"နားကပ်လေးတစ်ဖက်" စာရေးသူ-သော်တာလမင်းစန္ဒာ
lotaya.mpt.com.mm
|
2019-09-17



" ဟဲ့မိလုံး... မိလုံးရေ... "

အိမ်ရှေ့မှစူးရှရှအော်ခေါ်နေသံကြောင့်အိမ်နောက်ဖေးတွင်ထမင်း

အိုးငှဲ့နေသောမိလုံး ကပျာကယာပြန်ထူးလိုက်လေသည်။

" ကျုပ်နောက်ဖေးမှာထမင်းအိုးတန်းလန်းငှဲ့နေလို့တော့...ဘယ်သူ

တုန်း... "

"အမလေးတော်... မိလုံးတို့များထောနေတော့အချိုးတွေပြောင်းနေ

ပြီပေါ့... "

ထိုအသံရှင်ကို မိလုံးသိလိုက်ပြီ။ မလေးတင်တစ်ယောက်သာလျှင်

ထိုကဲ့သို့ ငေါ့တော့တော့ပြောမည့်သူပင်။ မလေးတင်ဆိုသည်နှင့်

ညစာအတွက်ချက်ရန်ဝယ်ထားသောဝက်သားထုပ်ကိုကမန်းကတန်း

ထကာ ဖွက်ထားလိုက်ရတော့သည်။

" ညည်းမလည်းအေ... ပိုက်ဆံလေးရတာငါ့အကြွေးဆပ်ဖို့သတိကော

ရသေးရဲ့လားအေ့... "

" လာ...အစ်မလေးတင်... ထိုင်ဦး.. "

" ဟင်း... မထိုင်တော့ဘူး..ငါ့အကြွေးသာမြန်မြန်ပေးစမ်းပါအေ.. "

မလေးတင်က မိလုံးထံတွင် ပိုက်ဆံ ၃သောင်း ရစရာရှိလေသည်။

မိလုံးမှာ တစ်နေ့လုပ်တစ်နေ့စားဘဝ.. ကလေး၂ ယောက်နှင့်မချောင်

လည်ရှာ။ ယောကျာ်းဖြစ်သူမှာလည်း မိလုံး ဒုတိယကလေးအခါ

လည်ကတည်းက မိလုံးကိုထားခဲ့ကာ နောက်အိမ်ထောင်ထူထောင်

သွားခဲ့သည်။

ထိုအချိန်မှစ၍ မိလုံးတစ်ယောက် ကလေး၂ယောက်နှင့် လောကဓံ

ဆူးခင်းလမ်းကို ဖြတ်ကျော်နေရရှာတော့သည်။ မနက်မိုးလင်းလျှင်

တောင်းတစ်လုံးထဲ ဟင်းရွက်စုံထည့်ကာ သူမနေထိုင်သည့် သဲကျင်း

ရွာမှ ၁မိုင်ခန့်လမ်းလျှောက်ပြီး ညောင်ပင်သာမြို့သစ်သို့သွားသည့်

လိုင်းကားစီးရသည်။ ပြီးနောက် တစ်လမ်းဝင်တစ်လမ်းထွက် ဟင်း

ရွက်စုံတောင်းကြီးရွက်ကာ လှည့်လည်ရောင်းချရလေသည်။

ဈေးရောင်းမကောင်းသောနေ့များတွင်ညနေ ၃ နာရီမှအိမ်ပြန်ရ

သည်။အိမ်သို့ပြန်ရောက်လျှင် ငါးနာရီထိုးချေပြီ။ ဤသည်မှာ

မိလုံး၏ နေ့တဓူဝဖြတ်သန်းနေရသောအလုပ်ပင်။

ဟင်းရွက်စုံရောင်းရငွေလေးသည် မိလုံးတို့သားအမိ ၃ ယောက်

အတွက်စားရရုံသာ။အခြားအပိုဝင်ငွေမရှိသဖြင့် မချောင်လည်..

အိမ်အတွက်တစ်ခုခုလိုအပ်လာတိုင်း မလေးတင်ထံသွား၍ ချေးငှါး

ရတော့သည်။

ငွေလိုတိုင်းမလေးတင်ထံချေးငှါးရ၍အဟောင်းဆပ်လိုက်အသစ်

ပြန်ယူလိုက်နှင့် လုံးချာလည်လိုက်နေသည်မှာလည်းကြာခဲ့ပြီ။ ယခုဆိုအကြွေးဟောင်းနှင့်အကြွေးအသစ်ပေါင်းလိုက်လျှင် ပေးစရာအကြွေး ၃သောင်းခန့်ရှိနေချေ၏။

"အစ်မလေးတင်ရယ်.. ကျုပ်မလဲကြပ်တည်းနေတော့အကုန်မပေး

နိုင်သေးပါဘူး... လောလောဆည် တစ်သောင်းခွဲအရင်ယူထားပေး

ပါအစ်မရယ်... နောက်လကျရင်တော့ကျန်တဲ့ တစ်သောင်းခွဲအကုန်

ဆပ်ပါ့မယ်... "

" မရဘူးအေ့... ညည်းချဲပေါက်တာငါသိပါတယ်အေ... လာဘ်

မဖွင့်လည်းနေပါ.. ငါ့အကြွေးသာအကုန်ပြန်ဆပ်ပေး... "

"အစ်မလေးတင်ကလည်းချဲလေး ငါးရာ ဖိုးပေါက်တာပါတော်...

