" သေမင်းခေါ်သံ " ( ပရလောကသားတို့အကြောင်း )
lotaya.mpt.com.mm
|
2019-11-29

“ ဂျိမ်း……..”

ကျယ်လောင်သည့် မိုးကြိုးပစ်သံနှင့်အတူ မိုးသီးမိုးပေါက်များက တစ်ဆက်တည်းလိုက်ပါလာကြသည်။ လျှပ်ပန်းလျှပ်

နွယ်များက ကောင်းကင်ယံမှ မြေပြင်ဆီသို့ အဆက်မပြတ် သွယ်တန်းနေကြသည်။ လျှပ်စီးကြောင်းများက မှောင်မိုက်နေ

သည့် ညဉ့်ယံကိုထွင်းဖောက်ကာ အလင်းဆောင်နေကြသေည်။ အမှောင်ထုဖုံးနေသည့် ညဉ့်ယံသည် အနက်ရောင်ပိတ်သား

ပေါ်တွင် အလျင်စလို ရေးခြစ်ထားသည့် ကနုတ်ပန်း ပန်းချီကားတစ်ချပ်ကဲ့သို့ ရှိနေလေသည်။ မိုးသီးမိုးပေါက်များနှင့်အတူ

လေကလည်းပြင်းလာသဖြင့် ဆောင်းထားသည့်ခေါက်ထီးကို ရုတ်သိမ်းပြီးညောင်နှစ်ပင်ရွာထိပ်ရှိညောင်မုတ်ဆိတ်ပင်ကြီး

အောက်တွင် မိုးခိုနေလိုက်သည်။ မဖြစ်မနေလာရမည့်ကိစ္စကြောင့်သာ လာခဲ့ရသော်လည်း မိုးရာသီကာလ ခရီးသွားရခြင်းက

ဆရာဦးတင်မောင်ဝင်းအတွက် စိတ်အပျက်ဆုံးဖြစ်သည်။

မလာမဖြစ်သည့် ကိစ္စဆိုသည်ကလည်း ညောင်နှစ်ပင်ရွာတွင်နေထိုင်သည့် ညီမဖြစ်သူ မတင်တင်ရီအသည်းအသန်ဖြစ်နေ

ကြောင်း အကြောင်းကြားသဖြင့် ရောက်လာရခြင်းဖြစ်ပေသည်။ ဆရာဦးတင်မောင်ဝင်းတို့မောင်နှမတွင် မိဘများမရှိကြတော့

ဘဲ ညီမဖြစ်သူမတင်တင်ရီက မိဘများပိုင်ဆိုင်သည့်ညောင်နှစ်ပင်ရွာမှနေအိမ်တွင်နေထိုင်ကာ မိဘပိုင်လယ်မြေများနှင့်အခြား

လုပ်ငန်းများကိုဦးစီးကာ အကျိုးအမြတ်ကို မောင်နှစ်မနှစ်ယောက် ခွဲဝေယူကြသည်။ ဆရာဦးတင်မောင်ဝင်းတို့သည် ညောင်

နှစ်ပင်ရွာတွင် လယ်ယာအများဆုံးပိုင်ဆိုင်ကြပြီးအခြားလုပ်ငန်းများနှင့် အိမ်ခြံမြေများကိုလည်း ပိုင်ဆိုင်ကြသည်။ ဆရာဦး

တင်မောင်ဝင်း၏ညီမ မတင်တင်ရီသည် တစ်ရွာတည်းသားကိုမောင်မောင်ဦးနှင့် အိမ်ထောင်ကျခဲ့သော်လည်း သားသမီးမ

ထွန်းကားခဲ့ပေ။ ဆရာဦးတင်မောင်ဝင်းတွင် ဆွေမျိုးရင်းချာဟူ၍ တစ်ဦးတည်းသော ညီမ မတင်တင်ရီသာရှိပေသည်။ မတင်

တင်ရီသည် အူမကြီးကင်ဆာရောဂါကို ခံစားနေရပြီး နောက်ဆုံးနေ့ကို စောင့်မျှော်နေရရှာသည်။ မတင်တင်ရီ အသည်းအသန်

ဖြစ်နေကြောင်း ကိုမောင်မောင်ဦးက အကြောင်းကြားသဖြင့် ခွင့်ယူကာ ညီမဖြစ်သူထံသို့ အမြန်လာရလေသည်။

*******************

မိုးသည်းထန်စွာရွာနေသော်လည်း ညောင်မုတ်ဆိတ်ပင်ကြီးအောက်သို့ မိုးစက်တစ်ပေါက်တစ်လေမကျလောက်သည်အထိ

မိုးလုံပေသည်။ ထိုညောင်မုတ်ဆိတ်ပင်နှစ်ပင်၏သက်တမ်းသည် မည်မျှရှိသည်ကို မသိသော်လည်း အဘိုးအဘွားများလက်

ထက်ကတည်းကရှိနေခဲ့သည်ကိုတော့ ဆရာဦးတင်မောင်ဝင်း ကြားခဲ့ဖူးပါသည်။

“ ဂျိမ်း...... ”

လျှပ်စီးလက်လိုက်သည့်အချိန် လက်ပတ်နာရီကိုကြည့်လိုက်သည့်အခါ ညကိုးနာရီထိုးရန်ငါးမိနစ်သာလိုတော့သည်။

ညောင်နှစ်ပင်ရွာသို့ မနက်ကတည်းကလာဖို့ စီစဉ်ထားသော်လည်း နှစ်ရက်တိတိခွင့်ယူဖို့အတွက်ဆရာမဒေါ်အေးအေးသန်း

ဆီသို့သွားရသည့်အပြင် အခြားဗာဟီရကိစ္စများကရှိနေသေးသဖြင့် ညနေလေးနာရီမှ အိမ်ကထွက်နိုင်ခဲ့သည်။ ညောင်နှစ်ပင်

ရွာသို့သွားရသည်က လွယ်ကူသည့် ခရီးတော့မဟုတ်ပေ။ အဝေးပြေးကားဖြင့် သုံးနာရီကျော်ခန့်စီးရပြီး တာထိပ်မှနေ၍ ရွာသို့

လေးဆယ့်ငါးမိနစ်ခန့် ကုန်းကြောင်းလျှောက်ရပေသည်။

လှည်းကြုံ ဆိုင်ကယ်ကြုံရှိသည့်အခါ အဆင်ပြေသော်လည်း ယခုလိုမိုးရာသီတွင် လှည်းလည်းမသွားသာ ဆိုင်ကယ်လည်း

မသွားသာသဖြင့် ကုန်းကြောင်းလျှောက်ကြရပေသည်။ ညနေငါးနာရီခွဲထွက်မည့် အဝေးပြေးကားကိုလက်မှတ်ကြိုတင်မှာယူ

ချိန်မရသော်လည်း အဝေးပြေးကားဂိတ်မှ ဂိတ်မှုးနှင့်တာဝန်ရှိသူများက ဆရာဦးတင်မောင်ဝင်းနှင့် အလွန်ရင်းနှီးနေသဖြင့်နေ

ရာတစ်နေရာစာရခဲ့လေသည်။ ညောင်နှစ်ပင်ရွာသည် ကျေးလက်ဆေးပေးခန်းနှင့်စတုတ္ထတန်းအထိပညာသင်ကြားနိုင်သည့်

မူလတန်းကျောင်းတစ်ကျောင်းရှိသော ကျေးရွာကြီးတစ်ရွာဖြစ်သည့်အပြင် ကိုယ်ထူကိုယ်ထ တည်ထောင်ထားကြသည့်တယ်

လီဖုန်းဆက်သွယ်ရေးစံနစ်လည်းရှိနေပေသည်။ ကိုယ်ထူကိုယ်ထဖြင့် မီးစက်ကြီးဝယ်ယူကာ ကျေးရွာမီးလင်းရေးကိုဆောင်

ရွက်ခဲ့ကြရသည်။ ထိုသို့ ကျေးရွာအကျိုးကိုဆောင်ရွက်ခဲ့ကြသူများထဲတွင် ဆရာဦးတင်မောင်ဝင်းလည်း ရှေ့ဆုံးမှပါဝင်ခဲ့

သည်။

ဆရာဦးတင်မောင်ဝင်းတို့ငယ်စဉ်က ပညာသင်ကြားရေးအတွက် အခက်အခဲဖြစ်ခဲ့ကြရသည်။ ညောင်နှစ်ပင်ရွာတွင် စာ

သင်ကျောင်းဖြစ်မြောက်လာရေးအတွက် ညောင်နှစ်ပင်ကျေးရွာသားများဖြစ်ကြသည့်အောင်မင်္ဂလာဝိမုတ္တိကျောင်းတိုက်မှဆ

ရာတော် ဦးသောဘိတ၊ တိုင်းတရားသူကြီး ဦးဌေးဝင်း၊ ဆရာ ဦးတင်မောင်ဝင်းနှင့် ရဲမှုးထင်လင်းတို့က ဝိုင်းဝန်းကြိုးပမ်း

ခဲ့ကြသည်။ ဆရာဦးတင်မောင်ဝင်းသည် ညောင်နှစ်ပင်ရွာ မူလတန်းကျောင်းတွင် ဆယ့်ခြောက်နှစ်ကြာတာဝန်ထမ်းဆောင်

ခဲ့ပြီးနောက် ဇနီးနှင့်သားသမီးများရှိသည့် ရန်ကုန်မြို့သို့ မူလတန်းကျောင်းအုပ်ရာထူးဖြင့် အပြီးပြောင်းရွှေ့သွားပြီး မြို့နယ်

တစ်ခုမှ မူလတန်းကျောင်းတွင်တာဝန်ဆက်လက်ထမ်းဆောင်လေသည်။

ညောင်နှစ်ပင်ရွာသို့သွားသည့်လမ်းသည် နွေရာသီဆိုပါက ကိစ္စမရှိသော်လည်း မိုးတွင်းကာလဆိုပါက ရွှံ့ဗွက်များပြည့်နှက်

ပြီး ကျွဲရုန်း နွားရုန်းသကဲ့သို့ ဗွက်တောတွင် ရုန်းကန်ကြရသည်။ ညရှစ်နာရီကျော်ခန့်တွင်တာထိပ်သို့ရောက်ပြီး ကားပေါ်မှ

ဆင်းလိုက်သည်နှင့် မိုးက သည်းကြီးမည်းကြီးရွာချလိုက်သောကြောင့် ခရီးသည်နားခိုသည့်တဲတွင် မိုးခိုနေရပြန်သည်။ တစ်

လမ်းလုံးမှောင်မိုက်နေသော်လည်း ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သည့်အတွက် မျက်စိမှိတ်သွားလျှင်ပင် ရွာသို့ချောချော မော

မောရောက်နိုင်သဖြင့် စိတ်မပူမိပေ။

မကြာခင် မိုးစဲသွားသဖြင့် တာထိပ်မှစတင်ပြီး ဗွက်တောထဲတွင်ရုန်းကန်လျှောက်လာရင်း ရွာထိပ်သို့ရောက်ခါနီးမှ မိုးက

ပိုသည်းလာသောကြောင့် နီးရာညောင်မုတ်ဆိတ်ပင်ကြီးတစ်ပင်အောက်သို့ ဝင်ခိုလိုက်ရသည်။ ညောင်ရွက်များပေါ်သို့ အရှိန်

ဖြင့်ကျနေသည့် မိုးစက် မိုးပေါက်သံများနှင့်အတူ တစ်ချက်တစ်ချက် လင်းလက်သွားသည့် လျှပ်ပန်းလျှပ်နွယ်များက ညဉ့်ယံ

ကိုကြီးစိုးထားလေသည်။ ရွာအတွက် မီးပေးဝေသည့် မီးစက်သံကို သဲ့သဲ့ကြားနေရပြီး မီးလင်းနေသည့် အိမ်များကိုအဝေးမှ

ပင် မြင်တွေ့နေရသဖြင့် ဆရာ ဦးတင်မောင်ဝင်း၏ရင်ထဲတွင် ပီတိဖြစ်နေမိသည်။

ထိုအချိန်မှာပင် နောက်ကျောဘက်မှ ချောင်းဟန့်သံ ခပ်အုပ်အုပ်တစ်ချက်ကြားလိုက်ရသဖြင့်နောက်သို့လှည့်ကြည့်လိုက်

သည့်အခါညောင်မုတ်ဆိတ်ပင်ကိုမှီပြီးရပ်နေသူတစ်ယောက်ကို အမှောင်ထဲတွင် ရေးရေး မြင်တွေ့လိုက်ရလေသည်။ ညောင်

ပင်အောက်သို့ မိုးခိုရန်ဝင်လာစဉ်က ထိုသူကိုမမြင်တွေ့ခဲ့ခြင်းပေလားဟု ဆရာဦးတင်မောင်ဝင်း တွေးလိုက်မိသည်။

ညောင်နှစ်ပင်ရွာသည် ဇာတိချက်မြှုပ်ဖြစ်ဖြစ်သည့်အတွက် ဆရာဦးတင်မောင်ဝင်းကို မသိသူမရှိပေ။ ရွာခံတစ်ယောက်

ဖြစ်သည့်အပြင် ညောင်နှစ်ပင်ရွာတွင် မူလတန်းကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည့်အတွက် လူချစ်လူခင်

