
လွန်ခဲ့တဲ့လက ကျွန်မဆီဖုန်းတစ်ကောဝင်လာခဲ့တယ်။ လူမနေတာ
ကြာပြီဖြစ်တဲ့အိမ်ဟောင်းကြီးကိုဖျက်ကြတော့မှာမလို့ အိမ်သုံးအိမ်
ဆောင်ပစ္စည်းတွေဈေးချိုချိုနဲ့ရမယ့်အကြောင်း ကျွန်မမိတ်ဆွေဖြစ်တဲ့
ကိုတိုးက ဖုန်းဆက်လာပေးတာပါ။ အဲ့ဒါနဲ့ ကိုတိုးကိုဖုန်းဆက်ချိန်း
ပြီး ဖျက်မယ့်အိမ်ဆီကို တက္ကစီငှါးပြီးသွားကြည့်ခဲ့တယ်။ အိမ်ကြီးက
ပျဉ်ထောင်အိမ်အိုကြီးပေမယ့် သေချာပြုပြင်ယူလိုက်ရင် မိသားစု
သုံးစုလောက် ကောင်းကောင်းနေလို့ရပါသေးတယ်။
ဒါပေမယ့်လည်းအိမ်ရှင်တွေက အဲ့ဒီအိမ်ကို အသစ်ပြန်ဆောက်မှာ
မလို့ အိမ်သုံးအိမ်ဆောင်အဟောင်းတွေကိုအကုန်ရောင်းပစ်တာပါ။
အိမ်ထဲကိုလှည့်ပတ်ကြည့်လိုက်တော့ အရင်ခေတ်ကကျွန်းကုတင်
တွေ၊ မှန်တင်ခုံတွေ၊ ဗီဒိုသုံးလေးလုံး၊ စားပွဲ ကုလားထိုင် အို...စုံလို့
ပါပဲ။ အကုန်လုံးနီးနီးကျွန်းသားတွေ။ ကျွန်မကလည်း ဝယ်ပြီးအရောင်
လေးဘာလေးပြန်တင်လိုက်ရင် အကောင်းကြီးဆိုတာသိနေတော့
မျက်လုံးအရောင်တလက်လက်နဲ့ပေါ့။
ကျွန်မမှာ သားသမီးက လေးယောက်။ အကြီးဆုံးနဲ့ နို့ညှာတစ်ယောက်ကအိမ်ထောင်ကျသွားပြီ။ သားသမီးတွေကအိမ်ထောင်ခွဲသွားပေ
မယ့် ကျွန်မပဲခေါ်ထားပါတယ်။ ကျန်တဲ့အပျိုလူပျိုနှစ်ယောက်အတွက်
ကပြည့်စုံနေပေမယ့် အိမ်ထောင်ကျသွားတဲ့ သမီးကြီးနဲ့ သားအတွက်
ဟိုဟာလေးဆိုမဆိုးဘူး။ ဒီဟာလေးဆို မဆိုးဘူးဆိုပြီး စိတ်မှန်းကြည့်
နေခဲ့တာ။ လက်ထဲမှာတော့ပိုက်ဆံများများစားစားမရှိပေမယ့် အ
ကုန်လုံးကလိုချင်စရာတွေချည်းပဲ။ ဈေးနှုန်းလေးမေးမြန်းပြီး ရှိတဲ့ငွေ
လေးနဲ့ ဆက်တီတစ်စုံရယ် ဗီဒိုတစ်လုံးရယ် ဝယ်ပြန်လာခဲ့တယ်။
ဆက်တီကတော့ ဧည့်ခန်းမှာထားဖို့ပါ။ ဗီဒိုလေးကိုတော့ ကလေး
နှစ်ယောက်မွေးထားတဲ့သမီးကိုပဲဝယ်ပေးလိုက်ပါတယ်။ ကလေးနှစ်
ယောက်အဝတ်အစားကလည်း အများသား။ ရှိတဲ့ဗီဒိုနဲ့မလောက်လို့
ပလက်စတစ်ပုံးကြီးတွေဝယ်ပြီးထည့်သိပ်ထားရရှာတာ။ ဗီဒိုကို အိမ်
သယ်လာပြီး လက်သမားတွေခေါ် လိုတာနဲနဲပါးပါးပြန်ပြင်ပေါ့လေ။
ပေါလစ်လေးသုတ်ပြီးတဲ့အခါ ဘယ်သူကများဒီဗီဒိုနဲ့ ဆက်တီကို
အဟောင်းကြီးထင်တော့မလဲ။