တခြားသူတွေဆီလည်းခွဲဆပ်ပေးနေရလို့ပါ... တစ်သောင်းခွဲ တော့

အရင်ယူထားပေးပါအစ်မလေးတင်ရဲ့... ကျုပ်နောက်လဆိုကျန်

တာအကုန်ဆပ်မယ်တကယ်ကတိပေးပါတယ်တော်... "

" ညည်းကတိနဲ့ညည်းနော်.. နောက်လကျန်တဲ့ ပိုက်ဆံအကုန် မပေး

လို့ကတော့ ရပ်ကျော်ရွာကျော်ဖြစ်သွားမယ်..ကဲ..ပေးစမ်းပါ..

တစ်သောင်းခွဲ.... "

" ဟုတ်..ဟုတ်.. "

ရင်ဘတ်ကြား၌ ကျစ်လစ်စွာသိမ်းထည့်ထားသောကျွတ်ကျွတ်အိတ်

ကိုထုတ်ပြီးဖြည်ချလိုက်သည်။ ငါးထောင်တန် သုံးရွက်တိတိသာ

ရှိသော ပိုက်ဆံကို မလေးတင်ထံအကုန်ပေးလိုက်ရချေပြီ။

" ငါပြန်ပြီအေ... နောက်လထဲမှာကျန်တဲ့ပိုက်ဆံအကုန်ပြန်ရချင်တယ်

..ဟိုဟိုဒီဒီငါမကြားချင်ဘူးနော်မိလုံး... "

" ဟုတ်ကဲ့ပါ..စိတ်ချ..အစ်မလေးတင်... "

မလေးတင်ပြန်သွားမှ ဖွက်ထားသောဝက်သားထုပ်ကိုယူကာ..

ချက်ပြုတ်ရတော့သည်။ မနေ့ကချဲငါးရာဖိုးပေါက်၍ ယခုမနက်

ပိုက်ဆံ နှစ်သိန်းခွဲထုတ်လာခဲ့သည်။ ပိုက်ဆံက မိလုံးလက်ထဲကြာ

ကြာမနေရှာ။ ရလာသည်နှင့်အကြွေးရှင်များက ဟိုတစ်စ ဒီတစ်စ

ပေါ်လာသောကြောင့် ခွဲဆပ်လိုက်ရသည်။ ကလေးသုံးယောက်

အတွက်အဝတ်အစားအသစ်မဝယ်ပေးနိုင်ခဲ့သည်ကလည်း ကြာလှ

ပြီ။ ထို့ကြောင့်အင်္ကျီအသစ်ကလေး တစ်ယောက်တစ်စုံဝယ်ပေးဖြစ်

၏။အိမ်အတွက် ဆန်၊ ဆီ၊ ဆားအမာခံဝယ်ထားပြီး ဟိုဖဲ့ဒီဖဲ့ဖြင့် မိလုံးလက်ထဲ ပိုက်ဆံတစ်သိန်းပိုပိုလောက်သာကျန်တော့သည်။

ထိုပိုက်ဆံကိုတော့ ထပ်ထိ၍မဖြစ်ချေဟုမိလုံးတွေးလိုက်၏။ သား

အငယ်ဆုံးလေးက နောက်နှစ်လောက်တွင်ရှင်ပြုရတော့မည်။ သူမ

တွင် စုဆောင်းထားသည်က တစ်ပြားမှမရှိချေ။ ပိုက်ဆံလေးတစ်လုံး

ထဲရတုန်း စုထားရမည်ဟုစဉ်းစားမိသဖြင့် မနက်ဖြန် ညောင်ပင်သာ

သို့ရောက်လျှင် ရွှေစလေးဝယ်ထားရန် သူမရည်ရွယ်ထား၏။

""အမေ... သားဗိုက်ဆာနေပြီ... ""

သားအငယ်၏အသံကြားမှ သတိပြန်ဝင်လာကာ...

""အေး...အေး... ကျက်တော့မယ်သား... ခဏစောင့်... ""

ဟုဆိုပြီး ဟင်းအိုးမွှေရင်းပြောလိုက်၏။

ထိုညသည် မိလုံးတို့အတွက် စည်းစိမ်ညပင်။အသားဟင်းမတွေ့ရ

သည်မှာကြာလှပြီဖြစ်၍ မိသားစုလေးယောက်သား ခေါင်းမဖော်စတမ်း

စားလိုက်ကြသည်။

မနက်ခင်းရောင်နီသမ်းလာချိန်တွင် မိလုံးသည်အိပ်ရာမှလူးလဲထ

လိုက်၏။ သူမရည်ရွယ်ထားသော ရွှေတိုရွှေစလေးဝယ်ရန် စိတ်ကူး

လေးအတွက် ပျော်နေရှာသည်။ ညောင်ပင်သာမြို့သစ်သို့ ရောက်ချင်

သည့်စိတ်ကများနေသဖြင့် ခါတိုင်းထက်စောစောထမိနေသည်။ထမင်း

လေးတစ်အိုးတည်ပြီး သားသမီးများနေ့လည်စားသောက်ရန်ချက်ပြုတ်

ခဲ့ပြီ။ ဈေးတောင်းခေါင်းရွက်ကာလိုင်းကားဂိတ်သို့ထွက်လာခဲ့၏။

ညောင်ပင်သာမြို့သစ်သို့ရောက်သောအခါ ရွှေဆိုင်သို့ဦးဆုံးသွား

လိုက်သည်။ ရွှေဈေးကခေါင်ခိုက်နေသဖြင့် သူမတွင်ရှိသောငွေနှင့်

မလုံလောက်ချေ။

""အစ်မရယ်... တစ်သိန်းဝန်းကျင်လေးထဲကပဲလိုချင်တာပါ... ""

