“အပမှီခြင်း ”ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် ) ( စ - ဆုံး )
lotaya.mpt.com.mm
|
2019-05-30

ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )

( စ - ဆုံး )

စည်းမျဉ်းစည်းကမ်းဆိုတာ နိုင်ငံတိုင်း ၊ လူမျိုးတိုင်း ၊ ဘာသာတိုင်း ၊

နေရာတိုင်းမှာရှိပါတယ် ၊ ကျောင်းမှာဆို ကျောင်းစည်းကမ်းရှိတယ် ၊

အိမ်မှာဆိုအိမ်စည်းကမ်း ၊ လမ်းမှာဆို လမ်းစည်းကမ်း ၊ ရုံးမှာဆို ရုံးစည်းကမ်း ၊

ဒီလိုပါပဲ ဘာမလုပ်ရ ၊ ညာမလုပ်ရဆိုတဲ့ စည်းကမ်းတွေလည်းမနည်းပါဘူး ၊

ဥပမာ တစ်ချို့ပန်းခြံတွေမှာဆိုရေးထားတတ်တယ် ငါးမမြှားရတို့ ၊ ပန်းမခူးရတို့

ဆိုတာမျိုးတွေ ၊ ဒီလိုမျိုး စည်းကမ်းလိုက်နာပြီး စည်းကမ်းရှိရှိနေတဲ့သူအတွက်က

အကောင်းတွေချည်းခံစားတတ်သလို စည်းကမ်းမရှိ ၊ စည်းကမ်းမလိုက်နာတဲ့သူအတွက်တော့

ဆိုးဝါးတဲ့အရာတွေကအမြဲစောင့်ကြိုနေတတ်ပါတယ် ………. ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ ဒီနေ့က လကုန်ရက်လေ ဖိုးလုံးရ … ခဏနေ မင်းတို့ညီအစ်ကိုနှစ်ယောက်နဲ့

ငါတို့လမ်းထိပ်က သပြေညိုဆိုတဲ့ ဘီယာဆိုင်မှာ ဆုံကြမယ်နော် မင်းတို့အိမ်ကထွက်လာခါနီးငါ့ကို

ဖုန်းတော့ တစ်ချက်ကြိုဆက်ပေးကွာ… ”

ယောကျာ်းလေးတော်တာ်များများရဲ့ ထုံးစံအတိုင်း ငွေလေးလက်ထဲနည်းနည်းပါးပါး

ရလာရင် သုံးဖို့ ဖြုန်းဖို့အရင် စိတ်ကတွေးနေမိတယ်ဆိုတာမျိုးလေ….အခုလည်းဒီလိုပါပဲ

နေဘုန်းတစ်ယောက် သူနဲ့နှစ်မြို့နယ်လောက်ခြားတဲ့ ငယ်သူငယ်ချင်း ဖိုးလုံးနဲ့ ဖိုးပြုံးတို့ကို

သူနဲ့အတူတူ ဘီယာလာသောက်ဖို့ ဖုန်းဆက်လှမ်းခေါ်နေတယ်လေ ၊ တစ်ဖက်က သူငယ်ချင်းတွေကလည်း

ရှိအတူ မရှိအတူ စိတ်တူကိုယ်တူ သူ့ရှိသူကျွေး ကိုယ့်ရှိကိုယ်ကျွေးကြသူတွေမို့ ချိန်းဖြစ်တာလည်းပါတယ် ၊

သူတို့သူငယ်ချင်းတွေက တက္ကသိုလ်မှာခင်မင်လာခဲ့တဲ့သူငယ်ချင်းတွေလေ

အခုဆို သူတို့တွေအားလုံးကျောင်းတွေပြီးလို့အလုပ်ခွင့်ထဲရောက်သည့်တိုင်အောင်

အဆက်အသွယ်မပျက်ရှိနေကြလောက်တဲ့အထိ ခင်မင်ကြတုန်းပဲ ၊ ဒါ့ကြောင့်လည်း

ဒီလိုမျိုးအမြဲတမ်း ချိန်းဆိုနေမိတာပေါ့ ၊ ဒီလိုလကုန်ရက်မျိုးမှာ ဘယ်လိုလူမျိုးက

အိမ်ကိုစောစောပြန်ချင်ကြမှာတဲ့လဲလေ….. ။

နေဘုန်း ဘီယာဆိုင်မှာ ရောက်နှင့်နေတာကြာလှပြီဖြစ်လို့ သူငယ်ချင်းတွေဆီကို

နောက်တစ်ကြိမ် ဖုန်းဆက်ကြည့်လိုက်သေးတယ်

“ ဟဲလို..ဟ..မင်းတို့ဟာကလည်း ကြာလိုက်တာကွာ…ဘာတွေလုပ်နေကြတာတုန်း ”

