“ ဂျပန်စစ်သား စောင့်နေသည် ”
日本人のへいしが待っています { じじつ }
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ - ဆုံး )
“ နိဟွန်းဂျင်းနို့ ဟဲအိရှိ (ဂ) မတဲအိမတ်စု ………………. ”
ဂျပန်စာကိုမြင်တိုင်းအမှတ်မထင်အသံထွက်ဖတ်ဖတ်မိတတ်နေတဲ့အကျင့်က
ဂျပန်စာလေ့လာနေသူ သတိုးအတွက်အဆန်းတကျယ်တော့မဟုတ်တော့ပါဘူး…. ၊
ထူးဆန်းတာက ဒီနေရာမှာ ဘာလို့ ဒီစာမျိုးကိုတွေ့နေရတာလဲဆိုတာကို
စဉ်းစားရကြပ်နေမိတာပဲ … ဒီလောက်ခေါင်လွန်းလှတဲ့ရွာမှာ
ဂျပန်စာ…..အင်္ဂလိပ်စာ …တခြားဘာသာစကားတွေမပြောနဲ့ မြန်မာစာတောင်
သေစာရှင်စာလောက်ပဲ တတ်ကြတဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာပဲ
ကြီးပျင်းလာကြပုံရတဲ့ ရွာမှာနေသူတွေက …. ဒီလိုမျိုး ဂျပန်စာကို
ရွာအဝင်အ၀ ရွာနာမည်ထိုးထားတဲ့ဆိုင်းဘုတ်အောက်မှာရှိတဲ့
သစ်ပြားလေးမှာ ဘာကြောင့်များ ထွင်းထားနိုင်တာလဲဆိုတာလေး … ၊
ရွာထဲရောက်မှာ ဒေသခံတွေကိုသေချာမေးတော့မယ်ဆိုပြီး
သတိုး တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ကျောပိုးအိတ် ကြိုးလေးကို လက်နှစ်ဖက်နဲ့
တင်းတင်းကိုင်ထားရင်း ဆက်လျှောက်သွားလိုက်တယ် …. ၊
မြေကြမ်းပြီး ဆိုင်ကယ်တိုးမပေါက်တဲ့ ဒီလိုတောတောင်ထဲမှာ ခြေထောက်က
ပိုအသုံးဝင်နေတယ်လေ ၊ သတိုးက ရန်ကုန်သားစစ်…
ရန်ကုန်သားဆိုပေမယ့် ပထဝီဘာသာနဲ့ ဘွဲ့ရကျောင်းပြီးထားပြီးတော့
လက်ရှိမှာလည်း ပထဝီနဲ့ပတ်သတ်တဲ့ နိုင်ငံခြား ကုမ္ပဏီတစ်ခုမှာ
ဝန်ထမ်းဝင်လုပ်နေတဲ့သူတစ်ယောက် ၊ သူတို့အလုပ်ကအလုပ်လာအပ်တဲ့သူ
လိုချင်တဲ့ပုံစံမျိုးရတဲ့အထိကို မြေပုံတိတိကျကျဆွဲပေးတာတို့
မြေတိုင်းပေးရတာတို့ကို လုပ်ပေးရတာလေ… ၊အစိုးရမြေတိုင်းရုံးက
အလုပ်နဲ့ ခပ်ဆင်ဆင်တူတယ်… ၊အပြင်ထွက် field ထဲမှာ survey ဆင်းရတဲ့အခါ
ရုံးက ဝန်ထမ်းတွေကို လိုအပ်တာတစ်ကိုယ်ရည်စာအပြည့်အစုံနဲ့ ခရီးစရိတ်ပေးပြီး
လွှတ်တတ်တယ်…. ၊ သွားနိုင်ခြင်း မသွားနိုင်ခြင်းဆိုတာ ဝန်ထမ်းတွေမှာလည်း
ရွေးချယ်ခွင့်ရှိကြပါတယ် … ၊ တစ်ခါတစ်လေ မတည်ငြိမ်သေးတဲ့ ဒေသတွေအထိကို
သွားပြီး မြေတိုင်းကြရတယ်… ၊ တစ်ခါသွားရရင်အဖွဲ့လိုက် ၃ယောက်တွဲအနည်းဆုံး
သွားကြရတယ်…သုံးယောက်လုံးက သူတို့တွေတိုင်းရမယ့် နေရာဝန်းကျင်ကိုရောက်ရင်
အဲ့နေရာတွေကိုမရောက်ခင်အနီးဆုံး နေ့ချင်းပြန်သွားနိုင်လောက်တဲ့ ဆက်သွယ်ရေးအဆင်ပြေလောက်တဲ့
မြို့ကြီး ၊ မြို့ငယ် ၊ ရွာကြီး ၊ ရွာငယ် တွေမှာ စုရပ်အဖြစ်အခြေချကြတယ် … ၊ နောက်တော့
သူတို့တိုင်းတာရမယ့်အစွန်အဖျားနေရာတွေကို မတိုင်းတာခင်ရက်ပိုင်းလောက်စောပြီး
ဒေသအခြေအနေကိုသွားကြည့်ကြတယ် … တိုင်းတာလို့အကောင်းဆုံးနေရာ ၊
မြေပြင်မှာ ကြာရှည်ခံအမှတ်အသားလုပ်လို့ရတဲ့နေရာကိုရှာဖွေကြတယ် ၊ သတိုးကိုယ်တိုင်က
စွန်စားခန်းဖွင့်တဲ့စာအုပ်တွေ သည်းထိတ်ရင်ဖိုစာအုပ်တွေကို ဖတ်ပြီးကြီးလာတဲ့သူတစ်ယောက်ဆိုတော့
စွန့်စားရတာကိုကြိုက်တယ် ၊အသက် နှစ်ဆယ်ကျော်အရွယ်ဆိုပေမယ့်အဲ့ဒီ့လိုရူးတတ်တဲ့စိတ်လေးနဲ့အတူ
အရမ်းခေါင်တဲ့ဒေသတွေကို သွားဖို့ကိစ္စရှိလာတိုင်း သတိုးက ရှေ့ဆုံးက သွားမယ့်စာရင်းပေးလေ့ရှိတယ် ၊
တစ်ရုံးလုံးက သတိုးကို လက်ဖျားခါကြတာအဲ့လိုအကြောင်းတွေကြောင့်လည်းပါတယ် ၊
သတိုးက သူများမသွားချင်…မသွားရဲတဲ့နေရာတွေဆို တက်တက်ကြွကြွသွားတတ်တာမို့လေ ၊
အခုလည်း မြန်မာပြည်မြေပုံထဲမှာတောင် ပြူးဖြဲရှာနေရတဲ့ တောထဲတောင်ထဲကရွာသေးသေးလေးတစ်ခုကို
သတိုးတစ်ယောက်တည်း ကွင်းဆင်းကြည့်နေပြန်တယ်…အနီးဆုံးရွာကြီးမှာ ကျန်ခဲ့တဲ့
အဖော်နှစ်ယောက်ကတော့ သတိုးအကြောင်းပြန်လာတာနဲ့အလုပ်စဖို့ပြင်နေကြတယ်… ၊
ဒီခရီးစဉ်ကိုလည်းထုံးစံအတိုင်း သတိုးကိုယ်တိုင်စိတ်အားထက်သန်စွာနဲ့ ရွေးထားတာမဟုတ်လား…. ။
“အရီးလေး မင်္ဂလာပါခင်ဗျာ… ကျေးဇူးပြုပြီး ကျွန်တော့်ကို ရွာက
တာဝန်ရှိတဲ့သူဆီကိုလမ်းညွန်ပေးပါလားခင်ဗျာ … ”
ရွာဝင်ဝင်ခြင်းမှာ မြင်လိုက်ရတဲ့ ရွာသူအဒေါ်ကြီးတစ်ယောက်ကို
