သင်္ချိုင်းမြေ ( ပရလောကသားတို့အကြောင်း )
lotaya.mpt.com.mm
|
2019-10-22

ကျွန်တော့လက်ထဲမှာကိုင်ထားတဲ့ ပိုက်ဆံခြောက်
သိန်းကို ကျွန်တော် နှမြောသသနဲ့ကြည့်နေမိတယ်။
မနက်မိုးလင်းတာနဲ့ ဒီပိုက်ဆံတွေကို အိမ်လခပေး
ရတော့မှာမလို့ စိတ်မကောင်းဖြစ်မိပါတယ်။ စီပွားရေး


မချောင်လည်တော့လည်း သူများအိမ်ငှားဘဝ
နဲ့ ပိုက်ဆံလေးစုမိလိုက် သူများပေးလိုက်နဲ့ လုံးချာ
လိုကျနရေတာပဲ။


တခါတခါတွေးမိတာ သူများကိုရှာကျွေးနေသလိုပဲ
လို့ တွေးလာမိတယ်။ မိသားစုစားဝတ်နေရေး ကြပ်
တည်းနေရတဲ့အထဲ အိမ်လခဆိုတာကြီးက အပူတစ်
ခုလိုဖြစ်နေရတာဗျာ။ လက်ထဲကပိုက်ဆံတွေကို
သေတ္တာထဲထည့်သော့ခတ်ပြီး အိပ်ယာပေါ်လှဲအိပ်
ပစ်လိုက်မိတယ်။ ကျွန်တော့မိန်းမကတော့ ကလေး
ချော့သိပ်နေပေမယ့် သူ့စိတ်ထဲလဲကျွန်တော့လိုပဲ တွေးနေမိမယ်ထင်ပါတယ်။


ကျွန်တော်တို့မယူခင်သမီးရည်းစားဘဝတုန်းကတော့
ပိုက်ဆံကိုဘယ်လိုစုမယ်၊ အိမ်လေးတစ်လုံးအရင်ဝယ်
မယ် စိတ်ကူးတွေကတော့စုံလို့။ တကယ့်လက်တွေ့မှာ
အိမ် လေးတစ်လုံးဝယ်နိုင်ဖို့ဝေးစွ တစ်လတစ်သိန်းနဲ့ငှားထားတဲ့ အခန်းလေး  ခြောက်လတစ်ကြိမ်အလျှင်မှီ
အောင်ပေးနိုင်ဖို့ အတော်ရုန်းကန်နေရတယ်။ သမီး
လေးရလာတော့ ဝင်သမျှပိုက်ဆံတွေကို ပိုချွေတာ
ပြီးသုံးလာရတယ်။


ကျွန်တော့မိန်းမဆို အိမ်မှာနေရင်း တနိုင်တပိုင်အိမ်
တွင်းမှုလေးလုပ်တယ်။ ဘာလချောင်ကြော်၊အာလူး
ကြော်၊ အသားတုကြော် စသဖြင့်ပေါ့ဗျာ။အထုပ်လေးတွေအဆင်သင့်ထုတ်ပိုးပေး၊ ကျွန်တော်ကားဆွဲနေရင်း နေ့လည်ထမင်းစားပြန်ရင် အဲ့ဒါလေးတွေအိမ်ဆိုင်တွေလိုက်ပို့ပေါ့။ ကားတွေကလည်းပေါ
များလာတော့ အရင်လိုကားဆွဲမကောင်းတော့ဘူး။


ကားအုံနာကိုအပ်ပြီး တစ်ရက်ကို တစ်သောင်း၊ တစ်
သောင်းခွဲလောက်ကျန်တဲ့အခါကများတယ်။ ကား
ဆွဲကောင်းတဲ့နေ့တွေဆို သုံးလေးသောင်းလောက်ရ
ပါတယ်။ အဲ့လိုရတဲ့ရက်တွေကအနည်းစုပဲ။ ဒုံရင်း
ဒုံရင်း တစ်သောင်းခွဲလောက်ကပိုများနေတယ်။
မိန်းမရဲ့ အိမ်တွင်းမှုအလုပ်လေးကတော့ သိပ်မဆိုးလှ
ပါဘူး။ တစ်ရက်ကို ငါးထောင်လောက်ကျန်တယ်ဗျ။


နှစ်ယောက်ရှာသမျှက အိမ်စရိတ်နဲ့ သမီးလေးဖို့နဲ့
အိမ်လခနဲ့ လင်မယားနှစ်ယောက်ကဘာမှသုံးရတယ်
လို့မရှိဘူး။ ဒါပေမယ့်ကျွန်တော့မိန်းမက ဝင်ငွေတွေ
သိပ်စီစစ်ပြီးရသလောက်စုဆောင်းနိုင်တယ်ဗျ။ သူ့
အရည်အချင်းလို့ပဲဆိုရမလား။ ငါးမူးသားရွှေဆွဲကြိုး
လေးတစ်ကုံးနဲ့ လက်စွပ်တစ်ကွင်း၊ နားကပ်လေးတစ်ရံတော့သူချွေတာသုံးပြီး စုထားတာရှိတယ်။