ပေါလေသည်။ ညောင်နှစ်ပင်ရွာနှင့် ရွာနီးချုပ်စပ်တွင်နေထိုင်ကြသည့် ကလေးမှအစ လူကြီးအဆုံး မသိသူမရှိသည့်မိမိအား

နှုတ်ဆက်ခြင်းမရှိသည့်အတွက် အခြားရွာများမှ ရွာသားတစ်ယောက်ဖြစ်နိုင်သည့်အပြင် ညကာလ မှောင်မိုက်နေသည့်အ

တွက် သဲသဲကွဲကွဲမမြင်နိုင်ခြင်းကြောင့် မည်သူမည်ဝါမှန်းမသိသဖြင့် နှုတ်မဆက်ခြင်းလည်းဖြစ်နိုင်သည်။ မည်သို့ဆိုစေ အ

ချိန်ကာလအရ သတိတော့ထားရမည်ဟု ဆရာဦးတင်မောင်ဝင်း တွေးလိုက်မိသည်။

“ ………. ”

မီးခြစ် မီးခတ်သည့်အသံ ထပ်မံကြားလိုက်ရသဖြင့် နောက်သို့လှည့်ကြည့်လိုက်သည့်အခါ ထိုသူကအနားသို့ရောက်နေသ

ဖြင့် လက်ထဲမှခေါက်ထီးကို အသင့်အနေအထားဖြင့် ဆုပ်ကိုင်ထားလိုက်သည်။

“ မီးခြစ်လေးများမပါဘူးလားဗျ ”

ဆေးလိပ်သောက်တတ်သူမဟုတ်ကြောင်း တစ်ရွာလုံးကသိနေသဖြင့် မီးခြစ်တောင်းသူသည်ညောင်နှစ်ပင်ရွာမှမဟုတ်နိုင်

သလို အကြောင်းရှာ၍ ချဉ်းကပ်လာခြင်းလည်းဖြစ်နိုင်သောကြောင့် သတိဖြင့်စောင့်ကြည့်နေသည်။

“ ကျွန်တော် ဆေးလိပ်မသောက်တတ်ဘူးဗျ ”

“ ဆရာ ဦးတင်မောင်ဝင်းမဟုတ်လား ”

“ ဟုတ်ပါတယ်။ ကျွန်တော့်ကို သိလို့လား ”

“ သေချာအောင် မေးကြည့်တာပါ ”

ထိုသူထံမှ အရက်နံ့ချဉ်စူးစူးက ထောင်းကနဲထွက်လာသဖြင့် မျက်နှာကိုတစ်ဖက်သို့လွှဲကာ နှာခေါင်းကို လက်ဖြင့် မသိ

မသာအုပ်လိုက်လေသည်။

“ ခင်ဗျားက ဘယ်ရွာကလဲဗျ ”

“ အဲဒါတွေ မေးမနေပါနဲ့တော့။ ခင်ဗျားကို ညနေကတည်းကစောင့်နေတာ ”

“ ဗျာ….ဘာကိစ္စရှိလို့လဲ ”

“ စောင့်နေတယ်ဆိုမှတော့ ကိစ္စရှိလို့ပေါ့ဗျာ ”

လျှပ်စီးတစ်ချက်လက်လိုက်သည့်အချိန်တွင် ထိုသူ၏မျက်နှာကို အမိအရကြည့်လိုက်မိသည်။ ခမောက်ဆောင်းထားသဖြင့်

မျက်နှာကို အသေအချာမမြင်ရသော်လည်း အဝတ်အစားနှင့်အရပ်အမောင်းကိုတော့ သတိထားလိုက်မိသည်။

“ ဘယ်လိုကိစ္စများပါလိမ့်ဗျာ ”

“ ကျုပ်နဲ့တော့ မဆိုင်ဘူး။ ကျုပ်က ခိုင်းလို့လုပ်တဲ့သူ”

“ ခင်ဗျားပြောတာ ကျွန်တော် နားမလည်ဘူးဗျ ”

“ ကျုပ်ပြောပြမယ်… ”

“ စွပ်….စွပ်…… ”

သတိထားနေသည့်ကြားမှ အနားသို့ကပ်လာပြီး လက်ထဲမှအရာဖြင့် ဝမ်းဗိုက်နှင့်ရင်ညွန့်သို့တစ်ချက်စီထိုးသွင်းခံလိုက်ရ

သဖြင့် မခံမရပ်နိုင်အောင် နာကျဉ်သွားလေသည်။

“ ဟာ……ခင်..ခင်ဗျား ”

လျှပ်တပျက်ဝင်လာသည့် လက်နက်ကို မကာကွယ်နိုင်ခဲ့သော်လည်း ထိုသူကိုအလွတ်မပေးဘဲအတင်းဝင်လုံးလေတော့

သည်။ လက်နက်ကိုင်ဆောင်ထားသည့် ထိုသူကို လုံးထွေးသတ်ပုတ်လေသည်။ ထိုသူကလည်း လက်ထဲတွင်ကိုင်ထားသည့်

ဓားမြှောင်ဖြင့် ဆရာဦးတင်မောင်ဝင်း၏ နောက်ကျောနှင့် ခါးကို အဆက်မပြတ်ထိုးနှက်နေသည်။

ဓားဒဏ်ရာများကြောင့် သေလုမြောပါးဖြစ်နေသော်လည်း စိတ်ဓာတ်မလျှော့ဘဲ အင်အားမတူသည့် ရန်သူကို လုံးထွေး

နေရင်း မျက်လုံးတစ်ဖက်ကို လက်ညှိုးဖြင့်ထိုးသွင်းကာ နှိုက်ထုတ်လိုက်လေတော့သည်။

“ အား……”

“ ဂျိမ်း… ”

မျက်လုံးထိုးဖောက်ခံလိုက်ရသဖြင့် ငယ်သံပါအောင်အော်လိုက်သည့် ထိုသူ၏မျက်နှာကို လျှပ်စီးရောင်ဖြင့် ကောင်းစွာမြင်

လိုက်ရလေသည်။

“ မင်း……မင်း…..အောင်…အောင်စိုး ”

မျက်နှာကိုမြင်တွေ့သွားပြီး နာမည်ကိုပါထုတ်ပြောလိုက်သဖြင့် အောင်စိုးဆိုသူက ဆရာဦးတင်မောင်ဝင်း၏ ရင်အုံကို ဓား

ဖြင့် အချက်ပေါင်းများစွာထိုးနှက်ကာ ထွက်ပြေးသွားလေတော့သည်။

နောက်ဆုံးထွက်သက်ကို ကြိုးစားရှုလိုက်ရင်း အောင်စိုးဆိုသူ၏မျက်လုံးတစ်ဖက်ကို လက်တွင်တင်းတင်းဆုပ်ကိုင်ကာ

ဆရာဦးတင်မောင်ဝင်းတစ်ယောက် ငြိမ်သက်သွားလေတော့သည်။

*******************

“ ဟေ့ကောင်….ဘယ်လိုဖြစ်လာတာလဲ ”

မျက်လုံးတစ်ဖက်ကိုလက်ဖြင့်အုပ်ပြီး လယ်စောင့်တဲပေါ်သို့အပြေးအလွှားတက်လာသည့် ကိုအောင်စိုးအား တဲပေါ်မှလူ

တစ်ယောက်က အလောတကြီးမေးလိုက်လေသည်။

“ ငါ့မျက်လုံးတစ်ဖက် ကန်းသွားပြီကွ။ နာလိုက်တာ…… ”

“ တင်မောင်ဝင်း သေသွားပြီလား ”

“ အချက်နှစ်ဆယ်လောက်ထိုးခဲ့တာ မသေဘဲနေမလား။ ခွေးမသားက ငါ့ကိုဝင်လုံးပြီး မျက်လုံးကို ဖောက်ထုတ်သွားတယ် ”

“ တင်မောင်ဝင်းကို ဘယ်မှာဖျောက်ထားခဲ့သလဲ ”

“ ဟာကွာ…မျက်လုံးဖောက်ခံလိုက်ရတာ ဘယ်လိုဆက်လုပ်နိုင်မှာလဲ။ ခွေးမသားကလည်းတော်တော်နဲ့သေတာမဟုတ်ဘူး။

မင်းယောက်ဖက တော်တော် အသက်ပြင်းတဲ့ကောင်။ ငါဘာဖြစ်သွားသလဲဆိုတာ အရင်မေးဦး ”

“ ဒီအတိုင်းထားလို့မဖြစ်ဘူးကွ။ အလောင်းကိုဖျောက်ပစ်မှဖြစ်မယ် ”

“ မင်းပဲ သွားတော့ကွာ။ ငါမျက်လုံးအရမ်းနာနေပြီ ”

“ ကိစ္စပြီးမှ ဆေးရုံသွားကြမယ်။ အလောင်းကို ဒီအတိုင်းထားလို့မဖြစ်ဘူးကွ။ လာစမ်းပါ အောင်စိုးရာ၊ မျက်လုံးကို အဝတ်

နဲ့စီးထား ”

“ နာတာ သေမတတ်ပဲကွ ”

“ အလောင်းဖျောက်ပြီးတာနဲ့ ဆေးရုံပို့ပေးမယ်။ ကိစ္စမြန်မြန်ပြီးအောင်လုပ်ကြမယ် ”

“ ဆေးရုံသွားလို့ဖြစ်မလားကွ။ ဆရာဝန်တွေမေးရင် ဘယ်လိုဖြေရမလဲ။ ငါ့မျက်လုံးတော့ ကန်းသွားပြီ ”

“ မင်းအတွက် ဝေစုပိုပေးမယ်။ ဟုတ်ပြီလား ဟေ့ကောင် ”

“ မျက်လုံးက သွေးအရမ်းထွက်နေပြီကွ။ မင်းဟာခင်ဗျားပဲ သွားတော့ မောင်ဦး ”

“ ငါတစ်ယောက်တည်းအဆင်မပြေလို့ မင်းကိုအကူအညီတောင်းရတာပါ ယောက်ဖရာ။ ခဏလေးပါ ”

“ လုပ်မယ်ဆိုလည်း မြန်မြန်လုပ်ကွာ ။ အလောင်းဖျောက်ရုံနဲ့မပြီးဘူး၊ သွေးတွေကိုပါဖျောက်ရမှာ ”

“ အေးပါ၊ ကြည့်လုပ်ကြတာပေါ့ ”

“ အလောင်းကို ဘယ်နားမှာဖျောက်မှာလဲဆိုတာ အရင်ပြော ”

“ ဟိုနားက ကန်သင်းဘေးမှာမြှုပ်လိုက်မယ်။ မြေပျော့တော့ ခဏလေးနဲ့တူးလို့ရတယ်ကွ။ ငါ့လယ်ကွက်ဆိုတော့ ကိစ္စမရှိဘူး ”

“ လုပ်မယ်ဆိုလည်း မြန်မြန်လုပ်။ မီးအုပ်ဆောင်းပါယူလာခဲ့ မောင်ဦး ”

*******************

“ အစ်ကို့ကို ခေါ်ပေးပါ ကိုမောင်ရယ်။ ကျွန်မ နေရတော့မယ်မထင်ဘူး”

“ ခေါ်ပေးပါ့မယ် အရီရယ်။ လောလောဆယ် သက်သာအောင်နေပါ။ ကိုတင်မောင်ဝင်းက ကျောင်းတစ်ဖက်နဲ့ဆိုတော့ လာ

နိုင်ဦးမှာမဟုတ်သေးဘူးလေ ”

“ အစ်ကို့ကို နောက်ဆုံးအနေနဲ့တွေ့ချင်တယ်။ ခေါ်ပေးကြပါ ”

“ ဒီနေ့ခေါ်ပေးပါ့မယ်ဟာ။ နင်သာ သက်သာအောင်နေ ”

အစ်ကိုဖြစ်သူကို တွေ့ချင်လွန်းသဖြင့် ပူဆာနေသည့်ဇနီးသည်ကို ချော့မော့ပြောဆိုနေရသော်လည်းကိုမောင်မောင်ဦး၏ရင်

ထဲတွင်စိုးရိမ်စိတ်များရှိနေလေသည်။ ဆရာဦးတင်မောင်ဝင်း၏အလောင်းကို ကမန်းကတန်းဖျောက်ဖျက်ပစ်ရသည့်အတွက်

လက်စလက်နကျန်ရစ်ခဲ့မည်ကို စိုးရိမ်နေမိသည့်အပြင် ကိုအောင်စိုးကိုလည်းစိတ်မချနိုင်ဖြစ်နေမိသည်။ ကိုအောင်စိုးသည်

ညောင်နှစ်ပင်ရွာနှင့် တစ်မိုင်သာသာခန့်ဝေးသည့် သပြေကန်ကျေးရွာလေးတွင်နေထိုင်သူဖြစ်ပြီး ကိုမောင်မောင်ဦးနှင့် ငယ်သူ

ငယ်ချင်း ဖြစ်သည့်အပြင် ကိုမောင်မောင်ဦးထံတွင် သူရင်းငှားအဖြစ်လုပ်ကိုင်နေသူဖြစ်သည်။ ထို့အပြင် ကိုအောင်စိုး၏ညီမ

မအေးအေးစန်းနှင့် ကိုမောင်မောင်ဦးတို့ကလည်း ငြိစွန်းနေကြသည်။

မတင်တင်ရီသေဆုံးသွားခဲ့လျှင် မိဘအမွေများအားလုံး ဆရာဦးတင်မောင်ဝင်းသာ ပိုင်ဆိုင်ခွင့်ရမည့်အကြောင်း ကိုမောင်