""အဲ့လောက်တန်ဆိုရင်တော့ ဒါလေးတွေထဲကပဲရမယ်ရှင့်... ""

ရွှေဆိုင်က ရွှေသားနားကပ်လေးများကိုပြလာသည်။ မိမိအသက်

အရွယ်နှင့်ဝတ်ဆင်ရန်အဆင်မပြေလှချေဟု မိလုံးတွေးမိပြီး ငိုင်သွား

မိသည်။ သို့သော်လည်းပိုက်ဆံလေးပျောက်ပျက်မည်ကလည်းစိုးမိ

သဖြင့် ထိုရွှေသားနားကပ်လေးကိုဝယ်ပြီး သမီးဖြစ်သူကိုဆင်ထား

ပေးလိုက်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

"" ဒီနားကပ်ခြမ်းလေးက ဘယ်လောက်ကျလဲအစ်မ ""

"" လခြမ်းပုံလေးနော်... ချိန်ပေးမယ်အစ်မ...ခဏလေး... ""

""အင်း...သူက... ၁၅ပဲရည်... ၉သောင်း၇ထောင် ကျမယ်အစ်မ ""

မိလုံးဝမ်းသာသွားမိသည်။ ဒီနားကပ်လေးဆို သူမတွင်ရှိသောငွေနှင့်

အဆင်ပြေလေပြီ။

""အဲ့ဒါလေးယူမယ်အစ်မ... နဲနဲတော့လျှော့ပါဦးလား... ""

"" ၉သောင်း၆ထောင် တော့ရမယ်အစ်မ...အဲ့ထက်တော့လျှော့လို့

မရတော့ဘူး... ""

ထိုလခြမ်းနားကပ်လေးကို ဝယ်ပြန်လာလိုက်တော့သည်။ ညနေအိမ်

အပြန်လမ်းတွင် မိလုံးပျော်နေမိသည်။ မူးလို့ရှုစရာပင်မရှိသော သူမ

တို့အိမ်တွင် ရွှေနားကပ်လေးတစ်ရံတော့ရလိုက်လေပြီ။

"" သမီးကိုအမေမှာမယ်... နားကပ်လေးကိုဝယ်ပေးတယ်ဆိုတာ...

အငယ်လေး ရှင်ပြုဖို့ ပိုက်ဆံစုထားတဲသဘောပဲ... ရှင်ပြုတဲ့အခါ

ပြန်ရောင်းရမယ်... ဒါအပိုင်ပေးတာမဟုတ်ဘူးနော်သမီး...""

"" ဟုတ်ကဲ့အမေ...အငယ်လေးရှင်ပြုတဲ့အခါ ပြန်ဖြုတ်ရောင်းဖို့ ""

""အင်း... ကဲ...ထမင်းစားရအောင်...ပြင်တော့ ""

မိလုံး၏သမီးအကြီးဆုံးမှာအသက် ( ၁၄ )နှစ်ရှိပြီဖြစ်၍ တိုင်ပင်ဖော်

ရနေခဲ့ပြီ။ ရွှေရှိမှ ဆွေမျိုးတော်ချင်ကြသော မိလုံးဆွေမျိုးများက မိလုံး

တို့ကိုအဖက်မလုပ်ကြချေ။ ထို့ကြောင့်လည်း တစ်ခုခုဆိုလျှင် သမီး

ဖြစ်သူ နုနုဝင်း ကိုသာတိုင်ပင်မိလေသည်။ နုနုဝင်း ကလည်းအသက်

သာငယ်သည်။ လူကြီးတစ်ယောက်ကဲ့သို့ရင့်ကျတ်နေသူ။ ငါးတန်းနှင့်

ကျောင်းထွက်လိုက်ရပြီး မိခင်ဖြစ်သူဈေးလည်ရောင်းချိန်တွင်အိမ်၌

အငယ်များကို ထိန်းကျောင်းပေး၏။ သူသည် မိလုံး၏အားကိုးရာ

သမီးကြီးလည်းဖြစ်လေသည်။ ထိုသို့ဖြင့် ခြောက်လခန့်ရောက်လာ

ခဲ့ချိန်တွင် တစ်ညနေ၌မိလုံးဈေးရောင်းပြီးအိမ်သို့ပြန်လာချိန် နုနုဝင်း

သည်အိမ်မှာမရှိနေပေ။သမီးအလတ်နှင့် သားအငယ်ကသာအိမ်ရှေ့

တွင် ဆော့ကစားနေသည်ကို တွေ့လိုက်ရသည်။

"" လှလှဝင်း...သမီးရေ... မမကော... ""

"" သိဘူးအမေ... ""

"" ဟဲ့...ဘယ်သွားမယ်ဘယ်လာမယ်... မပြောခဲ့ဘူးလား...""