ဖော်ရွေရိုးသားတဲ့လေသံနဲကနှုတ်ခွန်းဆက်သလိုက်ပြီး လှမ်းညွန်ဖို့
အကူညီတောင်းလိုက်တော့အဒေါ်ကြီးက သတိုးကို လူစိမ်းမို့ထင်တယ်
အံ့သြတကြီးကြည့်နေရင်းက လမ်းညွန်ပေးလိုက်တယ်… ၊
မကြာခင်မှာပဲ သတိုးတစ်ယောက် သူကြီးအိမ်ကိုရောက်လာခဲ့တယ် ၊
သူကြီးအိမ်ကိုအရောက်ခင်လမ်းတစ်လျောက်မှာ တစ်ရွာလုံးမှာရှိတဲ့
လူတွေ နေပုံထိုင်ပုံ ၊အိမ်အနေအထားတွေကိုလည်းအကဲခတ်ခဲ့သေးတယ် ၊
ထူးထူးခြားခြားရယ်လို့မတွေ့သေးဘူး ၊အခြားရွာပုံစံတွေအတိုင်းပါပဲ… ၊
သူကြီးအိမ်ကလည်း ထုံးစံအတိုင်းတစ်ခြားရွာတွေက သူကြီးအိမ်တွေလို
တစ်ရွာလုံးမှာအခန့်ထည်ဆုံးဖြစ်နေတာကိုလည်းတွေ့လိုက်ရတယ် ၊
အိမ်ရှေ့ရောက်တော့ ရွာသူကြီးနဲ့တွေ့ချင်တဲ့အကြောင်းကိုလှမ်းပြောလိုက်တယ်
ဒီအခါမှအိမ်ထဲက သူ့ကိုစိမ်းစိမ်းကြီးကြည့်နေတဲ့ မိန်းကလေးတွေက
သူကြီးကိုသွားခေါ်ပေးပြန်တယ်…မကြာခင်မှာပဲ ၀၀ဖိုင့်ဖိုင့်ကြီးနဲ့လူတစ်ယောက်
အိမ်ထဲကနေထွက်လာခဲ့တယ် …. ။
“ ကျုပ်ကိုမေးနေတယ်ဆိုတာ ဒီကမောင်ရင်ထင်တယ် ”
အခြေအနေကိုကြည့်ပြီး ရွာသူကြီးမှန်းသိသွားတော့ သတိုးက
သူ့ရဲ့ခါးကို လေးလေးနက်နက်ဟန်လေးနဲ့ ကိုင်းညွတ်ချလိုက်ပြီးတော့
“ ဟုတ်ပါတယ်ခင်ဗျာ…သူကြီးမင်းခင်ဗျ..ကျွန်တော်က
ရန်ကုန်ကနေလာခဲ့တာပါ….၊အဘတို့ရွာရဲ့နယ်နိမတ်တစ်ခုမှာ မြေတိုင်းလို့ရတဲ့ နေရာရှိမရှိ ရွာအခြေအနေကိုလာလေ့လာတာပါ ၊အဘဆီက ခွင့်ပြုချက်လာတောင်းရင်းနဲ့
ရွာထဲမှာ တစ်ညလောက် တည်းချင်လို့အကူအညီလေးလည်းလာတောင်းတာပါသူကြီးမင်းခင်ဗျာ ”
“အေးကွယ်…ရွာထဲမှာ တည်းဖို့ကတော့မပူပါနဲ့
မောင်ရင်တို့ တိုင်းတာတယ်ဆိုတာတွေကိုတော့ တို့တွေ နားမလည်ပါဘူးကွယ်…
ဘာဖြစ်ဖြစ် မောင်ရင်တို့အလုပ်က ကျုပ်တို့ရွာကိုမထိခိုက်ဘူးသေချာရင် လုပ်ပေါ့ကွယ်…. ၊
ခွင့်ပြုပြီးသားပါ… ဒီလောက်ခေါင်တဲ့ရွာလေးအထိလာနိုင်တဲ့ မြို့သားဆိုလို့လည်း
ကျုပ်တစ်သက် မောင်ရင်တစ်ယောက်တည်းတွေ့ဖူးသေးတယ် ဟား..ဟား..
သြော်ဒါနဲ့ မောင်ရင့်နာမည်က ဘယ်သူ ”
ဖော်ရွေသဘောကောင်းလွန်းတဲ့ သူကြီးကြောင့်
သတိုးအလုပ်အတွက် ပထမအဆင့်အောင်မြင်သွားတာမို့
ပြုံးရင်း သက်ပြင်းလေးခိုးချမိလိုက်ပြီး
“ ဟုတ်ကဲ့ဗျ ကျွန်တော့်နာမည်က သတိုးပါဗျာ (….)ကုမပ္ပဏီကဝန်ထမ်းတစ်ယောက်ပါ ”
“အေးကွယ်…သတိုး..လူလေးလည်းဗိုက်ဆာရောပေါ့
ကဲကဲလာ ဟော…ဟိုဘက်မှာမြင်နေရတဲ့အိမ်လေးတွေ့လား
အဲ့ဒီ့အိမ်မှာ ဂျပန်ကြီးဆိုတဲ့ ဘကြီးတစ်ယောက်ရှိတယ်
သူ့ဆီမှာ တည်းခိုရင်း ရေမိုးချိုး ခဏနားဦးကွယ်….
လာလာ ငါလိုပို့ပေးမယ် ”
သတိုးတစ်ယောက် ရွာသူကြီးနောက်က ကုတ်ကုတ်လေး
လိုက်သွားခဲ့လိုက်တယ် ။
အိမ်ရဲ့အနေအထားက တော်တော်ခိုင်ခံ့တဲ့ သစ်မျိုးတွေကိုသုံးထားပုံရတယ်… ၊
ဆောက်လုပ်ထားတဲ့ နည်းစနစ်တွေ ထုပ်တန်းတွေကို ချုပ်ထားပုံတွေ ၊အိမ်တိုင်အနေအထားတွေကို
အိမ်ထဲရောက်မှ ပိုသတိထားမိသွားတယ် …အတွင်းပိုင်းအနေအထားတစ်ချို့က မြန်မာနည်းနဲ့လုံးဝမတူပဲ
အပြင်ကကြည့့်ရင်သူလိုကိုယ်လိုဆိုပေမယ့်အထဲကျမှ ပိုသိသာကွဲလွဲနေတာကို
မြင်လိုက်ရတယ် ၊အိမ်ထဲမှာတော့ ဆံပင်တွေဖွေးဖွေးဖြူနေတဲ့အသက် ၆၀ ဝန်းကျင်
လူကြီးတစ်ယောက်ကို ထိုင်လျက်သား တစ်ခုခုကိုလေးလေးနက်နက်တွေးနေတဲံပုံစံမျိုးနဲ့
မြင်လိုက်ရတယ် ၊
“ ဂျပန်ကြီးရေ … ဒါက ရန်ကုန်မြို့ကလာတဲ့ ဧည့်သည်ကွဲ့…
တို့ရွာမှာလည်း မင်းတစ်အိမ်တည်း သပ်သပ်ရပ်ရပ်နဲ့ကျကျနနလေးရှိပြန်… ၊
မင်းအိမ်မှာလည်း မင်းတစ်ယောက်တည်းဆိုတော့ လူငယ်လေး နေရထိုင်ရတာ
လွတ်လပ်တာပေါ့ကွယ်…. ကဲ လူလေး သတိုးရေ … ဂျပန်ကြီးနဲ့သာနေရစ်ခဲ့ပေတော့
လိုအပ်တာရှိရင်အဘဆီအချိန်မရွေးလာခဲ့နော်…. ဂျပန်ကြီးလေး ကောင်လေးကို
ဂရုစိုက်ပေးလိုက်ဦးကွာ… ”
သူကြီးက သတိုးကို နှုတ်ဆက်ပြီးပြန်သွားတော့
ဂျပန်ကြီးဆိုနဲ့သတိုးသာကျန်ခဲ့တယ်
“ ကောင်လေး…မင်းတို့ရန်ကုန်ကို ငါတစ်ခေါက်တော့ရောက်ဖူးတယ်
ငါရောက်တုန်းကအခြေအနေနဲ့အခုဆိုအများကြီးကွဲလွဲနေပြီထင်ရဲ့ ”
“အဘက ဘယ်တုန်းကရောက်ဖူးတာလဲ ”
သတိုး ရုတ်တရက်မေးလိုက်တဲ့စကားကို မဖြေချင်သလိုနဲ့
