“ ညမွှေးပန်း ၏ ရာဇဝင် ” ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် ) ( စ - ဆုံး )
lotaya.mpt.com.mm
|
2019-06-13

“ ညမွှေးပန်း ၏ ရာဇဝင် ”

ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )

( စ - ဆုံး )

အင်းယားလမ်းမှာ ဆိုင်ကယ်လေးတစ်စီးအရှိန်ပြင်းပြင်းနဲ့

မောင်းနှင်လျက်ရှိသည် ၊ ဆိုင်ကယ်အရှေ့မှ လူငယ်လေးတစ်ယောက်က မောင်းနှင်နေပြီး

ဆိုင်ကယ်အနောက်တွင်မူ မိန်းမချောလေးတစ်ဦးက လူငယ်လေးရဲ့ခါးကိုတင်းတင်းဖက်ထားရင်း

အနောက်မှ…..

“ ကို….ကိုနဲ့တစ်နေ့တစ်နေ့ လည်နေတာနဲ့

ချစ်တော့အတန်းထဲမှာ စာတွေတောင်မလိုက်နိုင်တော့ဘူး…ဟီးဟီး

အိမ်က မေမေတို့သိရင်တော့ ဆဲမှာပဲ သူ့သမီးတက္ကသိုလ်ကောင်းကောင်းမှာာတက်ပါစေဆိုပြီး

ရန်ကုန်မြို့ကြီးမှာအဆောင်ကောင်းကောင်းထားပေးထားတာ သမီးက ချစ်သူနဲ့ ပျော်ပွဲဝင်နေတာ ”

“ ဘာလဲချစ်က ကိုနဲ့လျှောက်လည်ရတာကို မပျော်ဘူးလားပြော ”

“ ပျော်တာပေါ့ ကိုကလည်း ဘယ်လိုပြောလိုက်တာလဲ

ဒီကချစ်လွန်းလို့ ကို့ရင်ခွင်ထဲမှာ တစ်ဘဝလုံးမျက်စိမှိတ်ပုံအပ်ထားတာပါနော် ”

ကောင်မလေးစကားအဆုံးတွင် ကောင်လေးမှ ……

ကောင်မလေးအဆောင်ရှေ့တွင် ညတိုင်း သီဆိုပြလေ့ရှိသည့်

ထိုအချိန်က ခေတ်စားနေသော ညမွှေးပန်း သီချင်းလေးကိုအော်ညည်းလိုက်လေသည် ၊

ကောင်မလေးက ကောင်လေးရဲ့သီးချင်းသံကို ဆိုက်ကယ်လေတိုက်သံတွေကြားက

ကွဲကွဲပြားပြားကြားနိုင်ရန်အတွက် ချစ်သူကောင်လေး၏ ကျောနားသို့ သူ့နားလေးကပ်ထားလိုက်ရင်း

“ ကို ဒီသီးချင်းလေးဆိုပြတာအရမ်းကြိုက်တာပဲ……….. ၊ ဒီသီချင်းကို

တစ်ခြားဘယ်သူ့အတွက်မှ မဆိုပြရဘူးနော် ချစ်တစ်ယောက်တည်းအတွက်ပဲ

တစ်သက်လုံးမူပိုင်ယူထားမယ် ၊အဆောင်ရှေ့မှာ ကို ဂစ်တာလေးနဲ့ လာဆိုတာတောင်

ချစ်က သိပ်မကြိုက်ဘူး သဝန်တိုတယ် …. ဘေးခန်းကကောင်မလေးတွေက ကို့ကိုငမ်းနေကြတာ

တို့ကိုကိုကအရမ်းချော …အသံကလည်းကောင်း…ချွဲကလည်းချွဲတတ် ၊ စကားကလည်းတတ်တော့

စိတ်မချနိုင်ဘူး…ချစ်တယ်ကိုရယ်….. ”

ကောင်လေးမျက်နာမှာတော့ ကြည်နူးပုံရိပ်လေးသန်းသွားပြီးတော့

သီချင်းလေးကိုပိုကျယ်ကျယ်လေးဆိုလိုက်မိတယ်

“ ညတုန်းကတွေ့ရတဲ့ကောင်မလေးတစ်ယောက်

ပျောက်သွားလို့လိုက်ရှာနေတယ်….. ၊

ညမွှေးပန်းကလေးရယ်လေ… ”