"" နေ့လည်ကရှိတယ်... ခုနကမုန့်စားဖို့ သွားရှာတော့ မတွေ့တော့

ဘူး... ""

မိလုံးစိတ်ပူသွားရလေပြီ။အပျိုပေါက်အရွယ်ရောက်လာတော့မည်

ဖြစ်သဖြင့်လည်း စိတ်မချနိုင်ဖြစ်ရသည်။ သူများမိဘတွေလို ရင်အုပ်

မကွာမစောင့်ရှောက်နိုင်၍ သားသမီးများအပေါ်အလိုလိုက်မိသည်။

သို့သော် နုနုဝင်းမှာ တနေရာသို့သွားလည်မည်ဆိုလျှင် ပြောခဲ့သည်

ချည်းသာ။ ယခုတော့အပျိုပေါက်ကလေးဖြစ်လာသဖြင့် ပုံစံပြောင်း

ချင်ပြီလားဟုမိလုံးတွေးရင်း သက်ပြင်းချမိလိုက်တော့သည်။ နုနုဝင်း

သွားတတ်သည့် နေရာများသို့ လက်လှမ်းမှီသလောက်လိုက်ရှာသော်

လည်း နုနုဝင်း၏အရိပ်မျှ မတွေ့ခဲ့။ ရှာနေရုံမပြီးသေးချေ။အိမ်တွင်

ကျန်နေသော ကလေးနှစ်ယောက်စားဖို့ ချက်ရပြုတ်ရပေဦးမည်။

ထို့ကြောင့်အိမ်၌ချက်ပြုတ်ရင်း နုနုဝင်းကိုစောင့်နေလိုက်၏။ မိလုံး

ဒေါသထွက်ထွက်ဖြင့် ရေရွတ်မိနေသည်။

"" ပြန်လာပါစေဦး... တုတ်နဲ့ကိုဆော်ဦးမယ်...ဟင်း... ""

ပြောမယ့်သာပြောရသည်။ သားသမီးတွေကို မိလုံးတစ်ခါမျှ ကြမ်း

ကြမ်းတမ်းတမ်းမရိုက်ခဲ့ချေ။ တစ်ချက်နှစ်ချက်သာဟန်ပြရိုက်ပြီး

ပြန်ချော့မြဲ။ သားသမီးမျက်ရည်ကျလျှင် မိလုံးမှာ နေမရတော့။ ယခု

လည်း နုနုဝင်း ပြန်လာလျှင်ဆို၍ ကြိမ်းနေသော်ငြား သမီးမျက်နှာမြင်

လျှင် ဒေါသများပြေပျောက်ကာ လေသံပြောင်းသွားပြန်တော့မည်။

အပြင်ဖက်တွင်တဖြည်းဖြည်း မှောင်ရီသန်းလာလေပြီ။ နုနုဝင်းမှာ

ခုချိန်ထိပြန်မလာသေးသဖြင့် မိလုံး စိတ်ပူလာလေတော့သည်။ ဖင်

တကြွကြွဖြင့် လမ်းဖက်သို့သာမျှော်ကြည့်နေမိ၏။ ကလေးနှစ်ယောက်

ကဗိုက်ဆာသည်ဆို၍ ခူးခပ်ကျွေးပြီး သူမကတော့ စားမဝင်သေးချေ။

နုနုဝင်းကယခုလို မှောင်သည်အထိအပြင်တွင် မလည်ဖူးသဖြင့်လည်း

မိလုံးပို၍ ပူပန်လာမိသည်။အိမ်တိုင်တွင်ချိတ်ထားသည့်နာရီကလည်း

ခြောက်နာရီခွဲသို့ညွှန်ပြနေလေပြီ။

"" ဟင်း...ဒီကလေးမနဲ့တော့ ခက်တော့တာပဲ... ဘယ်သွားလည်

နေမှန်းကိုမသိတော့ဘူး... သမီးတစ်ကောင် နွားတစ်ထောင်ဆိုတာ

အမှန်ပါပဲလား...အမေရဲ့... ""

ဆုံးပါးသွားပြီဖြစ်သော မိခင်ကို မိလုံး တောင့်တောင့်တတ ပြောနေ

မိတော့သည်။

""အမေ... ""

""အမေ... ""

"" ဟော... လာပါပြီ... လည်တုန်းကလည်ပြီး ခုမှအိမ်ထဲမဝင်ရဲဘဲ..

အိမ်ဝကနေအော်နေတာများ... ဟင်း...""

နုနုဝင်းအသံကြား၍ မိလုံးစိတ်အေးသွားရ၏။ ထို့နောက်ဒေါသလည်း

ထွက်လာမိသည်။

"" မကြီးပြန်လာပြီ... ""

သမီးအငယ်က မိခင်ဒေါသထွက်နေမှန်းသိ၍ ပြောပြီးမှ ဇက်ကလေး

ပုသွားလေသည်။

""အမေ... ""

"" ဟဲ့...အိမ်ထဲမဝင်ဘဲ...ဘာလို့အပြင်ကအော်နေရတာတုန်း...

လာပါဦး...လာပါဦး... ""

မိလုံးက ဆူပစ်မည်ဟုအားအပြည့်ထည့်ကာ လှမ်းခေါ်လိုက်၏။

ငါးမိနစ်ခန့်ကြာသော်လည်း နုနုဝင်းကအိမ်ထဲသို့ဝင်မလာ။ မိလုံးက

စိတ်မရှည်စွာနှင့် နှုတ်မှ ဆူလည်းဆူရင်းအိမ်အပြင်သို့ထွက်လာခဲ့

တော့သည်။

""အိမ်ပေါက်ဝမှာ ရပ်ပြီးတော့... တစ်ညလုံးခေါ်နေမှာလား...