လွှတ်ခနဲထွက်သွားတဲ့ သူ့စကားကို သူပြန်ထိန်းတဲ့ပုံစံနဲ့ ဂျပန်ကြီးက
“ လူလေး မင်းရေအရင်ချိုးချေ…ပြီးမှ တို့တူဝရီးတွေ
စကားအေးဆေးပြောကြတာပေါ့ကွယ်…. ”
သတိုးစိတ်ထဲမတင်မကျဖြစ်နေပေမယ့်အိမ်ရှင်စကားမို့
အဒွန့်မတက်ဝံ့တော့ဘဲအိမ်ရှေ့ကအဝီစိရေတွင်းလေးနားမှာ ရေအရင်ပြေးချိုးလိုက်တယ် …. ၊
ရေချိုးပြီးပြန်တက်လာတော့အိမ်ထဲမှာ ရွာထမင်းဝိုင်းလေးနဲ့အဆင်သင့်
ပြင်ပြီး စောင့်နေတဲ့ ဂျပန်ကြီးကိုတွေ့လိုက်ရတယ် ၊ သတိုးလည်းတစ်နေကုန်
ပင်ပန်းလာတာမို့ မြန်မြန်အဝတ်လဲပြီး ထမင်းကိုအငမ်းမရ စားသောက်လိုက်တယ် ၊
ဗိုက်ကလေးပြည့်သွားတော့သူ့စိတ်ထဲတစ်ခုခု တွေးမိလာတယ်…. ၊
ဒီအဘနာမည်က ဂျပန်ကြီးတဲ့…ရွာအဝင်ဝမှာလည်း ဂျပန်စာတွေရေးထားတာမြင်ခဲ့တယ်… ၊
ဒီစာတွေက ဒီအဘလက်ချက်များလား… ၊ ဒါဆို ဒီဘဘ ဂျပန်ကြီးက ဂျပန်စာတွေတတ်နေတာလား ၊
ဒီလိုခေါင်လွန်းတဲ့နေရာမှာ ဒီစာတွေကိုဘယ်လိုသင်ခဲ့တာလဲ… ၊ ရန်ကုန်ကိုလည်း သူရောက်ဖူးတယ်ပြောတယ်၊
သူ့နာမည်ကရော ဘာလို့ ဂျပန်ကြီးဖြစ်နေတာလဲ…. ၊
သတိုးရဲ့အတွေးစတွေကိုအသံတစ်သံက ချေဖျက်လိုက်တော့တယ်
“ လူကလေး…အဘနာမည်ကိုစိတ်ဝင်စားနေတာထင်တယ်…ဟားဟား ”
သတိုးတစ်ချက်အံ့သြပြီး မျက်နာဟန်မဆောင်နိုင်အောင်ဖြစ်သွားမိတယ်
စိတ်ထဲမှာလည်း ဒီအဘ ငါ့စိတ်ထဲကအကြောင်းတွေကို ဘယ်လိုများသိနေသလဲလို့ တွေးလိုက်မိတယ် ၊
အတွေးစတွေနဲ့အတူ ခေါင်းကိုတဆက်ဆက်ငြိမ့်လိုက်မိတဲ့နောက် ဂျပန်ကြီးဆိုသူအဘက
“ မအံ့သြပါနဲ့…လူစိမ်းတိုင်းအဘကိုစိတ်ဝင်စားကြတာ မစမ်းပါဘူး … ”
“ ဟုတ်တယ်အဘ…အဘနာမည်ရယ် ၊ ရွာအဝင်အဝမှာရေးထားတဲ့ စာအကြောင်းရယ်ကို
ကျွန်တော် ဝေခွဲမရဖြစ်နေတာ ”
“ သြော်…လူလေးကအဲ့စာလေးကိုမြင်ခဲ့သေးတယ်ပေါ့လေ…. ”
“ ဟုတ်တယ်အဘ ကျွန်တော်က ဂျပန်စာကိုလေ့လာနေတဲ့သူတစ်ယောက်မို့
အဲ့ဒီ့စာလေးကိုလည်းသေချာနားလည်တယ်အဘ ”
“ လူလေးက ဂျပန်စာသင်နေတာလား….ဒါဆိုပိုအဆင်ပြေတာပေါ့……
ဒီစာလေးရဲ့အဓိပ္ပါယ်ကို လူလေးဘယ်လိုနားလည်လဲ ”
သတိုးအဖြေကြပ်သွားပြီးတော့ သူတွေးမိသလို
စာလုံးပေါင်းမိတဲ့အတိုင်းပြောချလိုက်တယ်
“ 日本人のへいしが待っています { じじつ }
နိဟွန်းဂျင်းနို့ ဟဲအိရှိ (ဂ) မတဲအိမတ်စု
ဂျပန်စစ်သား စောင့်နေသည် …. လို့ ကျွန်တော် နားလည်ပါတယ်အဘ…. ”
ဒီအခါမှ ဂျပန်ကြီးက ကျေနပ်သွားဟန်နဲ့
“ လူလေးပြောတာမှန်တယ် ….အဘက လူလေးဂျပန်စာတကယ်တက်မတက်
စမ်းကြည့်ချင်လို့မေးလိုက်တာပါ…. ဟား… ”
“ ဒါဆိုအဘ ဒီစာအကြောင်းနဲ့အဘနဲ့ဘယ်လိုဆက်စပ်တယ်ဆိုတာ
ကျွန်တော် သိခွင့်များရနိုင်မလားခင်ဗျာ ”
“ လူလေးက ခေတ်ပညာတတ်ဆိုတော့အဘပြန်ဖြေတာတွေကို
ယုံကြည်ဖို့ခတ်နေမယ်… ၊ နောက်ပြီးအဘကိုလည်း လူလိမ်ကြီး ၊အရူးကြီးလို့
ထင်မှာလည်းစိုးတယ်ကွယ်..ဖြေချင်ပေမယ့် မဖြေသင့်ဘူးလို့ထင်တယ်ကွယ် ”
“ ဟာအဘရယ် မဟုတ်တာပဲ ကျွန်တော်ကိုယ်တိုင်က သိချင်လို့
မေးတာပဲအဘရယ်…အဘက ပုံမှန်လူတစ်ယောက်ဆိုတာလည်း
အဘနဲ့ စတွေ့ပြီးကတည်းက ကျွန်တော်သိတယ်… ဘာလို့လဲဆို
ကျွန်တော်က စာဖတ်ရတာအရမ်းဝါသနာပါတယ်… ၊ ပုံမှန်ဖြစ်နေတဲ့သူနဲ့
စိတ်တဇဖြစ်နေတဲ့သူကို ကျွန်တော် ကောင်းကောင်းခွဲတတ်ပါတယ်…
အထူးသဖြင့် မျက်လုံးက စကားတွေကို ဖတ်ပြီးတော့ပိုသိတာပေါ့အဘ… ”
“ လူလေးက လူတော်ပဲ ကိုယ်ဖတ်ထားတဲ့စာအုပ်တွေထဲက ပညာတွေကိုပါ
လက်တွေ့အသုံးချတတ်တဲ့သူဆိုတော့…ကဲပါလေ…လူလေးယုံကြည်တယ်ဆိုတော့
အဘ ဆက်ပြောရမှာပေါ့…. ဒီလိုကွဲ့….
အရင်တုန်းကအဘတို့ဒီရွာလေးက ရွာရယ်လို့သက်သက်မှတ်မှတ် မရှိသေးတဲ့အချိန်….
လွန်ခဲ့တဲ့ နှစ်တွေအများကြီးကြာခဲ့တဲ့အချိန်တွေကပေါ့…. ၊
ဒီရွာမှာ ဂျပန်တပ်သားတွေအများကြီး တပ်စွဲခဲ့ကြတဲ့ စစ်စခန်းတစ်ခုရှိခဲ့ဖူးတယ်… ”
“ ဟင်…အဘဒီအသက်အရွယ်နဲ့ ဂျပန်တွေရှိခဲ့တယ်လို့ ဘာလို့တပ်အပ်ပြောနိုင်တာလဲ…
အဲ့တုန်းကအချိန်ဆိုအဘက မွေးပြီးမို့လို့လား….ဒါမှမဟုတ်အဘရဲ့အဘိုးအဘွားတွေပြန်ပြောပြတာလား ”
“ လူလေးက သိပ်လောသကို……ဒီမယ်..
အဘပြောတာလေးကိုသာ စိတ်ရှည်ရှည်နဲ့နားထောင်ကြည့်….