သီချင်းဆိုနေရင်းအနောက်ကချစ်သူကောင်မလေးရဲ့ဆံနွယ်တွေ

လေထဲမှာ ဝဲပျံနေတာကိုကြည်နူးမိပြီးအနောက်ကိုတစ်ချက်လှည့်ကြည့်နေတုန်း

အနောက်က ကောင်မလေးကအလန့်တကြားအမူအရာနဲ့ထအော်လိုက်တယ်…

“ ကို !!! ရှေ့မှာ ကား…… ”

“ ဝုန်း …. ကျွီ……. ”

“အား…………… ! ”

အရာရာအမှောင်အတိကျသွားလေတော့သည် ။

၁၉၉၀ခုနှစ် နီးပါး ဝန်းကျင်ခန့်….

ဒေသကောလိပ်(၂) ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ကျောင်းဖွင့်ချိန်မို့

ကျောင်းတက်ရန်ရောက်နေကြချေသည် ၊ နယ်မှကျောင်းသူကျောင်းသားများမှာလည်း

သူသူကိုယ်ကိုယ် ကျောင်းနှင့်နီးစပ်ရာအဆောင်များမှာ ငှားရမ်းနေထိုင်ကြရသည် ၊

ထိုထဲမှအင်းယားကန်နံဘေးရှိ (ယခုအင်းယားကန် မင်းလမ်းမုန့်တီဆိုင်အနီး)

အေဒီ ကားမှတ်တိုင်အနီးရှိ (…….)အဆောင်မှာလည်း တစ်ခုအပါအဝင်ဖြစ်သည် ။

အဆောင်မှာ သစ်သားသီးသန့်ဖြင့် တည်ဆောက်ထားပြီးနောက် ဝန်းတစ်ခုတည်းမှာပင်

နှစ်ထပ်ဆောင်ကြီးနှစ်ခုကို ကျောချင်းကပ်လျက်တည်ဆောက်ထားခြင်းဖြစ်သည် ၊ တစ်ဆောင်လျှင်

အပေါ်ထပ်တွင်အခန်းငါးခန်း ၊အောက်ထပ် ငါးခန်းဖြင့် ဆယ်ခန်းဆီပါဝင်ပြီး ၊ တစ်ခန်းစီတွင်

