သစ္စာတရားရဲ့ ဒဏ်ချက်
(၁)
ပင့်သက်ကိုရှိုက်လိုက်ရင်း ဆေးပေါ့လိပ်ကို မီးညှိလိုက်သည်။ ဘဝရဲ့ လက်ကျန်အချိန်နည်းနည်းလေးမှာအတွေ့ချင်ဆုံး လူတစ်ယောက်ကို တွေ့ခွင့်ရသွားမှအသေဖြောင့်နိုင်မည်ဖြစ်သည်။ တွေ့ခွင့်ရရင်တော့အနူးအညွှတ်တောင်းပန်မယ် သူ့ဆီက ခွင့်လွှတ်တဲ့စကားတစ်ခွန်းကိုရဖို့လဲ လိုအပ်နေသေးသည်။ သူ့ဆီက ခွင့်လွှတ်မှုကို ရှိလိမ့်မယ်လို့လည်းယုံကြည်နေမိသည်။
ဆိုင်ထဲကို ဝင်လိုက်တော့ ဆင်းရဲတဲ့ရနံ့တွေ၊ဘဝအဓိပ္ပာယ်မဲ့နေတဲ့အသံတွေ၊ သေခြင်းတရားကို ပျော်ပျော်ကြီးစောင့်ဆိုင်းနေကြသော လူအချို့ကို တွေ့ရသည်။ လွယ်အိတ်ထဲကအကြွေတစ်ချို့ကို ထုတ်လိုက်ပြီး သေခြင်းတရားဆီပိုမိုနီးကပ်သွားစေမည့်အရာတစ်ခုကို မှာယူသောက်သုံးလိုက်သည်။
တစ်ခွက် … နှစ်ခွက် … သုံးခွက်မြောက်မှာတော့ …
“အဘ … ထပ်မှာအုံးမှာလား “
“ ငါ့မှာ .. ပိုက်ဆံမရှိတော့ဘူး ဖြစ်နိုင်ရင် ငါ့ကို ဆေးပေါ့လိပ်အတိုလေး တိုက်ပါလား “
“အဟွတ် …အဟွတ် .. “ ချောင်းဆိုးလိုက်တိုင်း ရင်ဘတ်ထဲက ပြင်းပြင်းထန်ထန်နာကျင်နေမိသည်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဆရာဝန်ပြောတဲ့စကားတွေကို နားထဲမှာ ပြန်ကြားယောင်လာမိသည်။ “အဘ .. ဆေးလိပ်နဲ့အရက်ကို မသောက်နဲ့တော့အဘအဆုတ်တွေက တော်တော်လေးပျက်စီးနေပြီ။ ကျွန်တော်ပေးတဲ့ ဆေးကို သောက် ။ နောက် ငါးရက်နေရင် လာပြန်ပြနော် ။ ဆေးလိပ်နဲ့အရက်ကို လုံးဝမသောက်နဲ့နော်အဘ “ တဲ့ ။အဲဒီနောက်ပိုင်းကတည်းက နေ့တိုင်းအရက်နဲ့ဆေးလိပ်ကို ခါတိုင်းထက်ပိုသောက်ဖြစ်တယ်။ ဆရာဝန်ဆီကိုလဲ လုံးဝမသွားတော့။ ဘဝမှာအဓိပ္ပါယ်မရှိဘဲရှင်သန်ရတဲ့အခက်အခဲကို ဘယ်သူတွေကများနားလည်နိုင်အုံးမှာလဲ။ “အဟွတ် …..အဟွတ်.. “ ရင်ဘတ်ကို ဖိရင်း ဆေးလိပ်တိုလေး လက်ကြားညှပ်ကာ ဆိုင်ထဲကထွက်သွားလေသည်။
(၂)
ငါးဇင်းရိုင်းအိုးကပ်လေးချက်မယ် ၊ ပြီးရင် ဒန့်ဒလွန်သီးဟင်းချိုလေးချက်မယ် ၊ မန်ကျဉ်းရွက်လေးသုပ်ပြီး တို့စရာကတော့ သခွားသီးလေးနဲ့ ငပိရည်ကို ခပ်ပြစ်ပြစ်လေးဖျော်မယ် ဟု စိတ်ကူူးရင်း မခင်တင့်တစ်ယောက်အလုပ်တွေမစခင် စိတ်ကူးနဲ့ ပလန်ချကြည့်နေသည်။ ဒီနေ့အိမ်မှာ လူစုံဖို့များတယ် တနင်္ဂနွေနေ့မဟုတ်ပေမဲ့လည်းအလတ်ကောင်မိသားစုအိမ်ကိုလာလည်မယ်လို့ ဖုန်းဆက်ထားသလို၊အငယ်မကလည်း ဒီနေ့ခွင့်ယူထားသည်ဟု