“ ထန်းပင်ညီနောင် ” ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် ) ( စ - ဆုံး )
lotaya.mpt.com.mm
|
2019-07-25

နယ်ဘက်တွေမှာ ထနောင်းပင်ညီနောင်တို့အုန်းပင်ညီအစ်ကိုတို့

နယ်ဘက်တွေမှာ ထနောင်းပင်ညီနောင်တို့အုန်းပင်ညီအစ်ကိုတို့

သရက်ပင်မောင်နှမတို့ စသဖြင့်အပင်နှစ်ပင် သုံးပင် ယှဉ်ပေါက်နေတယ်ဆိုရင်

အဲ့လိုလေးတွေအပင်တွေကိုအမျိုးစပ်ပြီး ခေါ်တတ်ကြတယ် ၊

(….)နယ်လေးမှာလည်း ဒီအတိုင်းပဲ ဘယ်ခေတ် ဘယ်ကာလကမှန်းမသိ

ရှေ့မှီနောက်မှီ ရပ်ရွာလူကြီးတွေတောင် မသေအချာမပြောနိုင်လောက်အောင် နှစ်ပေါင်းများစွာ

ကြာနေပြီဖြစ်တဲ့ ထန်းပင်ကြီးနှစ်ပင်က မြို့ငယ်လေးရဲ့အလယ်ခေါင်နေရာလေးမှာ

ထီးထီးကြီးရှိနေတယ် ၊ မြို့ပုံစံကို ယေဘုယျပြောရမယ်ဆိုရင် မြစ်ဘေးနားကမြို့ဖြစ်လို့

မြစ်ကြီးကိုအမှီပြုပြီးအသက်မွေးကြတဲ့လုပ်ငန်းကိုအများစုလုပ်ကိုင်ကြတယ် ၊

မြစ်ပြင်ကြီးဘေးနားမှာအိမ်ငယ်လေးတန်းစီဆောက်ထားပြီး ဒီဘက် မြစ်နဲကဆန့်ကျင်ဘက်

ကုန်းမြေဘက်မှာတော့ တောင်အခြမ်းနဲ့ မြောက်အခြမ်းဆိုပြီး တစ်မြို့တည်းဆိုပေမယ့်

နှစ်ခြမ်းခွဲထားတယ် ၊ တောင်နဲ့မြောက်ရဲ့ကြားမှာ စေတီလေးတစ်ဆူရှိတယ်

အဲ့ဒီ့စေတီနဲ့ခပ်လှမ်းလှမ်းမှာတော့ မြို့ သချိ ုၤင်းငယ်လေးတစ်ခုကိုမြင်နိုင်ပြီး ၊

သချိ ၤုင်းမြေဘက်ကနေ တော်တော်လေးဆက်သွားမယ်ဆိုရင် ထန်းပင်ကြီးနှစ်ပင်နဲ့

ဇရပ်အပျက်လေးတွေကို တွေ့နိုင်မှာပါ ၊အဲ့ဒီ့အလွန်မှာတော့ လူနေထူထပ်တဲ့

မြို့ထဲနေရာကိုတန်းရောက်နိုင်ပါတယ် ၊

ဒီမြို့ရဲ့ ဂုဏ်သတင်းက နာမည်ကြီးတယ်ဆိုတာလည်း ထန်းပင်ညီနောင်ကြောင့်လို့

ပြောရင် ဘယ်သူမှ မငြင်းနိုင်လောက်ဘူး ၊ ထန်းပင်ညီနောင်ဆိုရင် တစ်ချို့က သိုက်ရှိတယ် ၊