မောင်ဦး သိနေပေသည်။ မတင်တင်ရီနှင့် လက်ထက်ပွားပစ္စည်းဟူ၍ သားသမီးပင်မရှိသည့်အပြင် လက်ရှိနေအိမ်ကလည်း

မတင်တင်ရီတို့မောင်နှမ၏အမွေဆိုင်အိမ်ဖြစ်နေပေသည်။ ထို့အပြင် မတင်တင်ရီမသိအောင် ပေါင်နှံရောင်းချထားသည့် လယ်

မြေကိစ္စများကလည်း ရှိနေသေးသည်။ မတင်တင်ရီ၏အခြေအနေသည် ရက်ပိုင်းမျှသာ အသက်ရှင်သန်ခွင့်ရှိတော့သည်။

ဆရာ ဦးတင်မောင်ဝင်းအား လက်စဖျောက်ပစ်နိုင်ပါက စာရင်းများကိုဖျောက်ဖျက်ပစ်နိုင်မည့်အပြင် ဆရာဦးတင်မောင်

ဝင်းရရှိမည့် အမွေများကိုလည်း စီစဉ်ချင်သလိုစီစဉ်နိုင်မည်ဟု ကိုမောင်မောင်ဦးတွက်ဆထားခဲ့သည်။ ထို့ကြောင့်လည်း ကို

အောင်စိုးနှင့်တိုင်ပင်ကာ မတင်တင်ရီ အသည်းအသန်ဖြစ်နေ၍ အမြန်လာရောက်ရန် ဆရာဦးတင်မောင်ဝင်းအား ဖုန်းဆက်

အကြောင်းကြားပြီး လမ်းခုလတ်မှစောင့်၍လုပ်ကြံရန် ကိုအောင်စိုးကို တာဝန်ပေးခဲ့လေသည်။

“ ကျွန်မ မသေခင် အစ်ကို့ကိုမှာစရာရှိတာတွေ၊ ပြောစရာရှိတာတွေ ပြောခဲ့ချင်တယ်။ ဒီနေ့ညနေအရောက်လာဖို့ ပြောပေး

ကွပါ”

“ အေးပါ၊ ငါအခုဖုန်းသွားဆက်ပေးပါ့မယ်။ နင်တစ်ယောက်တည်း ဖြစ်ပါ့မလား ”

“ ကျွန်မအတွက်မပူနဲ့။ အစ်ကို့ကိုသာ မြန်မြန်အကြောင်းကြားပေးပါ။ အစ်ကိုရောက်လာမှ ကျွန်မ အသေဖြောင့်မယ် ”

“ ဒါဆိုလည်း ငါသွားပြီ။ ခဏနေပြန်လာခဲ့မယ် ”

*******************

အစ်ကိုဖြစ်သူ ဦးတင်မောင်ဝင်းရောက်လာမည့်အချိန်ကိုမျှော်လင့်နေသည့် မတင်တင်ရီတစ်ယောက် နောက်တစ်ရက်မ

နက် အရုဏ်တက်အချိန်တွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့လေသည်။ မတင်တင်ရီ ဆုံးပါးသွားပြီဖြစ်ကြောင်း ဆရာဦး

တင်မောင်ဝင်း၏ဇနီးဖြစ်သူအား အကြောင်းကြားခြင်းမပြုဘဲ သင်္ဂြိုဟ်ရန်ပြင်ဆင်ခဲ့သည်။ သို့သော်လည်း ဆရာဦးတင်မောင်

ဝင်းနှင့်အဆက်အသွယ်မရသဖြင့် စိတ်ပူနေသည့်ဆရာဦးတင်မောင်ဝင်း၏ဇနီးက ညောင်နှစ်ပင်ရွာသို့ လိုက်လာခဲ့လေသည်။

ထိုအခါမှ ဆရာဦးတင်မောင်ဝင်းတစ်ယောက် ညောင်နှစ်ပင်ရွာသို့ရောက်မလာခဲ့ကြောင်းသိရလေတော့သည်။

“ ဒီကိုရောက်မလာဘူးဆိုရင်တော့ ရဲစခန်းမှာ လူပျောက်တိုင်ရတော့မှာပဲ။ အိမ်ကနေထွက်သွားတာ သုံးရက်ရှိပြီ။ အခုထိ

ဘာသတင်းမှလည်းမကြားရ။ အဆက်အသွယ်လည်းမလုပ်ဘူး ”

“ ခဏလောက်စောင့်ကြည့်ပါဦးလား အစ်မ။ တစ်နေရာရာကို ရောက်နေလို့ဖြစ်ပါလိမ့်မယ် ”

“ ကိုတင်မောင်ဝင်းက ဘယ်နေရာရောက်ရောက် ကျွန်မကိုဖုန်းဆက်ပြီးအကျိုးအကြောင်းပြောတတ်တယ်။ ကိုမောင်မောင်ဦး

ဖုန်းဆက်တဲ့နေ့ပဲ ချက်ချင်းခွင့်ယူပြီးထွက်သွားတာ ”

“ အဲဒီနေ့ကတည်းက ကျွန်တော်လည်း မျှော်နေတာ။ လာမယ်ပြောပြီးမလာလို့ တင်တင်ရီက အစ်ကိုလာမှ အသေဖြောင့်မယ်

လို့တောင်ပြောခဲ့သေးတယ် ”

“ ကျွန်မ အရမ်းစိတ်ပူနေပြီ။ သူထွက်သွားတဲ့အချိန်က မိုးတွေအရမ်းရွာနေတော့ လမ်းမှာဂရုစိုက်ဖို့မှာလိုက်သေးတယ်။

နောက်တစ်ရက်အထိ အဆက်အသွယ်မရသေးတော့ တင်တင်ရီ အခြေအနေမကောင်းလို့ဖြစ်မယ်ဆိုပြီး စောင့်နေသေးတယ်။

ဒီမနက်တော့ မနေနိုင်တာနဲ့ရွာကိုဖုန်းဆက်တော့ တင်တင်ရီဆုံးသွားတဲ့အကြောင်း အော်ပရေတာကောင်မလေးပြောမှသိရ

တာ။ ကျွန်မကို ဘာဖြစ်လို့အကြောင်းမကြားရတာလဲ ကိုမောင်မောင်ဦး။ အခုက ယောင်းမဆုံးတာလည်းမသိရ၊ယောက်ျားက

လည်း ဘယ်ရောက်နေတယ် မသိဘူး ”

“ ကျွန်တော် အကြောင်းကြားမလို့ပါပဲ အစ်မရယ်။ နာရေးကိစ္စတွေနဲ့လုံးလည်ခြာလည်လိုက်နေလို့ပါ ”

“ ကျွန်မ ကျေးရွာဥက္ကဌနဲ့သွားတွေ့မယ်။ လိုအပ်ရင် ရဲစခန်းမှာ လူပျောက်တိုင်ရမယ် ”

စိတ်မြန်လက်မြန်ထွက်သွားသည့် ဆရာဦးတင်မောင်ဝင်း၏ဇနီး ဒေါ်မူမူစိန်၏နောက်သို့ ကိုမောင်မောင်ဦး အမြန်ပြေး

လိုက်သွားသည်။

“ အစ်မ….တစ်ရက် နှစ်ရက်လောက်စောင့်ပါဦးလား။ တော်ကြာ ရဲစခန်းမှာလူပျောက်တိုင်ပြီးမှကိုတင်မောင်ဝင်းပြန်ရောက်

လာရင် အလုပ်ရှုပ်ကုန်မယ် ”

“ ကိစ္စမရှိပါဘူး။ တိုင်ရမှာက ကျွန်မအလုပ်။ ကျွန်မယောက်ျားတစ်ခုခုဖြစ်နေရင် ဘယ်သူတာဝန်ယူမှာလဲ ”

ဒေါ်မူမူစိန် ပေါက်ပေါက်ရောက်ရောက်ရှိကြောင်း ကိုမောင်မောင်ဦးသိပေသည်။ ဒေါ်မူမူစိန်သာ ရဲစခန်းတိုင်လိုက်ပါကဆ

ရာဦးတင်မောင်ဝင်းအား ဖုန်းဆက်အကြောင်းကြားခဲ့သည့် မိမိကိုအရင်ဆုံး စစ်ဆေးတော့မည်မှာ သေချာသလောက်ရှိနေ

သည်။

“ ကျွန်တော်လည်း ကူပြီးစုံစမ်းပေးပါ့မယ်။ ရဲမတိုင်ပါနဲ့ဦး ”

“ ကိုမောင်မောင်ဦးက ကျွန်မကို ရဲမတိုင်ဖို့ ဘယ်လိုကြောင့် အသည်းအသန်တားနေရတာလဲ ”

ဒေါ်မူမူစိန်က မျက်နှာကို စေ့စေ့ကြည့်ပြီးမေးနေသဖြင့် ကိုမောင်မောင်ဦး မျက်နှာပျက်ကာ အနေရခက်သွားလေသည်။

“ အခြားကြောင့်မဟုတ်ပါဘူး။ အမှုဖွင့်ပြီး အလုပ်ပျက်အကိုင်ပျက်နဲ့ ငွေကုန်လူပန်းဖြစ်မှာစိုးလို့ပါ ”

“ ကျွန်မယောက်ျားလောက် ဘယ်အရာမှတန်ဖိုးမရှိပါဘူး။ ကုန်ချင်သလောက်ကုန်ပါစေ၊ ပင်ပန်းချင်သလောက်ပင်ပန်းပါစေ ”

ဒေါ်မူမူစိန်ကို တားမရနိုင်တော့သဖြင့် ကိုမောင်မောင်ဦး လက်လျှော့လိုက်ရသည်။ စိုးရိမ်စိတ်တို့ကြောင့် မည်သို့ဆက်လုပ်

ရမည်ကို စဉ်းစားမရဖြစ်နေလေသည်။ မတင်တင်ရီ၏ဈာပနမြေကျရေးထက်ဆရာဦးတင်မောင်ဝင်း၏အလောင်းအားရှာမ

တွေ့ရေးက ပိုပြီးအရေးကြီးနေလေပြီ။ မှောင်မိုက်နေပြီး မိုးက သည်းကြီးမည်းကြီးရွာနေသည့်အပြင် ကိုအောင်စိုးကလည်း

မျက်လုံးမှသွေးများထွက်ကာ နာကျဉ်နေသဖြင့် လယ်စောင့်တဲအနီးမှ ကန်သင်းဘေးတွင် အမြန်မြှုပ်နှံထားခဲ့ရသည်။

ကိုအောင်စိုးနှင့် နှစ်ယောက်တည်းသာသိကြသည့် ကိစ္စဆိုသော်လည်း ကိုအောင်စိုးကို စိတ်ချ၍မရပေ။ ဆရာဦးတင်မောင်

ဝင်းကိုဖုန်းဆက်သည့်နေ့တွင် ကိုအောင်စိုးက ကိုမောင်မောင်ဦးနှင့်အတူရှိနေခဲ့ကြောင်း ရွာမှလူအတော်များများမြင်တွေ့ခဲ့ကြ

သည်။ ကိုအောင်စိုးနှင့် တပူးတွဲတွဲရှိနေတတ်ကြောင်းကိုလည်းသိကြသည်။ ရဲတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးပါက ရာဇဝင်

အူပေါက်စစ်ဆေးကြပေလိမ့်မည်။ ကိုအောင်စိုးနှင့်ကလည်း ထိုနေ့တွင်သာ နောက်ဆုံးတွေ့ခဲ့ပြီး ထပ်မတွေ့ကြတော့သဖြင့်

တိုင်ပင်ဖို့အတွက် အခက်အခဲဖြစ်နေလေသည်။

အိမ်သို့ပြန်လာပြီး ဇနီးသည်မတင်တင်ရီ၏အလောင်းမြေကျရေးအတွက် စီစဉ်နေရသော်လည်း ကိုမောင်မောင်ဦးစိတ်က

လှုပ်ရှားနေသဖြင့် ကမောက်ကမဖြစ်နေလေသည်။ တစ်နာရီခန့်အကြာတွင် ဒေါ်မူမူစိန်ပြန်ရောက်လာပြီး အိမ်ပေါ်တွင် မိနစ်

ပိုင်းမျှသာထိုင်ကာ ပြန်သွားလေသည်။ ဒေါ်မူမူစိန်၏အကြည့်နှင့် ပြောဆိုပုံများက သင်္ကာမကင်းဟန်ပေါက်နေသဖြင့် ဒေါ်မူ

မူစိန်နှင့်မျက်လုံးချင်းမဆုံမိစေရန် သတိထားနေခဲ့ရသည်။ မည်သို့ဆိုစေ ဒေါ်မူမူစိန်ပြန်သွားသဖြင့် ကိုမောင်မောင်ဦးတစ်

ယောက် စိတ်အနည်းငယ် သက်သာရာရခဲ့ပေသည်။

*******************

“ အမလေးဗျာ……နာလိုက်တာ…။ အား…ကျွတ်…ကျွတ်… ”

“ ဖြစ်ကတည်းက ဆေးရုံသွားပါဆိုတော့ မသွားဘူး ”

“ မသွားချင်လို့မသွားတာပေါ့ဟ ”