နေဘုန်းရဲ့ စိတ်မရှည်တဲ့လေသံကြောင့် တစ်ဖက်က ဖိုးလုံးနဲ့ဖိုးပြုံးတို့ညီအစ်ကိုနှစ်ယောက်ကလည်း

တစ်ယောက်တစ်ခွန်းပြန်အော်ပြောလိုက်ကြတယ်

“ ဒီမှာ မင်းပါပါးတွေက လမ်းလျှောက်လာလို့မရဘူးဟေ့ … ၊ ဘက်(စ်)ကားစီးရင်လည်း

ကြပ်ပိတ်နေလွန်းလို့ မနက်ဖြစ်မှ ရောက်လာမှာစိုးလို့အိမ်က ဘက်ထရီဘီးလေးနဲ့ ထွက်လာတာဟေ့ ”

“အေး…အဲ့ဒီ့ ဘက်ထရီဘီးကလည်း မစီးတာကြာလို့ထင်တယ် သိပ်တောင် ခပ်ဝေးဝေး

မသွားရသေးဘူး နောက်ဘီးရုတ်ရက်ပေါက်သွားတာနဲကအခုငါတို့ ဘီး ကျွတ် ဖာနေကြတယ်…

ပြီးတာနဲ့ တန်းလစ်ခဲ့မှာ ကိုနေ..စိတ်မပူနဲ့ဗျို့အမြန်လာခဲ့မယ် ”

သူတို့ပြောမှ စက်ဘီးကြောင့်ကြာနေမှန်းသိသွားပြီး နေဘုန်း ဒီဘက်ခေတ်လူတွေရဲ့

အပြုအမူအတိုင်း လုပ်စရာမရှိတော့ ခပ်ပျင်းပျင်းရှိတာနဲ့ လက်ကိုင်အန်းဒရိုက် ဖုန်းလေးကို

အင်တာနက်ဖွင့်ပြီးအပြန်ပြန်အလှန်လှန် ပွတ်နေရ်ငအချိန်ဖြုန်းပြီး သူငယ်ချင်းတွေကို

စောင့်နေလိုက်တယ် ၊အပြင်ဘက်မှာ ညနေခင်းနေအလင်းရောင်လေးက လိမ္မော်နီရောင်လေး

ဖြာကျနေတုန်း … ။

မကြာပါဘူး နာရီပိုင်းလောက်အတွင်းမှာပဲ ဖိုးပြုံးနဲ့ ဖိုးလုံး ညီအစ်ကို ရောက်လာကြတယ်

နှစ်ယောက်လုံးအမြဲမြင်နေကျအတိုင်း မျက်နာက ဝက်ခြံတွေကို သနပ်ခါးလေးတွေ ပါးပါးလေး

လိမ်းထားကြပြီး မြင်းခေါင်းအကျီ ၤစွတ်ကျယ်တွေနဲ့ ရောက်ချလာကြတာ ၊ ဖိုးပြုံးနဲ့ ဖိုးလုံးနှစ်ယောက်က

မသိတဲ့သူဆိုအမွှာလို့ထင်ရလောက်တဲ့အထိ ရုပ်တင်တူကြတယ် တကယ်တော့အဲ့လိုမဟုတ်ဘူး

ဖိုးပြုံးက ဖိုးလုံးထက် နှစ်နှစ်နီးပါးလောက်အသက်ပိုကြီးတယ် ၊ ဒါပေမယ့် ဆယ်တန်းမှာ စာမလုပ်ဘဲ

ဂိမ်းချည်းဆော့နေလို့ စာမေးပွဲတွေ တဘုန်းဘုန်း ကျပြီးနောက်ဆုံးညီဖြစ်တဲ့သူ ဖိုးလုံးနဲ့

တစ်နှစ်တည်းဖြေကြတဲ့ နှစ်ကျမှ ထူးထူးခြားခြားအောင်သွားခဲ့တယ် ၊ စာမေးပွဲကြီးပြီးတော့