အိမ်လခ ခြောက်သိန်းပေးပြီးတဲ့အခါ နောက်တစ်လ
လောက်နေတော့ကျွန်တော့မိန်းမကတိုင်ပင်လာတယ်။
သူ့အသိပွဲစားက မြေကွက်လေးလာစပ်တာ တစ်ကွက်ကို ဆယ့်ငါးသိန်းတဲ့ဗျ။ သူကအဲ့ဒီမြေကွက်လေးလိုချင်နေရှာတယ်။ မြေကွက်ကမြို့အစွန်ဖက်မှာ။ လူသူသိပ်မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့လို လူတန်းစားတွေအတွက် မက်မောစရာပဲ။
ကျွန်တော်လည်း သေချာစုံစမ်းကြည့်မယ်ပေါ့။ တ
ကယ်လို့အဆင်ပြေတယ်ဆို ရွှေတွေအကုန်ရောင်း
ရင် ၁၂ သိန်းလောက်ရမယ်။ လိုတဲ့ပိုက်ဆံအုံနာဆီ
ဆွဲပြီး မျက်စိမှိတ်ဝယ်မယ်လို့တွေးလိုက်တယ်ဗျ။


မြေကွက်ရလာရင် အိမ်ဆက်မငှားတော့ပဲ အိမ်လခကိုအိမ်လေးဆောက်မယ်ပေါ့။ကျွန်တော့အသိတစ်ယောက်က ဗြောင်သွပ်လေးနဲ့ တစ်ထပ်အိမ်လေးကိုသူများအတွက်ဆောက်ပေးဖူးတာ မြင်ဖူးတယ်။ အပြီးအစီးမှ ၇သိန်း၊ ၈သိန်းလောက်ကျတာ။
ဒါဆိုပိုက်ဆံတော့ ကြပ်တည်းသွားပေမယ့် ကိုယ့်
အိမ်လေးနဲ့ကိုယ်ဖြစ်သွားမယ်။ အိမ်လခမပူရတော့
ရသမျှစု ဆောင်းနိုင်မယ်။


ကျွန်တော်တို့လည်း မျှော်လင့်ချက်တွေနဲ့ ကျေနပ်နေ
မိကြတော့တယ်။ နောက်ရက်ပွဲစားနဲ့ ကျွန်တော်မြေ
ကွက်သွားကြည့်ကြတယ်။ မြေကွက်က ပေ တော့
ကျဉ်းတယ်ဗျ။ ၃၅' * ၄၀'ပေ ပဲရှိတယ်။ ဒါပေမယ့်
လည်း ဒီဈေးလေးနဲ့ ဒီလောက်လေးရတာပဲမဆိုးလှ
ဘူး။ ကျွန်တော့ကိုပြတဲ့ အကွက်ဘေးမှာလည်းတခြားအကွက် တွေအများကြီးရိုက်ထားတာတွေ့ရ
တယ်။ နေရာကောင်းတွေကဈေးတစ်မျိုး၊ လမ်းပေါ်
ဆို သိန်း ငါးဆယ်၊ ခြောက်ဆယ်။ ကျွန်တော်တို့တတ်
နိုင်တဲ့ ဆယ့်ငါးသိန်းတန်ဆိုတာ လမ်းအတွင်းဖက်
ချောင်ကျတဲ့နေရာ။


ဒါပေမယ့်ဘာပဲဖြစ်ဖြစ်ပါလေ။ ကားဝင်လို့လည်းရပြီး
ကိုယ်ခြေနိုင်လက်နိုင်ရှိသလောက်လေးနဲ့ မြေကွက်
လေးတစ်ကွက်ရမယ်ဆို ဝမ်းသာနေမိတယ်။ ကျွန်
တော်ဝမ်းသာလို့မဆုံးသေးဘူး။ မြေကွက်ဈေးပေါရ
တဲ့အကြောင်းအရင်းကို ကျွန်တော်နဲ့ကားအတူဆွဲတဲ့
မိတ်ဆွေကပြောပြလာတယ်။ ဒီမြေကွက်နေရာဟာ
အရင်က ရွာသင်္ချိုင်းဆိုတာပဲ။ လူဦးရေထူထပ်လာ
တော့ မြေနေရာရှားပါးလာတဲ့အတွက် ပြောင်းရင်း
ရွေ့ရင်းနဲ့ ဒီသင်္ချိုင်းမြေက စီးပွါးရေးသမားတွေအ
တွက် ဈေးကွက်တစ်ခုဖြစ်လာခဲ့တယ်။