အရောင်တလက်လက်နဲ့ လှမှလှပါပဲ။ ဗီဒိုလေးကိုသမီးတို့အခန်းထဲ
ထည့်ပေးတော့ အခန်းလေးကနဲနဲကျဉ်းသွားပေမယ့် သပ်သပ်ရပ်ရပ်
ကလေးဖြစ်သွားပါတယ်။ သမီးကလည်း အဝတ်အစားလေးတွေစီစီ
ရီရီထည့်ရင်း ပျော်နေရှာတယ်။ သားအတွက်မပါလို့ ဂျီကျချင်နေတဲ့
သားကို ချော့ရသေးတယ်။ နောက်မှ တစ်ခုခုဝယ်ပေးပါ့မယ်လို့နှစ်
သိမ့်ရတာပေါ့လေ။ အဖြစ်ကအဲ့ညကစတာပါပဲ။ ညကကြုံရတာတွေ
ကို ကျွန်မသမီးနဲ့သားမက်က မနက်ရောက်တော့ပြန်ပြောပြတယ်။
ည တစ်နာရီလောက်မှာ ဗီဒိုတံခါးဟာ သူ့သူပွင့်လာပါတယ်တဲ့။ ဗီဒို
ပွင့်လာလို့ သားမက်လေးကခေါင်းထောင်ကြည့်ရင်း တံခါးချောင်နေလို့
ပဲဆိုပြီး ပြန်အိပ်လိုက်တယ်။ နာရီဝက်လောက်ကြတော့ တံခါးက
သူ့သူပြန်ပိတ်သွားပြန်ရောတဲ့။ တံခါးပိတ်သံကကျယ်လွန်းလို့ သား
မက်ရော သမီးပါ လန့်နိုးလာကြတယ်။ သားမက်ကလည်း ဗီဒိုနား
ထကြည့်ပြီး တံခါးကိုဖွင့်လိုက်ပိတ်လိုက်လုပ်ကြည့်တာပေါ့။ တံခါးက
ထင်သလောက်လည်းချောင်မနေဘူးလို့ဆိုတယ်။
အဲ့ဒါနဲ့ ပြန်အိပ်ကြရော။ မနက် ၃နာရီလောက်ကြတော့ တခါ ထပ်
ပွင့်လာပြန်တယ်။ သမီးက ဗီဒိုပွင့်လာလို့ သားမက်လေးကိုနိုးပြီး
ပြောတာပေါ့။ ဗီဒိုကဘာဖြစ်နေလဲမသိဘူးဆိုပြီး သားမက်လေးက
လည်း ဘာမှမဟုတ်ပါဘူးမိန်းမရယ် တံခါးချောင်နေလို့ပါ လို့ပြန်ပြော
နေတုန်းမှာပဲ ' ဝုန်းကနဲ ' တံခါးကဆောင့်ပိတ်သွားတယ်တဲ့။ သူတို့
လည်း လေမတိုက်ပါပဲပိတ်သွားတော့ တအံ့တသြနဲ့ဖြစ်နေကြတာ
ပေါ့။ မေမေရယ် ဗီဒိုလေးကိုလာကြည့်ပေးပါဦးတဲ့။
ကျွန်မကြည့်တော့လည်း ဗီဒိုကဘာမှမထူးဆန်းပါဘူး။ သာမာန်ဗီဒို
လေးပါပဲ။ လက်သမားဆရာကိုထပ်ခေါ်ပြီးပြကြည့်တော့ အားလုံး
ကောင်းနေတယ်လို့ပြောတယ်။ တံခါးလည်းချောင်မနေပါဘူးတဲ့။
အဲ့ဒါနဲ့ '' ဘာမှဖြစ်တာမဟုတ်ပါဘူး .. ညကြရင် ဗီဒိုတံခါးဖက်ထိုင်
ခုံတစ်လုံးခံထားပြီး အိပ်ကြ '' လို့ ကျွန်မကအကြံပေးလိုက်ပါတယ်။
ဒါပေမယ့် ည တစ်နာရီလောက်မှာ သမီးကကြောက်လန့်တကြား
အော်ပြီး အခန်းထဲကထွက်ပြေးလာတယ်။ သားမက်လေးနဲ့ ကလေး
နှစ်ယောက်ကနောက်ကလိုက်ပြေးကြတာ။ ကျွန်မလည်း ဘာဖြစ်
တာလဲ မေးကြည့်တော့...
" မေမေပြောတဲ့အတိုင်း တံခါးရှေ့မှာ ထိုင်ခုံခံထားတာ... ဒါပေမယ့်
ဗီဒိုတံခါးကပွင့်လာတယ်မေမေ... အသံကြားလို့ထကြည့်တော့ ထိုင်
ခုံက ကုတင်နားရောက်နေတယ်... ဒီထိုင်ခုံကိုဘယ်သူမှ မရွေ့ကြတာ
ဘယ်လိုလုပ်ပြီး ကုတင်နားရောက်နေမှန်းစဉ်းစားမရဘူး... သမီး
လည်း ကလေးတွေညတရေးနိုးထရွေ့တာနေမှာပဲဆိုပြီး ထိုင်ခုံကိုယူ
ဗီဒိုတံခါးကိုပိတ်ပြီး ပြန်ချထားလိုက်တယ်... ကုတင်ဖက်ကိုလှည့်
ကြည့်လိုက်တော့ မိန်းမတစ်ယောက် ကလေးနှစ်ယောက်ကြားဝင်
အိပ်ပြီး သမီးကိုစိုက်ကြည့်နေတယ်မေမေ... အမလေး ကြက်သီးထ
လိုကျတာ... ""
"" သူကအရင်အော်ပြီးပြေးတာ... ကျွန်တော်လည်းလန့်နိုးလာတာ
ပေါ့... ကလေးတွေဖက်ကြည့်လိုက်တော့ ဘာမှမတွေ့ပါဘူး...
အဲ့ဒီချိန်မှာ ထိုင်ခုံက ဝုန်းကနဲ လဲကျလာပြီး ဗီဒိုတံခါးပွင့်လာတယ်...
ကျွန်တော်လည်းခေါင်းနဘန်းတွေကြီးသွားတာ... ကျွန်တော်ကြည့်
နေရင်း အရိပ်မည်းမည်းကြီးတစ်ခု ဗီဒိုထဲဝင်သွားတာမြင်လိုက်ရတာ
ပဲအမေ... အဲ့ဒါနဲ့ ကလေးတွေနိုးပြီး ထွက်ပြေးလာတာ ""
သူတို့စကားကြောင့် ကျွန်မတော်တော်လေး ထိတ်လန့်သွားမိပါတယ်။
ဒါပေမယ့် ကိုယ်ဝယ်ခဲ့တဲ့ပစ္စည်းဆိုတော့ ဖျက်ပစ်ရမှာလည်းနှမြော
တာပေါ့။ ပြန်ရောင်းမယ်ဆိုလည်း သူများအတွက်မကောင်းဘူးလေ။
"" ကဲ... သားနဲ့သမီးတို့ အမေ့အခန်းမှာအိပ်လိုက်ကြ... အဖေနဲ့အမေ
သမီးတို့အခန်းမှာစောင့်အိပ်မယ် ""
"" မအိပ်နဲ့မေမေ... မေမေမြင်ရင် မေ့လဲသွားလိမ့်မယ်... သရဲက
အရမ်းကြောက်ဖို့ကောင်းတာ... ""
"" အိပ်မှာသာအိပ်စမ်းပါ... ငါမကြောက်ဘူး... ကဲ ဝင်ဝင်...