ဒီဇာတ်လမ်းကလုံးဝဖြစ်ရပ်မှန်ဆိုတာအဘအသက်နဲ့ရင်းပြီးအာမခံရဲတယ်
ဇာတ်လမ်းထဲမှာ ပရလောကနဲ့သက်တိုင်တဲ့ သွေးပျက်စရာလေးတွေနည်းနည်းတော့ပါမယ်
လူလေးသရဲတွေဘာတွေ ကြောက်တတ်လား ”
သတိုး မျက်နာငယ်လေးနဲ့ ချက်ချင်းပြန်ဖြေလိုက်တယ်
“ ဗျာ…ကျွန်…ကျွန်…ကျွန်တော်လားအဘ…
ကျွန်တော် ကြောက်…ကြောက်တတ်တာပေါ့ဗျာ… ဒါပေမယ့်
ခရီးတွေဘာတွေသွားတော့ ကြောက်တိုင်းအမြဲရွတ်တတ်တဲ့
သရဏဂုံလေးအားကိုးပြီးသွားလာနေတာပဲအဘရေ
ပရလောကကို သူများတွေဘယ်လိုနားလည်ထားတယ်တော့မသိဘူး
ကျွန်တော်တော့ ရောက်ရာအရပ်မှာ ကိုယ်တည်းမဲ့နေရာရောက်ရင်
ကိုယ့်အရင်ရောက်ခဲ့ ပိုင်ခဲ့တဲ့သူတွေအပါအဝင်အားလုံးကို မေတ္တာပို့အမျှဝေပြီးမှ
အိပ်ဖြစ်တယ်…အဲ့ဒါတွေကြောင့်ထင်တယ်…အခုထိတော့ တစ်ကြိမ်မှ မကြုံသေးဘူးအဘရေ… ”
“ ဟား… ဒီလောက်ဆို လူလေး ဘယ်လောက်ကြောက်တတ်တယ်ဆိုတာ
အဘသိပါပြီ….အပေါ့အပါးကိစ္စရှိရင်တခါတည်းသွားထားနော်… ”
သတိုးက ခေါင်းခါပြတော့ ဂျပန်ကြီးက တစ်ချက်ပြုံးလိုက်ရင်း
“ ကဲ ..ဒါဆိုလည်း တို့တွေ လွတ်လပ်လေး မရသေးတဲ့ခေတ်….
မြန်မာ့မြေက ဂျပန်တွေကိုအင်္ဂလိပ်နဲ့ မြန်မာ့မျိုးချစ်တပ်မတော့ ပေါင်းပြီး
တွန်းလှန်တိုက်ပွဲဝင်နေတဲ့ ခေတ်ကလေးတစ်ခုဆီကို ပြန်သွားလိုက်ကြတာပေါ့………
အဲ့ဒီ့တုန်းကလေ……… ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ ရဲဘော်တို့ သင်တို့သည်အမိဂျပန်ပြည်ကြီးနဲ့
ဂျပန်ဘုရင်မင်းမြတ်အတွက်အမှုတော်ထမ်းရွက်နေကြတဲ့
ရဲရဲတောက် သူရဲကောင်းတွေဖြစ်ကြတယ်…. ၊ ဒီတော့
တို့သွေးတွေ ဘယ်လောက်ရဲတယ်ဆိုတာကို ဒီနေ့ မြောက်ပိုင်း
စစ်မြေပြင်မှာ ပြသခွင့်ရတော့မယ်… ဂျပန်စစ်သားတွေဆိုတာ
ဘယ်တော့မှ လက်နက်မချဘူး… ၊ မတော်တဆ ရှုံးနိမ့်သွားရင်တောင်
ရန်သူ့လက်မှာအသေမခံဘူး…. ၊ ကိုယ့်ဘာကိုယ်သက်သေပစ်ကြရမယ် ၊
ရဲဘော်တို့အမိဂျပန်အင်ပါယာကြီးနဲ့ ဂျပန်ဘုရင်မင်းမြတ်အတွက်
အသက်ပေးဖို့အဆင်သင့်ပဲလား….ဟေ့ ”
“အဆင်သင့်ပါပဲ ဗိုလ်ကြီး ”
“ ကောင်းပြီ တို့တွေအောင်ပွဲခံဖို့ ရန်သူတွေကို
အကုန် သုတ်သင်ကြဖို့ ပြင်ဆင်ထားကြ ဒီည တိုက်ပွဲနေရာကို
သွားကြမယ် ၊ လက်ဦးမှုယူထားရမယ် ကြိုတင်ဗျူဟာခင်းထားနိုင်မှ
ဖြစ်မယ် မဟုတ်ရင် ဟို ဗမာကောင်အစုတ်ပလုတ်တွေနဲ့အရှည်ကောင်
အင်္ဂလိပ်တွေ တို့ကို လာသတ်ကြလိမ့်မယ် ၊ ကဲပြင်ကြတော့ ရဲဘော်တို့.. ”
ဂျပန်စစ်ဗိုလ်ကြီးရဲ့အာဏာသံနဲ့အမိန့်ပေးလိုက်တာကြောင့် တပ်စခန်းမှာရှိတဲ့
စစ်သားတွေအကုန်လုံး ကိုယ်ပိုင်ပစ္စည်းတွေကို ချင်ချင်း ပြေးလွှားစစ်ဆေးကြရင်း
စစ်ဝတ်စုံအပြည့်အစုံဝတ်နေကြတယ် ၊အားလုံးကိုယ်စီက ကိုယ့်အလုပ်ကိုယ်လုပ်ကြရင်းနဲ့
ပြာယာခတ်နေကြပုံက ပုရွတ်ဆိတ်ကလေးတွေ မိုးရွာခါနီးမို့ တွင်းနားဝန်းကျင်မှာ
ဟိုပြေးဒီပြေး ဖြစ်နေကြပုံနဲ့ တူနေတယ်…. ၊
အဲ့လို ပြေးလွှားလှုပ်ရှားနေကြတဲ့ စစ်သားပေါင်းများစွာထဲကမှအမှတ်မထင်
ဂျပန်စစ်ဗိုလ်ကြီးနားက ဖြတ်သွားတော့မယ်လို့ပြင်နေတဲ့ ဂျပန်စစ်သားလေးအိုးယားစံ ကို
မြင်တော့ ဘာရယ်မဟုတ်ပဲ ဗိုလ်ကြီးက လှမ်းခေါ်လိုက်တယ် … ၊
“အိုယားစံ …ဒီလိုခဏလာစမ်း ”
“ ရောက်ပါပြီ ဗိုလ်ကြီး …အလေး..ပြု ”
“အေး…မင်းကို ငါ တာဝန်တစ်ခုပေးစရာရှိတယ်
မင်းတာဝန်ကျေအောင် ထမ်းဆောင်မယ်မဟုတ်လား…. ”
အထပ်က ဗိုလ်ကြီးရဲ့အမိန့်ကို စိတ်ဝင်တစားနဲ့
အိုယားစံတစ်ယောက် နားထောင်ရင်း
“ ဟုတ် တာဝန်ကျေတဲ့အထိအသက်ပေးပြီး
တာဝန်ထမ်းဆောင်ပါ့မယ်လို့ ကတိပြုပါတယ် ”
“ ကောင်းပြီ….ဒီတပ်ရင်းတွေအားလုံးက မနက်ဖြန် တိုက်ပွဲကိုသွားကြရတော့မယ်
ငါတို့ပြန်လာချင်လည်းပြန်လာနိုင်မယ် မလာချင်လည်းမလာနိုင်တော့ဘူး… ၊
ဒါပေမယ့် မင်းကတော့ တို့နဲ့ မလိုက်ရဘူး…..ဒီနေရာကို တို့တွေ ပြန်မလာနိုင်ခင်အထိ
ဒီစခန်းနေရာကနေ တစ်ဖဝါးမှ မခွါဘဲ ကာကွယ်စောင့်ရောက်ပေးရမယ်လို့
အမိန့်ပေးခဲ့တယ် ရဲဘော်အိုယားစံ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါ ”
“ ဟုတ်ကဲ့ပါ ဗိုလ်ကြီး ကျွန်တော်အသက်သေတဲ့အထိ တာဝန်ကို
အသက်နဲ့လဲပြီး ထမ်းဆောင်ပါ့မယ်လို့ ကတိပြုပါတယ် … ကျွန်တော်တာဝန်ကျတဲ့နေရာမှာ
ရန်သူတွေတစ်ယောက်မှ မလာနိုင်တဲ့အထိအသက်ပေးကာကွယ်သွားပါမယ် ၊
ဂျပန်အင်ပါယာကြီး နေမင်းကြီးလို တောက်ပပါစေ…….အလေးပြု ”