ထန်းပင်ညီနောင်သိုက် ၊ တစ်ချို့က ထန်းပင်ညီနောင်မှာ သရဲအရမ်းခြောက်တယ် ၊

တစ်ချို့က ထန်းပင်ညီနောင်ကနေ တစ်ခြားကမ္ဘာဆီကိုရောက်နိုင်တဲ့ တံခါးပေါက်က

တစ်ခါတစ်လေ ပွင့်လာတတ်တယ်လို့အမျိုးမျိုး ဇာတ်လမ်းတွေထွင်ပြီး

ပြောဆိုတာတွေက နားထဲတောင်မဆံ့လောက်ဘူး ၊ တစ်ခါတစ်လေ တစ်ချို့

ပရလောကအကြောင်းစပ်စုချင်တဲ့သူတွေ ၊ စာရေးဆရာတွေ ၊ ဖြစ်ရပ်မှန်ရိုက်ကူးရေးသမားတွေ ၊

သဘာဝလွန်အကြောင်းတွေ စိတ်ဝင်စားတဲ့သူတွေက ဒီထန်းပင်ညီနောင်ကို

လာလေ့လာကြတာရှိတတ်ကြတယ် ၊ ဒါပေမယ့် ညဘက်တော့ ဘယ်သူမှ

မသွားရဲကြဘူး ၊ သိပ်သတ္တိကောင်းပါတယ်ဆိုတဲ့သူတောင် ညဘက်ကြီး

ထန်းပင်ညီနေင်ရှေ့လမ်းက ဖြတ်မလျှောက်ရဲဘူး ၊ ဒီလိုကြောက်သွားကြတာ

ဘာကောင့်လဲဆိုရင် မြိုခံ ပြည်သူ့ရဲတပ်ကြပ်အဆင့်ရှိတဲ့အစိုးရဝန်ထမ်းတစ်ယောက်

ကြုံလာခဲ့ရတာကိုအခြေထံတယ်လို့ဆိုရမယ် …

ဒီမြို့လေးမှာ ကိုသိန်းအောင်လို့ခေါ်တဲ့ ရဲ့တပ်ကြပ်ကြီးတစ်ယောက်ရှိတယ် ၊

သူတို့ရဲအဖွဲ့တွေက ညဆိုရင် ဓါတ်မီးတွေ ၊ လက်ကိုင်တုတ်တွေ ၊ လက်နတ်တွေနဲ့

မြို့ရွာ လုံခြုံရေးအတွက် တာဝန်ယူပြီး တစ်မြို့လုံးကို ခြေလျှင် ကင်းလှည့်လေ့ရှိကြတယ် ၊

တစ်ရက် လမိုက်ညကြီး တပ်ကြပ်ကြီးကိုသိန်းအောင်အပါအဝင် ရဲသားလေး ခြောက်ယောက်

ပေါင်း ခုနှစ်ယောက်က ထုံးစံအတိုင်း မြို့မြောက်ဘက်ကနေ တောင်ဘက်ကို ကင်းလှည့်လာကြတယ်

မြောက်ဘက်နေ တောင်ဘက်ကို သွားမယ်ဆိုရင် သေချာပေါက်တော့ ထန်းပင်ညီနောင်ရှေ့ကနေ

ဖြတ်သွားမှ ရတာလေ ၊ သူတို့ကလည်း ညတိုင်းဒီလူအုပ်နဲ့ သွားနေကျမို့

ကြောက်တော့ကြောက်ပေမယ့် လူကလည်းများ တာဝန်ကလည်းတာဝန်ဆိုတော့ မလွဲသာဘဲ

သွားလာနေကြရတာပဲ ၊ တောင်ဘက်ခြမ်းကိုကင်းလှည့်ပြီး ပြန်မယ်အလုပ်မှာ

တပ်ကြပ်ကြီးကိုသိန်းအောင် က တောင်ဘက်ခြမ်းမှာရှိတဲ့ သူ့အမေအိမ်လေး ခဏဝင်ချင်တယ်လို့

ပြောပြီး သူ့ရဲဘော်တွေကို ခေါ်သွားခဲ့တယ် တော်ယုံတစ်နေ့တစ်ခေါက်မရောက်တဲ့အမေ့အိမ်မှာ