ညီအစ်ကိုနှစ်ယောက် တက္ကသိုလ်မှာ မေဂျာအတူတူယူပြီး ကျောင်းဆက်တက်ရာက

နေဘုန်းနဲ့ခင်သွားခဲ့ကြတာလေ ။

“ ဟေ့ယောင် ကိုနေ မင်းက ဘာမှလည်းမမှာထားပါလားဟ ”

“အေးလေ..အမြည်းတွေဘာတွေ ကြိုမှာထားတာမဟုတ်ဘူးကွာ ”

သူတို့နှစ်ယောက်စကားကြောင့် နေဘုန်းက

“အေးပါဆရာသမားတို့ရယ်…ရော့ရော့ ကိုယ့်ဆရာတွေ ကြိုက်တာကို

မှာလို့ရအောင် ကျွန်တော်မျိုးကြီးက ဘာမှမမှာထားသေးဘဲ ဘက်ရှီးတစ်ခွက်နဲ့

မြေပဲလေးဝါးပြီး ထိုင်စောင့်နေတာပါ ”

နေဘုန်းပြန်ဖြေလိုက်တာက သူတို့ကိုရွဲ့မှန်းသိသွားပြီး

ညီအစ်ကိုနှစ်ယောက် ဟက်ဟက်ပတ်ပတ်ရယ်မောလိုက်ကြရင်း

ဘီယာပုလင်းတွေနဲ့အတူ တစ်ခြားအမြည်းတွေကိုစုံစုံလင်လင် မှာယူလိုက်တယ် ၊

ဘီယာတွေသောက်လိုက် စကားတွေ တဝကြီးပြောလိုက်နဲ့

သူငယ်ချင်းသုံးယောက် ရှေးဟောင်းနှောင်းဖြစ်တွေ ၊ ရည်းစားတွေ ၊

လက်ရှိအလုပ်ကအခတ်အခဲတွေကိုအချင်းချင်းအပြန်အလှန်

ပြောဆိုနေကြရင် စားပွဲပေါ်မှာလည်း ပုလင်းတွေ ၊ ခွက်တွေ ၊ ပန်းကန်တွေ

တစ်ဆတစ်ဆ များများလာနေပြီ…အချိန်ကလည်း တဖြည်းဖြည်း

လင့်လာခဲ့ပြီ…အဲ့ဒါကြောင့် သူတို့တွေ နှုတ်ဆက်ကြပြီးအိမ်ပြန်ဖို့ပြင်ကြတော့တယ် ၊

နေဘုန်းကအိမ်နီးတဲ့သူဆိုတော့ သူငယ်ချင်းတွေကိုပဲ သေသေချာချာပြန်ဖို့

မှာကြာပြီးလှည့်ထွက်သွားခဲ့တယ် ။

အလာတုန်းကအငယ်ဖြစ်တဲ့ ဖိုးလုံးက စက်ဘီးမောင်းလာပေးတာမို့

အခုအပြန်မှာတော့ ဖိုးပြုံးက တစ်လှည့်ပြန်မောင်းပေးရတယ် ၊ နှစ်ယောက်သား

လမ်းတစ်လျှောက်အသံသေးအသံကြောင်နဲ့ မူးမူးရူးရူးနဲ့ ကိုယ့်အသံနဲ့မလိုက်တဲ့

အဆိုတော်မျိုးကြီးရဲ့ကျောက်စာများ သီချင်းကိုတောင်အော်လာလိုက်ကြသေးတယ်

“ ညဉ့်နက်ကြီးရေ…ငါ့ဝိညာဉ်ပြန်ပေး…..ညညအိပ်မရ ၊အသွေး…အသွေး

အသား…အသား… ရူးသွပ်ခြင်းတွေလား ၊ ရင်ခုန်သံရဲ့သွေးတွေ….. ၊

ဒီမှာအသွေး…အသွေးအသား…အသား… ငါ့ ဝိညာဉ်အား နာမည်မခေါ်နဲ့…. ”