“ မတင်တင်ရီအသုဘကိစ္စပြီးသွားပြီနဲ့တူတယ်။ ကိုဦးလည်း မလာတာအတော်ကြာပြီ ”

“ နင့်လင်ကိုပဲမျှော်မနေနဲ့။ ငါ့ကိုလည်းဂရုစိုက်ဦးဟဲ့ ”

“ မျက်စိတစ်လုံးလုံးပေါက်ထွက်နေတာ ငါကဘာလုပ်ပေးလို့ရမှာလဲ။ နင့်ဟာနင် ဆရာလေးကိုဌေးလွင်နဲ့ကျိတ်ပြီးကုနေတာ

လေ။ ဆေးရုံသွားပြဖို့ပြောတာ စကားမှနားမထောင်တာ ”

“ ဆေးရုံမသွားချင်လို့ပေါ့ဟ မသာမရဲ့ ”

“ မသွားချင်ရင်ခံပေါ့ သေနာရဲ့။ မနက်ဖြန်မနက်ကျရင် ညောင်နှစ်ပင်ရွာဘက်ကို ခဏသွားလိုက်ဦးမယ် ”

“ နင်က ဘာသွားလုပ်ဦးမလို့လဲ ”

“ ကိုဦးရဲ့အခြေအနေကို သိချင်လို့ပေါ့ဟဲ့ ”

“ ရက်လည်တဲ့အထိမစောင့်နိုင်ရလောက်အောင် နင်အတော်ယွပိုးထနေလား အေးစန်း ”

“ မတင်ရီရဲ့အသုဘကိစ္စအတွက် သူတစ်ယောက်တည်းလုပ်နေရရှာမှာ ”

“ ကောင်မ…နင်ပါ မတင်ရီနောက်ကိုလိုက်သွားရမှာ ”

“ ဘာပြောတယ် သေခြင်းဆိုး။ နင်သာ မျက်လုံးထဲပိုးဝင်ပြီးသေမယ့်ကောင် ”

တဲပေါ်မှခြေဆောင့်ပြီးဆင်းသွားသည့် ညီမဖြစ်သူမအေးအေးစန်းကို မျက်လုံးတစ်ဖက်ဖြင့် မှုန်ဝါးဝါးလှမ်းကြည့်ရင်း ပျစ်

ပျစ်နှစ်နှစ်ဆဲဆိုလိုက်လေသည်။ ဆေးရုံသွားပြဖို့ဆိုသည်က မျက်လုံးပေါက်ထွက်သွားသည့်အကြောင်းရင်းကို မည်သို့ပြောဆို

ရမည်ထက် လူသတ်မှုနှင့်ဆက်နွယ်လာမည်ကို ကြောက်ရွံ့ခြင်းကြောင့် ဆေးရုံမသွားဘဲ အပ်ပုန်းဟုခေါ်သည့် ဆရာကိုဌေး

လွင်နှင့်သာ ကျိတ်ပြီးကုသခဲ့သည်။

ဆရာကိုဌေးလွင်က ဟောက်ပက်ဖြစ်နေသည့် မျက်လုံးထဲသို့ ဆေးနှင့်ဂွမ်းစများထိုးထည့်ပြီးဆေးထိုးပေးသည်။ တစ်ပတ်

ကြာသည့်အခါမှ ပတ်တီးဖြည်ရမည်ဟုဆိုသဖြင့် နာကျဉ်သည့်ဝေဒနာကို အောင့်အီးသီးခံနေရသည်။ ဆရာဦးတင်မောင်ဝင်း

ကို လက်စဖျောက်ပြီးသည့်နေ့မှစ၍ ကိုမောင်မောင်ဦးနှင့်ထပ်မံမတွေ့တော့ပေ။ ဆရာဦးတင်မောင်ဝင်းသည် လူသိထင်ရှား

သည့်ကျောင်းဆရာတစ်ယောက်ဖြစ်နေသည့်အတွက် ရက်အတန်ကြာပျောက်ဆုံးနေပါက မဖြစ်မနေ စုံစမ်းရှာဖွေကြပေတော့

မည်။ ကိုမောင်မောင်ဦးသည် ညီမဖြစ်သူနှင့် ငြိစွန်းနေသည်ဆိုသော်လည်း စိတ်ချယုံကြည့်၍မဖြစ်ပေ။ ယောက္ခမပိုင်ဆိုင်သည့်

လယ်မြေများထဲမှ ဆယ်ဧကနှင့် ငွေဆယ်သိန်းပေးမည်ဆိုသဖြင့်သတ်ဖြတ်ပေးခဲ့ရသော်လည်း တစ်ခါမျှလူသတ်ခဲ့ဖူးသူမဟုတ်

ပေ။ မတင်တင်ရီသေဆုံးသွားပြီဖြစ်၍ ငွေကြေးဥစ္စာများကို လက်ဝါးကြီးအုပ်ပြီးခြယ်လှယ်နိုင်ခွင့်ရှိပြီဖြစ်သည့် ကိုမောင်မောင်

ဦးသည် လူသတ်မှုပေါ်ပေါက်ပါက မည်သည့်နည်းနှင့်မျှ အဖမ်းခံမည်မဟုတ်ဘဲ ငွေလမ်းခင်း၍ ကိုယ်လွတ်ရုန်းသွားနိုင်သည်။

သို့တည်းမဟုတ် ဘူးကွယ်ငြင်းဆိုနိုင်သည်။ မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရသည့်အပြင် ဆေးဖိုးဝါးခ မရရှိသေးသဖြင့်ကိုမောင်

မောင်ဦးနှင့်တွေ့ဆုံပြီး ပြောဆိုလိုသော်လည်း အသုဘကိစ္စရှိနေသေးသဖြင့် တေးမှတ်ထားရလေသည်။

“ ဟဲ့……အောင်စိုး။ ရွာထဲမှာ သတင်းတစ်ခုကြားလာတယ်။ ဆရာဦးတင်မောင်ဝင်း ပျောက်နေတာကို စုံစမ်းဖို့ ဒီနေ့လယ်က

ညောင်နှစ်ပင်မှာရဲတွေရောက်နေတယ်တဲ့ ”

အိမ်ပေါ်သို့ အမောတကောပြေးတက်လာပြီးပြောဆိုလိုက်သည့် မအေးအေးစန်းစကားကြောင့် ကိုအောင်စိုး အကြောအချဉ်

များတောင့်တင်းသွားလေသည်။

“ နင့်ကိုဘယ်သူပြောတာလဲ အေးစန်း ”

“ ဦးမောင်ငယ်တို့ပြောနေသံကြားခဲ့တာ။ ရဲတွက ကိုဦးရဲ့အိမ်မှာအကြာကြီးပဲတဲ့ ”

“ ဟေ…… ”

“ ဆရာဦးတင်မောင်ဝင်းပျောက်တာက ကိုဦးနဲ့ဘာဆိုင်လို့လဲ။ ကိုဦး သနားပါတယ် ”

“ ဆိုင်တာပေါ့ဟ၊ ဆရာဦးတင်မောင်ဝင်းက သူ့ယောက်ဖပဲဟာ ”

“ အဲဒါတော့ငါလည်းသိတာပေါ့။ ဆရာဦးတင်မောင်ဝင်းပျောက်သွားတာ ကိုဦးနဲ့ဘာဆိုင်လို့ရဲတွေကစစ်ရတာလဲလို့ပြောနေ

တာ ”

“ အဲဒါ ခဏထားစမ်းပါဟာ။ ဦးမောင်ငယ်တို့ပြောတာ ငါ့ကိုအသေအချာပြောစမ်းပါဦး ”

“ ဆရာဦးတင်မောင်ဝင်းပျောက်နေလို့ သူ့မိန်းမက ရဲတိုင်တယ်တဲ့။ ကိုဦးကဆရာဦးတင်မောင်ဝင်းကိုဖုန်းဆက်ပြီးခေါ်တာ

ကြောင့် သူ့ကို အရင်စစ်တာလို့ပြောတယ်။ ငါလည်းဒါပဲကြားခဲ့တယ် ”

ကိုမောင်မောင်ဦးကို ရဲများစစ်ဆေးနေသည်ဆိုသည့်သတင်းက ကိုအောင်စိုးကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ ကိုမောင်

မောင်ဦးမည်သို့ဖြေဆိုခဲ့သည်ကိုလည်း သိချင်နေမိသည်။

“ မနက်ဖြန် ညောင်နှစ်ပင်ကိုသွားမှာလား စန်းအေး ”

“ အေး…ဘာဖြစ်လို့လဲ ”

“ ငါလည်း သွားမလို့ ”

“ နင့်မျက်လုံးက ဒီလောက်ဖြစ်နေတာ ဘာလို့သွားမှာလဲ ”

“ ကိစ္စရှိလို့သွားတာပေါ့ဟာ။ မောင်မောင်ဦးနဲ့တွေ့စရာရှိတယ် ”

“ ဒါဆို ငါ့ပါခေါ်လေဟာ ”

“ အေး။ မနက်ခုနစ်နာရီလောက်သွားကြတာပေါ့ ”

“ ပြီးရော။ နင် ဆေးသောက်ဦးနော်။ ငါအခန်းထဲမှာရှိမယ်။ လိုရင်လှမ်းခေါ်လိုက် ”

*******************

နေ့လယ်တစ်နာရီမှစတင်ပြီး ညနေငါးနာရီထိုးသည်အထိ ရဲတပ်ဖွဲ့ဝင်များမေးမြန်းသမျှဖြေဆိုရသည့်အပြင် ရွာမှလူအ

ချို့အား စစ်ဆေးမေးမြန်းရာတွင်လည်း လိုက်ပါနေရသဖြင့် စိတ်ပင်ပန်း၊ လူပင်ပန်းနေလေပြီ။ ရဲတပ်ဖွဲ့ဝင်များရှိနေသည့်အ

ခိုက် မျက်နှာအမူအရာမပျက်စေရန်နှင့် စကားအပြောအဆိုမမှားစေရန်လည်းသတိထားနေရသည့်အတွက် စိတ်ကျဉ်းကျပ်

နေခဲ့သည်။ ဆရာဦးတင်မောင်ဝင်းပျောက်ဆုံးနေခြင်းသည် သွေးရိုးသားရိုးပျောက်ဆုံးခြင်းမဟုတ်နိုင်ကြောင်း ရဲတပ်ဖွဲ့ဝင်

များက ယူဆထားကြသည်။ ရန်ကုန်ရှိ အဝေးပြေးကားဂိတ်ကလည်း ဆရာဦးတင်မောင်ဝင်း လိုက်ပါသွားခဲ့ကြောင်းနှင့် ဆ

ရာဦးတင်မောင်ဝင်းစီးသွားသည့် အဝေးပြေးကားကို စုံစမ်းသည့်အခါ ညောင်နှစ်ပင်တာထိပ်တွင်ဆင်းသွားကြောင်း စုံစမ်း

သိရှိခဲ့ကြလေသည်။ ဆရာဦးတင်မောင်ဝင်းသည် ညောင်နှစ်ပင်ရွာသို့ရောက်မလာဘဲ တာထိပ်နှင့် ရွာကြားတွင် ပျောက်ဆုံး

နေသည်ဟု ရဲတပ်ဖွဲ့ဝင်များက ကောက်ချက်ချခဲ့ကြသည်။ ထိုအချက်က ကိုမောင်မောင်ဦးအတွက် ချွေးပြန်စေခဲ့သည်။ စစ်

ဆေးမေးမြန်းရုံမှလွဲ၍ မည်သူ့ကိုမျှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိသဖြင့် ကိုမောင်မောင်ဦး စိတ်အေးခဲ့ရသည်။ အိမ်ထဲတွင်

တစ်ယောက်တည်း နေလိုစိတ်မရှိသည့်အပြင် စိတ်ပင်ပန်းမှုသက်သာစေရန် ရွာထဲမှကိုတင်ထူး၏အရက်ဆိုင်သို့ထွက်သွား

လေတော့သည်။

*******************

စိတ်ညစ်ညစ်နှင့် အရက်ကို တစွတ်စွတ်ထိုင်သောက်နေခဲ့သည်မှာ ညဆယ့်တစ်နာရီကျော်ခဲ့လေပြီ။ အရက်ဆိုင်ထဲတွင်

ကိုမောင်မောင်ဦးတစ်ယောက်တည်းသာကျန်ရှိနေသည်။

“ မောင်ဦး…ဆယ့်တစ်နာရီကျော်ပြီနော်။ ဆယ့်နှစ်နာရီဆိုရင် မီးစက်ရပ်တော့မှာ ”

အရက်ဆိုင်ပိုင်ရှင် ဦးတင်ထူးပြောမှ ကိုမောင်မောင်ဦး သတိဝင်လာခဲ့သည်။

“ ဒါလေးကုန်ရင် ပြန်မယ်ဗျာ ”

“ တင်ရီမရှိတော့ စားရေးသောက်ရေး ဘယ်လိုလုပ်မလဲ မောင်ဦး ”

“ အရီရှိတုန်းကလည်း သူချက်နိုင်တာမှမဟုတ်တာဗျာ။ ကျုပ်ပဲ ချက်ပြုတ်နေရတာ။ ပိုပြီးတော့ထူးမသွားပါဘူး ”

“ ဒါနဲ့…ကိုတင်မောင်ဝင်းပျောက်သွားတယ်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လား ”