အခြွေအရံတွေ ယူနီဖောင်းတွေနဲ့ ဝင့်ကြွားကြွား ရောက်လာတာမို့ ပတ်ဝန်းကျင်ကလည်း

ဟိုလူလာနှုတ်ဆက် ဒီလူလာနှုတ်ဆက်နဲ့ တော်တော်နဲ့ စကားမပြတ်ဘူးဖြစ်နေတယ် ၊

အချိန်ကလည်း လင့်လာပြီမို့ တပ်ကြပ်ကြီးကိုသိန်းအောင် က သူ့ရဲဘော်တွေကို

ရုံးအဝင်နောက်ကျရင် စခန်းမှူး ဆူမှာစိုးလို့အရင်ပြန်နှင့်ကြပါလို့ ပြောလိုက်ပြီး

သူကတော့အမေ့အိမ်မှာပဲ နေနေရစ်ခဲ့တယ် ၊ ရဲဘော်တွေအားလုံး ပြန်သွားကြပြီး

နာရီတော်တော်လေးကြာတော့အချိန်က တော်တော်ကို ညဉ့်နက်နေတဲ့အချိန်ဖြစ်နေပြီ

သူတစ်ယောက်တည်းပြန်ရမှာကိုအမေနဲ့ပတ်ဝန်းကျင်ကလူတွေက စိတ်မချကြတာနဲ့

“ ကိုသိန်းအောင် ခင်ဗျား တစ်ယောက်တည်း ဖြစ်ပါ့မလား ထန်းပင်ညီနောင်က

ကြမ်းတယ်နော် ခင်ဗျားလည်းသိသားပဲ ”

“ ကောလဟာလတွေပါဗျာ ကျုပ်တို့ညတိုင်းအဲ့ဘက်က ကင်းလှည့်နေကျ

တစ်ခါမှအသံလေးတောင် မကြားမိပါဘူး…အေးဆေးပါ… ကျုပ်တစ်ယောက်တည်း

ပြန်မယ် ဘာမှ လိုက်ပို့ပေးမနေနဲ့ ကျုပ်မှာ သေနတ်လည်းပါတယ် သရဲတွေဘာတွေမသိဘူး

ပစ်သတ်လိုက်မှာ ဟားဟား ”

ပြောရင်း သူ့ရိုင်ဖယ်သေနတ်ကို မြှောက်ပြလိုက်သေးတယ် ၊

“အေးပါအေးပါ ခင်ဗျားအဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ

ဒါဆို ပြန်နှင့််ဦး ကိုယ့်လူရေ နောက်မှအေးဆေးဆုံမယ် ၊ ဂရုစိုက်ပြန်ဗျာ… ”

မိတ်ဆွေတွေကို နှုတ်ဆက်ပြီး တပ်ကြပ်ကြီးကိုသိန်းအောင် တစ်ယောက်တည်း

သီချင်းလေးညည်းပြီး စခန်းကိုပြန်လာခဲ့တယ် ၊ ဓါတ်မီးလေးအားကိုးနဲ့ လျှောက်လာရင်း

လျှောက်လာရင်း ထန်းပင်ညီနောင်နားရောက်တော့အမျိုးအမည်မသိတဲ့အေးစိမ့်စိမ့် ခံစားချက်ကို