ဆိုသည်။အကြီးကောင်ကတော့ ရိုက်ကူးရေးတွေရှိနေတယ်ဆိုလို့ မလာဖြစ်ဘူးလို့တော့ပြောတယ် ဘာပဲပြောပြော ဒီနေ့တော့ ခါတိုင်းနေ့ထက် လူပိုများမှာတော့အသေအချာပဲ။ မတွေ့ရတာကြာပြီဖြစ်တဲ့ မြေးလေးတွေနဲ့လည်းတွေ့ရအုံးမှာဖြစ်တာကြောင့် မခင်တင့်တစ်ယောက် ပျော်ရွှင်နေလေသည်။ ခါတိုင်းဆိုရင်တော့အိမ်မှာအငယ်မနဲ့သူနဲ့နှစ်ယောက်ပဲရှိတာ။အငယ်မ ကလဲအလုပ်က ခပ်ရှုပ်ရှုပ်ဆိုတော့ တစ်နေကုန်နေလို့တောင် စကားတစ်နာရီမပြည့်အောင်မပြောဖြစ်။ ဒီနေ့တော့ လူတွေစုံတော့ စကားတွေ တစ်ဝ ကြီးပြောမည်ဟု တွေးထားသည်။
(၃)
လွန်ခဲ့တဲ့နှစ်သုံးဆယ်ခန့်ကအဖြစ်အပျက်တစ်ခုကို ထပ်တလဲလဲမက်နေတဲ့အိပ်မက်ဆိုးကြီးတစ်ခုကြောင့် သူလန့်နိုးသွားသည်။အာခေါင်တွေက ခြောက်ကပ်လာပြီး ရေထသောက်ရင်းနာရီကို ကြည့်လိုက်တော့ နံနက်လေးနာရီပင်ထိုးကာနီးနေပြီ။ ပြန်အိပ်လို့မရတော့တာနဲ့ မျက်နှာသစ်ပြီး ဆေးပေါ့လိပ်ကို ထိုင်ဖွာနေမိသည်။ သူ့အတွေးထဲမှာတော့ လွန်ခဲ့သည့်နှစ်သုံးဆယ်ကအကြောင်းတွေကိုသာ ပြန်တွေးနေမိသည်။အဲဒီတုန်းကအလွန်ပျော်စရာကောင်းသော မိသားစုဘဝကို သူ ပိုင်ဆိုင်ခဲ့ဖူးသည်။ သူ့အပေါ်မှာအလွန်ချစ်မြတ်နိုးပြီး နားလည်မှုရှိသော ဇနီးလေးတစ်ယောက်ကြောင့် သူ့ ဘဝဟာအရာရာအဓိပ္ပါယ်ရှိခဲ့သည်။ သားနှစ်ယောက်၊သမီးတစ်ယောက်နဲ့ ဘဝကို ရိုးရှင်းအေးဆေးစွာ ဖြတ်သန်းနေခဲ့တဲ့ ကာလတွေပေါ့။ ဒါပေမဲ့လည်း ကံတရားဆိုတာမျိုးက ကြိုမြင်နိုင်တာမျိုးမှ မဟုတ်ဘဲ။ သူ့ရဲ့ သစ္စာတစ်ခါမဲ့မှုက တစ်ဘဝလုံးစာကို ဒဏ်ခတ်သွားတော့တာပါပဲ။အတွေးစတွေကို ပြန်ဖြတ်လိုက်တယ် လက်ရှိဘဝမှာပဲ ခက်ခက်ခဲခဲရှင်သန်နေထိုင်ရင်း
အရာအားလုံးဟာ သူ့အမှားတွေလို့ပဲ ခံယူထားလိုက်တာ ကြာပေါ့။
“အဟွတ်…အဟွတ် ..” ဒီရက်ပိုင်းချောင်းဆိုးတာတွေ စိပ်လာသည်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ရက်စာ စားသောက်ဖို့အလုပ်တော့သွားရအုံးမည်။
(၄)
ဒီနေ့တော့ မခင်တင့် တစ်ယောက်အရင်လိုပဲ ပုံမှန်အထီးကျန်နေ့ရက်ကို ဖြတ်သန်းရတော့မှာပဲ ဖြစ်သည်။ ဒါပေမဲ့ သူ့မှာ စိတ်ခွန်အားတွေ ရှိနေသေးတယ် မနေ့ကမှ စကားတွေတတ်လွန်းနေတဲ့ သူ့မြေးလေးအကြောင်းသူပြန်တွေးမယ် နောက်ထပ်လာလည်မယ့်ရက်တွေကို လက်ချိုးရေရင်း ဒီလိုတစ်ယောက်ထဲ နေ့ရက်တွေကိုအေးဆေးဖြတ်သန်းလို့ရသည်။ တစ်ခါတစ်ခါ စက်ဆုပ်ရွံစရာကောင်းတဲ့အတိတ်ဆိုးတွေအကြောင်းမတွေးမိအောင်တော့ ကြိုးစားရမည်။အဓိက က တော့ သစ္စာမဲ့သူတွေဟာ ဘဝတစ်လျှောက်လုံး နာကျင်ခြင်းတွေ၊အဆင်မပြေခြင်းတွေ၊နောင်တတွေနဲ့ပဲ နေထိုင်နေရမယ်ဟု စိတ်ထဲမှာ တွေးလိုက်သည်။ မခင်တင့်တစ်ယောက် ခုချိန်ထိ ဘာကိုမှ နောင်တရစရာမရှိခဲ့။ သူ့ နှလုံးသားက ခွင့်လွှတ်ပေးလို့ရတဲ့အရာတွေရှိနေပေမယ့်လည်း သူ့ ဦးနှောက်ကတော့အဖြစ်သင့်ဆုံးအရာတစ်ခုကို ဆုံးဖြတ်ခဲ့တာပဲ ဖြစ်သည်။ ဆိုရရင် လွန်ခဲ့တဲ့ နှစ်သုံးဆယ်က နာကျင်မှုတွေ၊ဝမ်းနည်းမှုတွေဟာ ခုချိန်မှာတော့ သူ့ရဲ့ မှန်ကန်ခဲ့တဲ့ ဆုံးဖြတ်ချက်အချို့ကြောင့် လျော့ပါးခဲ့တာတော့အသေအချာပါပဲ။
(၅)
နာရေးသတင်းဖိတ်စာကို ကြည့်ပြီး မခင်တင့်တစ်ယောက် ဝမ်းနည်းမိတာတော့အမှန်ပဲ။ နှစ်ပေါင်းသုံးဆယ်ကျော်ကြာအဆက်အသွယ်တွေ ဖြတ်တောက်ခဲ့ရပေမယ့်လည်း ဘဝမှာ ပထမဦးဆုံးနဲ့နောက်ဆုံး ချစ်ခဲ့ရတဲ့သူ ။ ခုတော့ သူ လူ့လောကကြီးထဲမှာ မရှိတော့ဘူးဆိုတဲ့အသိက ဝမ်းနည်းရတာမှန်ပေမဲ့ မျက်ရည်တော့မကျမိတော့ဘူူး။ သူ့ရဲ့အသုဘပို့ကို သားတွေ၊သမီးတွေက လိုက်ပို့ချင်ပေမဲ့လည်း မခင်တင့်က တားဆီးလိုက်သည်။
“အမေရယ် …အဖေ့ရဲ့ နောက်ဆုံးခရီးလေးကိုတော့ သားသမီးတစ်ယောက်အနေနဲ့ လိုက်ပို့ခွင့်တော့ပြုသင့်တယ်ထင်တယ် “
အကြီးဆုံ့းသားရဲ့ မဝံံံ့မရဲတောင်းဆိုမှုကို မခင်တင့် ခေါင်းယမ်းပြီး ပယ်ချလိုက်သည်။
မခင်တင့်အနေနဲ့ သူ့သားသမီးတွေရဲ့ ခံစားချက်ကို နားလည်သလို ကိုယ်ချင်းလဲစာမိသည်။ သူတို့အဖေအပေါ်မှာ သူတို့ ဘယ်လိုမှ မုန်းလို့ရမှာမဟုတ်သလိုအမြဲတမ်းလိုက်ရှာနေမယ်ဆိုတာလည်း သူသိတယ်။ ဒါပေမဲ့ မခင်တင့်ကလည်း စနစ်တကျကိုအဆက်အသွယ်မရအောင် နှစ်ပေါင်းသုံးဆယ်လုံးလုံး နေထိုင်လာခဲ့ရတာ။
“အမေ့အနေနဲ့အဖေ့အပေါ်မှာ ဒီလောက်ထိတော့ မရက်စက်သင့်ဘူးထင်တယ် “
“ ဟုတ်တယ်အကိုကြီးပြောတာကို သမီးထောက်ခံတယ်အဖေ ဘာတွေပဲမှားခဲ့မှားခဲ့အဖေပဲမဟုတ်လား ခု သမီးတို့ကအဖေရဲ့ နောက်ဆုံးနာရေးလေးကို လိုက်ပို့ချင်လို့ တောင်းဆိုတာပါအမေရယ် “
ပြောရင်း ငိုချလိုက်သောအငယ်ဆုံးသမီးကို ကြည့်ပြီး မခင်တင့် မျက်ရည်တွေမထိန်းနိုင်ခဲ့။ ဒါပေမဲ့လည်း သူ့ရဲ့ သံမဏိဆုံးဖြတ်ချက်ကတော့ ဘယ်လိုမှပြင်မှာ မဟုတ်ဘူးဆိုတာ သူ့သားသမီးတွေ သိနေသည်။
မခင်တင့် က မျက်ရည်တွေနဲ့ ..