နင့်မောင်နဲ့ ညီမကို ထားခဲ့ပြီးဘယ်တွေသဝေထိုးနေရတာတုန်း...

လာပြောပြစမ်းပါဦး... နုနုဝင်းရဲ့... ""

နုနုဝင်းမှာ မိလုံးကို ကြောက်ပြီးအိမ်ဝ၌ မျက်နှာငယ်လေးဖြင့်ရပ်နေ

လေသည်။ ထို့နောက်အိမ်ထဲသို့ဝင်လာပြီး ကျုံ့ကျုံ့လေးထိုင်နေ၏။

"" ဆိုစမ်းပါဦး... ဒီအချိန်က နင့်အရွယ်နဲ့အိမ်လည်ထွက်ရမယ့်အချိန်

လား... ဟမ်... ငါ့မှာ ရှာလည်းရှာကျွေးချင်သေး...အိမ်ပြန်ရောက်

လည်းမနားရ... ချက်ရပြုတ်ရနဲ့... နင့်ကိုပါလိုက်ပူနေရတာ...ငါ့ကို

လည်း နဲနဲပါးပါးငဲ့ပါဦး... မိဘကမောမောပန်းပန်းနဲ့အပြင်ထွက်အလုပ်

လုပ်နေရတာကို...နောက်ပိုင်းအိမ်ကိစ္စလေးတော့ ကူဦးမှပေါ့... ""

မိလုံးဘာပြောပြော နုနုဝင်းမှာအမှားလုပ်ထား၍ တစ်ခွန်းမှ ပြန်

မပြောဘဲ ခေါင်းလေးငုံ့ထားလေသည်။

"" ဆူလိုက်ရင် မျက်ရည်လေးစမ်းစမ်းကျပြဦးမယ်... နင်တို့နဲ့တော့

စိတ်မောတယ်ဟေ့... ကဲ..ကဲ...ထမင်းစားမယ်... လာခဲ့...""

မိလုံးက ပါးစပ်မှ ဗျစ်တောက်ဗျစ်တောက်ရွတ်ပြီး ထမင်းထခူးလိုက်

၏။

"" မစားချင်ဘူး...အမေ... ""

"" ဘာစားထားလို့တုန်း... တနေကုန်လည်ပြီး ဆာနေတာကို...

စိတ်လာမကောက်ပြနဲ့... လာစားခု... ""

"" သမီးစားလို့မရဘူး... ""

မိလုံးက နုနုဝင်းကိုအံ့သြစွာကြည့်ပြီး...

"" နေမကောင်းဘူးလား...ဖျားပြီလား...အမလေးနော်... ငါဆေး

ဖိုးကုန်ရဦးမှာလား... ""

နုနုဝင်းက မိလုံးကိုမော့ကြည့်ကာ...

"" သမီးအစောကြီးပြန်လာပါတယ်... ရွာထဲဝင်မရလို့ ရွာပြင်ကနေ

ထိုင်စောင့်နေရတာ... ရွာထိပ်မှာအရုပ်ဆိုးဆိုးလူကြီးက သမီးကို

ပေးမဝင်ဘူးအမေ... ""

မိလုံးမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီးမှ...

"" ဘယ်ကလူလဲ... ဘယ်သူလဲ... သူကပေးမဝင်ရအောင် ဘာကြီး

မို့လို့တုန်း... ငါ့ကိုမနက်ကြရင်လိုက်ပြစမ်း... မိလုံးအကြောင်းသိ

သွားစေရမယ်... ""

"" တခါမှမမြင်ဖူးဘူးအမေ... သူကရွာထိပ်မှာနေတာ... လူကအကြီး

ကြီးပဲ... သမီးဝင်မရလို့ စောင့်နေတုန်းအမေပြန်လာတာတွေ့တယ်...

အမေ့ကို လိုက်ခေါ်တော့အမေက မကြားဘူး... ""

"" ဟဲ့...ဘယ်တုန်းကလဲ... ငါလည်းမသိပါလား...""

""အမေ့ လွယ်အိတ်ထဲကပိုက်ဆံထုတ်ရေနေသေးတာ...

သမီးအဲ့လောက်ကုန်းအော်တောင် မကြားဘူးလား... ""

မိလုံးပြန်စဉ်းစားကြည့်သည်။ ရွာထဲသို့မဝင်ခင် သူမ ပိုက်ဆံရေခဲ့၏။

လမ်းတွင်အကြွေးရှင်များနှင့်တွေ့လျှင် ငွေအရင်းလေးပေးလိုက်ရမည်

စိုးသဖြင့် သူမထိုသို့အမြဲ ဖွက်နေကြဖြစ်သည်။

""အေ...ဟုတ်တယ်... ဒါပေမယ့်အဲ့ဒီအချိန်က ဘယ်သူမှမရှိပါဘူး...