အဖေကြီးရေ... လာ... ကျွန်မတို့သွားကြည့်ရအောင်... ""
ကျွန်မယောကျာ်းက ကျွန်မထက်ကြောက်တတ်တယ်။ သမီးကသရဲ
ခြောက်တယ်ဆိုတာနဲ့ကို မျက်စိမျက်နှာကပျက်နေပြီ။ ကျွန်မကိုမလွန်
ဆန်နိုင်လို့သာ အနောက်ကလိုက်ခဲ့ပေမယ့် သူမလိုက်ချင်ဘူးဆိုတာ
ပြောစရာမလိုအောင်သိနေပြီးသားပါ။ သမီးတို့အခန်းထဲရောက်တော့
ကျွန်မ မေတ္တာပို့ အမျှဝေပြီး ဘုရားစာရွတ်ရင်း ဗီဒိုတံခါးကို ခုံတွေနဲ့ခံ
ထားလိုက်တယ်။ စိတ်ချရအောင် ခုံတွေပေါ် ဂျာနယ်ပုံအထပ်လိုက်
ကြီးတွေသွားယူပြီးတင်ထားလိုက်ရင်း လှဲလိုက်တယ်။ ယောကျာ်းက
တော့ မျက်လုံးကတောင်ကြည့်မြောက်ကြည့်နဲ့ ငုတ်တုတ်ထိုင်နေလေရဲ့။
"" အဖေကြီး... ဘာလုပ်နေတာလဲ... အိပ်ပျော်အောင်အိပ်ပါ ''''
"" ငါအိပ်မပျော်လို့ပါကွာ... ""
"" ရှင်ကလည်းလေ... ကလေးတွေကအိပ်မက်မက်ပြီးလျှောက်ပြော
တာကို အဟုတ်ကြီးမှတ်နေသလား ""
ကျွန်မကသူ့ဖက်ခေါင်းလေးစောင်းရင်း ပြောနေတုန်း မျက်လုံးတွေ
တောင်ပြူးကျယ်ကုန်တော့တယ်။ ယောကျာ်းထိုင်နေတဲ့ဖက်ဘေးမှာ
မိန်းမတစ်ယောက်ရပ်ပြီးကျွန်မကိုကြည့်နေတာ မျက်လုံးထောင့်ကနေ
လှမ်းမြင်နေရတယ်လေ။ ကျွန်မ မသိချင်ယောင်ဆောင်ရင်း စကား
ဆက်ပြောနေပေမယ့် ခြေဖျားလက်ဖျားတွေကအေးစက်လာတယ်။
ကျွန်မယောကျာ်းကတော့ အဲ့ဒီမိန်းမကိုမြင်တဲ့ပုံမပေါ်ပါဘူး။
"" အဖေကြီး... ဘုရားစာလေးဘာလေးရွတ်ပါဦး... ""
ကျွန်မကပြောသာပြောနေရတယ်... အဲ့မိန်းမကို မျက်နှာမလွှဲရဲဘူး။
သူကလည်း အဲ့ဒီအတိုင်းရပ်နေတုန်းပဲ။ ကျွန်မနှုတ်ကနေ အမျှ အမျှ
ပေးတော့ ရုတ်တရက်ပြန်ပျောက်သွားတယ်။ ဒါပေမယ့် ပိတ်ထားတဲ့
ဗီဒိုက အထဲကနေ လူထုနေသလို ဒုန်း ဒုန်း ဆိုပြီးထုလာတော့ ကျွန်မ
လည်းသွေးပျက်လာပါပြီ။ ယောကျာ်းက ကျွန်မလက်ကိုအတင်းဆွဲ
ပြီး အခန်းထဲကနေခေါ်ထွက်တော့တာပဲ။
မနက်ရောက်တော့ အားချင်းပဲ လှူဖွယ်ပစ္စည်းတွေဝယ် ဘုန်းကြီး
ကျောင်းကိုသွားပြီးလျှောက်ပေါ့။ ညနေကြရင် တရားနာဖို့ပင့်ဖိတ်
ခဲ့တယ်။ ညနေ လေးနာရီလောက်ကြတော့ သံဃာတော်တွေနဲ့အတူ
တရားနာကြပါတယ်။ အဲ့ဒီမှာ အိမ်နားက မိတင်လှ ဆိုတဲ့မိန်းမကို
ဝင်ပူးပါတော့တယ်။
"" ငါ အမျှမလိုချင်ဘူး... မပေးနဲ့ ""
မိတင်လှရဲ့အသံက နဂိုအသံမဟုတ်ဘဲ အသံသြသြကြီးဖြစ်နေပါ
တယ်။ သူမက ရာသီဥတုပူအိုက်နေပေမယ့် တော်တော်ချမ်းနေသလို
ပါပဲ။ တစ်ကိုယ်လုံးတုန်ခါနေတယ်။ နောက်ပြီး မျက်လုံးစိမ်းစိမ်းကြီး
နဲ့ကြည့်ပြီး...