“ အဲဒါတော့ ကျုပ်လည်းဘယ်သိပါ့မလဲ ကိုတင်ထူးရာ။ ရွာကိုလာတယ်ဆိုပြီး ဘယ်မယားငယ်ဆီသွားနေလည်းမှ မသိတာ ”

“ ဟာ…ကိုတင်မောင်ဝင်းက အဲဒီလိုလူစားမဟုတ်ပါဘူးကွာ။ မင်းလည်း ဒီရွာသားပဲ။ သူ့အကြောင်းမင်းလည်းသိနေတာပဲ

ဟာ ”

“ ကြိတ်ပုန်းတို့ ခွက်ပုန်းတို့က သူများထက်ပိုဆိုးတယ်ဗျ။ လူသိခံကြတာမဟုတ်ဘူး ”

“ ဒါတော့မဖြစ်နိုင်ဘူး မောင်ဦး။ ကိုတင်မောင်ဝင်းက အရက်၊ မိန်းမ မပြောနဲ့ ဆေးလိပ်တောင်သောက်တဲ့သူမဟုတ်ဘူး ”

“ ဒါကခင်ဗျားရဲ့ အမြင်လေ။ သူ့ဟာသူ ကြိတ်လုပ်နေတဲ့ကိစ္စတွေကို သူပဲသိမှာပေါ့ ”

“ ထားပါတော့ကွာ။ ငါကြားတာတော့ ကိုတင်မောင်ဝင်းက တာထိပ်နဲ့ ရွာကြားမှာပျောက်နေတယ်တဲ့။ မင်းက သူ့ကိုဖုန်း

ဆက်ခေါ်တာဆို ”

“ ဟုတ်တယ်လေ။ သူ့ညီမ အသည်းအသန်ဖြစ်နေလို့ အမြန်လာဖို့ဖုန်းဆက်တာ။ ဘာလဲ…ဖုန်းဆက်ခေါ်တာနဲ့ပဲ ကိုတင်

မောင်ဝင်းပျောက်တဲ့ကိစ္စက ကျုပ်နဲ့ပတ်သက်သွားရောလား ”

“ ငါပြောတာ အဲဒီလိုမဟုတ်ဘူးလေကွာ။ မင်းက ဖုန်းဆက်ခေါ်တဲ့သူဆိုတော့ မင်းက ပိုတာဝန်ကြီးတာလို့ပြောချင်တာ ”

“ ဘာဆိုင်လို့လဲဗျာ။ ခင်ဗျားပြောတာနဲ့ မူးတာတောင်ဘယ်ရောက်ကုန်ပြိလဲ မသိတော့ဘူး။ တစ်စိတ်လောက်ထပ်ပေးဗျာ ”

“ ဟေ့ကောင်…..ဆယ့်တစ်နာရီခွဲတော့မယ်နော်။ မီးစက်ရပ်လိုက်ရင် အမှောင်ထဲမှာ ပြန်နေရလိမ့်မယ် ”

“ ကျွတ်….မျက်လုံးကိုအဝတ်စီးထားရင်တောင် အိမ်ပြန်ရောက်ပါတယ် ကိုတင်ထူးရာ။ လုပ်စမ်းပါ ”

“ မင်းအတွက်ပြောနေတာ မောင်ဦးရေ။ ရော့...တစ်စိတ်။ ဒါကုန်ရင်တော့ ထပ်မရဘူး။ ငါလည်း အိပ်ချင်ပြီ ”

“ တစ်စိတ်က တစ်ငုံစာပဲရှိတာဗျာ။ ခင်ဗျားဆိုင်မှာလည်း တစ်ညလုံးမနေပါဘူး ”

“ အေးပါကွာ။ မင်းဟာမင်းသောက်။ ငါလည်း ဆိုင်သိမ်းဖို့လုပ်လိုက်ဦးမယ် ”

*******************

ကိုတင်ထူး၏ အရက်ဆိုင်မှထွက်လာသည့်အချိန်တွင် ဆယ့်နှစ်နာရီထိုးရန် ဆယ်မိနစ်လိုသေးသော်လည်း မီးစက်သံ

ရပ်ကာ တစ်ရွာလုံး မှောင်အတိဖုံးလွှမ်းသွားလေပြီ။ ပုစဉ်းရင်ကွဲအော်သံမှအပ ညောင်နှစ်ပင်ရွာကြီးရှိနေသည်ဟုပင် မထင်

ရလောက်အောင် လူသံမှအစ ခွေးဟောင်သံပင်မကြားရအောင် တိတ်ဆိတ်နေသည်။ အမှောင်ထုထဲတွင်စမ်းတဝါးဝါးဖြင့်

လျှောက်လာခဲ့သည်မှာ မိနစ်အနည်းငယ်ကြာခန့်ရှိခဲ့လေပြီ။ သွားနေကျလမ်းဖြစ်သော်လည်း အရက်တန်ခိုးကြောင့် ယိုင်ထိုး

ကာ လမ်းစပျောက်နေသည်။ ဆိုင်မှထွက်လာစဉ်က ရွာတောင်ပိုင်းရှိနေအိမ်သို့ ထွက်လာခဲ့သော်လည်း ယခုအခါ မည်သည့်

နေရာသို့ရောက်နေပြီကို မသိတော့ပေ။ လမ်းဘေးတစ်ဖက်တစ်ချက်မှ လူနေနေအိမ်များကလည်း မည်းမှောင်ပြီး အမြင်အာရုံ

ထဲတွင် မှုန်ဝါးဝါးဖြစ်နေကြသည်။ မိုးသက်လေနှင့်အတူပါလာသည့် မိုးစက် မိုးပေါက်များကမျက်နှာပေါ်သို့ထိမှန်လာသဖြင့်

မိုးမရွာခင်အိမ်သို့ပြန်ရောက်ရန် စိတ်စောနေလေသည်။ ဆိုင်တွင်ထိုင်သောက်စဉ်က ယခုလောက်မူးလိမ့်မည်ဟုထင်မှတ်မ

ထားခဲ့ပေ။ တရိပ်ရိပ်တက်လာသည့်အရက်ရှိန်နှင့်အတူ လေတိုးလိုက်တိုင်းယိုင်သွားသည့်ခန္တာကိုယ်ကို တည့်မတ်နေရသည်။

ရှေ့သို့လျှောက်လိုက်တိုင်း နောက်သို့ပြန်ရောက်သွားသည့်ခြေလှမ်းများကြောင့်ထင်သလောက်ခရီးမပေါက်နိုင်ဖြစ်နေလေ

သည်။ မကြာခဏကျွတ်ကျနေသည့်ပုဆိုးကို ပြန်မဝတ်တော့ဘဲ ပခုံးတွင်စလွယ်သိုင်းကာ စမ်းတဝါးဝါးဖြင့် လျှောက်လာခဲ့

သည်။

“ ဂီး……”

ညဉ့်ငှက်တစ်ကောင်က ခေါင်းပေါ်မှပွတ်ကာသီကာဖြတ်ပျံသွားသဖြင့် ကိုမောင်မောင်ဦး အလန့်တကြားဖြစ်သွားပြီး အော်

ဟစ်ဆဲဆိုလိုက်လေသည်။ မကြာခင်မှာပင် မိုးက သည်းကြီးမည်းကြီးရွာလေတော့သည်။ တစ်ကိုယ်လုံးစိုရွှဲနေသော်လည်း အား

မလျှော့ဘဲ အိမ်သို့အမြန်ပြန်ရောက်ဖို့အတွက် ကြိုးစားပြီးလျှောက်နေလေသည်။

“ ဂျိမ်း…ဂျိမ်း…. ”

မိုးခြိမ်းသံများနှင့်အတူ တဖျပ်ဖျပ်လက်နေသည့် လျှပ်စီးများကြောင့် ပတ်ဝန်းကျင်ကို အသေအချာမြင်တွေ့ရလေသည်။

“ ဟ…..ဘယ်လို…ဖြစ်ပြီး…ရွာပြင်ကို …ရောက်လာရတာလဲ…တောက် ”

လူနေအိမ်ခြေမရှိဘဲ လယ်ကွင်းများကိုမြင်တွေ့လိုက်သည့်အခါမှတာထိပ်သို့သွားသည့်လမ်းပေါ်ရောက်နေမှန်းသိလိုက်

ရပြီး အာလေးလျှာလေးဖြင့် ညည်းညူလိုက်လေသည်။

“ ဒီလောက်တောင်မူးရလားဟ…မောင်မောင်ဦးရ….ထွီ… ”

ရွာဘက်သို့ပြန်လှည့်မည်ပြုလိုက်စဉ် နာမည်ခေါ်လိုက်သံကို ကြားလိုက်ရလေသည်။

“ မောင်…မောင်…ဦး ”

“ ဘယ်ကောင်လဲဟေ့…။ ငါ့ကိုခေါ်တာ ဘယ်ကောင်လဲ ”

ကိုမောင်မောင်ဦးက ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုပြီး နာမည်ခေါ်သူကို မေးမြန်းလိုက်သည်။ ထိုအချိန်တွင် လျှပ်စီး

တစ်ချက်လက်သွားသဖြင့် လမ်းမပေါ်တွင်ရပ်နေသည့်သူကို မြင်တွေ့လိုက်ရသည်။ နာမည်ခေါ်နေသူသည် ကိုမောင်မောင်ဦး

နှင့် ကိုက်နှစ်ဆယ်မျှသာဝေးသော်လည်း မှောင်နေသဖြင့် မည်သူမည်ဝါဆိုသည်ကို သည်းသည်းကွဲကွဲမမြင်ရပေ။လျှပ်စီးလက်

သည့်အချိန်၌သာ လူလုံးကွဲသော်လည်း လျှပ်စီးမလက်သည့်အချိန်တွင် လူလုံးကိုမမြင်ရသဖြင့် ရန်သူ၊ မိတ်ဆွေကို ခွဲခြားရန်

ခက်နေပေသည်။

“ ဟေ့ကောင်…၊ ငါ့နာမည်ကိုခေါ်တာ မင်းလား ”

“ မောင်…မောင်…ဦး ”

လမ်းပေါ်တွင်ရပ်နေသူထံမှ အသံကြားရသော်လည်း လူကိုမမြင်ရသဖြင့် ကိုမောင်မောင်ဦး စိတ်မရှည်တော့ပေ။

“ ဟေ့ကောင်…ငါမေးနေတယ်လေ။ မင်း ဘယ်သူလဲ ”

“ မောင်….မောင်…ဦး… ”

ရင်ခေါင်းသံဖြင့် နာမည်ခေါ်နေသည့်အသံက မိုးသံများကြားတွင် ပီပီသသထွက်ပေါ်လာလေသည်။

“ မောင်…မောင်…ဦး ”

“ ငါ့ကို မင်းပထွေးထင်ပြီး ခဏခဏခေါ်နေရတာလားကွ ခွေးမသားရ ”

“ မောင်…မောင်…ဦး ”

“ အနားကိုလာခဲ့ ခွေးမသား။ အဝေးကနေ ကလိမနေနဲ့ ။ မင်းကို မမြင်ရဘူးကွ ”

ကိုမောင်မောင်ဦး၏စကားဆုံးသည့်အချိန်တွင် နာမည်ခေါ်သူက အနားသို့ရောက်နေလေပြီ။

“ ဂျိမ်း…… ”

မိုးခြိမ်းသံနှင့်အတူ လျှပ်စီးလက်လိုက်သည့်အခိုက်အတန့်၊ အနားတွင်ရောက်နေသူ၏မျက်နှာကို အနီးကပ်မြင်လိုက်ရ

သည့်အခါကိုမောင်မောင်ဦး အမူးပြေသွားပြီး ပါးစပ်အဟောင်းသားဖြစ်ကာ ဖင်ထိုင်လျက်ပစ်ကျသွားလေတော့သည်။

“ အမလေးဗျ…”

အနားတွင်ရောက်နေသူသည် အသားများကွဲအက်ကာ မျက်လုံးနှစ်ဖက်က အပြင်သို့ပြူးထွက်နေသည်။ မျက်နှာတစ်ခုလုံး

ဖူးယောင်ပုပ်ပွနေသည်။ ထိုသူ၏ခန္တာကိုယ်မှ အပုပ်နံ့တထောင်းထောင်းထွက်နေသည်။ ထိုသူသည် သာမန်လူသားမဟုတ်

ကြောင်း ကိုမောင်မောင်ဦးသိလိုက်ရသည့်အခိုက် ထပြေးရန်ပြင်လိုက်သည့်အချိန်တွင်ထိုသူ၏ပုပ်ပွနေသည့်မျက်နှာနှင့်ခန္တာ

ကိုယ်က ရုတ်တရက်ပြောင်းလဲသွားလေသည်။

“ ကို….ကို…တင်မောင်ဝင်း… ”

ထိုသူ၏ ပကတိရုပ်သွင်ကိုမြင်လိုက်ရသည့်အခါတွင် ကိုမောင်မောင်ဦးတစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ရေရွတ်

လိုက်ပြီး ထပြေးလေသည်။

“ မောင်…မောင်…ဦး ”

ဝမ်းခေါင်းသံဖြင့် အဆက်မပြတ်ခေါ်နေသံက အနောက်မှကပ်လိုက်လာသဖြင့် နောက်သို့လှည့်မကြည့်ဘဲ ရွာဘက်သို့