ညီအစ်ကိုနှစ်ယောက်အတိုင်အဖောက်ညီညီအော်ဟစ်ရင်း

စက်ဘီးလေးနဲ့အိမ်ပြန်လာရာက သူတို့မြို့နယ်နဲ့တစ်ဖက်မြို့နယ် ကြားမှာရှိတဲ့

ရထားလမ်းတစ်ခုအနားရောက်တော့အနောက်ကအငယ်ကောင် ဖိုးလုံး က

“ ကိုပြုံးရေ ရှေ့နာက ရထားလမ်းထောင့်ကျရင် ခဏရပ်ပေးဦးဗျာ

ကျွန်တော် ဘီယာတွေဝင်ထားတာများသွားပြီ ရှူးပေါက်မှဖြစ်တော့မယ်

မရတော့ဘူး ” လို့ပြောလာတော့အစ်ကိုဖြစ်သူက ဘရိတ်လေးကိုမသိမသာညှစ်လိုက်ရင်း

စက်ဘီးကိုရပ်ပေးလိုက်တယ်အငယ်ကောင်က ရထားလမ်းဘေးနားက ခြုံတစ်ခုရှေ့မှာ

အပေါ့အပါးသွားပြီးတော့ စက်ဘီးနားကိုပြန်လျှောက်လာရင်းကနေ ခလုတ်တိုက်သလို

အနောက်ကတစ်ယောက်ယောက် ပိတ်ရိုက်သသလိုက်သလို ပိတ်တွန်းလိုက်သလို

ဖြစ်သွားပြီး ပစ်လဲကျသွားတယ်…. ။

ကားတွေကလည်း မထင်ရင်မထင်သလိုအရမ်းအမောင်းကြမ်းတဲ့နေရာဖြစ်သလို

ရထားလာရင်လည်းအန္တရယ်များတာမို့ ညီပစ်လဲသွားတာကိုအစ်ကိုဖြစ်တဲ့ ဖိုးပြုံးက စိတ်ပူသွားတယ်

ဖိုးလုံးတစ်ယောက် မူးလို့ပစ်လဲတာလို့လည်းထင်လိုက်မိတယ် ခေါင်းတွေဘာတွေနဲ့အောက်က

ကျောက်ခဲတွေ မြေမာမာတွေနဲ့ ရိုက်မိမှာလည်း စိတ်ပူသွားတာနဲ့ ချက်ချင်းဆိုသလို စက်ဘီးကို

ဒေါက်ထောက်လိုက်ပြီး ညီဖြစ်သူကို ပြေးထူလိုက်တယ်

“ ဟေ့ယောင် ဖိုးလုံး ဘာဖြစ်တာလဲကွ…..

ထိသွားသေးလား….လာလာ မြန်မြန်ထာ..ညဘက်ကြီးဒီလိုနေရာမှာ

လဲတာ မကောင်းဘူးကွ…မင်းအဆင်ပြေရဲ့လား ဆေးခန်းသွားမလား

အိမ်တန်းပြန်မလား… ”