ကျွန်တော်က အယူသည်းတတ်တဲ့သူတော့မဟုတ်
ဘူးဗျ။ ဒါပေမယ့်လည်း သင်္ချိုင်းမြေဆိုတော့ စိတ်
ထဲ နဲနဲတော့ တမျိုးကြီးဖြစ်သွားမိတယ်။ ဘေးပတ်
ဝန်းကျင်ကိုကြည့်ရသလောက် လာနေထိုင်တဲ့သူတွေ
နဲနဲပါးပါးတော့ရှိနေကြပြီ။ အိမ်လာဆောက်ထားတာ
တော့ဆယ်အိမ်လောက်ရှိတယ်။ တကယ်လူလာနေတဲ့
အိမ်က သုံးလေးအိမ်လောက်ပဲ။ ဒီလိုနေရာမျိုးက
တစ်နှစ် နှစ်နှစ်လောက်နေရင် စည်ကားလာမှာတော့
သေချာတယ်။


သူ့ရဲ့အားသာချက်က မြေညီတယ်။ လမ်းပန်းဆက်
သွယ်ရေးကောင်းတယ်။ ဈေးတန်တယ်။ ရေကလည်း
အစိုးရပိုက်လိုင်းသွယ်လိုက်ရုံပဲ။ မီးလည်းရှိတယ်။
မီတာလျှောက်ဖို့လည်းလွယ်ကူနေပြီ။ ၁၀၅ လည်း
လျှောက်လို့ရနေပြီလို့ပြောတယ်။ ဒီလောက်အဆင်
ပြေနေမှတော့ မျက်စိမှိတ်ပြီးဝယ်သင့်တယ်လေ။
အားနည်းချက်က သင်္ချိုင်းမြေဖြစ်နေတာတစ်ခုပဲ။


အိမ်ရောက်တာနဲ့ မိန်းမကိုပြောပြတော့ မိန်းမက မဝယ်တော့ဘူးလုပ်တယ်။ သူကကြောက်တတ်တော့
သင်္ချိုင်းမြေလို့ကြားတာနဲ့ တွန့်သွားတော့တာပဲ။
ကျွန်တော်ကဝယ်ချင်တယ်။ အိမ်ငှားဘဝနဲ့နေရတာ
စိတ်ကျဉ်းကြပ်နေပြီဗျ။ ကိုယ့်အိမ်လေးနဲ့ကိုယ် ဘယ်
လိုနေနေ၊ ဘာနဲ့စားစား ခေါင်းပြားအောင်အိပ်လို့ရ
တယ်လေ။ မိန်းမကို နားချရတာပေါ့။ ကျွန်တော်က
ဝယ်ချင်တဲ့စိတ်ပြင်းပြနေတော့ သူလည်းအိမ်ငှားဘဝ
နဲ့မနေချင်တာလည်းပါတယ်။ နောက်ဆုံးသဘောတူ
လိုက်ပါတော့တယ်။


နောက်ရက် ရွှေတွေရောင်း၊ အုံနာဆီပိုက်ဆံနဲနဲဆွဲပြီး
ဝယ်ဖြစ်လိုက်တယ်ဗျ။ စာချုပ်ပေါ်မှာ ကိုယ့်နာမည်
လေးမြင်ရတာ ဘယ်လိုပျော်မှန်းမသိဘူး။ ဘဝမှာ
တော့ နေစရာမြေကွက်လေးတစ်ကွက် ရလိုက်ပြီဆို
တဲ့ပီတိက လှိုက်ကနဲ လှိုက်ကနဲပဲ။ တစ်ညလုံးမအိပ်
ပျော်ပဲ စာချုပ်လေးကိုထုတ်ထုတ်ကြည့်နေမိတယ်။
ပြီးတော့ စိတ်လည်းမောသွားတယ်။ အိမ်ဆောက်ဖို့
ရှာရဖွေရဦးမယ်မလား။


ကျွန်တော်အရင်ထက်အလုပ်ပိုလုပ်ဖြစ်လာတယ်။
အရင်ကဆို ည ၇ နာရီကျော်ရင်ကားမဆွဲတော့ဘူး။
အခုက ၉ နာရီအထိဆွဲတယ်ဗျာ။ မနက်ဆိုလည်း
အစောကြီးထ ကားဆွဲနေပြီ။ ပင်ပန်းပေမယ့် ပိုက်ဆံ
လေးတော့ပိုရတာပေါ့။ အဲ့လိုနဲ့ပဲ မိန်းမရတဲ့တစ်နေ့
ငါးထောင်ကိုအိမ်စရိတ်သုံး၊ ကားဆွဲလို့ရတာလေးကို
သမီးလေးအတွက်လိုတာသုံးပြီးစုလိုက်တာ နှစ်လ
လောက်မှာ လက်ထဲပိုက်ဆံဆယ်သိန်းလောက်စုမိ
သွားတယ်။ ကားအုံနာကိုတော့ အကြွေးတောင်းပန်
ထားရတာပေါ့။