ကုတင်နှစ်လုံးနှစ်လုံး လူနှစ်ယောက်ကောင်းကောင်းနေလို့ရအောင်စီစဉ်ပေးထားပြီး

ကုတင်နှစ်လုံးအလယ်နေရာတွင် စာကြည့်စာပွဲခုံတစ်ခုကိုထားပေးထားသေးသည် ။

အဆောင်ကြီးကိုဆောက်လုပ်ထားသည့် ဝန်းကြီးထဲတွင်ပင်

အိမ်သာများကို ဆယ်လုံးနီးပါးခန့်လောက်လောက်ငှငှ တည်ဆောက်ပေးထားသေးသည် ၊

ရေချိုးရန်အတွက်လည်း ပူပင်စရာမရှိချေအုတ်ရေကန်ကြီးတစ်ကန်ကို

အဆောင်ဝန်းကြီးအလယ်တွင်ပြုလုပ်ပေးထားပြီးအဆောင်သူများ…များလျှင်

များသလောက် ရေကန်ကြီးပတ်ပတ်လည်တွင်ပင် ရေကို လုံလောက်စွာ

ချိုးနိုင်သည် ။

အဆောင်မှာ တက္ကသိုလ်နှင့်အတော်လေးလည်းနီးသည် ၊ မီးပေးသည့်စနစ်မှာလည်း

ညအိပ်ချိန်မတိုင်ခင်အထိ စာကြည့်နိုင်ရန်အတွက်သီးသန့်စီစဉ်ပေးထားသေးသည် ၊

အိမ်ချိန်ရောက်မှသာ မီးဖျက်အမှောင်ချထားသည့် စနစ်ကိုသုံးထားသည် ၊အဆောင်နေရာမှာ

ကားမှတ်တိုင်လည်းနီး ၊ စားစရာသောက်စရာအတွက်လည်း ပူစရာမလိုလောက်အောင်

အစားအသောက်တန်းတွေပေါတဲ့နေရာဖြစ်နေပြန် ၊ လည်ပတ်ဖို့အတွက်ကလည်း

လေကောင်းလေသန့်အပြည့်ရနိုင်သည့်အင်းယားကန်ကြီးကအရန်သင့် ၊

အဆောင်မှ ထွက်ထွက်ချင်းပင်လျှင် ကားလမ်းမကြီးသို့တန်းရောက်သည်အထိအဆင်ပြေသည် ၊

အဆောင်ပိုင်ရှင်များမှာ စည်းစနစ်ကျသူများဖြစ်ကြပြီး သန့်ရှင်းမှုကိုလည်း ဦးစားပေးထားသောကြောင့်

မိန်းကလေးအများစုမှာ ထိုအဆောင်တွင်နေရသည်ကို ပိုကြိုက်ကြသည် ၊ ထို့ကြောင့် ထိုအဆောင်တွင်

နေထိုင်နိုင်ရန်အတွက် ကျောင်းများမဖွင့်မှီ ကျောင်းအပ်စဉ်ကတည်းက တခါတည်း

စာရင်းကြိုပေးထားရသည်အထိ လူတိုးရသည် ။

ထိုအဆောင်အား မိန်းကလေးများ နှစ်သက်ကြသည့်အချက်များထဲတွင်အရေးအပါဆုံးသော

အချက် နောက်တစ်ချက်လည်းရှိသေးသည် ထိုအချက်မှာ ညဘက်များတွင်အဆောင်နှင့်အင်းယားဘက်ခြမ်းမှ

တက္ကသိုလ်ကျောင်းသားလေးများက ဂစ်တာများ တစ်ညလုံးတီးကာ သီချင်းဆိုရင်းအဆောင်သူလေးများကို

ပိုးပမ်းကြသည့်အချက်ဟုဆိုပါက မှားဖွယ်ရာမရှိ ။

အဆောင်၏တည်ဆောက်ပုံမှာ နှစ်ဆောင်ရှိသည့်အနက် တစ်ဆောင်မှာအင်းယားဘက်ကို

မျက်နာပေးထားပြီး ကျန်တစ်ဆောင်မှာ ထိုအင်းယားဘက်ကိုမျက်နာပေးထားသည့်အဆောင့်နှင့် ဖင်ချင်ကပ်

ကျောချင်းကပ်ကာ ဆောက်ထားခြင်းပင် … ၊ ညဘက် ကောင်လေးများ သီချင်းလာဆိုသောအခါ

အင်းယားဘက်အဆောင်မှအဆောင်သူများမှာအဆင်ပြေကြသော်လည်း ဟိုဘက်ခြမ်းအကွယ်ဘက်မှ

အဆောင်သူများမှာအဆင်မပြေကြသဖြင့် ဝရန်တာများအပြင် ဒီဘက်အဆောင်မှ သူငယ်ချင်းအခန်းဆီ

ခေတ္တကူးလာရင်း ကောင်လေးများသီချင်းဆိုပြသည်ကို တစ်ညလုံး ကြည်နူးရင်းပီတိဖြစ်နေမိသည်မှာ