အိုယားစံရဲ့ ပြန်ပြောလိုက်တဲ့လေသံနဲ့ စကားကို ဂျပန်စစ်ဗိုလ်ကြီးက
ကျေနပ်သလိုနဲ့ တစ်ချက်ပြုံးလိုက်ရင်းအိုယားစံရဲ့ ပုခုံးကို ပုတ်လိုက်ရင်း
ထွက်သွားတော့တယ် ၊
အဲ့ဒီ့နေ့ညက ဂျပန်ဗိုလ်ကြီးနဲ့ သူ့ရဲ့သူငယ်ချင်းရောင်းရင်း တပ်မတော်သားတွေကို
နောက်ဆုံးမြင်လိုက်ရလိုက်ခြင်းလို့ဆိုရမယ်…. ၊ တိုက်ပွဲဝင် ဂျပန်စစ်သည်တော်တွေအားလုံးကို
ဗမာ့မျိုးချစ်တပ်မတော် နဲ့ မဟာမိတ်တပ်တွေ နှစ်ဖွဲ့ပေါင်းအင်းအားအလုံးအရင်းလက်နက်အပြည့်အစုံ
လေကြောင်းအင်အားတွေရောကြောင့် ဘယ်လိုမှ တင်းမခံနိုင်တော့ဘဲ ဂျပန်စစ်သားတွေ
အတုန်းအရုန်း သေဆုံးသွားကြပြီး တိုက်ပွဲမှာ ကျဆုံးသွားကြတယ်… ၊အဖြစ်အပျက်တွေက
မနေ့တစ်နေ့ကလိုပါပဲ…. မနေ့ကမှ တစည်းတလုံးတည်း နိုင်ငံတော်သီချင်းတွေသီဆို ၊
ညစာကိုအတူတူဝိုင်းဖွဲ့စားကြရင်း မနက်ဘက်စစ်ထွက်သွားကြတဲ့ ရောင်းရင်းတွေ
တစ်ယောက်တစ်လေမှ ပြန်မလာလေခြင်းဆိုကတည်းကအိုယားစံအခြေအနေကို
ရိပ်စားမိလိုက်တယ် ၊ ဒါပေမယ့် ကတိတည် သစ္စာစောင့်တတ်အမိန့်နာခံလွန်းတဲ့
ဂျပန်စစ်သားပီပီ သူ့အထပ်ကအရာရှိပေးခဲ့တဲ့အမိန့်အတိုင်း ကျေပွန်အောင်
စခန်းဟောင်းနေရာလေးမှာပုန်းအောင်းနေရင်း ရန်သူ့တပ်တွေ ဖြတ်သန်းအလာကို
စောင့်ရင်း မိုင်းတွေကြိုထောင်ထားလိုက်တယ် ၊ နာရီပိုင်းအတွင်း သူမှန်းထားတဲ့အတိုင်းပဲ
ရန်သူ့စစ်တပ်ကအလုံးအရင်းနဲ့ ပြေးဝင်လာကြတာကိုမြင်လိုက်ရတယ် ၊ သူထောင်ထားတဲ့မိုင်တွေကြောင့်
လူတစ်ချို့ကတော့ ကြွေလွင့်သွားကြပြီ…အခု သူ့ဘဝရဲ့အချိန်မှာ ဂျပန်ပြည်ကြီးမှာရှိတဲ့
သူ့အမေနဲ့ မွေးရပ်မြေက မိသားစုတွေကို တစ်ချက်သတိရသွားမိတယ် … ၊ တစ်ဖက်မှာလည်း
ဂျပန်နိုင်ငံတော်အတွက် ဂုဏ်ယူစွာအသက်ပေးရတော့မှာမို့ ဝမ်းနည်းဝမ်းသာမျက်ရည်ကျလိုက်မိရင်း
စက်သေနတ်ကို တင်းတင်းဆုပ်ကိုင်ထားရင်းအသံအကျယ်ကြီးနဲ့မာန်တင်းအော်လိုက်ရင်း
သေနတ်ကိုကျည်ကုန်တဲ့အထိ ဆွဲရမ်းပစ်လိုက်တယ်…. ၊
“ ဂျပန်အင်ပါယာကြီးအဓွန့်ရှည်ပါစေ … ”
“ ဒတ်…ဒတ်...ဒတ်…ဒတ်…ဒတ်…ဒတ် ”
“ ဖောင်းဖောင်းဖောင်း ဒိုင်း ”
မကြာခင်မှာပဲ တစ်ဖက်က လာတဲ့ ကျည်ဆံမိုးတွေက
အိုယားစံရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ဝင်လျှိုထွက်သွားတော့တယ် ၊
အိုယားစံတစ်ယောက် မျက်လုံးအပြူးသားနဲ့ သူ့တာဝန်ကိုကျေပွန်အောင်
မထမ်းဆောင်နိုင်တော့ဘူး ၊ ဒီနေရာကို မကာကွယ်နိုင်တော့ဘူးဆိုတဲ့
အသိတွေနဲ့ မျက်လုံးမမှိတ်နိုင် စိတ်မချနိုင်စွာနဲ့ မြေပြင်ပေါ် ပတ်လက်လန်လဲကျသွားတော့တယ် ၊
စစ်ယူနီဖောင်းတစ်ခုလုံးကတော့ ရဲရဲနီလို့…… ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လွတ်လပ်ရေးရပြီးနောက်ပိုင်း ၊ ရွာငယ်လေးရှိတဲ့နယ်မြေအပိုင်းတွေမှာ
အေးချမ်းနေပြီး ၊ တိုင်းသူပြည်သားတွေ စစ်ပွဲရဲကအပျက်အစီးတွေကြားထဲကနေ
ပြန် ကုန်းထဖို့ ကြိုးစားနေကြတဲ့အချိန်လေး…. ၊ တစ်ချိန်ကအိုယားစံတို့
ဂျပန်စစ်တပ်တွေ စခန်းချခဲ့ကြတဲ့နေရာလေးမှာတောင် ရွာငယ်လေးတစ်ခု
ဖြစ်နေခဲ့ပြီ… ၊
အဲ့ဒီ့ရွာလေးမှာနေကြတဲ့သူတွေကအခြားအခြားသော နေရာတွေကနေ
ရေခံမြေခံကောင်းမွန်တဲ့နေရာတစ်ခုကိုရှာဖွေရွှေ့ပြောင်းလာကြတဲ့သူတွေမို့
ဒီနယ်ရဲ့ ငယ်မွေးခြံပေါက်တွေ မဟုတ်ကြဘူး… ၊ ဒီမြေသမိုင်းကြောင်းကို
မသိကြသလို … ၊ ဒီမြေပြင်မှာဖြစ်ပျက်ခဲ့သမျှ သမိုင်းပုံရိပ်တွေကိုလည်း
မသိနိုင်ကြဘူး…. ၊
ရွာကလေးအိမ်ခြေ ဆယ်ဂဏန်းလောက်နဲ့အစပြုထားတာမို့
လူအရမ်းနည်းပြီး တောထဲတောင်ထဲမှာည်းဖြစ်နေတာကြောင့်အပြင်လောက
ပတ်ဝန်းကျင်နဲ့အသွားအလာအဆက်အသွယ် ပြတ်တောက်နေသလိုဖြစ်နေပြန်တယ်
လိုအပ်တာမှန်သမျှကိုလည်း ရွာထဲတင်အပြန်အလှန်ကူညီကြရင်းပြည့်စုံနေပြီးသားမို့
အပြင်ထွက်ပြီး တစ်ခြားရွာတွေဆီအဆက်အသွယ်နည်းပါးတာလည်းပါတယ် ၊
ရွာထဲမှာ ရွာပြင်ဘက်ကတစ်ခြားရွာတွေနဲ့မြို့တွေဆီကိုအမြဲလိုလို မဖြစ်မနေ
အဆက်အသွယ်လုပ်နေရတဲ့အိမ်တစ်အိမ်တော့ရှိနေသေးတယ် ၊
အဲ့ဒီ့အိမ်က ကိုဘကျော် နဲ့ မကြင်မြိုင် တို့အိမ်ပဲ ၊ ကိုဘကျော်တို့ လင်မယားက
သားသမီးမထွန်းကားကြဘူး ၊ လင်မယားနှစ်ယောက် တောင်ယာအလုပ်အကိုင်ကိုလည်း
ဝါသနာမပါကြတာမို့အနီးဆုံးမှာရှိတဲ့ မြို့တွေ ၊ နယ်တွေအထိ တက်ပြီး လိုအပ်တဲ့