အိမ်ဆောက်ပေးတဲ့မိတ်ဆွေကိုဆက်သွယ်ပြီး ဗြောင်
သွပ်အပြာလေးနဲ့ အိမ်သေးသေးလေးဆောက်ဖို့အပ်
လိုက်တော့ အပြီးအစီး ရှစ်သိန်းခွဲကျတယ်ဆိုပြီး
တွက်ပေးလို့ ဝမ်းတွေသာရတာပေါ့။ လက်ထဲကျန်
တာလေးနဲ့ အိမ်တက်ပွဲလေးလုပ်ရမယ်လို့စိတ်ကူး
လိုက်ကြတယ်။ ကျွန်တော်တို့လည်း အိမ်ဆောက်ဖို့
အပ်လိုက်တော့တာပေါ့။ ခြံစည်းရိုးတော့မကာနိုင်
သေးဘူးပေါ့ဗျာ။


ဒါတွေကနောက်မှတဖြည်းဖြည်းပြုပြင်ယူရမယ်။
အိမ်ဆောက်တာ တစ်လခွဲလောက်ကြာမှာနဲ့ အိမ်က
နောက်တစ်လဆိုလခပြည့်မှာနဲ့တော့ အချိန်ကိုက်
လောက်ပါပဲ။ အိမ်စဆောက်ပြီဆိုတာနဲ့ နေ့တိုင်းသွား
ကြည့်ဖြစ်တယ်။ အိမ်လေးရုပ်လုံးပေါ်လာလေလေ
ပီတိတွေဖြာလေလေ။ အိမ်ပတ်ဝန်းကျင်ကတော့
ဝယ်စကအတိုင်းတိတ်ဆိတ်နေတုန်းပဲ။ လာနေတဲ့သူ
အသစ်ဆိုတာမရှိသေးဘူး။


လူနေတဲ့အိမ်တွေက လမ်းနဘေးတွေမှာ။ ကျွန်တော့
အိမ်ဖက်နဲ့ နဲနဲလှမ်းနေသေးတယ်။ ကျွန်တော့နေရာက
ချောင်အကျဆုံး။ အဲ့ဒါကြောင့်လည်းဒီဈေးနဲ့ရတာ
ဖြစ်မှာပါ။ ကျွန်တော့အိမ်ဘေးမှာ မြေကွက်လွတ်တွေ
ချည်းပဲ။ ကျွန်တော်တို့မိသားစုပဲရှိမယ်။ မိန်းမကအိမ်
ရလို့ပျော်သာပျော်နေတာ။ အပြည့်အဝမပျော်နိုင်ရှာ
ဘူး။ သင်္ချိုင်းမြေဆိုပြီးစိတ်စွဲနေသေးတယ်လေ။
ကျွန်တော်ကတော့ ဘုရားတရားလုပ်ပြီး မေတ္တာပို့
ဖို့ပဲပြောဖြစ်တယ်။


ဒီလိုနဲ့ အိမ်လခပြည့်ခါနီး အိမ်အသစ်လေးကို မိသားစု
သုံးယောက်ပြောင်းနေလိုက်ကြတယ်။ အိမ်သစ်တက်
ပွဲကို အကျဉ်းချုံးလုပ်လိုက်တာပေါ့။ ဘုန်းကြီးငါးပါး
ပင့်ဖိတ်ပြီး ဆွေမျိုးနဲ့အသိမိတ်ဆွေလူ ၃၀ လောက်နဲ့
အိမ်တက်ပွဲလေးလုပ်လိုက်ကြတယ်။ ပြဿနာကအဲ့
ကစတာပဲ။ ဆရာတော်တွေက တရားနာပြီး ကမ္မဝါ
စဖတ်တာနဲ့ အိမ်အကာသွပ်က ဒုန်းကနဲမြည်သွား
တယ်။ ကျွန်တော်တို့လည်း သွပ်မိုးသွပ်ကာဆိုတော့
အပူအအေးမမျှလို့အသံမြည်တယ်လို့ထင်လိုက်ကြ
တာ။ ကမ္မဝါလည်းဆုံးရော တစ်ခါထပ်မြည်တယ်။
အသံက တစ်ဖက်ထဲမဟုတ်ဘူး။ အကာလေးဖက်လုံး
မြည်တာ။ ဒုန်း ဒုန်း ဆိုတဲ့အသံက လူတွေအကုန်ကြား
ကြတယ်။ အဲ့ဒါလည်း သတိမထားမိကြပြန်ဘူး။
ရေစက်ချအမျှဝေပြီး ဆရာတော်က ဆန်မန်းကို အိမ်ထဲအိမ်ပြင် ပက်ဖို့မှာသွားပါတယ်။