အလုပ်တစ်ခုလိုပင်ဖြစ်နေတတ်သည် ။

(….)အဆောင်လေးသို့ ရောက်လာသူများထဲတွင် ခိုင်စံပယ် ဆိုသည့်

တက္ကသိုလ်ကျောင်းသူလေးလည်း တစ်ဦးအပါအဝင်ဖြစ်သည် ၊ မိဘများမှာ

နယ်မှဖြစ်သော်လည်း သမီးအားဆယ်တန်းပြီးသည်နှင့် ကျောင်းကောင်းကောင်းတက်

ဘွဲ့ကောင်းကောင်းရစေရန်အတွက်ရည်ရွယ်ပြီးအဆောင်နေအဆောင်စားအဖြစ်

အဆောင်ထားပေးကာ ကျောင်းတက်စေလေသည် ၊ ခိုင်စံပယ် ၏အခန်းဖော်မိန်းကလေးမှာလည်း

ခိုင်စံပယ်နည်းတူ နယ်မှ တကူးတကကျောင်းလာတက်သူတစ်ဦးဖြစ်သည် ၊အခြားဘေးခန်းများအပြင်

အဆောင်တစ်ခုလုံးမှ မိန်းကလေးများသည်လည်း ထိုနည်းတူပင် …. ။

ခိုင်စံပယ် မှာ စကားအပြောအဆိုတတ်ခြင်း စိတ်ထားကောင်းခြင်းတို့ကြောင့်

အခန်းပေါ် ၊အဆောင်ဖော်များနှင် ရက်ပိုင်းအတွင်း ညီအစ်မရင်းများပမာ ချစ်ခင်ရင်းနီးခင်မင်သွားခဲ့ကြသည် ၊

မေဂျာမတူကြပေမယ့် ကျောင်းတူကြသူချင်းမို့အကူအညီများအပြန်အလှန်ရရှိခဲ့သည် ၊

ညစဉ် ခိုင်စံပယ် တို့အဆောင်ရှေ့မှာ ဂစ်တာတီး သီချင်းဆိုပြသည့် လူငယ်များကြောင့်လည်း

ခိုင်စံပယ် ပိုပျော်နေမိသည် ၊ ဘာရယ်မဟုတ်ပေမယ့် လူငယ်ဘဝအတွက်အလှတရားတွေပင်မဟုတ်လား ၊

တစ်နေ့ ပျင်းပျင်းရှိသည်နှင့် ခိုင်စံပယ် တို့ ဂျူနီယာလေးတွေတစ်စုအဆောင်တွင်အရင်နှစ်တွေကတည်းက

နေဖူးကြသည့်အစ်မတွေနှင့် တစ်ခန်းတည်းစုကာ စကားလက်စုံကြနေရင်းက စကားပြောရင်း..

သူနယ်အကြောင်း ၊ ကိုယ့်နယ်အကြောင်းတွေကနေ ဒီအဆောင်အကြောင်းကိုရောက်လာကြသည် ၊

စီနီယာအစ်မတွေကစပြောလိုက်ပုံက

“ ညီမလေးတို့ သရဲကြောက်တတ်လား ” တဲ့ …

နယ်မှာနေလာတာဆိုပေမယ့်လည်း တစ်ကြိမ်တစ်ခါမှ

သရဲတစ္ဆေနဲ့ကြုံဖူးသူများမဟုတ်ကြသည့်အတွက် သူ့မေးခွန်းကြီးက

သူစိမ်းဆန်းနေတာအမှန်ပင် …. ၊ ခိုင်စံပယ် ကတော့ မကွယ်မဝှက်တန်း

ဖြေလိုက်လေသည်

“ ဟုတ် ကြောက်တတ်တယ် မမ … ဒါပေမယ့်

သရဲကားတွေအရမ်းကြိုက်တယ် …. ဟီးဟီး ”

“အယ်..ဒီကလေးမနဲ့တော့ ခတ်ပြီး…

ဒီမယ်…ဒီအဆောင်ကြီးအကြောင်း ညီမလေးတို့မသိသေးတာ

တစ်ခုရှိသေးတယ် ”

စီနီယာအစ်မစကားကြောင့် ခိုင်စံပယ် တို့သူငယ်ချင်းတွေတစ်စု

တစ်ယောက်အနားတစ်ယောက်တိုးကပ်ထားလိုက်ရင်း ကျောမလုံသလိုဖြစ်နေတုန်း

အစ်မကြီးက

“ ဒီအဆောင်ရှေ့မှာ ဂစ်တာလာတီးတဲ့သူတွေ ဘယ်တော့မှ

မဆိုရတဲ့ သီချင်းတစ်ပုဒ်ရှိတယ် သိလား….. ”

ခိုင်စံပယ် တို့က ခေါင်းခါပြတော့ ထိုစီနီယာအစ်မကြီးက

ဘေးဘီကိုသေချာကြည့်ပြီး စိတ်ချရသည့်အခြေအနေဟုယူဆသည့်အခါမှ

လေသံလေးဖြင့် ပြောလိုက်သည်

“ ညမွှေးပန်း တဲ့…အဲ့ဒီ့သီချင်းကို ဒီအဆောင်ရှေ့မှာ လာဆိုရင်

အဲ့ည ဒီအဆောင်မှာ တစ်ခုခုဖြစ်ပြီသာမှတ်…. ”