နင့်ကိုလည်းမတွေ့ဘူး...အော်သံလည်းမကြားဘူး... လယ်ထဲက

နေအော်နေတာနေမှာပေါ့... ""

နုနုဝင်းက စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။

"" သမီးမှာကံကောင်းချင်တော့ ကိုလူမောင် နောက်ကပ်လိုက်ပြီး

ဝင်လာရတာ.. ကိုလူမောင်ကိုတော့အဲ့လူကြီးကကြောက်သား

အမေရ... ''''

လူမောင်ကဲ့သို့အမြဲမူးနေသည့်သူကိုကြောက်သည်ဆို၍ မိလုံး

အတော်ပင်အံ့သြမိသွားရ၏။

"" လူမောင်က ဒီလိုကြတော့စွမ်းသား... ""

"" ခုနကလည်း သမီးအိမ်ထဲဝင်မရပြန်ဘူး... လူတစ်ယောက်အိမ်ဝ

မှာထိုင်နေလို့...အမေ့ဧည့်သည်လား...အမလေး မောက်မာလိုက်

တာ... သူ့အိမ်ကြလို့... ""

"" ဟဲ့...နုနုဝင်း... နင်ဘာတွေလျှောက်ပြောနေတာလဲ...အပများ

မှီလာသလား...နေဝင်စ ပြန်လာပြီး... ""

မိလုံးက နုနုဝင်းကိုအနည်းငယ်ထိတ်လန့်စပြုလာလေပြီ။ ကလေး

နှစ်ယောက်ကလည်း နုနုဝင်းကို ယခင်လို ပွတ်သီးပွတ်သတ်မနေကြ

ဘဲ ခြေဆုံးခေါင်းဆုံးကြည့်နေကြ၏။အလွန်အဆော့သန်သောကလေး

နှစ်ယောက်မှာ ယခုမှ ငြိမ်သက်နေကြသည်။

""အမေကလည်း... သမီးအမှန်ပြောနေတာ...""

နုနုဝင်းအား မိလုံးသေချာကြည့်ကြည့်လိုက်သည်။ ထိုစဉ် သမီးအ

လတ်က...

"" မကြီး... ဆံပင်မှာ သွေးတွေ... ""

"" ဟင်... ဘယ်မှာလဲ... လာစမ်းဒီနား... ""

မိလုံးသည် စိတ်ပူစွာဖြင့် နုနုဝင်းကိုယ်လေးကို လှမ်းဆွဲလိုက်၏။

ဆံပင်များကို ပင့်တင်လိုက်သည့်အခါ...

""အမလေး...သမီးရဲ့... ဒါ...ဒါ... ဘာဖြစ်တာလဲ...""

နုနုဝင်းမှာ ညာဖက်နားရွက်တစ်ဝက်ပြတ်နေပြီး သွေးများကတစက်

စက်ကျနေ၏။

"" ဒီဖက်ကောအမေ... ""

နုနုဝင်းမှာ ဘယ်ဖက်နားရွက်ကိုပါ ထပ်ပြလာသည်။ နားရွက်နှစ်ဖက်

လုံး ထက်ပိုင်းပြတ်နေလေသည်။

""အမလေး.... လုပ်ကြပါဦး... နင့်ကိုဘယ်သူလုပ်တာလဲ... ဘယ်သူ

နားရွက်ဖြတ်သွားတာလဲ... ""

"" ဟိုဖက်ရွာကလူအမေ... ကိုလှစံ ဆီ မြေသြဇာလာလာပို့တဲ့လူ

လေ... ""

""အစအဆုံးပြောစမ်း... သူဘာလုပ်လဲ... ""

"" နေ့လည်ကအိမ်ရှေ့မှာထိုင်နေတုန်းအဲ့လူက... မုန့်လိုက်ယူလို့

ပြောတယ်... ရွာအပြင်နားတင်...သူ့မုန့်ခြင်းကိုလေးလို့ထားခဲ့တယ်

တဲ့...အငယ်လေးကလည်း မုန့်တောင်းနေတော့ သမီးလိုက်ယူလိုက်

တာ... လယ်ကွင်းထဲဆွဲခေါ်ပြီး ဗိုက်ကိုဓါးနဲ့ထိုးတယ်...ပြီးတော့

နားရွက်ဖြတ်ပစ်တယ်... သမီးကပြန်လိုက်ဆွဲတော့ နားရွက်တစ်ဖက်

ပြုတ်ကျသွားတာ... သူပြန်မကောက်ဘူး... ပြေးသွားတယ်အမေ ""

"" ဒင်းကို ရဲတိုင်မယ်... လာအခု... ရွာလူကြီးအိမ်အရင်ဝင်ပြောပြီး

ဆေးရုံသွားမယ်...အီး..ဟီး... လုပ်ရက်လိုက်ကြတာ... ပစ္စည်းလို

ချင်ရင် ဒီတိုင်းယူသွားပါလားတော်...ဓါးနဲ့လည်းထိုးသေးတယ်... နားရွက်ကိုလည်းဖြတ်သွားသေးတယ်...ဟီး...အီး...ဟီး...မသေတာကံ

ကောင်းလို့တော့...အီး...ဟီး... ""

"" နားရွက်တင်ဖြတ်တာကမနာဘူးအမေ... ဒီမှာဗိုက်ကိုထိုးတာ

အရမ်းနာတယ်... ""

နုနုဝင်းက သူမ၏ဝမ်းဗိုက်ကိုလှန်ပြလိုက်သောအခါ မိလုံးအသံပင်

မထွက်လာနိုင်တော့ပေ။ နုနုဝင်း၏ဝမ်းဗိုက်မှ ဓါးဖြင့်ထိုးခံရသဖြင့်

သွေးများစီးကျနေပြီးအူအချို့ပင်အပြင်သို့ထွက်နေလေသည်။

ကလေးနှစ်ယောက်မှာ ကြောက်လန့်တကြားဖြင့် မိလုံးထံပြေးလာ

တော့သည်။

"" ဟင်... ဒီ... ဒီ... ဒဏ်ရာနဲ့... နင်ဘယ်လိုအိမ်ပြန်လာတာလဲ...""