သုတ်ခြေတင်ကာပြေးလေတော့သည်။

*******************

ကိုမောင်မောင်ဦးထံသို့ မနက်ခုနစ်နာရီသွားရန် စီစဉ်ထားပြီး အိပ်ရာစောစောဝင်ခဲ့သော်လည်း မျက်လုံးက နာကျဉ်ကိုက်

ခဲနေသည့်အပြင် မခံမရပ်နိုင်အောင်ယားယံနေသဖြင့် အိပ်မပျော်နိုင်သေးပေ။ ဓနိအမိုးပေါ်သို့ အရှိန်ပြင်းစွာကျဆင်းနေသည့်

မိုးစက် မိုးပေါက်သံများနှင့်အတူ မိုးခြိမ်းသံများကြားမှ အသံတစ်ခုကိုကြားလိုက်ရသဖြင့် နားစွင့်လိုက်လေသည်။

“ အောင်……စိုး… ”

ရင်ခေါင်းထဲမှထွက်လာသည့်အသံတစ်ခုကို ပီပီသသကြားလိုက်ရသဖြင့် အသေအချာနားစိုက်ထောင်နေလေသည်။ ကြား

လိုက်ရသည့်အသံသည် ယောက်ျားတစ်ယောက်၏အသံဖြစ်ပြီး နာမည်ကို ပီပီသသခေါ်လိုက်သဖြင့် အသိမိတ်ဆွေတစ်

ယောက်က တဲအပြင်မှခေါ်နေခြင်းဖြစ်နိုင်သည်ဟု တွေးမိလိုက်သည်။

“ အောင်…စိုး… ”

“ ဝေး…ဘယ်သူလဲကွ ”

ကိုအောင်စိုး ပြန်ထူးလိုက်သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း ထပ်မပြောသဖြင့် ခြင်ထောင်ထဲမှအပြင်သို့ထွက်လိုက်စဉ်

အလွန်ဆိုးဝါးသည့်အပုပ်နံ့တစ်ခုက နှာခေါင်းထဲသို့တိုးဝင်လာလေသည်။

“ အောင်…စိုး… ”

နာမည်ခေါ်နေသည့်အသံသည် တဲအပြင်မှမဟုတ်ဘဲ တဲအတွင်းမှဖြစ်နေသဖြင့် ကိုအောင်စိုး စိတ်ပူသွားလေသည်။

“ အေးစန်း…အေးစန်း… မီးထွန်းစမ်းပါဦးဟ ”

ညီမဖြစ်သူ မအေးစန်းကို အော်ခေါ်ပြီးနှိုးသော်လည်း မအေးစန်းထံမှ ပြန်ထူးသံမကြားရသောကြောင့် အိပ်ရာဘေးမှ ဖ

ယောင်းတိုင်နှင့်မီးခြစ်ကို လက်ဖြင့်စမ်း၍ယူလိုက်ပြီး မီးထွန်းညှိလိုက်လေသည်။

“ အမလေးဗျာ…… ”

တစ်ကိုယ်လုံးဖူးယောင်ပုပ်ပွပြီး မျက်လုံးနှစ်ဖက်ကအပြင်သို့ပြူးထွက်ကာ လက်ကားယား၊ ခြေကားယားဖြင့် မလှမ်းမ

ကမ်းတွင်ရပ်နေသည့်အရာကို ဖယောင်းတိုင်မီးအလင်းရောင်အောက်တွင်မြင်လိုက်ရသည့်အခိုက် ကိုအောင်စိုး အလန့်တ

ကြားဖြစ်သွားလေသည်။ ရွှံ့ဗွက်များပေကျံကာ အရေပြားများဖောင်းတင်းပြီးကွဲအက်နေသည့်ထိုအရာသည် သက်ရှိလူသား

တစ်ယောက်မဟုတ်ကြောင်း ကိုအောင်စိုး သိလိုက်သည်။

“ အောင်…စိုး ”

“ အမလေးဗျ……။ အေး…အေးစန်း……အေးစန်းရေ…… ”

ထိုအရာကြီးထံမှ နာမည်ခေါ်လိုက်သံကို ပီပီသသကြားလိုက်ရသည့်အခါ ကိုအောင်စိုး ကြက်သီးမွေးညင်းများထပြီး မ

အေးစန်းကို အော်ဟစ်ကာ အကူအညီတောင်းလေတော့သည်။

“ အောင်…စိုး… ”

မအေးစန်းထံမှ ပြန်ထူးသံမကြားရသဖြင့် မအေးစန်းအတွက်စိတ်ပူလာပြီး နောက်သို့တဖြည်းဖြည်းချင်းဆုတ်ကာ ခေါင်း

ရင်းထရံတွင်ချိတ်ထားသည့် လွယ်အိတ်ထဲမှ ဓားမြှောင်ကို အမြန်နှိုက်ယူလိုက်လေသည်။ ထိုအချိန်တွင် ဖောင်းကားပုပ်ပွနေ

သည့်အရာကြီးက တဖြည်းဖြည်းနှင့် လူတစ်ယောက်ရုပ်သွင်ပေါ်လာလေသည်။

“ ဟာ……ဆ…ဆရာ…ကို…ကိုတင်မောင်ဝင်း ”

ဆရာဦးတင်မောင်ဝင်း၏ရုပ်သွင်ကိုမြင်လိုက်ရသည့်အခါ လက်ထဲမှဓားမြှောင်လွတ်ကျသွားမတတ် တုန်လှုပ်သွားလေ

သည်။ ဆရာဦးတင်မောင်ဝင်း၏မျက်လုံးများက ဒေါသခိုးကြောင့် စူးရှနေကြသည်။ လည်ပင်းအနှံ့တွင် ဓားမြှောင်ဖြင့်ထိုး

သွင်းထားသည့်အပေါက်များဖြင့်ပြည့်နှက်နေပြီး သွေးများစွန်းထင်းနေသည့်အဖြူရောင်ရှပ်အင်္ကျီပေါ်တွင် စုတ်ပြဲနေသည့်

အပေါက်များကို မြင်တွေ့နေရသည်။

“ ကျုပ်…ကျုပ်…တောင်းပန်ပါတယ်ဗျာ။ မောင်ဦးသတ်ခိုင်းလို့သတ်ရတာပါ။ ကျုပ်ကို ဘာမှမလုပ်ပါနဲ့ ”

ဆရာဦးတင်မောင်ဝင်းက ကိုအောင်စိုးကို စူးစူးစိုက်စိုက်ကြည့်ပြီး ညာဘက်လက်ကိုဖြန့်ပြလိုက်ရာ ညိုမည်းနေသည့်

မျက်လုံးတစ်လုံးကို မြင်တွေ့လိုက်ရလေသည်။

“ ဟာ…ကျုပ်…ကျုပ်ရဲ့မျက်လုံး…… ”

ကိုအောင်စိုး အလန့်တကြားရေရွတ်လိုက်သည့်အချိန်တွင် ဆရာဦးတင်မောင်ဝင်းက တဖြည်းဖြည်း အနားသို့တိုးကပ်လာ

နေလေသည်။ ထွက်ပြေးရန်ကလည်း လွတ်မြောက်ဖို့မလွယ်ကူတော့သောကြောင့် ဓားမြှောင်ကို ဆုပ်ကိုင်ပြီးကြောက်ကြောက်

လန့်လန့်ဖြင့် ရင်ဆိုင်ရလေတော့သည်။

“ ကျုပ်…ကျုပ်ဆီမလာနဲ့။ မလာနဲ့လို့ပြောနေတယ်နော်…..ဒီမှာတွေ့လား။ ခင်ဗျားကိုသတ်ခဲ့တဲ့ ဓားမြှောင် ”

အနားသို့ရောက်လာသည့် ဆရာဦးတင်မောင်ဝင်းအား ဓားမြောင်ဖြင့် အချက်ပေါင်းများစွာထိုးနှက်သော်လည်း ဓားမြှောင်

က ဆရာဦးတင်မောင်ဝင်း၏ခန္တာကိုယ်ကိုဖောက်ထွင်းသွားလေသည်။

“ ဂျိမ်း…….ဒိန်း….. ”

ကျယ်လောင်သည့် မိုးခြိမ်းသံနှင့်အတူ ကိုအောင်စိုးတစ်ယောက် လေထဲသို့မြောက်တက်ကာ လွင့်စင်သွားပြီး အိမ်တိုင်ကို

ခေါင်းဖြင့် ဆောင့်မိသွားလေတော့သည်။

*******************

ကြောက်လန်တကြားပြေးလာခဲ့ရသဖြင့် အိမ်သို့ရောက်သည့်အခါ အမောဆို့ပြီး သတိလစ်မတတ်ဖြစ်နေလေပြီ။ ကွင်း

သိုင်းထားသည့်ပုဆိုးလည်း မည်သည့်နေရာတွင်ကျကျန်ခဲ့မှန်းမသိတော့ပေ။ အိမ်ပေါ်သို့ရောက်သည့်တိုင် ကိုမောင်မောင်ဦး

၏စိတ်ထဲတွင် မလုံခြုံသလိုခံစားနေရသည်။ အိမ်သို့ရောက်သည်နှင့် အဝတ်အစားအမြန်လဲပြီး အိမ်တံခါးများကို ချက်ချကာ

အိမ်ရှေ့ခန်းတွင်ထိုင်နေလိုက်သည်။ မိုးစို၍ချမ်းစိမ့်စိမ့်ဖြစ်နေသောကြောင့်လား၊ ကြောက်ရွံ့နေခြင်းကြောင့်လားဆိုသည်ကို

မဝေခွဲနိုင်သော်လည်း တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ကာကြက်သီးမွေးညင်းများက တဖြန်းဖြန်းထနေလေသည်။

နာရေးကိစ္စပြီးကတည်းက ဘတ္ထရီအားမသွင်းခဲ့မိသဖြင့် မှိန်ပြပြဘတ္ထရီမီးချောင်းကိုသာ အားကိုးနေရသည်။ တစ်သက်

နှင့်တစ်ကိုယ် မကြုံစဖူးသည့်အရာကို နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရသဖြင့်အသက်ထွက်လုမတတ်ကြောက်လန့်တုန်လှုပ်ခဲ့ရလေ

သည်။

“ ဖျပ်….ဖျပ်…ဖျပ်… ”

“ ဟာ…… ”

တဖျပ်ဖျပ်မြည်သံနှင့်အတူ ကြမ်းခင်းပေါ်မှ ရေစိုနေသည့် ခြေရာများကို မှိန်ပြပြ ဘတ္ထရီမီးရောင်အောက်တွင် မြင်လိုက်ရ

လေသည်။ ခြေရာများက အိမ်ရှေ့ခန်းမှ အိပ်ခန်းသို့ဦးတည်သွားနေသည်။ ခြေရာများကိုကြည့်ပြီး ကြောက်လန့်လွန်းသဖြင့် ဆီးများပင် အလိုလိုထွက်ကျလာနေလေပြီ။

“ ဒေါက်…ဒေါက်…..ဒေါက်… ”

“ မောင်ဦး…..မောင်ဦး။ တံခါးဖွင့်စမ်းပါ ”

“ အမလေးဗျာ…… ”

တံခါးခေါက်ပြီး နာမည်ခေါ်သံကြောင့် ကိုမောင်မောင်ဦး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားလေသည်။

“ မောင်ဦး….ငါအောင်စိုးပါဟ ”

ကိုအောင်စိုး၏အသံမှန်းသိလိုက်သည့်အခါမှ ကိုမောင်မောင်ဦး အားတက်သွားကာ အိမ်ရှေ့တံခါးကို အမြန်ပြေးဖွင့်လိုက်

လေသည်။

“ မင်းလာတာနဲ့အတော်ပဲ အောင်စိုးရာ။ ငါ့မှာ ကြောက်လွန်းလို့သေတော့မယ် ”

“ ဘာဖြစ်လို့လဲ မောင်ဦး ”

ကိုမောင်မောင်ဦးက ကိုအောင်စိုးအား ကြုံတွေ့ခဲ့သမျှအားလုံး ပြောပြရင်း ခြေရာများကို ပြရန်ကြည့်လိုက်သည့်အခါခြေ

ရာများကပျောက်ချင်းမလှပျောက်သွားသည်ကို တအံ့တဩမြင်တွေ့လိုက်ရသည်။

“ မောင်ဦး…ငါနဲ့လိုက်ခဲ့ ”

“ ဟင်…ဒီအချိန်ကြီး ဘယ်ကိုလိုက်ရမှာလဲ ”

“ အရေးကြီးလို့ မင်းကိုခေါ်တာ ”

ရွှံ့ဗွက်များပေကျံပြီး မိုးရေများရွှဲစိုနေသည့် ကိုအောင်စိုးကိုကြည့်ရသည်မှာ အရေးတကြီးကိစ္စရှိပုံပေါ်နေသည်။ ပတ်တီးစီး

ထားသည့် ကိုအောင်စိုး၏မျက်လုံးထဲမှ လှုပ်လှုပ်ယွယွအရာများကို မြင်လိုက်ရသဖြင့် အသေအချာကြည့်လိုက်သည့်အခါ

လောက်ကောင်များဖြစ်နေသည်ကို အသည်းယားစဖွယ် မြင်တွေ့လိုက်ရသည်။

“ အောင်…အောင်စိုး…မင်းမျက်လုံးက လောက်…လောက်တွေထွက်နေတယ် ”