ဂျူနီယာတစ်ယောက် နားမလည်သလိုနှင့် ဝင်မေးလိုက်သည်

“အဲ့ဒီ့သီချင်းဆိုတာနဲ့အဆောင်မှာတစ်ခုခုဖြစ်တာနဲ့ ဘာဆိုင်လို့လဲ မမ

တစ်ခုခုပတ်သတ်နေသလား..သမီးတော့ မစဉ်းစားတတ်တော့ဘူး ”

“ ဟုတ်တယ် ပတ်သက်တာမှအကြီးကြီးပတ်သက်တာ … ”

ဆိုပြီးအစပျိုးလိုက်ကာ

“အရင်က တို့အဆောင်မှာ ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့ဖူးတယ်

အဆောင်သူအချောအလှ ကောင်မလေးတစ်ယောက်လာနေခဲ့ဖူးတယ်လေ ၊

အဲ့ဒီ့ကောင်မလေးနာမည်တော့ မပြောတော့ဘူး ၊ ညဘက်ကြီးဆိုတော့…

ဒီကောင်မလေးမှာက ချစ်သူရှိတယ် … သူ့ချစ်သူလာတဲ့ညတွေဆို

အရမ်းသိသာတယ်အဲ့ကောင်လေးက ရောက်တာနဲ့ ညမွှေးပန်းသီချင်းကို

စဆိုတော့တာပဲ…ကောင်မလေးကလည်းအဲ့အသံကြားပြီဆို

သူ့ချစ်သူမှန်းတန်းသိတယ်အာ့ကြောင့်အခန်းထဲကနေပြေးထွက်ပြီး

သီချင်းဆိုတဲ့နေရာကိုအလုအယက်ထွက်ကြည့်ရတာက တစ်လုပ်ဖြစ်နေတာပေါ့…. ၊

သိပ်ချစ်ကြတဲ့သူတို့နှစ်ယောက်ကို ကံတရားက မပေါင်းစေချင်ဘူးနဲ့တူတယ်

တစ်နေ့ သူတို့နှစ်ယောက်အဆောင်ကနေညဘက် ဆိုင်ကယ်နဲ့ထွက်လည်ကြတာ

ကောင်လေးမောင်းတာအရှိန်များပြီးတစ်နေရာအရောက် ရုတ်တရက်ထွက်လာတဲ့ ကားနဲ့

ဝင်တိုက်ပြီးအနောက်ကအဆောင်သူကောင်မလေးက နေရာမှာပဲ ပွဲချင်းပြီးအစိမ်းသေ

ကွယ်လွန်သွားရှာတယ် ၊ ကောင်လေးကတော့ ရူးသွားတယ် ၊အောက်ပိုင်းသေသွားတယ် ၊

အဲ့လိုအမျိုးမျိုးပြောကြတာပဲ..သေချာတော့မသိဘူး နောက်ပိုင်းအဲ့ဒီ့ ကောင်လေးကျောင်းဆက်တက်တာလည်း

မတွေ့ရတော့ဘူး… ၊ ဒီလိုတွေဖြစ်ပြီးနောက်ပိုင်းအဆောင်ပိုင်ရှင်တွေကလည်းအယုံအကြည်မရှိကြတာနဲ့

ဆွမ်းတွေဘာတွေတွေ မသွတ်ပေးကြဘူး ၊အလုပ်ရှုပ်တယ်ဆိုပြီး ဒီတိုင်းထားထားကြတယ် ၊

ဆုံးသွားတဲ့အဆောင်သူ ကောင်မလေးအိမ်မှာလုပ်ပေးတာပဲ ဒီမှာလုပ်စရာမလိုဘူးဆိုတဲ့ပုံမျိုးပေါ့..