“ ဒီမှာ ငါပြောပြမယ် မင်းတို့အဖေရဲ့အမှားကို ခွင့်လွှတ်ပြီး ငါတို့အတူတူဆက်နေဖို့အတွက် ငါ့စိတ်ကအကြိမ်ကြိမ်တွေးခဲ့တယ် ဒါပေမဲ့ င့ါဦးနှောက်ကတော့ မင်းတို့အတွက် ဘယ်လိုမှအတူဆက်နေဖို့မဖြစ်ခဲ့ဘူးလို့ပဲ ဆုံးဖြတ်ခဲ့တယ်။ မင်းတို့ဟာအပြစ်ကင်းတဲ့ကလေးတွေ ၊အဲဒီကလေးတွေဟာ ရွေးချယ်ခွင့်မရှိဘဲနဲ့ သစ္စာမရှိတဲ့လူတစ်ယောက်ကိုအဖေတော်တာမျိုးဟာ လုံးဝမဖြစ်သင့်ဘူး။ မင်းတို့သုံးယောက်စလုံးကို လူလားမြောက်အောင်၊ မပူမပင်မကြောင့်ကြရအောင် ငါရုန်းကန်ကျွေးမွေးခဲ့တယ်။ ဒါဟာ ငါ့ရဲ့အတ္တလို့မင်းတို့ ထင်ကောင်းထင်လိမ့်မယ် ဒါပေမဲ့ မင်းတို့သိထားဖို့က ငါဟာမင်းတို့ထက်အဆပေါင်းများစွာအနာကျင်ခံပြီး ခုလိုလမ်းကို ရွေးချယ်ခဲ့ရတာပဲ “
မခင်တင့် စကားဆုံးတော့အားလုံးငြိမ်သက်သွားကြသည်။အကြီးကောင်က သူ့အမေပုခုံးကို ဖက်ပြီး
“အမေရယ် … ဘာဖြစ်လို့ ဒီလောက်ထိ ကိုယ့်ကိုယ်ကိုယ် နာကျင်ခံရတာတုန်း ..အမေ့ရင်ထဲကအမုန်းတွေကိုလျှော့ပြီးအဖေ့ကိုခွင့်လွှတ်ပေးလိုက်ပါဗျာ သားတို့အတူတူအဖေ့ရဲ့ နောက်ဆုံးခရီးကို သွားပို့ကြမယ်လေ “
“ မဟုတ်ဘူး ငါ မင်းတို့အဖေကို ဘယ်တုန်းကမှ မမုန်းခဲ့ဘူး ငါဟာ မင်းတို့အဖေကို ချစ်လွန်းလို့ ခုလိုမျိုးဆုံးဖြတ်ခဲ့ရတာပဲ။ သူဟာ နှစ်ပေါင်းသုံးဆယ်လုံးလုံး နာကျင်မှုတွေ၊နောင်တတွေနဲ့ ဘဝကို ဖြတ်သန်းသွားရမယ်ဆိုတာ ငါသိတယ်။အဲဒီ သစ္စာမဲ့မှုရဲ့အပြစ်ကြွေးတွေကို ဒီဘဝမှာတင် လုံလောက်စွာခံသွားစေချင်တာ သံသရာမှာအမေတို့ ပြန်တွေ့ကြအုံးမှာပါအဲဒီလိုတွေ့တဲ့အခါ မင်းအဖေဟာအပြစ်ကင်းတဲ့လူတစ်ယောက်အဖြစ်နဲ့အမေ မြင်ချင်တယ် သားတို့ရယ်…”
“အမေရယ် … “
(၆)
သေလုမျောပါးဝေဒနာတွေကို မချိမဆန့်ခံစားရင်း သူ ပြုံးမိသည်။ သစ္စာတစ်ခါမဲ့မှုရဲ့ ဒဏ်ဟာ ဒီလောက်ထိပြင်းထန်လိမ့်မယ်လို့ သူလုံးဝမထင်ခဲ့မိ။ ဒါပေမဲ့ သူကျေနပ်ပါတယ် ။
မခင်တင့်ရေ … သံသရာတကွေ့ကွေ့မှာ ပြန်ဆုံကြအုံးမယ်ထင်တယ်အဲဒီအချိန်ကျရင်သာ ငါ့ကို ပိုချစ်ပေးစမ်းပါဟာ … ။ ။
ခြူးသစ်
Zawgyi;
သစ္စာတရားရဲ့ ဒဏ္ခ်က်
(၁)