"" ငါ့ကိုနင်တို့ပဲခေါ် လာကြတာ... ငါဘယ်မှမသွားဘူး...ဒီမှာပဲနေ
မယ် ""
"" ဒကာမကြီးကဘယ်သူလဲ ""
"" မသိဘူးဥူးဇင်း... ဘာမှမမှတ်မိဘူး... မှတ်မိတာက ဒီမှာနေရမယ်
ဆိုတာပဲ ''''
"" ဒီမှာနေလို့မရဘူးလေဒကာမကြီးရဲ့... ဒကာမကြီးနဲ့ စည်းခြား
နေတယ်... အိမ်ရှင်တွေကလည်းနေခွင့်မပြုဘူး ""
"" ဥူးဇင်းမသိပါဘူး.... သူတို့ပဲခေါ် လာတာ... ဘယ်မှမသွားနိုင်ဘူး...
သွားစရာနေရာလည်းမရှိဘူး... ဒီမှာပဲနေမယ် ""
မိတင်လှဟာ အသံသြသြကြီးနဲ့ပြောနေရင်း မေ့လဲကျသွားပါတော့
တယ်။ မိတင်လှကို နှာနှပ်ပေးကြသူနဲ့ ကျွန်မအိမ်မှာဆူညံပွက်လော
ရိုက်ကုန်လေရဲ့။ ဗီဒိုထဲကသရဲမဟာ နှင်ထုတ်လို့မရဘူးဆိုရင် ဒီ
ဗီဒိုကြီးကိုစွန့်ပစ်ရတော့မယ်လို့ ယောကျာ်းကပြောတယ်။ ကျွန်မ
ကမိန်းမပီပီနှမြောစိတ်နဲ့ မလုပ်ချင်ဘူး။ သရဲမကိုပဲ ကျွတ်လွတ်သွား
စေချင်တယ်။
ဒါပေမယ့် ကျွန်မ သားသမီးတွေ ချွေးမနဲ့ သားမက်တွေကလည်း
ဗီဒိုကြီးကို အိမ်မှာမထားချင်ကြတော့ဘူး။ ကျွန်မလည်း ကိုတိုးကို
ဖုန်းဆက်ခေါ် ပြီး မူလအိမ်ရှင်တွေဆီတစ်ခေါက်ထပ်သွားရတော့
တာပေါ့။ အိမ်ရှင်တွေနဲ့တွေ့ပြီးမေးမြန်းကြည့်တော့ သူတို့အမျိုး
အဆွေထဲမှာ အဲ့လိုပုံစံနဲ့မိန်းမ မရှိဘူးလို့ဆိုတယ်။ သေဆုံးသွားကြ
တဲ့အရွယ်ကလည်း အသက်ကြီးပိုင်းတွေ။ သရဲမက အသက် ၄၀
ဝန်းကျင်အရွယ်။ ပုံသဏ္ဍာန်အရလည်းတူညီတာမရှိဘူး။
ကျွန်မလည်း အသေးစိပ်ပြောပြပါတယ်။ သူတို့ကတော့ ဘူးခံနေဆဲ။
နောက်တော့ လက်လျှော့ပြီးပြန်လာခဲ့ရပါတယ်။ သရဲမရဲ့ နောက်
ကြောင်းလည်းလိုက်မရနဲ့ ။ ဗီဒိုကြီးလည်း နှမြောပေါ့လေ။ အိမ်ကလူ
တွေကတော့ ဗီဒိုတင်မကဘူး ဆက်တီပါပြန်ပို့ခိုင်းနေလေတော့
ခက်သားလား။ အဲ့ဒီအိမ်က ဘာပစ္စည်းမှ မယူထားရဲဘူးတဲ့။ ဆက်တီ