"" သမီး လမ်းလျှောက်လို့ရတယ်အမေ... နားရွက်လေးပြန်ယူဖို့

ယူတာ ယူမရဘူး...အမေပဲသွားပြန်ယူပေး... ""

မိလုံးမှာ ယခုမှ ခြေဖျားလက်ဖျားအေးစက်လာတော့သည်။ နုနုဝင်း

ပြန်ရောက်လာကတည်းက မူမမှန်ခြင်းများကို သူမပြန်တွေးမိလိုက်

သည်။ ထို့ကြောင့်အိမ်တိုင်တွင် ချိတ်ထားသော မှန်ချပ်လေးကို

မသိမသာထယူကာ မှန်ထဲမှ နုနုဝင်း၏ ပုံရိပ်အား ကြည့်လိုက်သည့်

အခါ .... မှန်ထဲတွင် နုနုဝင်း၏ပုံရိပ်မပေါ်နေချေ။

"" ဘုရား...ဘုရား... ""

နုနုဝင်းကို ပြန်လှည့်ကြည့်လေသည့်အခါ မိလုံးကို မျက်လုံးသေကြီး

ဖြင့် မော့ကြည့်လာလေသည်။

""အမလေး...ဒုက္ခတော့များပါပြီ... ဒါ...ဒါ... ""

""အမေ... ဟိုလူကြီးကသမီးကို ပြန်တော့လို့နှင်နေတယ်... ""

နုနုဝင်းကအိမ်ထောင့်ဖက်သို့လက်ညိုးထိုးပြ၏။ ထိုနေရာတွင်မည်

သူမှ မရှိသည်ကို မိလုံးသိသည်။ သားငယ်ကို ကောက်ချီလိုက်ပြီး

သမီးလတ်ကို လက်ဆွဲကာအိမ်ထဲမှ ထွက်ပြေးလာတော့၏။

"" ကယ်ပါဦး...လာကြပါဦး... ဟီး...အီး...""

မိလုံးအော်သံကြောင့် ဘေးအိမ်ကလူများ ထွက်လာကြပြီး တစ်

ယောက်တစ်ပေါက်ဝိုင်းမေးကြသည်။အကြောင်းစုံသိသောအခါ

အိမ်ထဲဝင်ကြည့်ကြ၏။ သို့သော်အိမ်ထဲတွင် နုနုဝင်းကို မတွေ့ကြ

တော့ချေ။

"" သေချာရဲ့လား...မိလုံးရဲ့... ""

""အဟုတ်ပါတော်...ကျုပ်သမီးလေးကို...ကယ်ကြပါဦး...""

"" တို့လူစုပြီး လယ်ဖက်သွားရှာမယ်... မင်းတို့နှစ်ယောက်က သူကြီး

ကိုအကြောင်းကြားပြီး နောက်ကလိုက်ခဲ့ကြ... ""

မိလုံးလည်း ကလေးနှစ်ယောက်ကို ဆွေမကင်းမျိုးမကင်းအိမ်သို့အပ်

ခဲ့ပြီး လူအုပ်ကြီးဖြင့် လယ်ကွင်းဖက်သို့လိုက်လာခဲ့သည်။ မှောင်ပိန်း

နေပြီဖြစ်၍ သဲသဲကွဲကွဲမမြင်ရတော့ချေ။ LED မီးထွန်းသူကထွန်း၊

မီးတုတ်ကိုင်သူကကိုင်နှင့် ရွာအပြင်ဖက်သို့ရောက်လာကြလေသည်။

မိလုံးက သူပိုက်ဆံရေခဲ့သည့်နေရာ နားသို့အရင်သွားပြီး...

"" ဒီနားတစ်ဝိုက်လောက်မှာပဲဖြစ်မှာ... ရှာကူကြပါဦး...အဟင့်...

ကျုပ်သမီးလေးအသက်ရှင်နေပါစေဘုရား...ဘုရား... ဟီး..အီး...""

လူအုပ်ကြီးဖြင့် လယ်ကွင်းများထဲသို့ လိုက်ရှာကြတော့သည်။ တစ်နာ

ရီခန့်ရှာကြပြီးသည့်အခါ...

"" မိလုံးရေ...ဒီမှာတွေ့ပြီဟ... ""

မိလုံးသည်အော်သံကြားရာဖက်သို့ ကမန်းကတန်းပြေးသွားတော့

သည်။ လယ်ကွင်းထဲတွင် ယင်ကောင်များကတဝီဝီပျံနေသံကြားရ

၏။ မိလုံးရင်တစ်ခုလုံး မီးလိုပူနေပြီး မျက်ရည်များကစီးကျနေပြီ။

ဟုတ်သည်။ လယ်ကွင်းထဲတွင် နုနုဝင်းမှာ ခွေခွေလေးလဲကျသေဆုံး

နေခဲ့ပြီဖြစ်သည်။

"" သမီးလေး...အမေ့သမီးရေ...အမလေး...ကယ်ကြပါ...ကျုပ်

သမီးကို...အီး...ဟီး...ဟီး... ""

မိလုံးမှာအရူးတစ်ပိုင်းဖြစ်ကာအော်ဟစ်ငိုယိုရင်း နုနုဝင်းကို ပွေ့

မည်ပြုစဉ်...