အစ်ကိုဖြစ်သူက ဘယ်လောက်မေးမေး ဖိုးလုံးက မျက်လုံးကြီးပြူးပြီး

အရှေ့တည့်တည့်ကိုပဲ မျက်စိအသေကြီးနဲ့စိုက်ကြည့်နေတယ် ၊

ပြီးတော့ ဘာတစ်ခွန်းမှလည်း စကားပြန်မပြောဘူး ၊ တစ်ချက်တော့ ဖိုးပြုံး

စိတ်ထဲမှာ ထိတ်သွားမိပေမယ့် ညီဖြစ်သူဖိုးလုံးအသောက်များပြီး

ပလက်ကျွတ်သွားတာလို့ပဲမှတ်လိုက်တယ် ပြီးတော့ စက်ဘီးနောက်မှာ ခွထိုင်ဖို့

အတင်းခေးတင်လိုက်ပြီးအိမ်ကိုပဲတန်းပြန်လာလိုက်တယ်… ၊

ခုနတုန်းက သီချင်းအော်ဆိုနေတဲ့ကောင်အခုတော့ ချော်လဲပြီးတော့

ငြိမ်ကျသွားလိုက်တာအနောက်မှာ ဘယ်သူမှမပါလာသလိုမျိုးပဲ… ၊

ပိုထူးဆန်းတာက စက်ဘီးက ခုနကထက်စာရင်ပိုလေးနေမိတာကို

ခံစားမိတယ်… ၊အကွေ့နေရာတွေတို့ခဲတစ်ခုခုကို တက်နင်းမိတာတို့ဆို

စက်ဘီးရဲ့နောက် ဘီးက တဒုတ်ဒုတ်နဲ့ဖြစ်နေတာကို သိသိသာသာ ခံစားမိလိုက်တယ်

ဒါပေမယ့်အလာတုန်းက စက်ဘီးဘီးဖာထားတာ မလုံလို့ လေပြန်စိမ့်တာလို့ပဲ

မှတ်ထားပြီး ဖိုးပြုံးအိမ်ကိုပဲအရောက်ပြန်လာလိုက်တယ်အိမ်ရှေ့ရောက်တော့

ဖိုးလုံးရဲ့ ထူးထူးဆန်းဆန်းအမူအရာက ပိုသိသာလာတာကိုမြင်လိုက်ရမှအံ့သြသွားမိတော့တယ် ။

ဖိုးလုံးက စက်ဘီးပေါ်ကနေ ခုန်ဆင်းလိုက်ပြီးတော့

ချက်ချင်းဆိုသလို သူကနှဖူးတွေ ဦးခေါင်းတွေကိုအိမ်ရှေ့က ကွန်ကရစ်လမ်းနဲ့

တစ်ချက်ပြီးတစ်ချက်အရှိန်ကြီးနဲ့ ပစ်ဆောင့်နေလိုက်တာ ခွက်ခနဲခွက်ခနဲ သွေးတွေလည်း

စီးကျလာလိုက်တာ မျက်နာပေးမှာ ရွှဲနေတာပဲ…. ၊အဲ့လိုလုပ်နေတာကို မြင်မြင်ချင်းအစ်ကိုလုပ်တဲ့

ဖိုးပြုံးက ညီဖြစ်သူကိုအဲ့လိုမလုပ်ဖို့သွားဆွဲပြီးတော့အိမ်ထဲကအဖေနဲကဦးလေးတွေကို

လှမ်းခေါ်လိုက်တယ်….

“ ဟေ့ယောင် သောက်ရူး မင်းဘာတွေ ရူးရူးမူးမူးလျောက်လုပ်နေတာလဲ

ငါမင်းသောက်ခွက်ကို ပိတ်ထိုးလိုက်ရမလား… ၊ ထစမ်း…. ၊အဖေရေ….၊

ဦးဝင်းတို့ဦးမြင့်တို့ရေ…အိမ်ရှေ့ကိုမြန်မြန်လာကြပါဦးဗျာ ဒီမှာအငယ်ကောင်

ဘာတွေဖြစ်နေတာလဲမသိဘူး…ဒီကောင်အမူးလွန်ပြီး ရူးသွားပြီထင်တယ် ”

ဖိုးပြုံးရဲ့အော်သံကြောင့်အိမ်ထဲကလူတွေအပြင်အိမ်နီးချင်းတွေပါ ပြေးထွက်လာကြပြီး

ဖိုးလုံးအဖြစ်ကိုမြင်တာနဲ့ တန်းပြီးဝိုင်းဆွဲလိုက်ကြတယ်….အားကောင်းမောင်းသန် ယောကျာ်းကြီး

လေးယောက်လောက် က လူဗလန်လေး ဖိုးလုံးကို ဝိုင်းထိန်းတာကို မနိုင်ဘူးဖြစ်နေကြတယ် ၊

ဖိုးလုံးက တစ်ချက်ရုန်းလိုက်တာနဲ့ သူ့ကိုတွဲထားတဲ့သူတွေကအတွဲလိုက်ကြီး လိုက်ယိမ်းနေတာကို

မြင်လိုက်ရတော့အားလုံးက ပို ထိန်လန့်သွားကြတယ် ၊ နောက်တော့ ဖိုးလုံးရဲ့အဖေက

ရပ်ကွက်ထဲမှာ သူ့ဘာသူတစ်သက်လုံးအေးဆေးနေလာရာကနေအခု မူးမူးရူးရူးဖြစ်နေတဲ့ ဖိုးလုံးကြောင့်

အရက်ကွဲရပြီဆိုပြီး ဖိုးလုံးကို မာန်မဲပြီးပြောလိုက်တယ်

“ ဟေ့ယောင် ဖိုးလုံး မင်းအခုမရပ်သေးဘူးဆို ငါ့လက်သီးတွေလာတော့မယ်နော်

မင်းအဲ့ကျမှ ငါ့ကိုစိတ်မဆိုးနဲ့အခုရပ်လိုက်စမ်း ”

အဖေလုပ်တဲ့သူကအဲ့လိုလည်းပြောလိုက်ရော ဖိုးလုံးက မျက်လုံးတစ်ခုလုံးထူးထူးခြားခြား

နီရဲ့နေရင်းကနေအဖေကိုတစ်ချက်ကြည့်လိုက်ပြီး သူ့ကိုဝိုင်းချုပ်ထားတဲ့ကြားက ရုန်းပြီး

ခြောထောက်နဲ့ လှမ်းကန်ပါလေရော….