ကျွန်တော်တို့လည်း အလုပ်များနေတာနဲ့ ချက်ချင်း
မပက်ဖြစ်ဘူး။ ဧည့်သည်တွေပြန်ကုန်တော့ ကျွန်
တော့အဒေါ်နဲ့ ကျွန်တော့တူက တစ်ရက် နှစ်ရက်
လာစောင့်အိပ်ကူမယ်ဆိုပြီးနေခဲ့တယ်ဗျ။ ကျွန်တော့
မိန်းမကလည်း အဖော်ရလို့ဝမ်းသာနေတာပေါ့လေ။
ညနေဝင်စရောက်မှ အဒေါ်က ဆန်မန်းတွေပက်ပြီး
ပြီလားမေးတယ်။ " ဟာ မပက်ရသေးဘူး မေ့နေ
တယ် " လို့ဆိုတော့ အဒေါ်က သူယူပြီး အိမ်ထဲအိမ်
ပြင် လိုက်ပက်ပေးတယ်။ ဆန်မန်းပက်လိုက်တာနဲ့
အိမ်သွပ်တွေကို ထပ်ထုပြန်တယ်။ စုစုပေါင်း လေး
ငါးချက်လောက်ရှိတယ်။ မိန်းမက မျက်နှာနဲနဲပျက်
လာပြီ။ ကျွန်တော်ကကြောက်နေကြမှာစိုးလို့ သွပ်
တွေက နေ့ဖက်အပူရှိန်ထိထားလို့ ခုလိုညဖက်အပူ
လျှော့ကျသွားချိန်မှ ပြန်ရုန်းတတ်တယ် ဘာညာ
ပြောရတယ်။


အိမ်က မီတာမရသေးတော့ LED မီးအိမ်လေးတွေနဲ့
ထွန်းထားရတာပေါ့။ မှောင်လာတာနဲ့ ကျွန်တော့သမီး
က ထငိုပါလေရော။ ကျွန်တော်တို့ ဘယ်လိုချော့ချော့
မရဘူး။ သမီးလေးက သုံးနှစ်အရွယ်။ စကားပြော
တတ်နေပြီ။ သူက အိမ်တံခါးဖက်ကို ကြည့်ကြည့်ပြီး
ငိုနေတာ။ ပါးစပ်ကလည်း "" ကောင်ကောင်ရီး ....
ကောင်ကောင်ရီး " လို့ပြောတယ်။ ကလေးဆိုတော့
လည်း ဘာဆိုလိုမှန်းနားမလည်မိဘူး။ အဲ့လိုနဲ့ တစ်
နေကုန်ပင်ပန်းထားကြလို့ စောစောအိပ်ဖြစ်ကြရော။
ည ရှစ်နာရီလောက်ကြတော့ တစ်ယောက်ယောက်က
အိမ်ကိုပတ်ပြီးပြေးနေတဲ့အသံကိုကြားရတော့တာပဲ။


ကျွန်တော်လည်း လန့်သွားမိတယ်။ သူခိုးလား ဘာ
လားပေါ့လေ။ တကယ်အရေးအကြောင်းဆို ပတ်
ဝန်းကျင်အိမ်တွေက လူမရှိကြဘူး။ လူနေတဲ့အိမ်တွေ
နဲ့ ကျွန်တော့အိမ်က မြေကွက် ငါးကွက် ခြောက်ကွက်
ကျော်တယ်။ အော်ရင်တောင် တော်တော်နဲ့ကြားကြ
မယ်မထင်ဘူးဗျ။ ယောကျာ်းသားဆိုလို့ ကျွန်တော်နဲ့
ကျွန်တော့တူပဲရှိတာ။ တူတော်မောင်က ခုမှ ၁၄ နှစ်
အရွယ်။ ဘယ်လိုအားကိုးရသေးမတုန်းဗျ။