ခံစားမိလိုက်ရတယ် ၊ ကျောထဲအေးစိမ့်သွားသလို ၊ ကြောက်စိတ်လည်းဝင်လာမိတယ် ၊

ဘာရယ်မဟုတ်ဘူး ကျောမလုံသလိုခံစားမိလို့အနောက်လှည့်ကြည့်ပြန်တော့လည်း

အနောက်မှာ လူသာလေးပါး ဆိတ်ငြိမ်နေပြီး လမ်းကြီးကိုပဲ ထီးထီးကြီး မြင်နေရတယ် ၊

တစ်ဆက်တည်းမှာပဲအအေးဓါတ်ပါတဲ့လေကြောင့် ဟန်တောင်မဆောင်နိုင်ပဲ ကြက်သီးထပြီး

တုန်ယင်မိသေးတယ် ၊အဲ့ဒီ့အချိန်မှာပဲ သူ့ခြေထောက်နားကအမွှေးမဲမဲကြီးတွေနဲ့အရာကြီးကို

မြင်လိုက်ရပြီး ထခုန်မိလိုက်တော့တယ်

“အမလေးဗျာ ..သ..သသ.သရဲကြီး…ခြေထောက်ကိုလာဆွဲ…ဆွဲ…”

ဓါတ်မီးနဲ့ထိုးပြီး သူ့ခြေထောက်နားကို သေချာပြန်ကြည့်လိုက်တော့

သူထင်ထားသလိုမဟုတ်ဘဲအမွှေးဖွားဖွားနဲ့ ခွေးအမဲရောင်ကြီးဖြစ်နေတယ်…

ခွေးကြီးက သူ့ခြေထောက်ကြားနေ ဖြတ်ပြေးပြီး ရှေ့ကိုထွက်သွားတာလေ….

အဲ့ဒီ့အခါမှ တပ်ကြပ်ကြီးကိုသိန်းအောင် လည်း သက်ပြင်းချနိုင်ပြီးတော့

ရှက်လည်းရှက် ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတော့ ခွေးကို မာန်မဲပြီး

ဟောက်လိုက်သေးတယ်

“ သြော်…ဒီသောက်ခွေးကတော့ကွာ…ငါပိတ်ကန်လိုက်ရ …”

သူပြောလိုက်တာကို ခွေးက နားလည်သူလိုနဲ့ တစ်ချက်လှည့်ကြပြီးတော့

မသိချင်ယောင်ဆောင်သလိုနဲ့ ရှေ့ခပ်လှမ်းလှမ်းကိုပြေးသွားပြီး ခွေးသေးသေးလေးကနေ

တဖြည်းဖြည်း တဖြည်းဖြည်း မျက်စိရှေ့တင်အကောင်ကြီး ကြီး ကြီးလာပြီးတော့

အစွယ်တွေနဲ့ သွားရည်တွဲလောင်းကျပြီး ရှစ်ထပ်တိုက်တစ်တိုက်စာအမြင့်လောက်ထိ

ကြီးတဲ့ ငရဲခွေးကြီးဖြစ်သွားပါလေရော… ဒါကိုအံ့သြတကြီးနဲ့ကြည့်နေမိတဲ့

တပ်ကြပ်ကြီးကိုသိန်းအောင် လည်း ဘာပြောကောင်းမလဲ လက်ထဲက သေနတ်ရော ၊

ဓါတ်မီးပါ ပစ်ချခဲ့ပြီး ခြေကုန်ကိုနောက်ကြောင်းပြန်ပြေးတော့တာပဲ….. ၊

အနောက်မှာလည်း မာန်ဖီတဲ့အသံနဲ့အတူ ခွေးကြီးပြေးလိုက်လာတဲ့ ခြေသံကို

ကြားနေရတော့အသက်လုပြီး ပိုပြေးနေမိတယ်….

“အမေ…အမေ…ကယ်ပါဦး…အမေ…

သားနောက်မှာ ခွေးနက်ကြီး….အား…ကယ်ကြပါဦး…. ”