ကုန်ခြောက်လေးတွေကို ဝယ်ပြီး ရွာထဲမှာ ကုန်ခြောက်ဆိုင်အသေးလေးဖွင့်ရင်း
စီးပွားရှာဖြစ်တယ် ၊ သူတို့အလုပ်အကိုင်လေးကအလုပ်ဖြစ်တယ်လို့ဆိုရမယ် ၊
တစ်ရွာလုံးပြေးကြည့်မှ ဒီတစ်ဆိုင်တည်း ရှိတာမို့ စီးပွားရေးကအဆင်ပြေတယ်လေ ၊
ကိုဘကျော် တစ်ခါတစ်ခါ မြို့ဘက်ကို ခရီးသွားရင် သုံးလေးရက်လောက်အထိကြာတတ်တယ် ၊
တစ်နေ့ ထုံးစံအတိုင်း ကိုဘကျော်တို့ ဆိုင်ငယ်လေးအတွက်
ကုန်ခြောက်ပစ္စည်းလေးတွေလိုအပ်လာတော့ မြို့ဘက်ဆီကို သွားဖို့အကြောင်းဖန်လာပြန်တယ် ၊
ထုံးစံအတိုင်း သူ့ရဲ့ မယားချောလေး မကြင်မြိုင်ကို နှုတ်ဆက်ပြီး မြို့ကိုတစ်ယောက်တည်း
ထွက်သွားလိုက်တယ် ၊ သူ့ကျောမှာပိုးထားတဲ့ ဘေးလွယ်အိတ်ထဲမှာတော့ သူအမြဲဆောင်တတ်တဲ့
ဆောင်ဓါး ဓါးမြှောင်လေးတစ်ချောင်းနဲ့ ရိက္ခာခြောက်တွေ ပါလေ့ရှိတယ် ၊ ဒီလိုနဲ့
ကိုဘကျော်တစ်ယောက် မြို့တက်သွားပြီး လိုအပ်တဲ့အသား ငါးအခြောက်အခြမ်းတွေ
ကုန်ခြောက်တွေကို သယ်လာပြီး တစ်ယောက်တည်း ရွာဆီပြန်လာဖြစ်တယ် …. ၊
ခါတိုင်းသူပြန်လာနေကျက မနက်ပိုင်း… ၊ ဒီတစ်ကြိမ်လမ်းမှာစီးလာတဲ့ ကားကြီးက
ပျက်နေတာနဲ့မို့ ညအချိန်မတော်ကြီးမှ ရွာထဲကို ဝင်လာဖြစ်တယ်… ၊ ရွာကလည်း လမ်းမကြီးကနေ
ရွာအထဲကိုရောက်ဖို့ တော်တော်လေးကို ခြေလျင် လျှောက်ရတာမို့ ပါလာတဲ့ ကုန်ပစ္စည်းတွေ မနိုင်တနိုင်နဲ့
နားလိုက် ဆက်လျှောက်လိုက်နဲ့ တစ်ယောက်တည်း လှမ်းလာခဲ့တယ် ၊အစကတည်းက
အကြောက်အလန့်မရှိတဲ့သူမို့ ပတ်ဝန်းကျင်ကိုသိပ်ဂရုမစိုက်နေတတ်ဘူး… ၊ ဒါပေမယ့်
ရွာအဝင်အဝနေရာနားအရောက် ရွာအဝင်မှာရှိတဲ့ ညောင်ပင်ကြီးတစ်ပင်နားရောက်တော့
ညောင်ပင်ကြီးက လေမတိုက်ပဲ ယိမ်းယိုင်နေတာကို ထူးထူးဆန်းဆန်းတွေ့လိုက်ရတယ် ၊
ရုတ်တရက်မို့ စိတ်ထဲထူးဆန်းနေတာရယ် တစ်ခါမှ ဒီလိုမကြုံဖူးတာရယ်ကြောင့်
ကိုဘကျော် စိတ်ထဲ နည်းနည်းတော့ ကြောက်မိသလိုဖြစ်သွားမိတယ် ၊ ဒါပေမယ့််
ကိုဘကျော်အပင်ကြီးကိုမကြည့်ပဲအောက်ကိုငုံ့ထားရင်း လမ်းဆက်လျောက်လိုက်တယ် ၊
အပင်ကြီးနားရောက်လေလေ ကျောထဲမှာ စိမ့်တက်လာလေလေဖြစ်နေပြန်တယ် ၊
လမ်းတစ်လျောက်ကြည့်ပြန်တော့လည်း ညမှောင်မှောင်ကြီးမှာ သက်ရှိဆိုလို့
ကိုယ်တစ်ယောက်တည်းဖြစ်နေတာမို့ နည်းနည်းလေးတော့အားငယ်မိသွားသလိုခံစားမိလိုက်ရတယ် ၊
မကြာခင်မှာပဲ နားထဲမှာ စကားသံတွေဆက်တိုက်ကြားနေရတယ် ၊ သူကြားနေရတဲ့
အသံတွေက ပီပီသသပါပဲ ဒါပေမယ့် မြန်မာစကားမဟုတ်တဲ့အတွက် ဘာတွေပြောနေမှန်း
သူနားမလည်ဘူးဖြစ်နေတယ် ၊ နောက်တော့အမှတ်မထင်အရဲစွန့်ပြီး ညောင်ပင်ကြီးဆီကို
လှမ်းကြည့်လိုက်မိတော့ ညောင်ပင်ကြီးပေါ်မှာ မျက်လုံးနီရဲရဲကြီး တွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံး
မဲမှောင်နေတဲ့ လူတစ်ယောက်က ဂျပန်စစ်သား စစ်ဝတ်စုံအပြည့်ဝတ်ထားရင်းအပင်ခွကြားမှာ
ဆောင့်ဆောင့် ထိုင်နေတာကိုလှမ်းမြင်လိုက်ရတယ် ၊ မကြုံစဖူးမို့ ရင်ထဲ ထိတ်ခနဲဖြစ်သွားရင်
မျက်ဝန်းသူငယ်အိမ်တောင်ပြူးသွားမိတယ် ၊ ဒါပေမယ့် ကိုယ့်စိတ်ကို ကိုယ်ပြန်ထိန်းထားလိုက်တယ် ၊
အပင်ပေါ်က မဲမဲသတ္တဝါကြီးက ကိုဘကျော် ဒီလမ်းကို ဖြတ်မှာကို မကြိုက်သလိုနဲ့ ရန်လိုတော့မလို
လုပ်ပြနေတယ် ၊ လူတစ်ယောက်ထက်စာရင် ၊ သတ္တဝါကြီးတစ်ကောင်နဲ့ ပိုတူနေသေးတယ် ၊
မှောင်မဲနေတဲ့ညဆိုပေမယ့် လရောင်အားကိုးနဲ့ မသဲမကွဲလေး မြင်နေရတယ် ၊
လူ့ရဲ့အသိစိတ်ကလည်း လှုံ့ဆော်ပေးတတ်တာမို့ တစ်ဖက်ကတစ်စုံတစ်ရာရဲ့
ခံစားချက်ကိုကြိုသိနေသလိုပဲ ၊ ကိုဘကျော်လည်း သူ သရဲခြောက်ခံနေရပြီဆိုတာကို
သိလိုက်ပြီးပြေးရင်လည်း လွတ်မယ်မထင် ၊ ကျောပေါ်မှာလည်းအထုတ်အပိုးတွေနဲ့မို့
မရဲတရဲအားတင်းထားပြီး လှမ်းအော်လိုက်တယ်
“ ငါ ဒီရွာသား…ငါ့ရွာငါပြန်လာတယ်ကွာ…. မင်းကဘာဖြစ်ချင်တာလဲ
မင်းက ဘာကောင်လဲကွ ”
ကိုဘကျော် စကားသံတွေက တုန်ယင်နေတာကိုကြည့်ပြီး
ကြောက်စိတ်ကို ထိန်းထားနေရတယ်ဆိုတာကို ခန့်မှန်းနိုင်တယ် ၊
တစ်ဖက်က လည်း ကိုဘကျော်ကို ဘာမှပြန်မတုန့်ပြန်ပဲ
အူထဲအသဲထဲအထိ ကြောက်စရာကောင်းလောက်တဲ့ မျက်လုံးနီရဲကြီးတွေနဲ့
စိုက်ကြည့်နေပြန်တယ် ၊ ကိုဘကျော်လည်း မထူးပါဘူးဆိုပြီး
ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင် ထွက်ပြေးပါလေရော ၊
အဲ့ကျမှအပင်ပေါ်ကအကောင်ကြီးကအပင်ပေါ်ကနေ မျောက်တစ်ကောင်လို