ကျွန်တော်တို့လည်း တစုတည်း စုနေလိုက်ပြီးတော့
တစ်ခုခုဆို ခုခံဖို့ ရှာပြီးလက်ထဲကိုင်ထားကြတယ်။
ပတ်ပြေးနေတဲ့အသံက အိမ်တံခါးရှေ့မှာပဲ ရပ်သွား
တယ်ဗျ။ ကျွန်တော်က တံခါး ဂလန့်ကိုကိုင်ထားပြီး
တော့ ကျန်တဲ့သူတွေကို အချက်ပြလိုက်တယ်။ ပြီး
တာနဲ့ ရုတ်တရက်တံခါးဖွင့်ပြီး လက်ထဲကအဝတ်
ကိုက်တုတ်နဲ့ရွယ်လိုက်တော့ တံခါးဝမှာဘယ်သူမှ
ရှိမနေဘူး။ မီးအိမ်ကိုလှမ်းယူပြီး အပြင်ထွက်ကြည့်
တယ်။ ဘယ်သူမှမတွေ့ဘူး။ ဒါပေမယ့် ကျွန်တော်
ခေါင်းနဘန်းကြီးသွားမိပါတယ်။


ညနေက အဒေါ်ပက်ထားတဲ့ဆန်မန်းတဝိုက်မှာ ခြေ
ဖဝါးရာ အတိုင်းဆန်စေ့တွေမည်းနေတာအံ့ဩစရာ
ကောင်းနေပါတယ်။ ဒါဘာတွေလဲဆိုပြီး အကုန်လုံး
လန့်ကုန်ကြတယ်။ ကျွန်တော်တို့လည်းအိမ်တံခါးကို
အပြင်ဖက်ကနေပိတ်ခဲ့ပြီးတော့ ခြေရာအတိုင်းလိုက်
ကြည့်လိုက်တာ ခြေရာက အိမ်တစ်ပတ်လည်လုံး
တွေ့ကတာပဲ။ အဒေါ်နဲ့ မိန်းမက တော်တော်ကြောက်
နေကြပြီ။ မိန်းမကသမီးလေးကိုချီရင်း မျက်ရည်
လည်နေပြီ။ ခြေရာက တံခါးဝမှာပဲ ဆုံးသွားတယ်။


ကျွန်တော်တို့အိမ်ထဲမဝင်ရဲကြသလို အပြင်မှာလည်း
မနေရဲဘူး။ အပြင်ထက်အိမ်ထဲက နဲနဲပိုလုံခြုံမှာမလို့
အရဲစွန့်ပြီး ဝင်လာလိုက်ကြတော့တယ်။ အိမ်ထဲဝင်
တာနဲ့ ကျွန်တော်တို့အကုန်အိမ်အပြင်ပြန်ထွက်ပြေး
ရတာပဲဗျာ။ လူမည်းမည်းကြီး က အိမ်ထဲမှာထိုင်
နေလို့ပါ။ သူ့မျက်နှာလည်းမည်းမည်းကြီးနဲ့ မျက်လုံး
တွေကတော့ နီရဲနေပါတယ်။ အားလုံးပဲ တခြားအိမ်
ဖက်ကိုပြေးကြရတော့တာပဲ။


လူနေနေတဲ့အိမ်ကို အပြင်ကနေအော်ခေါ်ကြပေါ့။
သူတို့ကထွက်လာကြတယ်။ ဘာဖြစ်တာလဲဆိုပြီး
မေးမြန်းကြတာပေါ့။ ကျွန်တော်တို့လည်း အကျိုး
အကြောင်းပြောပြတော့ အိမ်ထဲခေါ်ဝင်ကြပါတယ်။
သူတို့ပြောပြမှ ကျွန်တော်အာခေါင်တောင်ခြောက်
လာမိတယ်ဗျ။ ဟိုးအရင်က ဒီနေရာဟာ သင်္ချိုင်း
ကြီး။ ဒါပေမယ့် ခုလူနေနေကြတဲ့အခြမ်းက မပါဘူး။
ကျွန်တော်ဝယ်တဲ့ မြေက သင်္ချိုင်းမြေပေါ်။ သူတို့က
သင်္ချိုင်းအပြင်ဖက်နေရာ။


သင်္ချိုင်းမြေပေါ်ဘယ်သူမှ လာမနေကြသေးဘူးတဲ့ဗျ။
ကျွန်တော်တို့က ပထမဆုံးလာနေတဲ့သူပဲတဲ့။ အဲ့ဒီ
အိမ်က ဦးကောင်း ဆိုတဲ့ဦးလေးကြီးကသူ့အိမ်ပြူ
တင်းပေါက်ကနေအပြင်ဖက်ကို လက်ညိုးထိုးပြပြီး
ပြောပြတယ်။ ဘယ်ကနေ ဘယ်အထိက သင်္ချိုင်း
မြေ၊ ဘယ်နေရာက သင်္ချိုင်းအပြင်ဖက်စသဖြင့်ပေါ့။
သူတို့နေတော့လည်း လာလာပြီး အနှောင့်အယှက်
ပေးကြသတဲ့ဗျ။ ဒါပေမယ့် သူတို့က အရံအတားတွေ
လုပ်ထားတဲ့အတွက် မလာကြတော့ဘူးဆိုတယ်။
ကျွန်တော်လည်း ကူညီပေးပါလို့အကူအညီတောင်း
တော့ သူတို့ကိုအရံအတားလုပ်ပေးတဲ့ဆရာကို မနက်
ပင့်ပေးမယ်ပေါ့။ ဒီညတော့ အိမ်မပြန်အိပ်ရဲလို့ ဒီမှာ
ပေးနေပါလို့ တောင်းတောင်းပန်ပန်နေခဲ့ရတယ်။