လေးကတော့ ယူထားကောင်းပါရဲ့။ ဘာမှခြောက်တာမှမဟုတ်ဘဲ
လို့ပြောလည်းမရနဲ့။ အလုပ်သမားတွေတောင်ခေါ် ထားကြပြီ။
ဗီဒိုနဲ့ ဆက်တီကို မြို့အပြင်အမှိုက်ပုံမှာသွားပစ်ကြမယ်တဲ့။ အရောင်
တလက်လက်နဲ့ ဈေးကြီးပေးမှရမယ့် ပစ္စည်းမလို့ ကျွန်မတော့ နှ
မြောတာလွန်ရော။ မတတ်နိုင်တဲ့အဆုံး လက်ခံရတော့တာပေါ့။
အဲ့ဒီအချိန်မှာပဲ အိမ်နီးချင်းတစ်ယောက်က ဆရာခေါ် ပေးမယ်လို့
ဆိုလာတယ်။ ကျွန်မလည်းခေါ် လို့ရရင်အခုခေါ် ပေးပါ။မှောင်လည်း
မှောင်လာတော့မယ်။ အချိန်မရှိတော့ဘူးဆိုတော့ သူတို့အိမ်က
ကောင်လေးကိုဆိုင်ကယ်နဲ့လွှတ်ပြီး အပင့်ခိုင်းခဲ့တယ်။ နာရီဝက်
လောက်နေတော့ ဆရာရောက်လာပြီး အိမ်အပြင်ထုတ်ထားတဲ့
ဗီဒိုနဲ့ ဆက်တီကို သေချာကြည့်တယ်။ ညနေကပူးကပ်ခဲ့တဲ့ မိတင်လှ
ကို တွေ့ချင်တယ်ဆိုလို့ သွားပြန်ခေါ်ပေးတာပေါ့။
မိတင်လှရောက်လာတော့ တစ်ခါလောက်ပူးကပ်ခံလို့ရရင် ခွင့်ပေး
ဖို့တောင်းဆိုပါတယ်။ မိတင်လှက မလုပ်ရဲဘူး။ သူလည်းကြောက်
နေပုံပဲ။ အဲ့ဒါနဲ့ မိတင်လှမလုပ်ရင် ကျွန်မအပူးခံပါ့မယ်လို့ ဆိုလိုက်
တယ်။ ကလေးတွေကခွင့်မပေးလို့ တော်တော်လေးပြောယူရသေး။
ကျွန်မပူးကပ်ခံဖို့သေချာပြီဆိုတာနဲ့ ဘုရားစင်ရှေ့ထိုင် မျက်လုံးကို
မှိတ်ထားတာပေါ့။
ဆရာကတော့ ဂါထာတွေရွတ်ဆိုနေတာကြားနေရတယ်။ အဲ့ဒီအချိန်
မှာပဲ ကျွန်မရှေ့မှာ အဲ့ဒီမိန်းမပေါ်လာပါတယ်။ သူကကျွန်မကိုသေ
ချာစိုက်ကြည့်နေတယ်။ ပြီးတော့ ကျွန်မနဲ့တဖြည်းဖြည်းနီးလာတော့
တယ်။ သူကကျွန်မကိုယ်ခန္ဓာထဲရောက်နေပြီမှန်းခံစားမိနေတယ်။
ကျွန်မဘေးမှာထိုင်နေသလိုပဲ။ အဲ့ဒီအချိန် တစ်ကိုယ်လုံးအေးစက်
ပြီး ခေါင်းနဘန်းတွေလည်းကြီးနေပါတယ်။