"" မိလုံး... မထိရဘူး...မိလုံး... ဒါ လူသတ်မှု... ""

"" ကျုပ်ကအမေပါတော့... ကျုပ်သမီးသေတာ .. ပွေ့ဖက်လို့တောင်

မရဘူးလားတော်...အီး..ဟီး... ""

"" စိတ်ထိန်းပါမိလုံးရာ...အရေးကြီးတဲ့သက်သေတွေပျောက်ပျက်

ရင် တရားခံမမိဘဲနေမှာပေါ့ဟ... ""

"" ဟိုဖက်ရွာကလူသတ်တာတော့... ခုနကကျုပ်သမီးပြောပြသွား

တယ်...လှစံဆီ မြေသြဇာ လာပို့တဲ့ ကျောက်ပေါက်မာနဲ့လူသတ်

သွားတာ...အီး...ဟီး...အီး... ""

"" မဟုတ်ဘဲ လျှောက်မပြောနဲ့မိလုံး... ပါးစပ်ပိတ်နေစမ်း... ""

ရွာလူကြီး ငေါက်လိုက်မှ မိလုံးဆက်မပြောတော့ဘဲအော်ဟစ်၍သာ

ငိုနေတော့လေသည်။ မိလုံးတစ်ညလုံးမပြန်တော့။ နုနုဝင်းအလောင်း

နံဘေး၌သာ ထိုင်ငိုနေခဲ့သည်။ မိလုံးနှင့်အတူ ရွာမှ လူ လေး ငါး

ယောက်ခန့်အတူလာစောင့်ပေးကြသည်။ မနက် ၅နာရီလောက်

တွင် ရဲများရောက်လာပြီးအလောင်းကိုစစ်ဆေးကြ၏။အလောင်း

နှင့်မနီးမဝေးတွင် နားရွတ်ပြတ်လေးတစ်ခု၌ ဝတ်ဆင်ထားသော

နားကပ်လေးတစ်ဖက်ကို ရှာတွေ့လိုက်ကြသည်။

"" ဒါလေးကို သက်သေခံအဖြစ် ယာယီထိန်းသိမ်းထားပါမယ်... ""

မိလုံးမှာ နားကပ်လေးတစ်ဖက်ကို ငေးကြည့်ရင်း...

"" ငါ့အမှား... ငါ့သမီးကို ငါသတ်တာ...အဟင့်...ဟီး... ""

ဝမ်းနည်းစွာဖြင့် ရှိုက်ကြီးတငင်ငိုကြွေးတော့၏။

နုနုဝင်းအမှုကို စစ်ဆေးသည့်အခါ မိလုံးကို လာပြောပြသွားသကဲ့သို့

တစ်ဖက်ရွာမှ မြေသြဇာပို့သူ ကိုသန်းနိုင်မှ သတ်ခဲ့ခြင်းမှာ မှန်ကန်

နေပြီး ထိုသူကလည်းအပြစ်ကိုဝန်ခံခဲ့လေသည်။

ဝန်ခံပြီးနောက်တွင် ကိုသန်းနိုင်က...

"" ကျုပ် တစ်သက်နဲ့တစ်ကိုယ် ဒီလိုအဖြစ်မျိုးမကြုံခဲ့ဖူးဘူး...

ကလေးမကိုသတ်ပြီး နားရွက်ဖြတ်ယူလာတာ...ခြေထောက်ကို

လာဆွဲနေလို့ ငုံ့ကြည့်လိုက်တော့ ကလေးမလေးက....

သမီးနားကပ်ပြန်ပေး လို့အော်နေတယ်... သူ့အနောက်မှာ ကျုပ်

သတ်ခဲ့တဲ့အလောင်းကြီးက လဲကျလို့ဗျာ... ""

နုနုဝင်းသည် ငယ်ရွယ်သေးသဖြင့်လည်း နားကပ်လေးအပေါ်စွဲလန်း

ခဲ့ဟန်တူသည်။ ရေစက်ချတရားနာပြီးသည့်တိုင် မိလုံးအိမ်တံခါးအား

အပြင်မှ တဒုန်းဒုန်းထုကာ မိလုံးကို ခေါ်နေဆဲပင်။ မိလုံးမှာ ကြောက်

စိတ်ထက် ဝမ်းနည်းနာကျင်ကာ ငိုယိုမိသည်။

"" သမီးလေးရေ...အမေ့သမီး...အီး...ဟီး... ဟီး... ""

သဲကျင်းရွာလေးတွင်တော့ ညဖက်ရောက်လာလျှင် မိလုံး ငိုနေသံ

အား ကြားကြားနေရသည်မှာ တော်တော်ပင်ကြာလာခဲ့လေပြီ။

ထိုရွာထဲမှ သူများအတွက် မိလုံးငိုသံက မထူးဆန်းတော့ချေ။

တစ်ချိန်ချိန်တွင်တော့ မိလုံးအငိုတိတ်သွားပေမည်ဟု ၎င်းတို့ မျှော်

လင့်နေကြရှာပေတော့လေတည်း။

#lotaya_shortstory

အပတ်စဉ်အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..