်လိုက်တယ်။အမေရင်း သားအရင်းတွေ။ ရသစာ ပေအားနည်းလာတဲ့အခါ လူတွေရဲ့စိတ်က ရိုင်းစိုင်းလာပြီး တိရိစ္ဆာန်တစ်ကောင်လိုဖြစ်လာတယ်” ဟု စာရေးဆရာ ကောင်းသန့် က ပြောသည်။

အကြိုက်ဆုံးစာအုပ်ဆုကို စာရေးဆရာ နှင်းဆီအောင်က ရရှိခဲ့ပြီးအကြိုက်ဆုံးစာမူဆုကို စာရေးဆရာ သဉ္စလှိုင် (လားရှိုး) က ရရှိ ခဲ့ပြီး စာမူဆုအား စာအုပ်ထုတ်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။


- မင်းသီဟန်(အကုန်သိသတင်းဌာန)


Unicode Version


ရသစာပေများ ဖတ်ရှုမှု အားနည်းလာ၍ လူ့စိတ်များ ကြမ်းတမ်းလာကြောင်း စာရေးဆရာ ကောင်းသန့်ပြော


ရသစာပေများကို လူအများဖတ်ရှုမှု အားနည်းလာသည့်အတွက် နှလုံးစားများကြမ်းတမ်းလာကာ ရက်စက်သည့်အတွေးများ ရှိလာကြကြောင်း စာရေးဆရာ ကောင်းသန့်က ပြောသည်။
မေလ ၈ ရက်ရန်ကုန်မြို့ အောကစ် ဟောက်စ်တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ ကျင်းပသော အကြိုက်ဆုံး စာအုပ်ဆုနှင့် စာပေဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားတွင် သတင်းမီဒီယာများသို့ စာရေးဆရာကောင်းသန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ရသစာပေဖတ်ရှုတာ လူတွေကနည်းလာတော့ နှလုံးသားတွေ ကြမ်းထော်ပြီးတော့ ရက်စက်တဲ့ အတွေးတွေရှိလာတယ်။ မနေ့ ကပဲ ဆရာ Facebook ကိုကြည့်လိုက်တာ တစ်နှစ်သားအရွယ် ကလေးလေးကို သူ့ပထွေးက အိပ်နေတုန်း ကလေးက ငိုလို့ဆိုပြီး အဝတ်ကို ပါးစပ်ဆို့ပြီး ကျောကုနု်းကို ရိုက်လိုက်တာ ကလေးက သွေးအန်ပြီးသေတယ်။ နောက်တစ်ခါ အဘွားနဲ့ အဒေါ်က ကလေးလေးကို ရေစည်ထဲမှာ နှစ်သတ်တယ်။ မသေလို့သာပဲ။ နောက်ဒီနေ့ မနက်ပဲ သတင်းစာဖတ်လိုက်ရတယ်။ အမေဖြစ်သူ ဆွဲကြိုးဖြုတ်လို့ အမေက ရဲသွားတိုင်တာ အမေကို သားဖြစ်သူက ဓါးနဲ့ ထိုးပစ်လိုက်တယ်။ အမေရင်း သားအရင်းတွေ။ ရသစာ ပေ အားနည်းလာတဲ့ အခါ လူတွေရဲ့စိတ်က ရိုင်းစိုင်းလာပြီး တိရိစ္ဆာန်တစ်ကောင်လိုဖြစ်လာတယ်” ဟု စာရေးဆရာ ကောင်းသန့် က ပြောသည်။
အကြိုက်ဆုံးစာအုပ်ဆုကို စာရေးဆရာ နှင်းဆီအောင်က ရရှိခဲ့ပြီး အကြိုက်ဆုံးစာမူဆုကို စာရေးဆရာ သဉ္စလှိုင် (လားရှိုး) က ရရှိ ခဲ့ပြီး စာမူဆုအား စာအုပ်ထုတ်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။


- မင်းသီဟန်(အကုန်သိသတင်းဌာန)





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..