“ ငါသိတယ်။ မင်း အခုလိုက်ခဲ့ ”

“ အချိန်မတော်ကြီး ငါကဘယ်ကိုလိုက်ရမှာလဲ ”

“ မင်းရဲ့လယ်တဲကို သွားမလို့ ။ တင်မောင်ဝင်းကို သွားကြည့်မလို့ ”

“ ဟာ….နောက်စရာမဟုတ်ဘူး အောင်စိုး ”

“ လိုကျမလား မလိုကျဘူးလား ”

ကိုအောင်စိုး၏လေသံက တင်းမာပြီး မျက်နှာက ခက်ထန်နေသဖြင့် အကြောင်းကိစ္စတစ်ခုခုရှိ၍သာ ခေါ်နေခြင်းဖြစ်

ကြောင်း ကိုမောင်မောင်ဦး သဘောပေါက်လိုက်သည်။ လူသတ်မှုနှင့်ပတ်သက်နေသဖြင့် မလိုက်ပြန်ကလည်းမဖြစ်သည့်

အပြင် အိမ်တွင်တစ်ယောက်တည်း မနေရဲသောကြောင့် ကိုအောင်စိုးနှင့်လိုက်သွားရန် ဆုံးဖြတ်လိုက်လေတော့သည်။

*******************

မိုးသည်းထန်ပြီး မှောင်မိုက်နေသည့်ညဉ့်ကာလအချိန်တွင် အရှေ့မှသွားနေသည့် ကိုအောင်စိုး၏ခြေလှမ်းများက သွက်

လက်နေသဖြင့်ကိုမောင်မောင်ဦး အံ့ဩနေလေသည်။ သွားလာနေကျဖြစ်သည့်တိုင် မှောင်မိုက်ပြီး မိုးသည်းထန်နေသည့်ညအ

ချိန်မျိုးတွင် လျင်လျင်မြန်မြန်သွားလာဖို့လွယ်ကူမည်မဟုတ်ပေ။

“ ဖြည်းဖြည်းသွားပါဟ အောင်စိုးရ။ မင်းနောက်ကိုအမီလိုက်ရတာ ချော်လဲတော့မယ် ”

ကိုအောင်စိုးက စကားမပြန်ဘဲ လယ်စောင့်တဲရှိရာသို့သာ မြန်မြန်သွက်သွက်သွားနေသည်။ ကိုအောင်စိုးနောက်သို့ အမီ

လိုက်ရသဖြင့် မကြာခဏဆိုသလို ချော်လဲမတတ်ဖြစ်နေလေသည်။ မကြာမီ လယ်စောင့်တဲအနီးသို့ ရောက်လာခဲ့လေသည်။

လယ်စောင့်တဲသည် ဆရာဦးတင်မောင်ဝင်းတို့မောင်နှမ၏ မိဘအမွေဖြစ်သည့် လယ်များကိုစောင့်သည့် လယ်စောင့်တဲသာ

ဖြစ်ပေသည်။ လယ်စောင့်တဲဟု ခေါ်ဆိုရသော်လည်း လယ်များကိုစောင့်ရန်မလိုသည့်အတွက် လယ်စောင့်ဟူ၍မထားဘဲ ထွန်

ယက်၊ ပျိုးနှုတ်၊ ကောက်စိုက်သည့်အခါ၌သာ အနားယူရန်ဆောက်လုပ်ထားသည့် တဲဖြစ်ပေသည်။ လယ်စောင့်တဲသည်

ညောင်မုတ်ဆိတ်နှစ်ပင်နှင့် ကိုက်တစ်ရာကျော်ခန့်ဝေးပြီး ရွာထိပ်နှင့် ကိုက်လေးရာကျော်ခန့်ဝေးလေသည်။

လယ်စောင့်တဲအနီးသို့ရောက်သည့်အခါ ကိုမောင်မောင်ဦး ထိတ်လန့်လာလေသည်။ ဆရာဦးတင်မောင်ဝင်းကို မြှုပ်နှံထား

သည့်နေရာသည် လယ်စောင့်တဲနှင့် ပေသုံးဆယ်မျှသာကွာဝေးပေသည်။

“ တဲပေါ်မတက်ဘဲ ဘာရပ်လုပ်နေတာလဲ အောင်စိုး။ ငါအရမ်းချမ်းနေပြီကွ ”

တဲပေါ်သို့မတက်ဘဲ ဆရာဦးတင်မောင်ဝင်းကိုမြှုပ်နှံထားရာသို့ရပ်ကြည့်နေသည့် ကိုအောင်စိုးအား ကိုမောင်မောင်ဦးက

အသိပေးလိုက်သော်လည်း တဲအရှေ့တွင်မလှုပ်မယှက်ရပ်နေလေသည်။ လေဝှေ့လိုက်သည့်အခါတိုင်း အပုပ်နံ့ကနှာခေါင်းထဲ

သို့တိုးဝင်လာသဖြင့် ကိုမောင်မောင်ဦး ကြက်သီးဖြန်းဖြန်းထသွားလေသည်။

“ ဟေ့ကောင်…..မိုးတွေရွှဲနေပြီ။ တစ်ညလုံးမိုးစိုထားတာ ဖျားပြီးသေတော့မယ်ကွ ”

“ သေရမှာပါ။ မင်းတို့နှစ်ယောက်စလုံး သေရမှာပါ မောင်မောင်ဦး”

“ ဟေ့ကောင်…..မင်းဘာတွေပြောနေတာလဲ ”

ကိုမောင်မောင်ဦးက ကိုအောင်စိုးပြောလိုက်သည့်စကားကြောင့်အထိတ်တလန့်ဖြစ်သွားစဉ် ကိုအောင်စိုးက ရုတ်တရက်

လှည့်ကြည့်ကာ မျက်လုံးမှပတ်တီးကိုဆွဲခွာလိုက်လေသည်။

“ မောင်မောင်ဦး…။ အောင်စိုးနဲ့ပေါင်းပြီး ငါ့ကိုသတ်တဲ့ကောင် ”

“ အောင်…အောင်စိုး…၊ မင်းဘာတွေပြောနေတာလဲ ”

“ ငါအောင်စိုးမဟုတ်ဘူး မောင်မောင်ဦး။ တင်မောင်ဝင်းကွ ”

“ ဟင်…… ။ နောက်စရာမဟုတ်ဘူး ဟေ့ကောင်။ မင်းဘာလုပ်ဖို့ ငါ့ကိုခေါ်လာရတာလဲ ”

“ မင်းကိုပြစရာရှိလို့ခေါ်လာတာပေါ့ကွာ။ ငါ့ကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ မင်းတို့နှစ်ကောင်စလုံးကို သေမင်းခေါ်တော့

မယ်။ ဘာအငြိုးနဲ့ ငါ့ကိုသတ်ရတာလဲ မောင်မောင်ဦး ”

ကိုအောင်စိုးပြောဆိုနေသည့်အသံသည် ဆရာဦးတင်မောင်ဝင်း၏ ရင်ခေါင်းသံအတိုင်းပြောင်းလဲလာသဖြင့် ကိုမောင်

မောင်ဦးထိတ်လန့်လာလေသည်။

“ ငါ…ငါပြန်တော့မယ်အောင်စိုး ”

“ မင်းရော အောင်စိုးရော ပြန်လို့မရတော့ဘူး မောင်မောင်ဦး ”

“ ဟေ့ကောင်….ဘာတွေပြောနေတာလဲ ”

“ တဲပေါ်တက်… ”

“ မတက်ဘူး ဟေ့ကောင်။ ငါပြန်တော့မယ် ”

“ မတက်ရင် ဆွဲခေါ်ရတာပေါ့ကွာ ”

လက်မောင်းရင်းကိုဆုပ်ကိုင်လိုက်သည့် ကိုအောင်စိုး၏လက်က အလွန်သန်မာလွန်းသဖြင့် ကိုမောင်မောင်ဦး ရုန်းကန်

သော်လည်း လွတ်ထွက်သွားခြင်းမရှိပေ။ မတတ်သာသည့်အဆုံး တဲပေါ်သို့တက်သွားသည့် ကိုအောင်စိုး၏နောက်သို့ကြောက်

ကြောက်လန့်လန့်ဖြင့်လိုက်သွားရလေသည်။ တဲပေါ်သို့ရောက်သည့်အခါ အပုပ်နံ့က မခံမရပ်နိုင်အောင်နံလွန်းသဖြင့် အင်္ကျီကို

လှန်ကာ နှာခေါင်းကို ပိတ်ထားလိုက်လေသည်။

“ ဖျောက်…..ဖျောက်… ”

မီးခြစ်ခြစ်သံကြားလိုက်ရပြီးနောက် မီးအုပ်ဆောင်းမှ အလင်းရောင်ပေါ်ထွက်လာလေသည်။ မီးအုပ်ဆောင်းမှ မီးရောင်

က တဲအတွင်းသို့ ဖြန့်ကျက်လိုက်သည့်အချိန်တွင် ကြမ်းခင်းပေါ်၌ ခြေကားယား လက်ကားယားဖြင့်ပုပ်ပွနေသည့် အလောင်း

ကြီးကိုမြင်တွေ့လိုက်ရလေတော့သည်။

“ အမလေးဗျ…… ”

ကြောက်လန့်တကြားဖြင့် တဲပေါ်မှဆင်းပြေးမည်ဟန်ပြင်လိုက်စဉ် ကိုအောင်စိုးက လက်ကိုဖမ်းဆွဲလိုက်သဖြင့် တဲပေါ်သို့

လဲကျသွားခဲ့သည်။

“ ဒေါက်… ”

လဲကျနေရာမှ အမြန်ထမည်ပြုစဉ် ကိုအောင်စိုးက ခါးနောက်မှ အရာတစ်ခုကိုဆွဲထုတ်ပြီး ကြမ်းခင်းပေါ်သို့ပစ်ချလိုက်

သဖြင့် အသေအချာကြည့်လိုက်သည့်အခါ ဓားမြှောင်တစ်လက်ဖြစ်နေသောကြောင့် ကိုမောင်မောင်ဦးအားတက်သွားလေ

သည်။

“ အောင်စိုး ငါ့ကိုသတ်ခဲ့တဲ့ဓား ။ မင်း သူ့ကိုသတ်ပေတော့ မောင်မောင်ဦး။ သူ့ကို မင်းမသတ်ရင် မင်းကို သူသတ်လိမ့်မယ် ”

ကိုမောင်မောင်ဦးအတွက်စဉ်းစားရန်အချိန်မရှိတော့ပေ။ ယခုနေရာမှလွတ်မြောက်ရန်ကလည်းတစ်ခုတည်းသာရှိတော့

သဖြင့် ကြမ်းပေါ်မှဓားမြှောင်ကို အမြန်ကောက်ယူလိုက်ပြီးကိုအောင်စိုး၏ ဝမ်းဗိုက်နှင့် ရင်အုံအနှံ့သို့ ထိုးသွင်းလိုက်လေ

တော့သည်။

“ အား……မောင်……မောင်ဦး…မင်း…ငါ့……ငါ့ကို ဓားနဲ့ထိုးတယ် ”

ကိုအောင်စိုးထံမှ အော်ဟစ်ညည်းညူသံကိုကြားလိုက်သဖြင့် ကိုမောင်မောင်ဦး ရုတ်တရက်တွေဝေသွားသည်။

“ မောင်…မောင်ဦး…အား… ”

“ အောင်…အောင်စိုး… ”

ဓားဒဏ်ရာများကို လက်ဖြင့်အုပ်ပြီး ယိုင်လဲလုမတတ်ဖြစ်နေသည့် ကိုအောင်စိုးကို ပြေးပွေ့လိုက်သည့်အချိန်တွင်ကိုအောင်

စိုးက ကိုမောင်မောင်ဦးလက်ထဲမှဓားမြှောင်ကို လုယူလိုက်ပြီး ကိုမောင်မောင်ဦး၏ရင်ညွန့်ထဲသို့ အားကုန်ထိုးသွင်းလိုက်လေ

တော့သည်။

“ အား… ”

မထင်မှတ်ဘဲ ဓားဖြင့်ရုတ်တရက်အထိုးခံလိုက်ရသည့်အတွက် ကိုအောင်စိုးကို ဆောင့်တွန်းလိုက်လေသည်။ သွေးထွက်နေ

သည့်ရင်ညွန့်မှ ဓားဒဏ်ရာကို လက်ဖြင့်ဖိရင်း နာကျဉ်လွန်းသဖြင့် ကြမ်းပြင်ပေါ်၌ ထိုင်ချလိုက်ပြီး ညည်းညူနေလေသည်။

“ မောင်…မောင်…ဦး…။ အောင်……စိုး…. ”

မိုးသံကြားမှ ပီပီသသကြားလိုက်ရသည့်အသံသည် ဆရာဦးတင်မောင်ဝင်း၏အသံမဟုတ်ဘဲ သေမင်းခေါ်သံသာဖြစ်နိုင်

ကြောင်း ကိုမောင်မောင်ဦးတွေးလိုက်မိသည်။ ရင်ဘတ်ထဲမှစူးအောင့်ပြီး အသက်ရှုလိုက်သည့်အခါတိုင်း သွေးညှီနံ့ကိုခံစားနေ