ပင့်သက္ကိုရှိုက္လိုက်ရင်း ဆေးပေါ့လိပ္ကို မီးညှိလိုက်သည်။ ဘဝရဲ့ လက္က်န်အခိန္နည်းနည်းလေးမွာအေတြ့ခ်င္ဆုံး လူတစ်ယောက္ကို တြေ့ခြင့်ရသြားမွအေသျေဖာင့္နိုင္မည်ျဖစ်သည်။ တြေ့ခြင့်ရရင်တော့အနူးအညွှတ်တောင်းပန္မယ် သူ့ဆီက ခြင့္လွှတ္တဲ့စကားတစ္ခြန်းကိုရဖို့လဲ လိုအပ်ေနေသးသည်။ သူ့ဆီက ခြင့္လွှတ္မှုကို ရွိလိမ့္မယ္လို့လည်းယုံကြည်နေမိသည်။
ဆိုင္ထဲကို ဝင္လိုက်တော့ ဆင်းရဲတဲ့ရနံ့တြေ၊ဘဝအဓိပ္ပာယ္မဲ့နေတဲ့အသံတြေ၊ သျေခင်းတရားကို ပေ်ာ်ပေ်ာ်ကြီးစောင့္ဆိုင်းနြေကေသာ လူအခို့ကို တြေ့ရသည်။ လြယ်အိတ္ထဲကအြေကြတစ္ခို့ကို ထုတ္လိုက်ပြီး သျေခင်းတရားဆီပိုမိုနီးကပ်သြားစေမည့်အရာတစ္ခုကို မွာယူသောက်သုံးလိုက်သည်။
တစ္ခြက် … နွစ္ခြက် … သုံးခြက်ေျမာက္မွာတော့ …
“အဘ … ထပ္မွာအုံးမွာလား “
“ ငါ့မွာ .. ပိုက္ဆံမရွိတော့ဘူး ျဖစ္နိုင်ရင် ငါ့ကို ဆေးပေါ့လိပ်အတိုလေး တိုက္ပါလား “
“အဟြတ် …အဟြတ် .. “ ခေ်ာင်းဆိုးလိုက္တိုင်း ရင္ဘတ္ထဲက ျပင်းျပင်းထန္ထန္နာက်င်နေမိသည်။ လြန္ခဲ့တဲ့ နွစ္ပတ်လောက္က ဆရာဝန်ေျပာတဲ့စကားတြေကို နားထဲမွာ ျပန်ကြားယောင္လာမိသည်။ “အဘ .. ဆေးလိပ္နဲ့အရက္ကို မေသာက္နဲ့တော့အဘအဆုတ်တြေက တော်တော်လေးပ်က္စီးနေပြီ။ ကြျန်တော်ပေးတဲ့ ဆေးကို သောက် ။ နောက် ငါးရက်နေရင် လာျပန်ျပေနာ် ။ ဆေးလိပ္နဲ့အရက္ကို လုံးဝမေသာက္နဲ့နော်အဘ “ တဲ့ ။အဲဒီနောက္ပိုင်းကတည်းက နေ့တိုင်းအရက္နဲ့ဆေးလိပ္ကို ခါတိုင်းထက္ပိုသောက်ျဖစ္တယ်။ ဆရာဝန္ဆီကိုလဲ လုံးဝမသြားတော့။ ဘဝမွာအဓိပ္ပါယ္မရွိဘဲရွင်သန်ရတဲ့အခက်အခဲကို ဘယ်သူတြေကမ်ားနားလည္နိုင်အုံးမွာလဲ။ “အဟြတ် …..အဟြတ်.. “ ရင္ဘတ္ကို ဖိရင်း ဆေးလိပ္တိုလေး လက်ကြားညှပ္ကာ ဆိုင္ထဲကထြက်သြားလေသည်။
(၂)
ငါးဇင်းရိုင်းအိုးကပ်လေးခ်က္မယ် ၊ ပြီးရင် ဒန့္ဒလြန်သီးဟင်းခိုလေးခ်က္မယ် ၊ မန္က်ဉ်းရြက်လေးသုပ်ပြီး တို့စရာကေတာ့ သခြားသီးလေးနဲ့ ငပိရည္ကို ခပ်ျပစ်ျပစ်လေးဖေ်္မာယ် ဟု စိတ္ကူူးရင်း မခင္တင့္တစ်ယောက်အလုပ်တြေမစခင် စိတ္ကူးနဲ့ ပလန္ခ်ကြည့်နေသည်။ ဒီနေ့အိမ္မွာ လူစုံဖို့မ်ားတယ် တနင်္ဂေနြေန့မဟုတ်ပေမဲ့လည်းအလတ်ကောင္မိသားစုအိမ္ကိုလာလည္မယ္လို့ ဖုန်းဆက္ထားသလို၊အငယ္မကလည်း ဒီနေ့ခြင့်ယူထားသည်ဟု ဆိုသည်။အကြီးကောင္ကေတာ့ ရိုက္ကူးရေးတြေရွိနေတယ္ဆိုလို့ မလာဖြစ်ဘူးလို့တော့ပြောတယျ ဘာပဲပြောပြော ဒီနေ့တော့ ခါတိုင်းနေ့ထက် လူပိုမ်ားမွာတော့အေသအခ်ာပဲ။ မေတြ့ရတာကြာပြျီဖစ္တဲ့ေျမးလေးတြေနဲ့လည်းတြေ့ရအုံးမွာျဖစ္တာကြောင့် မခင္တင့္တစ်ယောက် ပေ်ာ်ရွှင်ေနေလသည်။ ခါတိုင်းဆိုရင်တော့အိမ္မွာအငယ္မနဲ့သူနဲ့နွစ်ယောက္ပဲရွိတာ။အငယ္မ ကလဲအလုပ္က ခပ်ရှုပ်ရှုပ္ဆိုတော့ တစ်နေကုန်နေလို့တောင် စကားတစ္နာရီမျပည့်အောင္မေျပာျဖစ်။ ဒီနေ့တော့ လူတြေစုံတော့ စကားတြေ တစ်ဝ ကြီးေျပာမည်ဟု တြေးထားသည်။
(၃)
လြန္ခဲ့တဲ့နွစ်သုံးဆယ္ခန့္ကအျဖစ်အပ်က္တစ္ခုကို ထပ္တလဲလဲမက်နေတဲ့အိပ္မက္ဆိုးကြီးတစ္ခုကြောင့် သူလန့္နိုးသြားသည်။အာခေါင်တြေကေျခာက္ကပ္လာပြီး ရေထေသာက်ရင်းနာရီကို ကြည့္လိုက်တော့ နံနက်လေးနာရီပင္ထိုးကာနီးနေပြီ။ ျပန်အိပ္လို့မရေတာ့တာနဲ့ မ်က္နွာသစ်ပြီး ဆေးပေါ့လိပ္ကို ထိုင္ဖြာနေမိသည်။ သူ့အေတြးထဲမွာတော့ လြန္ခဲ့သည့္နွစ်သုံးဆယ္ကအေကြာင်းတြေကိုသာ ျပန်တြေးနေမိသည်။အဲဒီတုန်းကအလြန်ပေ်္စာရာကောင်းသော မိသားစုဘဝကို သူ ပိုင္ဆိုင္ခဲ့ဖူးသည်။ သူ့အေပါ်မွာအလြန္ခ်စ်ျမတ္နိုးပြီး နားလည္မှုရွိသော ဇနီးလေးတစ်ယောက်ကြောင့် သူ့ ဘဝဟာအရာရာအဓိပ္ပါယ်ရွိခဲ့သည်။ သားနွစ်ယောက်၊သမီးတစ်ယောက္နဲ့ ဘဝကို ရိုးရွင်းအေးဆေးစြာ ျဖတ်သန်းနေခဲ့တဲ့ ကာလေတြေပါ့။ ဒါပေမဲ့လည်း ကံတရားဆိုတာမိုးက ကြိုျမင္နိုင္တာမိုးမွ မဟုတ္ဘဲ။ သူ့ရဲ့ သစ္စာတစ္ခါမဲ့မှုက တစ္ဘဝလုံးစာကို ဒဏ္ခတ်သြားတော့တာပါပဲ။အေတြးစေတြကို ျပန်ျဖတ္လိုက္တယ် လက်ရွိဘဝမွာပဲ ခက္ခက္ခဲခဲရွင်သန်နေထိုင်ရင်း
အရာအားလုံးဟာ သူ့အမွားတြေလို့ပဲ ခံယူထားလိုက္တာ ကြာပေါ့။
“အဟြတ်…အဟြတ် ..” ဒီရက္ပိုင်းခေ်ာင်းဆိုးတာတြေ စိပ္လာသည်။ ဘာပဲျဖစ်ျဖစ် ဒီတစ်ရက္စာ စားသောက္ဖို့အလုပ်တော့သြားရအုံးမည်။
(၄)
ဒီနေ့တော့ မခင္တင့် တစ်ယောက်အရင္လိုပဲ ပုံမွန်အထီးက်န်နေ့ရက္ကို ျဖတ်သန်းရေတာ့မွာပဲ ျဖစ်သည်။ ဒါပေမဲ့ သူ့မွာ စိတ္ခြန်အားတြေ ရွိေနေသးတယ် မေန့ကမွ စကားတြေတတ္လြန်းနေတဲ့ သူ့ေျမးလေးအေကြာင်းသူျပန်တြေးမယ် နောက္ထပ္လာလည္မယ့်ရက်တြေကို လက္ခိုးရေရင်း ဒီလိုတစ်ယောက္ထဲ နေ့ရက်တြေကိုအေးဆေးျဖတ်သန်းလို့ရသည်။ တစ္ခါတစ္ခါ စက္ဆုပ်ရြံစရာကောင်းတဲ့အတိတ္ဆိုးတြေအေကြာင်းမေတြးမိအောင်တော့ ကြိုးစားရမည်။အဓိက