တပ်ကြပ်ကြီးကိုသိန်းအောင်တစ်ယောက်အသက်လုပြီး ပြေးလာရာကနေ

အမေ့အိမ်ဆီကိုရောက်လာခဲ့တယ် ၊အိမ်ထဲတောင်မဝင်နိုင်ပဲအိမ်ရှေ့တင် သတိလစ်သွားလို့

တော်တော်လေး ဝိုင်းပြီး နှာနှပ်ပေးလိုက်ရသေးတယ် ၊ သတိရလာတော့လည်း

ခွေးနက်ကြီးဆိုတဲ့စကားကို တွင်တွင်ကြီးပြောနေတပြန်တယ် ၊အခြေအနေကိုရိပ်စားမိတဲ့

သူတွေက ပရိတ်ရေတွေနဲ့ တောက်ပေးတာတို့ ၊ ပရိတ်ရေတွေ တိုက်တာတို့ကို လုပ်ပေးကြတယ်

အဲ့အခါကျမှ တပ်ကြပ်ကြီးကိုသိန်းအောင်လည်း သူကြုံခဲ့တာတွေကို သေချာပြန်ပြောပြနိုင်ခဲ့တယ် ၊

ဒီအခါမှ သူတို့စခန်းကိုအကြောင်းကြားပေးပြီး ရဲတပ်ဖွဲ့ကအင်အားနဲ့ ချက်ချင်း လိုက်လာပြီး

ကျန်ခဲ့တဲ့ တပ်ကြပ်ကြီးကိုသိန်းအောင် သေနတ် နဲ့ ဓါတ်မီးကိုလည်း လမ်းပေါ်ကနေ ကောက်လာခဲ့ပြီး

တပ်ကြပ်ကြီးကိုသိန်းအောင် ကိုလည်း စခန်းပြန်ခေါ်သွားဖို့ပြင်နေကြတယ် ၊

တပ်ကြပ်ကြီးကိုသိန်းအောင် က စခန်းကိုအဲ့လမ်းကနေ ပြန်မလိုက်ရဲတော့တဲ့အကြောင်း

အကြောက်အကန်ငြင်းနေလို့ တပ်ကြပ်ကြီးကိုသိန်းအောင်ကို ရေလမ်းကနေ မြို့ကိုပတ်ပြီး

စခန်းဆီပြန်ပို့လိုက်ရသေးတယ် ၊ ဒီအဖြစ်ကတော့ တစ်မြို့လုံးနီးပါ ဟိုးဟိုးကျော်သွားခဲ့တဲ့

ထန်းပင်ညီနောင်နဲ့ပတ်သတ်ပြီး တပ်ကြပ်ကြီးကိုသိန်းအောင်ရဲ့

ကိုယ်တွေ့အဖြစ်အပျက်ကြီးတစ်ခုပါပဲ ။

နောက်တစ်ယောက်ကျတော့ တစ်မျိုး….

မြို့ရဲ့ဘေးနားမှာရှိတဲ့ ရွာငယ်လေးတွေထဲက မသန်းအေးဆိုတဲ့ ရွာသူမလေးတစ်ယောက်

ညနေစောင်းကြီးမှာ ရွာကနေ ထွက်လာပြီး နွားကျောင်းရင်း ခရီးလွန်လာတာကနေ နောက်ဆုံး

ထန်းပင်ညီနောင်အနားမှာ ရောက်လာခဲ့တယ် ၊ သူကအကြောက်အလန့်ကလည်းသိပ်မရှိ ၊

နေအလင်းရောင်လည်း ရှိနေသေးတော့ ဘာရယ်မဟုတ်ဘူး ၊ ထန်းပင်ညီနောင်နားမှာ

နွားတွေကို စားကျက်လွှတ်ထားရင်း သူကတော့ ထန်းပင်ညီနောင်ဘေးနားက ဇရပ်ပျက်ကြီးက

တိုင်တစ်တိုင်ကို မှီပြီး ခဏလောက်အိပ်ငိုက်နေမိရင်းအိပ်မပျော်တပျော်သလိုဖြစ်သွားတဲ့အချိန်လေး

“ သမီး သမီး…ထ…ထ.. ”

သူ့ကို တစ်ယောက်ယောက်က လာနှိုးတော့ လန့်နိုးလာခဲ့တယ် ၊

မသန်းအေး သူ့ကို ဘယ်သူများနှိုးတာလဲဆိုပြီးအိပ်ချင်မူးတူးဖြစ်နေတာကို မျက်စိကိုပွတ်သပ်ရင်း