ဦးကောင်းတို့ကလည်း သဘောကောင်းကြပါတယ်။
အိပ်ရာတွေထုတ်ပေးတယ်။ အိပ်ရာတွေစောင်တွေ
က မလောက်ဘူးလေ။ ကျွန်တော်ကတော့ ခေါင်းအုံး
ဖို့ တစ်ခုခုရှိရင်ရပြီ။ သူတို့ကိုပဲ ပေးအိပ်လိုက်တယ်။
အားလုံးအိပ်သွားကြပေမယ့် ကျွန်တော်ကအိပ်လို့
မပျော်ဘူး။ စိတ်ထဲကြောက်ပေမယ့်လည်း ဘဝင်
မကျနေဘူး။ သိချင်စိတ်လည်းများနေတော့ အိမ်
ပြူတင်းပေါက်ကို အသာလေးဖွင့်ပြီး ကျွန်တော့
အိမ်ဖက် လှမ်းချောင်းကြည့်မိတယ်။ စစချင်းတော့
ဘာမှမရှိဘူး။ မှောင်မည်းပြီးတိတ်ဆိတ်နေတာပဲ။
တစ်နာရီခြားတစ်ခါလောက် ထထချောင်းနေရင်း
မနက် ၂ နာရီလောက်ကြတော့ ကျွန်တော့အိမ်ခေါင်
မိုးပေါ်ကနေ လူမည်းမည်းကြီး သုံးယောက်ထိုင်ပြီး
ကျွန်တော့ဖက်ကိုကြည့်နေတာ တွေ့လိုက်ရတော့တာပဲဗျာ။


ကျွန်တော်တစ်ကိုယ်လုံးတုန်လာမိတယ်။ တံခါးကို
အမြန်ပိတ်ပစ်ရတယ်။ ကြောက်ကြောက်နဲ့ ခွေခေါက်
နေပေမယ့် မျက်လုံးထဲကမထွက်နေဘူး။ မနက် ၄ နာ
ရီထိုးတော့ ဦးကောင်းတို့လင်မယားက ထပြီ။ မျက်
နှာသစ်ကြပြီး ဘုရားဝတ်ပြုကြတော့မှ ကြောက်စိတ်
ပြေသွားကတယ်။ မနက်လင်းတော့ ကျွန်တော်တို့
လည်း ပြန်မှဖြစ်မယ်လေ။ သူများအိမ်မှာ ဒုက္ခပေး
သလိုဖြစ်နေတာအားနာလှပြီ။ ကြောက်ပေမယ့် လင်း
နေပြီဆိုတော့အရဲစွန့်ရတာပေါ့။


ဦးကောင်းက ဆရာပင့်လာပေးမယ်ဆိုတော့လည်း
အားတက်သွားမိတယ်။ အိမ်ကိုပြန်လာကြတော့ အိမ်
တံခါးကပိတ်ထားတယ်။ မနေ့ညက အိမ်တံခါးဖွင့်
ခဲ့တာအားလုံးအသိ။ မသိသလိုဟန်ဆောင်ပြီး တံခါး
ဖွင့် အိမ်ထဲဝင်ခဲ့ကြတယ်။ အိမ်ထဲက မီးဖိုခန်းမှာ
ထမင်းအိုး ဟင်းအိုးတွေ မွစာကျဲနေတယ်ဗျာ။ အိမ်
တက်ကကျန်တဲ့ ကြက်သားဟင်းအိုးကြီးလည်းမှောက်လို့။ တိရိစ္ဆာန်တစ်ကောင်ကောင်ဝင်စားထား
သလိုပဲ။ မြေပေါ်ပေပွနေတာကို တွေ့ရတယ်။ အဒေါ်ကတော့ဒီညဆက်မနေရဲဘူး ပြန်မယ်လုပ်နေလို့ ဆရာ
လည်းလာမှာ နေပေးပါဆိုပြီး မနဲချော့မော့ခေါ်ထား
ရတယ်ဗျ။