ရသဖြင့် သေမည့်အချိန်ကို စောင့်စားနေရသူတစ်ယောက်ကဲ့သို့ဖြစ်နေပေသည်။ သေရတော့မည်ကို တွေးမိလိုက်တိုင်းကြောက်

လန့်တုန်လှုပ်နေသည်။ ဆရာဦးတင်မောင်ဝင်း၏ပုပ်ပွနေသည့်အလောင်းအနီးတွင် ကိုအောင်စိုးတစ်ယောက် မလှုပ်မယှက်

ငြိမ်သက်နေလေပြီ။ ကိုမောင်မောင်ဦး၏နားထဲတွင် မိုးစက်မိုးပေါက်သံများနှင့် မိုးခြိမ်းသံတို့က နီးလာလိုက် ဝေးလာလိုက်

ဖြစ်နေကြသည်။ မနက်အရုဏ်တက်ချိန်အထိ အသက်ရှင်သန်ခွင့်ရနိုင်ဖို့ မျှော်လင့်ရင်း မျက်လုံးကိုမှိတ်ထားလိုက်လေတော့

သည်။

*******************

“ လာအစ်မကြီး၊ ထိုင်ပါခင်ဗျ ”

“ ဟုတ်ကဲ့စခန်းမှုးကြီး ”

“ စိတ်တော့တကယ်မကောင်းဘူးဗျာ။ ယုံလည်း မယုံနိုင်အောင်ပါပဲ။ ကျွန်တော်တို့ရထားတဲ့ သက်သေပစ္စည်းတွေကို အတည်

ပြုပေးပါဦးခင်ဗျ ”

“ ဟုတ်ကဲ့ရှင့်။ ရပါတယ် ”

စခန်းမှုးဇေယျက အံဆွဲထဲမှထုတ်ယူလိုက်သည့် ပလပ်စတစ်အိတ်ကိုဖွင့်ပြီး စားပွဲပေါ်သို့မှောက်ချလိုက်သည်။ ပလတ်စ

တစ်အိတ်ထဲမှ ထွက်ကျလာသည့်ပစ္စည်းများကိုမြင်တွေ့လိုက်ရသည့်အချိန်တွင် ဆရာဦးတင်မောင်ဝင်း၏ဇနီးဒေါ်မူမူစိန် တ

အံ့တဩဖြစ်သွားလေသည်။

“ ဒီ….ဒီမျက်မှန်က ကျွန်မယောက်ျားရဲ့စာကြည့်မျက်မှန်။ ဘောလ်ပန်န်လည်း ကျွန်မယောက်ျားရဲ့ဘောလ်ပင်။ ခေါက်ထီး

က ကျွန်မရဲ့ခေါက်ထီးပါ။ အဲဒီနေ့က မိုးရွာနေလို့ ယောက်ျားဆောင်းထီးယူသွားဖို့ပြောတာကို ခရီးသွားရင်အဆင်မပြေလို့ ကျွန်မရဲ့

ခေါက်ထီးကို ယူသွားခဲ့တာပါ ”

“ ဟောဒီ မီးခြစ်ကရော ”

“ ဟင့်အင်း…။ ကျွန်မယောက်ျားက ဆေးလိပ်မသောက်တတ်ဘူး ”

“ ဒါဆို စာကြည့်မျက်မှန်နဲ့ ဘောလ်ပန်န်က ဆရာဦးတင်မောင်ဝင်းရဲ့ပစ္စည်း။ ခေါက်ထီးက အစ်မကြီးရဲ့ခေါက်ထီးဆိုတာသေ

ချာတယ်ပေါ့ ”

“ သေချာပါတယ်။ အဲဒါတွေကို ကျွန်မပြောတဲ့နေရာကရတာလား စခန်းမှုးကြီး ”

“ ဟုတ်ပါတယ် အစ်မကြီး။ အစ်မကြီးပြောတဲ့ ညောင်ပင်အောက်ကို ကျွန်တော်တို့သွားရှာလို့ တွေ့ခဲ့တာပါ။ ဆရာဦးတင်

မောင်ဝင်းရဲ့အလောင်းကို ဆေးရုံပို့လိုက်ကြပါပြီ။ ခဏနေရင် အလောင်းကိုအတည်ပြုပေးဖို့ ကျွန်တော်တို့နဲ့လိုက်ခဲ့ပေးပါ ”

“ ဟုတ်…လိုက်…လိုက်ခဲ့ပါ့မယ်။ ဟင့်……အစ်ကိုရယ်…အဖြစ်ဆိုးလိုက်တာ ”

“ အစ်မကြီးဖုန်းဆက်တုန်းက ကျွန်တော် သိပ်မယုံချင်ဘူး။ အိပ်မက်ပေးတိုင်း ဥပဒေမဲ့ဖမ်းဆီးလို့မရဘူးခင်ဗျ။ ဒါပေမဲ့ ကို

မောင်မောင်ဦးကို သံသယရှိနေလို့ ကျွန်တော်တို့ စောင့်ကြည့်နေခဲ့ပါတယ်။ အစ်မကြီးဖုန်းချသွားတာနဲ့ ကျွန်တော့်စိတ်ထဲမှာ

ချီတုံချတုံဖြစ်နေခဲ့တယ်။ ဒါပေမဲ့ မနက်ခုနစ်နာရီကျော်လောက်မှာ ဆေးရုံကဖုန်းဆက်တော့မှ ကိုမောင်မောင်ဦး ဆေးရုံ

ရောက်နေတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော်တို့လည်း ချက်ချင်းအဖွဲ့ခွဲပြီး တစ်ဖွဲ့က ကိုမောင်မောင်ဦးဆီကိုပြေး၊ ကျွန်

တော်နဲ့ နောက်တစ်ဖွဲ့က အစ်မကြီးပြောတဲ့လယ်စောင့်တဲဆီသွားကြည့်တော့မှ တဲပေါ်မှာ ဆရာဦးခင်မောင်ဝင်းရဲ့အလောင်း

နဲ့ အောင်စိုးရဲ့အလောင်းကို တွေ့ခဲ့ကြရတယ်။ အစ်မကြီးပြောတဲ့အတိုင်း လုံးဝမလွဲပါဘူး။ ကျွန်တော် တော်တော်အံ့ဩမိတယ်

ဗျာ ”

“ ကျွန်…ကျွန်မယောက်ျား…ဟင့်…အိပ်…အိပ်မက်ပေးတုန်းက ကျွန်မလည်းမယုံခဲ့ဘူး။ ကျွန်..ကျွန်မလည်း ဘာလုပ်ရမှန်း

မသိလို့ စခန်းမှုးကြီးကို ဖုန်းဆက်ပြီး အကူအညီတောင်းကြည့်ရတာပါ …ဟင့်… ”

“ ဟုတ်တယ်ဗျာ။ အိပ်မက်ထဲကနေ အသိပေးတယ်ဆိုတာ ကြားပဲကြားခဲ့ဖူးတာ။ လက်တွေ့ကြုံမှယုံတော့တယ်။ ဆရာဦး

တင်မောင်ဝင်းက အောင်စိုးရဲ့ခန္တာကိုယ်ထဲဝင်ပြီး သူ့အလောင်းကိုပါ ပြန်ဖော်သွားတယ်ဆိုတာ ဘယ်သူယုံနိုင်ပါ့မလဲဗျာ ”

“ ဟင့်…ဟုတ်…ဟုတ်ပါတယ်။ ရွာထိပ်က ညောင်ပင်ကြီးအောက်မှာ သူအသတ်ခံရတယ်။ သူ့မျက်မှန် အဲဒီညောင်ပင်

အောက်မှာရှိတယ်လို့ပြောတယ်။ သူ့ကိုသတ်တာ ကိုစိုးအောင်၊ ကိုမောင်မောင်ဦးက သတ်ခိုင်းလို့သတ်တာလို့ပြောတယ်။ သူ့အ

လောင်းကို လယ်စောင့်တဲနားမှာမြှုပ်ထားတယ်တဲ့။ အခုည သူကိုယ်တိုင်ဖော်ပြီး သူ့ကိုသတ်ခဲ့တဲ့သူတွေကို ဒဏ်ခတ်

မယ်လို့ ပြောတယ်။ ကျွန်…ကျွန်မလည်း ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ စခန်းမှုးကြီးကို မနက်အစောကြီးဖုန်းလှမ်းဆက်လိုက်

ရတာပါ။ မဟုတ်ရင်တော့ သက်သက်ဒုက္ခပေးသလိုဖြစ်မှာ စိုးရိမ်မိသေးတယ် ”

“ မညာစတမ်းပြောရရင် အစ်မကြီးဖုန်းဆက်တဲ့အချိန်တုန်းက ကျွန်တော်တကယ်မယုံတာပါ။ ဒါမျိုးလည်း အတွေ့အကြုံ

မရှိခဲ့ဘူး။ ဝိညာဉ်ကို အကူအညီတောင်းပြီး အမှုဖော်ထုတ်တယ်ဆိုတာ ကြားဖူးပေမယ့် ကိုယ်တိုင်မကြုံဖူးသေးတော့ တကယ်

ကို အယုံအကြည်မရှိခဲ့တာပါ။ ကျွန်တော့်စိတ်ထဲမှာ သို့လော သို့လောဖြစ်နေခဲ့တယ်။ ကျွန်တော်တွက်ဆထားတဲ့ လူသတ်တ

ရားခံတွေနဲ့လည်း ထပ်တူကျနေတယ်။ ဒါပေမဲ့ မယုံလို့ သွားမစစ်ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဆေးရုံကဖုန်းဆက်တော့မှ

ကိုယ့်နဖူးကိုယ်ရိုက်မိတော့တယ်ဗျာ။ ဆရာဦးတင်မောင်ဝင်းအတွက်တော့ စိတ်မကောင်းပါဘူး အစ်မကြီး ”

“ အစ်ကိုရယ်…..ဟီး….. ”

“ မငိုပါနဲ့ အစ်မကြီး။ ကံစီမံရာပေါ့ဗျာ ”

“ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်မယောက်ျားကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်းလွန်းလို့ပါ ”

“ တရားခံတွေကို သူကိုယ်တိုင်ဒဏ်ခတ်ခဲ့ပြီပဲဗျာ။ ကျွန်တော်တို့ကံကောင်းတာတစ်ခုက ကိုမောင်မောင်ဦးဆီက စစ်ချက်

ယူနိုင်ခဲ့တယ်။သေလုမြောပါးဖြစ်နေပေမယ့် ရွာကလူတွေတွေ့ရင် အကူအညီတောင်းပြီး ဆေးရုံပို့ခိုင်းမယ်၊ ရဲစခန်းမှာ ဝန်ခံ

မယ်ဆိုပြီးညောင်နှစ်ပင်အထိ အားတင်းပြီးထွက်လာခဲ့တယ်လို့ပြောသွားတယ်။ ကံကောင်းတာက မနက်ခြောက်နာရီလောက်

မှာ ရွာထဲကလူအချို့နဲ့တွေ့ပြီး ဆေးရုံရောက်သွားခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ကံက ကြာကြာမကောင်းခဲ့ဘူး။ နေ့လယ်သုံးနာရီ

လောက်မှာ ဆုံးသွားတယ်”

“ ကျွန်မကို ဆေးရုံလိုက်ပို့ပေးပါ။ ကျွန်မယောက်ျားကို တွေ့ပါရစေ ”

“ ဟုတ်ကဲ့ အစ်မကြီး၊ လိုက်ပို့ပေးပါ့မယ်။ ဆရာဦးတင်မောင်ဝင်းကို မြင်ရင်တော့ စိတ်ခိုင်ခိုင်ထားပါလို့ ကြိုတင်မှာပါရစေ ”

“ သူအခုရှိနေမယ့်ပုံကို အိပ်မက်ထဲမှာ မြင်တွေ့ခဲ့ပြီးပါပြ။ သူ့အလောင်းဘယ်မှာရှိနေတယ်၊ သူဘာလုပ်မယ်ကအစကျွန်မကို

အကုန်ပြောသွားခဲ့ပါတယ် ”

“ ဗျာ… ”

ဆရာဦးတင်မောင်ဝင်း၏ဇနီး ဒေါ်မူမူစိန်၏မျက်နှာကို အသေအချာကြည့်ရင်း စခန်းမှုးဇေယျာ အလွန်အမင်းအံ့အား

သင့်နေလေတော့သည်။

( ဒေါ်မူမူစိန်သည် ဆရာဦးတင်မောင်ဝင်းတို့မောင်နှမရရှိမည့် အမွေများအားလုံးကို ရောင်းချပြီး ညောင်နှစ်ပင်ရွာလမ်းမကြီး

ကို ဂဝံမြေသားခင်းပေးခဲ့လေသည်။ စာသင်ကျောင်းကိုလည်း ပြုပြင်တိုးချဲ့ပေးခဲ့သည့်အပြင် အောင်မင်္ဂလာကျောင်းတိုက်

တွင် စာသင်တိုက်တစ်တိုက်ဆောက်လုပ်ကာ ဦးတင်မောင်ဝင်းနှင့် ညီမ ဒေါ်တင်တင်ရီဟု ကဗျည်းထိုးလှူဒါန်းခဲ့လေသည် )

*******************

ပြီးပါပြီ

ချစ်ခင်လေးစားစွာဖြင့်

လွင်ဦးဟန်

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..