ဟိုဒီလိုက်ကြည့်နေမိတော့ သူ့ရှေ့မှာ ဝတ်ဖြူစင်ကြယ်နဲ့ သူတော်စင်တစ်ပါးကိုမြင်လိုက်ရတယ်

“အဘ…ဘာလို့ သမီးကိုလာနှိုးတာတုန်း ”

“ ငါ့သမီး…လာလာအဘနဲ့လိုက်ခဲ့ ”

ရုတ်တရက် ဘယ်သူမှန်းမသိ ၊ ဘယ်ကမှန်းမသိတဲ့

သူတော်စင်က သူ့ကိုခေါ်နေတော့ သူလည်းကြောင်သွားပြီးအကြောင့်အကန်

ငြင်းနေမိတယ်

“ ဟင့်အင်း မလိုက်ချင်ပါဘူး….ဘယ်သွားမလို့လဲအဘရယ် ”

သူတော်စင်ကြီးကလည်း မသန်းအေးကိုအတင်းခေါ်နေပြန်တယ်

“ လာပါသမီးရယ် ခဏလေးလိုက်ခဲ့ပါ ”

“ လိုက်ချင်ပါဘူးတော်….ကျုပ်နွားတွေကြည့်ရဦးမယ်အဘရယ် ”

“အဲ့ဒီ့နွားတွေကိုအဘတပည့်တွေကိုကြည့်ခိုင်းထားမယ်သမီး

စိတ်ချလက်ချ ထားခဲ့ မပျောက်စေရဘူး ဟုတ်ပြီလား ”

“ ဘယ်မှန်းလည်းမသိဘူး မလိုက်ချင်ပါဘူးတော် ”

“ ခဏလေး လိုက်ခဲစမ်းပါ ငါ့သမီးရာ ”

မသန်းအေးအကြိမ်ကြိမ်ငြင်းနေပေမယ့် သူတော်စင်ကြီးက

အတင်းခေါ်နေပြန်တော့ ငြင်းရခတ်နေပြီးအားနာလာတာနဲ့

“ ဒါဆို ခဏပဲလိုက်ခဲ့မယ်နော်အဘ ပြန်လိုက်ပို့ပေးရမယ် ”

“အေးပါသမီးရယ်ပြန်ပို့ပးမယ် ခဏပါပဲ ”

ပြောပြောဆိုဆိုနဲ့ သူတော်စင်ကြီးက မသန်းအေး ကို လက်ကဆွဲပြီး

ခေါ်သွားခဲ့တယ် ၊ သူတော်စင်ကြီးလက်ကအအေးဓါတ်တစ်ခုကို မသန်းအေး

ကောင်းကောင်းကြီး ခံစားမိနေရတယ် .. သူတောင်စိတ်ချမ်းသာမိသွားသလို… ၊

သူတော်စင်ကြီးခေါ်သွားတဲ့နေရာက တစ်ခြားနေရာမဟုတ်ဘူး ၊

မသန်းအေးအခုအိပ်နေတဲ့နေရာကနေ ခြေလှမ်း ဆယ်လှမ်းလောက်ပဲ လှမ်းရတဲ့

ထန်းပင်ညီနောင်ရှေ့နားဖြစ်နေတယ် ၊ ထန်းပင်ညီနောင်ရှေ့ရောက်တော့ သူတော်စင်ကြီးက

ထန်းပင်ညီနောင်နှစ်ပင်ကြားထဲကို ဖြတ်ခေါ်သွားလိုက်တယ် ၊ ဒီဘက်ကကြည့်ရင် ဘာမှ

မထူးဆန်းတဲ့ ထန်းပင်နှစ်ပင်ဆိုပင်ပေမယ့်အဲ့နှစ်ပင်ကြားထဲကို ဖြတ်ဝင်သွားလိုက်တာနဲ့

ထန်းနှစ်ပင်အထဲမှာ မသန်းအေး တစ်ဘဝလုံးတစ်ခါမှ မမြင်ဖူးတဲ့ ရွှေပုံ ၊ ငွေပုံ ၊ ပတ္တမြားပုံကြီးတွေ