က တော့ သစ္စာမဲ့သူတြေဟာ ဘဝတစ်လွေ်ာက္လုံး နာက်င်ျခင်းတြေ၊အဆင္မေျပျခင်းတြေ၊နောင္တေတြနဲ့ပဲ နေထိုင်နေရမယ်ဟု စိတ္ထဲမွာ တြေးလိုက်သည်။ မခင္တင့္တစ်ယောက် ခုခိန္ထိ ဘာကိုမွ နောင္တရစရာမရွိခဲ့။ သူ့ နွလုံးသားက ခြင့္လွှတ်ပေးလို့ရတဲ့အရာတြေရွိေနေပမယ့္လည်း သူ့ ဦးနွောက္ကေတာ့အျဖစ်သင့္ဆုံးအရာတစ္ခုကို ဆုံးျဖတ္ခဲ့တာပဲ ျဖစ်သည်။ ဆိုရရင် လြန္ခဲ့တဲ့ နွစ်သုံးဆယ္က နာက်င္မှုတြေ၊ဝမ်းနည်းမှုတြေဟာ ခုခိန္မွာတော့ သူ့ရဲ့ မွန္ကန္ခဲ့တဲ့ ဆုံးျဖတ္ခ်က်အခို့ကြောင့် လေ်ာ့ပါးခဲ့တာတော့အေသအခ်ာပါပဲ။
(၅)
နာရေးသတင်းဖိတ္စာကို ကြည့်ပြီး မခင္တင့္တစ်ယောက် ဝမ်းနည်းမိတာတော့အမွန္ပဲ။ နွစ်ပေါင်းသုံးဆယ်ကေ်ာ်ကြာအဆက်အသြယ်တြေ ျဖတ်တောက္ခဲ့ရေပမယ့္လည်း ဘဝမွာ ပထမဦးဆုံးနဲ့နောက္ဆုံး ခ်စ္ခဲ့ရတဲ့သူ ။ ခုတော့ သူ လူ့လောကကြီးထဲမွာ မရွိတော့ဘူးဆိုတဲ့အသိက ဝမ်းနည်းရတာမွန်ပေမဲ့ မ်က်ရည်တော့မက်မိတော့ဘူူး။ သူ့ရဲ့အသုဘပို့ကို သားတြေ၊သမီးတြေက လိုက္ပို့ခ်င်ပေမဲ့လည်း မခင္တင့္က တားဆီးလိုက်သည်။
“အေမရယ် …အေဖ့ရဲ့ နောက္ဆုံးခရီးလေးကိုတော့ သားသမီးတစ်ယောက်အေနနဲ့ လိုက္ပို့ခြင့်တော့ျပုသင့္တယ္ထင္တယ် “
အကြီးဆုံ့းသားရဲ့ မဝံံံ့မရဲတောင်းဆိုမှုကို မခင္တင့် ခေါင်းယမ်းပြီး ပယ္ခ်လိုက်သည်။
မခင္တင့်အေနနဲ့ သူ့သားသမီးတြေရဲ့ ခံစားခ်က္ကို နားလည်သလို ကိုယ္ခ်င်းလဲစာမိသည်။ သူတို့အေဖအေပါ်မွာ သူတို့ ဘယ္လိုမွ မုန်းလို့ရမွာမဟုတ်သလိုအမြဲတမ်းလိုက်ရွာနေမယ္ဆိုတာလည်း သူသိတယ်။ ဒါပေမဲ့ မခင္တင့္ကလည်း စနစ္တက်ကိုအဆက်အသြယ္မရေအာင် နွစ်ပေါင်းသုံးဆယ္လုံးလုံး နေထိုင္လာခဲ့ရတာ။
“အေမ့အေနနဲ့အေဖ့အေပါ်မွာ ဒီလောက္ထိတော့ မရက္စက်သင့္ဘူးထင္တယ် “
“ ဟုတ္တယ်အကိုကြီးေျပာတာကို သမီးထောက္ခံတယ်အေဖ ဘာတြေပဲမွားခဲ့မွားခဲ့အေဖပဲမဟုတ္လား ခု သမီးတို့ကအေဖရဲ့ နောက္ဆုံးနာရေးလေးကို လိုက္ပို့ခ်င္လို့ တောင်းဆိုတာပါအေမရယ် “
ေျပာရင်း ငိုခ်လိုက်သောအငယ္ဆုံးသမီးကို ကြည့်ပြီး မခင္တင့် မ်က်ရည်တြေမထိန်းနိုင္ခဲ့။ ဒါပေမဲ့လည်း သူ့ရဲ့ သံမဏိဆုံးျဖတ္ခ်က္ကေတာ့ ဘယ္လိုမျွပင္မွာ မဟုတ္ဘူးဆိုတာ သူ့သားသမီးတြေ သိနေသည်။
မခင္တင့် က မ်က်ရည်တြေနဲ့ ..