သားလုပ်တဲ့သူရဲ့မထင်ထားတဲ့အပြုအမူကြောင့် ပိုဒေါသထွက်သွားပြီး

ရှက်ကလည်းရှက်နဲ့ ဖိုးလုံးကို သူ့အဖေက လှိမ့်ထိုးပါလေရော…တစ်ခွက်ခွက်နဲ့

ထိုးနေလိုက်တ မြင်မကောင်းအောင်ပဲ…..ဖိုးလုံးကလည်း ငြိမ်နေတယ်ထင်လို့လား

သူ့အဖေကိုအပြန်အလှန်ပြန်ထိုးတာပေါ့….ဘေးလူတွေက ဘယ်လောက်ဆွဲဆွဲ

မရတဲ့အဆုံး မိသားစုပြသနာထဲဝင်မပါချင်တာနဲ့ ဘေးကကြည့်နေတဲ့အဆင့်မှာပဲ

နေနေကြတုန်း ဖိုးလုံးရဲ့အပြုအမူကြောင့် ဖိုးလုံးရဲအစ်ကို ဖိုးပြုံးအပါအဝင် ၊

ဖိုးပြုံးနဲ့ ဖိုးလုံး တို့ရဲ့ ဦးလေးတွေကပါ ဖိုးလုံးကို ဝိုင်းထိုးကြပါလေရော…

လေးယောက်ငါးယောက်လောက်က လူဗလန်လေး ဖိုးလုံးကို ဝိုင်းထိုးတာကို

ဖိုးလုံးက မျက်နာတစ်ချက်မပျက်တဲ့အပြင် ဝူးဝူးဝါးဝါးနဲ့ တိရစ္ဆာန်ရိုင်းတစ်ကောင်လိုအော်ဟစ်ရင်း

အပြန်အလှန်ထိုးနေလိုက်တာအားလုံးအံ့သြနေမိကြတယ် ၊ ဒီဖြစ်စဉ်ကိုကြည့်ပြီး

အိမ်နီးချင်းတွေထဲကအမျိုးသမီးတစ်ယောက်ကအခြေအနေတစ်ခုကိုရိပ်စားမိလိုက်ပြီး

ချက်ချင်း ရပ်ကွက်ထဲကအထပ်လမ်းဆရာတစ်ယောက်ကို သွားပင့်လာခဲ့လိုက်တယ်… ၊

မကြာခင်မှာပဲအထပ်လမ်းဆရာရောက်လာပြီးအမိန့်ပေးလိုက်တဲ့အခါ

“ ဟဲ့ မိစ္ဆာကို ဆိုင်ရာက လက်ပြန်ကြိုးတုပ်ထားလိုက်စမ်း….

အိမ်စောင့်နတ်ကအိမ်ထဲကို ရိုက်သွင်းပေး…. ”

ဆရာက ဘယ်လောက်စွမ်းတယ်မသိ ၊ ဖိုးလုံးတစ်ယောက်အပြန်အလှန်ထိုးကြိတ်နေရင်းက

လက်ပြန်ကိုတစ်ယောက်ယောက်ကအနောက်ကနေ ချုပ်ပြီးကြိုးချည်လိုက်သလို လက်နှစ်ဖက်လုံးနောက်မှာ

ပူးလျက်သားလေးနဲ့ ဖြစ်နေပြီးအိမ်ထဲကို ဝင်သွားတော့တယ်… ၊ ဖိုးလုံးအနောက်ကအထပ်လမ်းဆရာနဲ့

ဝိုင်းကြည့်နေကြတဲ့သူတွေအကုန်လိုက်ပါလာခဲ့ကြတယ် ၊ ဒီအဖြစ်အပျက်တွေကိုအားလုံးအံ့သြတကြီး