ကျောက်သံပတ္တမြားတွေအစုံအလင် ကို မြင်လိုက်ရတော့ မသန်းအေး မျက်လုံးတွေတောင်

ကျိန်းသွားမိတယ်အံ့လည်းအံ့သြနေမိတယ်အဲ့အချိန်မှာပဲ သူတော်စင်ကြီးက

“ သမီးလေး ကြိုက်တာတွေရှိရင် ကြိုက်သလောက်ယူသွား

အဘ လက်ဆောင်ပေးတာ ဟုတ်ပြီလား…သယ်နိုင်သလောက်သာအကုန်ယူသွားငါ့သမီး ”

အဘစကားကြောင့် မသန်းအေး မျက်လုံးပြူးသွားပြီး ရိုးသားတဲ့ စိတ်ခံလေးရှိတာကြောင့်

“အဘရယ်..သမီးမယူချင်ပါဘူးတော်…ကိုယ့်ပစ္စည်းတွေလည်းမဟုတ်ဘူး ၊

ဘယ်သူ့ဟာတွေမှန်းလည်းမသိဘူး ၊ သူများတွေက ဘုရားတွေဘာတွေ လှူထားတာဆို

သမီး ငရဲကြီးနေပါဦးမယ် မယူချင်ပါဘူးတော် ”

မသန်းအေး စကားကြောင့် သူတော်စင်ကြီးကအံသြသွားပြီး

သုံးကြိမ်သုံးခါ မသန်းအေးကို ရတနာတွေ ယူဖို့ ပေးပြန်တယ် ၊

မသန်းအေး ကလည်း သူ့လုပ်အားနဲ့ရထားတာမဟုတ်ရင်အလကားမလိုချင်ဘူးဆိုတဲ့အကြောင်း ၊

အလကားရတဲ့အရာတွေဆို ဘောကမှာ ရှားတယ် ၊ တစ်ခုပေးမှ တစ်ခုပြန်ရလေ့ရှိတဲ့သဘောကို

ရွာဦးဆရာတော်ဆီက သင်ကြားဖူးတာမို့ တက်မက်စရာတွေရှိတာတောင် ကိုယ့်စိတ်ကို

အတတ်နိုင်ဆုံးအရိုးသားဆုံး ထားထားဖို့ကြိုးစားရင်း မယူလိုကြောင်း ငြင်းဆန်နေခဲ့တယ်

အဲ့ဒီ့အခါကျမှာ သူတော်စင်ကြီးက ရယ်ပြီးတော့…

“ ဟားး.ဟားး….အေးပါကွယ်…ငါ့သမီးမလိုချင်ဘူးဆိုရင်လည်း

အဘမပေးတော့ပါဘူး..သမီးနှလုံးသားလေးက လှလိုက်တာကွယ်…. ၊

ဒါက ဘုရားပစ္စည်းတွေဆို သမီးရော လှူချင်သေးလား ” လို့မေးလိုက်တော့

သဒ္ဒါအားကောင်းတဲ့ တောသူမို့ မသန်းအေးက

“ လှူချင်တာပေါ့အဘရယ် ဒါပေမယ့် သမီးမှာ တန်ဖိုးကြီးတာ

ဘာမှမရှိဘူး…. ”

ပြောရင်း သူ့တစ်ကိုယ်လုံးလိုက်ရှာကြည့်တယ် ၊ နားကပ်တောင်မရှိတဲ့ဘဝမို့

ခေါင်းပေါ်မှာတင်ထားတဲ့ တဘက်အနွမ်းလေးကို ကိုင်ပြီး

“ သမီးကိုယ်ပိုင်ပစ္စည်လေး ဒီတစ်ခုတော့ရှိတယ်အဘ…

သမီးလှူချင်ပါတယ် ”