အဲ့တော့ ဟိုတစ်ယောက်ကအမျှအတန်းမရဘူးနဲ့တူတယ် ဒီအဆောင်ရှေ့မှာ သူသိပ်ကြိုက်တဲ့

ညမွှေးပန်း သီချင်းဆိုတဲ့ညတွေဆိုအဆောင်မှာရှိတဲ့သူတွေအကုန်လုံးကိုအိပ်မရတဲ့အထိ

နှောက်ယှက်ပြီး စိတ်ညစ်အောင်လုပ်တတ်တယ် ၊အားလုံးကလည်းအဲ့သီချင်းလာဆိုမှာကို

သေလောက်အောင်ကြောက်နေတတ်ကြတယ် ၊ ဒါကြောင့်လည်းသီချင်းလာဆိုနေကျ

ကောင်လေးတွေကိုကြိုမှာထားရတယ်အဲ့သီချင်းမဆိုပါနဲ့ဆိုပြီးတော့လေ ”

ထိုသို့ပြောနေစဉ်မှာပင် မိန်းကလေးများအားလုံးရင်ထဲတထိတ်ထိတ်ဖြစ်သွားစေသည့်

ဂစ်တာအပျိုးသံလေးကိုကြားလိုက်ရသည်…တီးလုံးအဝင်အရ ညမွှေးပန်းသီချင်းကို ဆိုတော့မည်မှာ

သေချာနေလေပြီ…သူတို့အားလုံးစိတ်ထဲစိုးရိမ်နေသည့်အတိုင်းအဆောင်ရှေ့က ဂစ်တာသံနဲ့အတူ

သီချင်းဆိုသံလေးပါထွက်လာတော့သည် ။

“ ညတုန်းကတွေ့ရတဲ့ကောင်မလေးတစ်ယောက်

ပျောက်သွားလို့လိုက်ရှာနေတယ်….. ၊

ညမွှေးပန်းကလေးရယ်လေ… ”

ဘယ်လိုမျိုး ကျက်သရေတုန်းလိုက်တဲ့သူလဲဆိုပြီးတော့

အဆောင်သူတွေရေရွတ်လိုက်ကြရင်း ထိုသီချင်းဆိုသူကိုသာ

မေတ္တာဝိုင်းပို့နေမိကြသည် ၊ သီချင်းဆိုနေသူကအကျိုးအကြောင်း

အလိုက်ကန်းဆိုးအခြေအနေကိုသေချာမသိဘဲ သူ့သီချင်းကိုသာ

ပလေးဘွိုင်းသန်းနိုင်လေသံဖြင့် ဆက်ဆိုနေလေသည် ၊အဆောင်ထဲမှာတော့

ကမ္ဘာပျက်တော့မည် ၊အဲ့ဒီ့နေ့ညကအဆောင်တစ်ခုလုံးအပ်ကျသံပင်မကြားရအောင်

တိတ်ဆိတ်နေပြီးအကြောက်တရားကို မျှော်နေမိကြသည် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီလိုမှောင်မဲနေသည့်ညထက် ပိုမှောင်မည့်ညဟူသည်