နေ့လည်ကြတော့ ဦးကောင်းတို့လင်မယားနဲ့ သူ့သား
နှစ်ယောက်၊ဆရာနဲ့ သူ့တပည့်နဲ့ ခြောက်ယောက်
ရောက်လာကြတယ်။ ဆရာကအိမ်အခြေအနေကြည့်
ပြီး ဖြစ်တာတွေမေးမြန်းလို့ အားလုံးပြောပြလိုက်
တာပေါ့။ ဆရာက ဒီမကောင်းဆိုးရွားတွေအတွက်
နေရာလုပ်ပေးရမယ်လို့ပြောတယ်။ အဲ့ဒါနဲ့ မြို့ပြင်
ဖက်က နေရာတစ်ခုမှာ အပင်တစ်ပင်သွားစိုက်ပေးရ
တယ်ဗျ။


အပင်က နဲနဲကြီးတဲ့အပင်ပေါ့လေ။ ကျွန်တော့ပုခုံး
လောက်မြင့်တာရှာဝယ်ရတယ်။ ပြီးတော့ သေချာ
စိုက်ပြီး အပင်အောက်မှာ ငှက်ပျောဖက်နဲ့ ထမင်း
သုံးပုံပုံရတယ်။ ထမင်းပေါ်မှာ ကြက်သားဟင်းပုံ
ပြီး ချခဲ့ရတယ်။ အိမ်မှာလည်း ဆန်မန်းအသစ်ပြန်
ပက်ရတယ်။ အဆောင်လက်ဖွဲ့တစ်ယောက်တစ်ခု
ဆောင်ထားရသေးတယ်။ ဆရာပြောတာကတော့
ဒီမကောင်းဆိုးရွားသုံးကောင်က ကျွန်တော့မြေနေ
ရာမှ နေသတဲ့။ ဘေးကအကွက်တွေမှာလည်း တခြား
မကောင်းဆိုးရွားတွေကျန်သေးတယ်လို့ပြောတယ်။


အကုန်လုံးကို ခေါ်သွားဖို့မလွယ်လို့ ကျွန်တော့မြေ
နေရာက သုံးကောင်ကိုပဲခေါ်သွားရတာပါ။ ခေါ်သွား
ပြီးရင် အိမ်စည်းချရတာမလို့ ကျန်တဲ့မြေရှင်တွေက
ကြိုက်မကြိုက်မသိတဲ့ကိစ္စတွေလည်းရှိသေးတော့
အကယ်၍တခြားလာနေကြတဲ့သူတွေရှိလာရင် မ
ကောင်းဆိုးရွားနှင်ချင်တယ်ဆို အချိန်မရွေးလာပင့်
ဖို့မှာခဲ့ပါတယ်။ ကျွန်တော့ကိုလည်း ခြံစည်ရိုးအမြန်
ဆုံးခတ်ဖို့ပြောခဲ့ပါသေးတယ်။


အဲ့လိုအရံအတားလုပ်ပြီးတဲ့ညကစပြီး မခြောက်တော့
ပါဘူး။ ဒါပေမယ့် ဘေးအကွက်မှာနေတဲ့ ဟာတွေက
တခါခါအသံပေးတတ်တယ်။ ဒါကြောင့် ကျွန်တော်
လည်း အုံနာဆီပိုက်ဆံထပ်ဆွဲပြီး စည်းရိုးအမြန်ခတ်
နိုင်ဖို့ကြိုးစားလိုက်ပါတော့တယ်။ စည်းရိုးလေးခတ်
ပြီးတဲ့အခါ အိမ်မှာလာနေကူဖို့ အမျိုးတွေကို အလှည့်
ကျအကူအညီတောင်းခဲ့ရသေးတယ်။ ကျွန်တော်တို့
လည်း ဘေးအကွက်တွေ အိမ်မြန်မြန်လာဆောက်
ကြပါစေ။ လူတွေများများလာနေကြပါစေလို့ ဆု
တောင်းနေခဲ့ရတာပေါ့ဗျာ။


ခုတော့ကျွန်တော့ဆုတောင်းပြည့်ပါပြီ။ လမ်းထိပ်မှာ
စားသောက်ဆိုင်ကြီးတစ်ဆိုင်နဲ့ ဓါတ်ဆီဆိုင်ကြီးတစ်
ဆိုင်လာဖွင့်ပြီးတဲ့အခါ ကျွန်တော့အိမ်ဘေးကမြေ
ကွက်လပ်တွေမှာ အိမ်ဆောက်ဖို့ foundation လာချ
နေကြတာ လေးငါးအိမ်လောက်ရှိလာသလို လူမနေ
တဲ့အိမ်တွေကလည်း လူနေဖို့ပြောင်းလာကြတာတွေ့
ရတယ်ဗျ။ ကျွန်တော်တို့ကတော့ လာနေတဲ့သူတွေသာ ညကြီးမင်းကြီး အိမ်တံခါးလာခေါက်ခဲ့ရင် ကူ
ညီဖို့အသင့်ပါပဲဗျာ။

သော်တာလမင်းစန္ဒာ

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..