သူတော်စင်ကြီးက ပြုံပြီး မသန်းအေး ရဲ့အလှူပစ္စည်းလေးကို

လက်ခံပြီး သာဓု သုံးကြိမ်ခေါ်လိုက်တယ် ပြီးတော့ မသန်းအေးကို

“ ကဲ လာလာ ငါ့သမီးအဘပြန်လိုက်ပို့ပေးမယ် ”

မသန်းအေး လက်ကိုကိုင်ပြီးအပြင်ဘက်ကို ပြန်ထွက်လိုက်တာနဲ့

ချက်ချင်း ရွှေပုံ ၊ ငွေပုံတွေနေရာကနေ ကွင်းပြင်ကြီးနဲ့ နောက်ကျောမှာ ထန်းပင်ညီနောင်ကြီးကို

လှမ်းမြင်လိုက်ရတော့တယ်….

“ ဟဲ့…ကလေးမ…ကလေးမ… ဒီနေရာမှာ ဘာလုပ်နေတာလဲ ထထ ပြန်တော့…

မှောင်တောင်မှောင်တော့မယ် ”

လမ်းသွားလမ်းလာအဒေါ်ကြီးတွေက ထန်းပင်ညီနောင်ဘေးနားမှာ ခွေခွေလေး

အိပ်ပျော်နေတဲ့ မသန်းအေးကို လာပုတ်ပြီး နှိုးကြတော့မှ မသန်းအေး လန့်နိုးလာခဲ့တယ်

သူလည်း ဘာပြန်ဖြေလို့ဖြေရမယ်မှန်းမသိဘူး ၊ ပန်ဝန်းကျင်က မှောင်တောင်မှောင်တော့မယ်

ချက်ချင်းဆိုသလိုပဲ နွားတွေကိုလည်း စိတ်ပူသွားမိပြီး လိုက်ရှာကြည့်မိတော့ ဘယ်သူက

မောင်းပေးထားတယ်မသိ နွားလေးတွေကအကုန် တစ်စုတည်း စုစုကလေးဖြစ်နေတာကို

မြင်လိုက်ရတယ် ၊ တစ်ဆက်တည်းမှာပဲ သူတော်စင်ကြီးအိပ်မက်ကို သတိရပြီး

အိပ်မက်မှန်းသိလိုက်ပြီး ပြုံမိနေရင်း ခေါင်းပေါ်က တဘက်နွမ်းလေးကို စမ်းကြည့်တော့

ခေါင်းပေါ်မှာ ဘာမှ မရှိတော့တာကိုအံ့သြဖွယ်ရာ သိလိုက်ရတယ် ၊အခုမှ ထိုင်ရာက ထလိုက်တာမို့

ကျနေစရာလည်းမရှိတာမို့ ပိုအံ့သြထိတ်လန့်မိသွားတယ် ၊ သူလောဘမကြီးခဲ့မိတာကိုလည်း

အကြိမ်ကြိမ်ပြန်တွေးမိပြီး စိတ်ချမ်းသာနေမိသလို ၊ တကယ်လှူခွင့်ရခဲ့တာကိုလည်း

ပီတိဝေနေမိတယ် ၊ နွားကလေးတွေကို တစ်စုတည် သိမ်းမောင်းရင်း ရွာအပြန်လမ်းကို

လှမ်းနေရင်က နေဝင်ချိန် နီမှောင်ရီအလင်းရောင်အောက်က ထန်းပင်ညီနောင်ကိုလည်း

လွမ်းမောဖွယ် တစ်ချက် လှမ်းကြည့်လိုက်မိတော့တယ်…………. ။

ကြိုးစားပါဦးမည် …

~ မိုးစွေ ~

စာပြီးချိန် - 01.7.2019 ( 10 : 43 Am )

#lotaya_shortstory

အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..