ရှိနိုင်တော့မည် မထင် ၊ ခိုင်စံပယ် ၏ ဘေးခန်းတွင် နေသည့် ငြိမ်းမေ တစ်ယောက်

အိပ်ပျော်တစ်ဝက်နိုးတစ်ဝက်လိုဖြစ်နေတုန်း သူ့အဆောင်အခန်းတံခါးကြီးသည်

တကျွီကျွီမြည်လျှက် ပွင့်သွားပြီးနောက်အခန်းထဲသို့ မြူခိုးလိုအငွေ့များဝင်လာပြီး

မြူများကြားမှ ဆံပင်ဖျားလျားနှင့် ဂါဝန်အဖြူရောင်လေးဝတ်ကာ မတ်တပ်ရပ်နေသည့်

မိန်းကလေးတစ်ဦးကိုမြင်လိုက်ရသည် ၊ သရဲကားများအများစုတွင် တွေ့ရသည့်

သရဲပုံစံကိုအဖြူဝမ်းဆက်ဝတ်ထားသည်နှင့် လုံး၀ ဆင်တူနေသည်ကို သိလိုက်ရသည် ၊

ထိုအချင်းအရာကို ပိုထင်ရှားစေသည်က ထိုမိန်းကလေးအနောက်မှ

အလင်းရောင်စူးစူးကြီးကြောင့်ပင် ၊ ငြိမ်းမေတစ်ယောက်အလွန်ထိတ်လန့်သွားမိပြီး

တစ်စုံတစ်ယောက်အားအကူအညီတောင်းရန်အတွက် ကြိုးစားဖို့ပြင်နေစဉ်မှာပင်

အခန်းဝမှထိုအမျိုးသမီးပျောက်သွားလေသည် ၊ ထိုသို့ပျောက်သွားသဖြင့်

ငြိမ်းမေ ဟိုဒီလိုက်ရှာမိနေစဉ်မှာပင်အနောက်မှ

“ ငါ့ကိုလိုက်ရှာနေတာလား ဟီးဟီးဟီး ” ဆိုသည့်အသံကြားသဖြင့်

လှည့်ကြည့်လိုက်ရာ ငြိမ်းမေ၏ကုတင်ထုပ်တန်းနေရာမှ

ဇောက်ထိုးအနေအထားဖြင့်အခန်းဝမှပျောက်သွားသော သရဲမ ရောက်နေသည်ကိုမြင်လိုက်ရတော့သည် ၊

မကြာခင်ပင် ထိုသရဲမသည်လည်းပျောက်သွားပြန်၏ ၊

ထိုနေ့ညက ငြိမ်းမေအော်သံကြောင့်အဆောင်တစ်ခုလုံးပင်နိုးသွားကြရသည် ။

နောက်ညမှာ ခိုင်စံပယ်တစ်ယောက်တည်းရှိသည့်ညဖြစ်သည်

တိုက်တိုက်ဆိုင်ဆိုင် မနေ့ညကအဖြစ်ကြောင့် ခိုင်စံပယ်၏ဘေးခန်းမှ ငြိမ်းမေ

အပြင်းဖျားသွားပြီး ကျောင်းနားကာ ဇာတိကိုပြန်ပြီးဆေးကုရသည်အထိ

ဖြစ်သွားရသည် ၊ ယနေ့ညသည်လည်း ခိုင်စံပယ်အခန်းဖော်မှ ရုတ်တရက်ခရီးထွက်သွားရသဖြင့်

အခန်းထဲတွင် ခိုင်စံပယ် တစ်ယောက်တည်းဖြစ်နေပြန်သည် ၊ ဖြစ်ချင်တော့

ခိုင်စံပယ်အခန်းထဲတွင် ဘုရားခန်းကမရှိ ၊ ကိုယ်တိုင်ဘုရားဝတ်ပြု ၊ ပန်းလှူချင်ရင်တောင်

ငြိမ်းမေတို့အခန်းမှာ သွားလုပ်နေကျ … ၊ ဘုရားစင်မထားသည်မှာလည်း

ကိုယ့်အတွေးနှင့်ကိုယ် … ခိုင်စံပယ် ကအောက်ဘက်အခန်းဆိုတော့အပေးခန်းက

ဘာသာမတူသည့်အမျိုးသမီးရှိသည့်အောက်အခန်းတွင် ဘုရားစင်ထားရန်

စိတ်မသန့်သောကြောင့်ပင်… ၊ ယခုတော့ ဒုက္ခနဲ့ လှလှ ထိတ်တိုက်တွေ့သလို

တစ်ယောက်တည်းအိမ်ရမည့်အခန်းမှာ ဘုရားစင်ကမရှိ ၊အတူတူအိပ်တဲ့အဖော်ကလည်း

မရှိ ၊ ဘေးခန်းမှာလည်း လူမရှိ…. ၊ ဒီလိုညကို တစ်ယောက်တည်း ဘယ်လိုများ

ဖြတ်သန်းရမှာပါလိမ့်ဟု သေချာပေါက်စဉ်းစားနေနိုင်သည် ။

အတွေးများစွာ ရစ်သိုင်းနေစဉ် မျက်ဝန်းများမှာ လေးလံလာပြီးနောက်

တစ်ဖြည်းဖြည်းအိပ်ပျော်ခါစာဖြစ်လာစဉ် မျက်နာပေါ် ရေစက်များကျလာသည်ကို

ခံစားမိလိုက်သဖြင့် မျက်လုံးများ ပွင့်လာမိလေတော့သည် ၊ မျက်လုံးပွင့်လာသောအခါ

မျက်စိရှေ့တွင်မြင်နေရသည်က သူ့ခန္ဓာကိုယ်ပေါ်တွင်အဖြူဝမ်းဆက်နှင့် ကောင်မလေးတစ်ယောက်