ဇောက်ထိုးကြီး ကုပ်တွယ်ဆင်းလာပြီး ကိုဘကျော်နောက်ကို ပြေးလိုက်လာတော့တယ် ၊
ကိုဘကျော်လည်းအသက်ဘေးမို့ ကျောပေါ်က ကုန်ခြောက်တွေရော ပါလာသမျှပစ္စည်းတွေပါ
အကုန်ထားခဲ့ပြီး လူပဲအလွတ်ပြေးထွက်ခဲ့လိုက်တယ် ၊
မိုးစင်စင်လင်းလာတော့ ကိုဘကျော်ကို ရွာလယ်ခေါင်နေရာမှာ သတိလစ်နေတဲ့အနေအထားနဲ့
တွေ့လိုက်ကြရတယ် ၊အဲ့ဒါနဲ့ ရွာက ဘုန်းတော်ဆီခေါ်သွား ပရိတ်ရည်တွေတိုက် ၊ မြန်မာတိုင်းရင်းဆေးတွေနဲ့
ကုသလိုက်တော့ ခဏချင်း ကိုဘကျော်သတိရလာတယ် ပြီးတော့ ကရောင်ချောက်ချားတွေ
ထအော်သေးတယ် …
“ မလာနဲ့ မလာနဲ့ ဂျပန်သရဲကြီး ဂျပန်သရဲ မဲမဲကြီး
ဂျပန်စစ်သားကြီး မလာနဲ့ ငါ့ဆီမလာနဲ့ ”
အကြိမ်ကြိမ်အဲ့လိုအော်နေရာက ဘုန်းတော်ကြီးက
ဘုရားစာတွေရွတ်ဖတ်ပေးလိုက်ရာက တော်တော်လေးကြာတော့မှ
လူကောင်းပကတိပြန်ဖြစ်သွားတယ် … ၊အဲ့ကျမှ သူကြုံခဲ့လာတာတွေကို
သေချာပြန်ပြောပြပါလေရော ၊ ကိုဘကျော်ပြောတဲ့စကားတွေကို လူနည်းစုက
လက်ခံပေမယ့် မယုံတဲ့သူက ပိုများကြတယ် ၊ ကိုဘကျော်ကအရက်မသောက်တတ်လို့
အရက်မူးပြီးပြောတာ မဟုတ်ဘူးဆိုပေမယ့် ညဘက်မို့ တစ်ယောက်တည်း မြင်ချင်ရာမြင်
သွေးလေချောက်ချားပြီးအထင်မှားတာလို့ပဲ ကောက်ချက်ချလိုက်ကြတယ် ။
ပိုပြီးထူးခြားဖြစ်လာတာက ကိုဘကျော်ဒီလိုကြုံပြီးနောက်ပိုင်း
ရွာထဲကအဲ့နေရာမှာ ညဘက် သွားစမ်းကြတဲ့လူငယ်တွေ ကာလသားတွေ
ရှိလာတယ် ၊ တစ်ချို့ ကာလသားတွေဆုအိမ်ကနေအမဲသားအစမ်းတွေကိုပါသယ်သွားပြီး
အဲ့အပင်အောက်မှာ ချထားရင်း သွားစမ်းကြသေးတယ် ၊ စမ်းကြတဲ့သူတိုင်းလည်း
ကိုဘကျော်ပြောသလို ပုံစံနဲ့အတိအကျတူတဲ့ ဂျပန်စစ်သားသရဲကြီး
အနောက်က လိုက်တာကို ခံကြရတယ် ၊ ထူးခြားချက်က ညဘက်မှ
အဲ့ဒီ့ သရဲကြီးက ခြောက်လန့်တတ်တာပဲ… ၊
ဒီလိုသတင်းတွေကြောင့် ရွာထဲကလူတွေ ရွာပြင်ကို မသွားရဲကြတော့ဘူး ၊
အရေးအကြောင်းရှိလို့သွားရင်လည်း မနက်ပိုင်း မိုးစင်စင်လင်းနေမှ သွားတတ်ကြတယ် ၊
အပြန်နောက်ကျတဲ့အခါမှာလည်း ရွာထဲပြန်မဝင်တော့ဘဲ ခရီးလမ်းမှာပဲ ဖြစ်သလိုအိပ်ဖြစ်လိုက်ကြတယ် ၊
နောက်နေ့မိုးလင်းပြီးအလင်းရောင်သေချာရမှ ရွာကိုပြန်ရဲကြတော့တယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီလိုနဲ့ နှစ်တွေအလှလှကြာလာတဲ့အခါ……
ရွာငယ်လေးမှာရှိတဲ့ ကိုဘကျော်နဲ့မကြင်မြိုင်တို့လင်မယားမှာ သားဦးလေးတစ်ယောက်
မွေးဖွားလာခဲ့ကြတယ် ၊ တစ်ရွာလုံးက ဒီတစ်သက် ကလေးမရနိုင်တော့ဘူးလို့ ထင်ထားတဲ့
လင်မယားက ကလေးလေးရသွားကြတော့ တစ်ရွာလုံးအံသြနေကြရတယ် ၊ တစ်ရွာလုံးတင်မကဘူး
ကိုဘကျော်တို့လင်မယားကိုယ်တိုင်လည်းအံ့သြနေမိကြတယ် ၊ သူတို့ကလေးလေးကလည်း
မွေးလာကတည်းကအဖေနဲ့ရောအမေနဲ့ပါ ရုပ်မတူဘူး ၊အသားအရည်ကလည်း ဖြူဖွေးဥနေပြီး
အနီရောင်ဘက်ပါသမ်းနေပါရော့ ၊ ကလေးလေးစကားပြောတတ်တဲ့အရွယ်ရောက်ကတည်းက
ဘယ်သူမှဘာမှ မသင်ပေးပါဘဲ မြန်မာစကားမဟုတ်တဲ့စကားတွေကိုပြောပြောနေတတ်တယ် ၊
“ နိဟွန်းဂျင်းနို့ ” ဆိုတဲ့ စကားကို ပိုပြောနေတတ်တယ် ၊
သူဘာကိုဆိုလိုချင်တယ်ဆိုတာတစ်ယောက်မှ နားမလည်ကျဘူး ၊
ကလေးလေးအရွယ်ရောက်လို့ လမ်းလျှောက်တတ်လာခါစမှာအမေနဲ့အဖေအလုပ်ရှုပ်နေတုန်း
တစ်ယောက်တည်းအိမ်ကနေ ထွက်သွားပြီး ရွာအဝင်အဝနားက ညောင်ပင်ကြီးအောက်နားက
မြေကြီးတွေကို လက်နဲ့ ယက်နေတတ်တာကို ရွာသားတစ်ချို့ကမြင်ပြီး ကလေးကိုအိမ်ကို
ပြန်ခေါ်သွားပေးရတာအကြိမ်ကြိမ်ပဲအဲ့လို ပြန်ခေါ်သွားတိုင်းလည်း
ကလေးက ငယ်သံပါအောင်ကိုအော်ငိုနေတတ်တယ် ၊ နောက်တော့ ကလေးငယ်လေး
တစ်ခုခုထူးဆန်းနေတာကို သတိထားမိလာကြပြီး လူကြီးတွေက ကလေးကို
ချော့မေးကြတယ် ၊
“ သားသား ဒီညောင်ပင်ကြီးအောက်မှာ ဘာသွားလုပ်တာလဲ ”
“ သားပစ္စည်းတွေရှိလို့သွားတူးတာ ” တဲ့…
ကလေးအဖြေကို မယုံရဲ ယုံရဲနဲ့ ရွာက လူကြီးတွေစုပြီး
ကလေးကိုညောင်ပင်ဆီကိုခေါ်လာခဲ့ကြတယ် ၊ ညောင်ပင်ဆီရောက်တော့
ကလေးကအရင်ပြေးပြီး မြေကြီးတွေကို ဖယ်နေတာကိုမြင်လိုက်တယ်… ၊
ကလေးမြေကြီးတွေကို ဖယ်နေတဲ့ယက်နေတဲ့နေရာနားကိုဦးတည်ပြီး
ရွာထဲကလူတွေ ဝိုင်းတူးကြပါလေရော ၊ တူးရင်းတူးရင်းက သုံးပေနီးနီးလောက်တူးပြီးတဲ့အခါ
ညောင်မြစ်တွေပွေရှုပ်နေတဲ့ကြားက တူးနေတဲ့ ပေါက်တူးတစ်ချောင်း မြေအောက်က
ခပ်မာမာရှိတာတစ်ခုနဲ့ ထိမိတဲ့အသံကို ကြားလိုက်ရတယ်