ဖြစ်နေရတယ်… ဘယ်သူမှ မသိဘူး မမြင်ဖူးကြတော့ ဖိုးလုံးတို့မိသားစုတွေကအစ ထူးဆန်းနေတာပေါ့ ။

ဦးဆုံးအထပ်လမ်းဆရာက ဖိုးလုံးမိသားစုကို ခွင့်တောင်းတယ်

သူဖိုးလုံးကို ကုသဖွင့်ရနိုင်မရနိုင်ဆိုတဲ့အကြောင်း…မိသားစုက ချက်ချင်း လိုလိုလားလားခွင့်ပြုလိုက်တဲ့အခါ

အထပ်လမ်းဆရာက ဖြစ်ကြောင်းကုန်စင်ကို ဖိုးလုံးရဲ့အစ်ကို ဖိုးပြုံးကိုမေးလိုက်တဲ့အခါ

ဖိုးပြုံးကလည်း ဘယ်ကဘယ်လိုဖြစ်တယ်ဆိုတာ သေချာပြောပြလိုက်တယ် ၊

ဒီအခါမှ ဖိုးလုံးကိုအပမှီလာပြီဆိုတာ သိလိုက်ပြီး ဆရာကအေးဆေးတည်တည်ငြိမ်ငြိမ်လေး

ကုသပေးတော့တယ် ၊ ဖိုးလုံးကတော့ ခုနကလိုမဟုတ်ဘူး ဘုရားစင်ရှေ့မှာ သိမ်သိမ်မွှေ့မွှ့လေးနဲ့

ခေါင်းလေးငုံ့ပြီး ငြိမ်သွားပြီ…. ။

“ မင်းဘယ်သူလဲ..ဘာောကာင့် ဒီ ကယကံရှင်ကို ဒုက္ခပေးနေတာလဲ ”

ဆရာက မေးလိုက်တော့အပမှီနေတဲ့ ဖိုးလုံးက ချက်ချင်းပြန်ဖြေတယ်

“ ကျုပ်တို့က သရဲပ် ကိုယ့်စည်းကိုယ့်ကမ်း ကိုယ်နယ်နဲ့ကိုယ်နေနေကြတာပါ…

ဒါပေမယ့် ဒီကောင်က ကျုပ်တို့အိမ်နေရာမှာ ဒီအမူသမားက စည်းမဲ့ကမ်းမဲ့အပေါ့လာသွားတယ်

ပြီးတော့ မတောင်းပန်ပြီးထပြန်သွားတာကို ကျုပ်တို့မကျေနပ်ဘူး ၊ နောက်ပြီးပြီး

ကျုပ်တို့ကျွတ်လွတ်ချင်လို့ ဒီကိုလိုက်လာတာ… ၊ ဒီကောင့်ကိုတော့ ကျုပ်သက်ရမှကျေနပ်မယ် ”

အဲ့လိုပြောလိုက်တော့ ဆရာလုပ်တဲ့သူက ချက်ချင်း

“ ဆရာကတော့ ဆရာ့လူနာကို ကာကွယ်မှာပဲ…

သူက မင်းတိုကအိမ်နေရာကို မမြင်လို့ မသိလို့လုပ်ခဲ့တာကို မင်းတို့ကလည်းခွင့်လွတ်ပေး ၊

မင်းတို့အိမ်နေရာကိုအညစ်အကြေးနဲ့ စည်းကမ်းမဲ့ပြုမူခဲ့တာကို ဆရာ ဒီကာယကံရှင်ကိုယ်တိုင်

မင်းတို့ကျေနပ်တဲ့အထိ တောင်းပန်ခိုင်းမယ်…. ၊ မင်းတို့ကို ကျွတ်လွတ်အောင်လည်း

ဆရာတို့ကူညီပေးမယ် ဟုတ်ပြီလား မင်းတို့က ဘယ်နှစ်ယောက်မို့လို့လဲ… ”

“ ဆရာကယ်လို့ ဒီကောင့်ကိုမသတ်တော့ဘူး…. ၊

ကျုပ်တို့က မောင်နှမနှစ်ယောက်ပါ .. ဒီနေရာမှာနေနေတာကြာလှပါပြီ

တစ်ခါမှအမျှအတန်းပေးဝေတာမျိုးမကြုံဖူးခဲ့တော့ ဒုက္ခဆင်းရဲခံနေရပါတယ် ”