မျက်နာနှင့် လည်ပင်းမှာတွင် ချုပ်ရိုးများ ဗရပွနှင့်ဖြစ်နေရာက ပြုံးလျက်သားကြီး သူ့မျက်နာကြီးကို

ခိုင်စံပယ် မျက်နာနားကပ်ပြထားကာ ထိုအမျိုးသမီး၏ ပါးစပ်ထဲမှ သွားရည်သဖွယ်အရည်များ

တ တောက်တောက်ဖြင့် ကျလာခြင်းပင် ။

ထိုသို့ကြုံရသဖြင့် ခိုင်စံပယ်တစ်ယောက် ငယ်သံပါအောင်ကုန်းအော်ပြီး

ရန်ုးကန်လိုက်ရာအော်သံသည်လည်း ထွက်မလာသလို ၊ ရန်ုးကန်မှုမှာလည်း

မစွမ်းသာဖြစ်ရသည် ၊ လက်နှစ်ဖက်အား တစ်စုံတစ်ယောက်ကအတင်းဆွဲချုပ်ထားသလိုဖြစ်ကာ

လူတစ်ကိုယ်လုံး ဘယ်လိုအားမျိုးနှင့်မှ ရုန်းမရဖြစ်နေပါတော့သည် ၊ ထို့နောက် ဘီလူးစီးသလိုဖြစ်နေသည်ကို

သတိထားမိပြီးနောက် ရသမျှ ဘုရားစာများအားရွတ်ဆိုနေမိလေသည် ၊

ဘုရားစာများတတွတ်တွတ်ရွတ်နေသဖြင့် တစ်ဖက်က သရဲမ မခံနိုင်တော့ဟုထင်မိသည် ၊

ချက်ချင်းထွက်ပြေးသွားသလိုမျိုးအခန်းတံခါးကြီးမှာ ဝုန်းခနဲ ပွင့်ထွက်သွားလေသည် ၊

ထိုနေ့ညက ခိုင်စံပယ် တစ်ယောက်အတော်လေးကြာမှအသံထွက်လို့ရလာပြီး

အကူအညီတောင်းဖြစ်ခဲ့ပြီးနောက်အဆောင်ရှေ့တွင် ညမွှေးပန်းသီချင်းဆိုသွားသူကိုသာ

စိတ်ထဲမှအပြစ်တင်ဒေါသဖြစ်နေမိလေသည် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းပိတ်ခါနီးနောက်ဆုံးစာမေးပွဲတွေဖြေဖို့အတွက်

အဆောင်တစ်ခုလုံးမှအဆောင်သူများ စာကိုကြိုးစာဖတ်ရှု ကျက်မှတ်နေကြစဉ်

အဆောင်ရှေ့မှ သီချင်းသည်များလာကြပြီဟုကြားရသဖြင့် ဦးနှောက်ဆေးသည်ဟုယူဆကာ

အားလုံးဝရန်တာများတွင် ထွက်ကာ သီချင်းဆိုသံကိုမျှော်နေမိတုန်း

သီချင်းသံမလာခင် ဂစ်တာတီးနေသည့် သံစဉ်ကြီးမှာ

သူတို့ရင်းနီးနေပြီးသားဖြစ်သည့်

သီချင်းတစ်ပုဒ်၏အပျိုးနှင့် တူနေသောအခါ…

အဆောင်သူများအားလုံး ထိတ်လန့်သွားကြပြီး ဂစ်တာရှင်နှင့်

အဆိုရှင်အား ရပ်တန့်ရန်တောင်းပန်နေကြသော်လည်း………………………. ။

#END

ကြိုးစားပါဦးမည် …

~ မိုးစွေ ~

စာပြီးချိန် - 5.6.2019 ( 12 : 47 Am )

#lotaya_shortstory

အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" ဖတ်ဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို

ဒီလင့်ခ် ကနေနှိပ်ပြီး ဒေါင်းလုဒ်ဆွဲထားဖို့တော့လိုမယ်နော်





Some text some message..