တစ်နေကုန်တူးနေရာကအသံတစ်သံကြားရတော့ တစ်ရွာလုံး
အံ့သြတကြီးစိတ်ဝင်စားသွားကြပြီးအဲ့ဒီနေရာကိုဦးစားပေး သတိထားပြီး
တူးယူကြတယ် တော်တော်လေးတူးပြီးတော့မှ သံချေးတွေတက်နေတဲ့
စစ်လက်နက်တွေ ၊ ဂျပန်စစ်သားအသုံးအဆောင်ပစ္စည်းတွေ ၊ ဂျပန်ဓါး ၊ တွေကို
ဝတ်ဆင်ထားတဲ့အရိုးစုတစ်ခုကို တွေ့လိုက်ကြတယ် ၊ သူ့ခေါင်းရင်းမှာ
သံသေတ္တာတစ်လုံး… ၊ သံသေတ္တာလေးကိုဖွင့်လိုက်တော့
ဟောင်းနွယ်းစုတ်ပျက်နေတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ၊ စစ်သုံးမှန်ပြောင်း ၊
ကျည်ဆံတွေ ၊ စစ်လက်နက်အသေးစားလေးတွေနဲ့ ဒင်္ဂါးပြားတွေ ၊
သံသေတ္တာအသေးစားထူထူလေးတစ်ခုကိုလည်းတွေ့လိုက်ရတယ် ၊
သံသေတ္တာအသေးလေးက နှစ်ချို့နေတော့ ဖွင့်ရခတ်ခဲနေတဲ့အထိ သံချေးတွေ
တွယ်ညိနေတယ်အဲ့ဒီ့ လက်တစ်ဝါးစာ သံသေတ္တာဘူးအသေးလေးကို
ဖွင့်လိုက်တဲ့အခါ သေတ္တာထဲက ဂျပန်ဝတ်စုံနဲ့ ရှေ့ဆုံးက ထိုင်နေတဲ့မိန်းမကြီးတစ်ယောက် ၊
သူ့နောက်က ဂျပန်စစ်သားတစ်ယောက်နဲ့ ဂျပန်စစ်သားဘေးမှာ သူ့မိန်းမ နဲ့ သားလေးကိုကပ်လျက်
မြင်ရတဲ့အဖြူအမဲဓါတ်ပုံလေးက ထင်ရှားနေတာကိုအံ့သြတကြီးမြင်လိုက်ရတယ်… ၊ ဓါတ်ပုံအောက်မှာ
ဟောင်းနွမ်းစုတ်ပျက်နေတဲ့ စာရွက်လေးတွေနဲ့ ဂျပန်ရှေးခေတ်ငွေစက္ကူတွေကို မြင်တွေ့ကြရတယ် ၊
ကလေးငယ်လေးကအဲ့ဒီပစ္စည်းတွေကိုကြည့်ပြီး ရှိုက်ကြီးတငင်ငိုယိုလို့ ……. ။
အိမ်ရှင်အဘက စားပြောနေရင်းက မောလွန်းလို့ ရေနွေးလေး ငှဲ့သောက်နေတုန်း
သတိုးကဇာတ်လမ်းတစ်ခုလုံးမှာ မြောပါသွားရာက သိချင်စိတ်ကို ဟန်မဆောင်နိုင်တော့ဘဲ
“အခုအဘပြောနေတဲ့ ဇာတ်လမ်းက ဖြစ်ရပ်မှန်သေချာပါတယ်နော်အဘ ”
“အေးလေ ကျုပ်ကလူလေးကိုလိမ်ရမှာလား ”
“ ဒါဆို ရွာအဝင်အဝက ညောင်ပင်ကြီးမှာ ခြောက်နေတဲ့ ဂျပန်စစ်သားသရဲကြီးက
သူ့တာဝန်နဲ့အမိန့်ကို နာခံပြီးအစွဲအလမ်းနဲ့ မကျွတ်ဘဲဖြစ်နေတာကနေ ကျွတ်ချိန်တန်ပြီး
လူဝင်စားပြန်ဖြစ်တာပေါ့နော်…. ၊ ရွာအဝင်အဝက ဂျပန်လိုရေးထားတဲ့
ဂျပန်စစ်သား စောင့်နေသည် ဆိုတဲ့စာကလည်း ဒီလူဝင်စားရေးထားတာပေါ့နော် ”
“ ဟုတ်တာပေါ့ လူလေးရ… ”
“ ဘာရည်ရွယ်ချက်နဲ့ရေးထားတာလဲသိလားအဘ ”
“ သိပ်သိတာပေါ့….ဟိုးအရင်ကဆို တိုက်ပွဲကြောင့် သေကြေသွားကြတဲ့လူတွေထဲက
မကျွတ်မလွတ်ကြသေးတဲ့အခြားလူမျိုးခြားစစ်သား တစ္ဆေတွေက ကျတ်ကုန်းလို
ညဘက်တွေဆို ဒီအနီးအနာမှာ စစ်တပ်လိုက်ကို မြင်မြင်ရတတ်တယ်ကွ…
ဒါကြောင့် ဂျပန်စစ်သား စောင့်နေသည် ဆိုတဲ့စာလေးကို ရွာအဝင်မှာ
အသိပေးတဲ့အနေနဲ့ ရေးထားတာ ဆိုလိုချင်တာက တစ်ခြား နာနာဘာဝလောကက
မကျွတ်သေးတဲ့ စစ်သားတစ္ဆေတွေ ရွာထဲဝင်ပြီး မနှောက်ယှက်ရဲတော့အောင်ပေါ့ကွာ ”
“အဘပြောတာကြီးက နည်းနည်း ပုံပြင်ဆန်နေသလားလို့ ”
သတိုးရဲ့ စကားကြောင့်အိမ်ရှင်အဘက သူ့အိပ်ခန်းတဲ့ကိုခဏဝင်သွားပြီး
သေတ္တာလေးတစ်ခုကို ယူလာခဲ့တဲ့ ၊ သေတ္တာလေးကိုင်ထားတဲ့အဘကို
စိတ်ဝင်တစားကြည့်နေတဲ့သတိုးကိုအိမ်ရှင်အဘက သေတ္တာလေးထိုးပေးလိုက်တယ်
သတိုးကအဘပေးတဲ့ သေတ္တာလေးကို မချင့်မရဲ ဖွင့်ကြည့်လိုက်တဲ့အခါ
သေတ္တာထဲမှာ ဟောင်းနွမ်းပျက်ဆီးနေတဲ့ ဂျပန်စစ်သားအသုံးအဆောင်ပစ္စည်းတွေအပြည် ၊ ဂျပန်ဓါးတွေအပြင်
သေတ္တာရဲ့အတွင်းအဖုံးနေရာမှာတော့ ဟောင်းနွမ်းစုတ်ပျက်နေတဲ့အဖြူအမဲ ဓါတ်ပုံလေးတစ်ခု….
ဓါတ်ပုံထဲမှာ လူလေးယောက် ၊အဲ့ထဲက ဂျပန်စစ်သားဝတ်စုံအပြည့်နဲ့လူရဲ့ မျက်နာကို သတိုး
သေချာကြည့်နေမိရင်း ကြက်သီးတွေထလာမိပြီး ရုတ်တရက်အိမ်ရှင်အဘမျက်နာကို
လှမ်းကြည့်မိလိုက်ရင်း သတိုးမျက်လုံးပြုးသွားမိတော့တယ် …
“ ဒါ…ဒါ…ဒါ………….ဇာတ်လမ်းထဲက ဂျပန်စစ်သား လူဝင်စားဆိုတာ ”
ဓါတ်ပုံကိုကြည့်လိုက်အိမ်ရှင်အဘကိုကြည့်လိုက်အိမ်ရှင်အဘရဲ့နာမည်ကိုပြန်သတိရသွားလိုက်နဲ့
ညောင်ပင်က ဂျပန်စစ်သားသရဲကြီးက…၊ လူဝင်စားကြီးက … ၊အဘက ……. ၊
စကားတွေထစ်ငေါ့နေရင်း သတိုးအံ့သြကြီးနေမိတော့တယ်…….. ။
#END
ကြိုးစားပါဦးမည် …
~ မိုးစွေ ~
စာပြီးချိန် - 4.6.2019 ( 8 : 02 Pm )

#lotaya_shortstory
အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" ဖတ်ဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို
ဒီလင့်ခ်
ကနေနှိပ်ပြီး ဒေါင်းလုဒ်ဆွဲထားဖို့တော့လိုမယ်နော်