“ ဟုတ်ပြီ ဆရာမင်းတို့ကို ကူညီမယ်ဟုတ်ပြီလား

မင်းတို့မောင်နှမအတွက်ဘယ်လိုတွေ လုပ်ပေးရမလဲ ”

ဆရာကမေးလိုက်တော့ ဖိုးလုံးကိုဝင်စီးထားတဲ့သရဲက

ပြောပြတယ်

“ ကျုပ်တို့မောင်နှမနဲ့တစ်ခြားမကျွတ်မလွတ်ကြသေးတဲ့သူတွေအတွက်ရည်စူးပြီး

ဒီနေ့ကနေ ဆယ်ရက်အတွင်းမှာ သံဃာတော်တွေကို ဒီအိမ်မှာပဲပင့်ဖိတ်ပြီး

ကုသိုလ်လုပ်ပေးပါ ၊အမျှဝေခါနီး ၊ တရားနာခါနီးကျရင်လည်း ကျုပ်တို့မောင်နှမနာမည်ကို

ခေါ်ပေးကြပါ ”

“ မင်းတို့နာမည်တွေက ဘာတဲ့လဲ … ”

“ စိုင်းခွန်နောင် နဲ့ နန်းအိန္ဒြာပါ ဆရာ ”

ပတ်ဝန်းကျင်ကလူတွေကလည်း သူတို့နာမည်တွေကိုအမြန်လိုက်မှတ်ပေးလိုက်ကြတယ် ၊

အဲ့ဒီနောက် ဆရာနဲကစကားနည်းနည်းလောက်ဆက်ပြောပြီးတော့ ထွက်သွားကြတယ်… ၊

ဝင်စီးနေတဲ့ ပရလောကသားထွက်သွားတော့ ဖိုးလုံးတစ်ယောက် သူဘာဖြစ်မှန်းတောင်သူမသိလိုက်ဘဲ

ကြောင်စီစီဖြစ်နေရှာတယ်… ၊

ဖိုးလုံးကိုဝင်စီးခဲ့တဲ့ ပရလောကသားက သူတို့တွေကိုအမျှမဝေခင်အထိ ဒီအိမ်အဝင်ဝမှာရှိတဲ့

အိမ်တိုင်နေရာနားကနေ ဘယ်နေရာမှ မခွါဘူးလို့ ပြောထားတာကလည်းရှိပြန်တော့ ကာယကံရှင်မိသားစုတွေ

ကျောချမ်းသွားကြပြီးအားချင်းဆိုသလို ဒီအဖြစ်တွေဖြစ်ပြီးနောက်ပိုင်းနောက်တစ်နေ့မှာတင်

ဘုန်းကြီးငါးပါးပင့်ဖိတ်ပြီးအလှူအသေးစားလေးလုပ် ၊ ဘုန်းတော်ကြီးတွေကိုအကျိုးအကြောင်း

လျှောက်တင်ထားလိုက်ပြီး စိုင်းခွန်နောင် နဲ့ နန်းအိန္ဒြာတို့ မောင်နှမအပါအဝင် မကျွတ်မလွတ်သေးသူအပေါင်း

၊ ၃၁ဘုံသားအားလုံးကို ရည်စူးပြီးအမျှကုသိုလ်ပေးဝေဖြစ်ခဲ့ကြတယ်… ၊အဲ့ဒီ့နောက်ပိုင်းတော့

ဘာမှထူးထူးခြားခြားဆက်မဖြစ်တော့ဘူး… ၊ ဖိုးလုံးဒဏ်ရာတွေကတော့ တော်တော်လေး

ကုယူလိုက်ရတယ် ….. ၊ နောက်ဆို ဖိုးလုံးလည်း မဆင်မခြင်နဲ့ စည်းမဲ့ကမ်းမဲ့ ဘာကိုမှ

မလုပ်ရဲလောက်တော့တဲ့အထိကို ဖြစ်သွားခဲ့တယ်………. ။

#END

ကြိုးစားပါဦးမည် …

~ မိုးစွေ ~

စာပြီးချိန် - 13.5.2019 ( 8 : 58 Am )

#lotaya_shortstory

အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" ဖတ်ဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို

ဒီလင့်ခ် ကနေနှိပ်ပြီး ဒေါင်းလုဒ်ဆွဲထားဖို့တော့လိုမယ်နော်





Some text some message..