“ ဒီမွာ ငါေျပာျပမယ် မင်းတို့အေဖရဲ့အမွားကို ခြင့္လွှတ်ပြီး ငါတို့အတူတူဆက်နေဖို့အတြက် ငါ့စိတ္ကအကြိမ်ကြိမ်တြေးခဲ့တယ် ဒါပေမဲ့ င့ါဦးနွောက္ကေတာ့ မင်းတို့အတြက် ဘယ္လိုမွအတူဆက်နေဖို့မျဖစ္ခဲ့ဘူးလို့ပဲ ဆုံးျဖတ္ခဲ့တယ်။ မင်းတို့ဟာအျပစ္ကင်းတဲ့ကေလးတြေ ၊အဲဒီကေလးတြေဟာ ရြေးခ်ယ္ခြင့္မရွိဘဲနဲ့ သစ္စာမရွိတဲ့လူတစ်ယောက္ကိုအေဖေတ္တာာမိုးဟာ လုံးဝမျဖစ်သင့္ဘူး။ မင်းတို့သုံးယောက္စလုံးကို လူလားေျမာက်အောင်၊ မပူမပင္မေကြာင့်ကြရေအာင် ငါရုန်းကန်ကြျေးမြေးခဲ့တယ်။ ဒါဟာ ငါ့ရဲ့အတ္တလို့မင်းတို့ ထင်ကောင်းထင္လိမ့္မယ် ဒါပေမဲ့ မင်းတို့သိထားဖို့က ငါဟာမင်းတို့ထက်အဆေပါင်းမ်ားစြာအနာက်င္ခံပြီး ခုလိုလမ်းကို ရြေးခ်ယ္ခဲ့ရတာပဲ “
မခင္တင့် စကားဆုံးတော့အားလုံးငြိမ်သက်သြားကြသည်။အကြီးကောင္က သူ့အေမပုခုံးကို ဖက်ပြီး
“အေမရယ် … ဘာျဖစ္လို့ ဒီလောက္ထိ ကိုယ့္ကိုယ္ကိုယ် နာက်င္ခံရတာတုန်း ..အေမ့ရင္ထဲကအမုန်းတြေကိုလွေ်ာ့ပြီးအေဖ့ကိုခြင့္လွှတ်ပေးလိုက္ပါဗ်ာ သားတို့အတူတူအေဖ့ရဲ့ နောက္ဆုံးခရီးကို သြားပို့ကြမယ်လေ “
“ မဟုတ္ဘူး ငါ မင်းတို့အေဖကို ဘယ္တုန်းကမွ မမုန်းခဲ့ဘူး ငါဟာ မင်းတို့အေဖကို ခ်စ္လြန်းလို့ ခုလိုမိုးဆုံးျဖတ္ခဲ့ရတာပဲ။ သူဟာ နွစ်ပေါင်းသုံးဆယ္လုံးလုံး နာက်င္မှုတြေ၊နောင္တေတြနဲ့ ဘဝကို ျဖတ်သန်းသြားရမယ္ဆိုတာ ငါသိတယ်။အဲဒီ သစ္စာမဲ့မှုရဲ့အျပစ်ေြကြးတြေကို ဒီဘဝမွာတင် လုံလောက္စြာခံသြားစေခ်င္တာ သံသရာမွာအေမတို့ ျပန်တြေ့ကြအုံးမွာပါအဲဒီလိုတြေ့တဲ့အခါ မင်းအေဖဟာအျပစ္ကင်းတဲ့လူတစ်ယောက်အျဖစ္နဲ့အေမ ျမင္ခ်င္တယ် သားတို့ရယ်…”
“အေမရယ် … “
(၆)
သေလုမေ်ာပါးဝေဒနာတြေကို မခိမဆန့္ခံစားရင်း သူ ပြုံးမိသည်။ သစ္စာတစ္ခါမဲ့မှုရဲ့ ဒဏ်ဟာ ဒီလောက္ထျိပင်းထန္လိမ့္မယ္လို့ သူလုံးဝမထင္ခဲ့မိ။ ဒါပေမဲ့ သူကေ်နပ္ပါတယ် ။
မခင္တင့်ရေ … သံသရာတေကြ့ကြေ့မွာ ျပန္ဆုံကြအုံးမယ္ထင္တယ်အဲဒီအခိန္က်ရင်သာ ငါ့ကို ပိုခ်စ်ပေးစမ်းပါဟာ … ။ ။
ျခူးသစ်
#lotaya_shortstory
အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။