ခြေဖျားလက်ဖျားတွေအေးခဲနေတယ်။ ရာသီဥတုကချက်ချင်းဆို
သလို အေးလာနေသလိုပါပဲ။ ချမ်းလို့ တစ်ကိုယ်လုံးတုန်နေတာလား။
အဲ့ဒီမိန်းမကိုကြောက်ပြီးတုန်နေတာလားဆိုတာမသဲကွဲပါဘူး။ သူပြော
နေတာတွေအကုန် ကျွန်မကြားနေမြင်နေရတယ်လေ။
"" ငါဘာမှမသိဘူး... ငါ့ကိုခေါ် လာကြတာ... ""
"" ဒီအိမ်ကိုခေါ်မလာခင် ဘယ်မှာနေသလဲ ""
"" ငါအရင်က ကွင်းပြင်ကြီးမှာနေတယ်... အဲ့ကနေလူတစ်ယောက်
ကခေါ် လာတာပဲ ""
"" ဘယ်နားကကွင်းပြင်လဲ ""
""ညောင်ရေအိုးမီးသဂြိုလ်စက်ဘေးက ကွင်းပြင် "'
"" ဟုတ်ပြီ... အဲ့ဒီလူကဘယ်လိုခေါ် လာတာလဲ ""
"" ငါနေတဲ့ ပျဉ်ကိုခွာပြီးခေါ် လာတာ ပြီးတော့ဗီဒိုထဲထားပေးတယ် ''''
ဆရာက ကျွန်မကိုတွဲခေါ် ခိုင်းပြီး ဗီဒိုဆီခေါ် လာခိုင်းနေပါတယ်။
ကျွန်မတော်တော်နဲ့ ထမရဘူး။ လူ လေးငါးယောက် ဝိုင်းတွဲမှ လေး
လေးလံလံနဲ့ ထလို့ရလာတယ်။
အဲ့ဒီမိန်းမကလည်းဘေးကနေလိုက်လာတော့တယ်။ သူကဗီဒိုထဲက
ကျွန်းပြားတစ်ပြားကိုလက်ညိုးထိုးပြပြီး...
"" ဒါနဲ့ခေါ် လာတာလို့ပြောတယ် ""
ဆရာလည်းခေါင်းညိမ့်ပြပြီး အဲ့ဒီမိန်းမကို ပူးနေရာကထွက်သွား
ခိုင်းတော့တယ်။ သူမသွားခင် ကျွန်မကိုစကားပြောသွားသေး
တယ်။
"" ငါ့ကို မောင်းထုတ်ရင် နင်တို့ကိုအလွတ်မပေးဘူး ""
လို့ပြောတော့ ကျွန်မတော်တော်ထိတ်လန့်သွားမိတော့တယ်။
ကျွန်သတိရလာတော့ ဗီဒိုထဲကကျွန်းပြားချပ်ကိုခွာခိုင်းနေပါပြီ။
ပြီးတော့ ဆရာက သူ့အိတ်ထဲထည့်ယူသွားပါတယ်။ စွဲကပ်နေတာ
လည်းမရှိတော့လို့ ဗီဒိုကြီးကိုသုံးလို့ရပြီလို့ပြောတယ်။ ဒီဗီဒိုကိုဝယ်
ခဲ့တဲ့ အိမ်ကအိမ်ရှင်ကို တစ်ယောက်ယောက်ကမကျေနပ်လို့
သုဿာန်က ဘာသာခြားလူသေမြုပ်ထားတဲ့အခေါင်းကကျွန်းသား
ကိုဖြတ်ယူလာပြီး ဗီဒိုမှာလာထည့်ထားတာလို့ပြောပါတယ်။
ဆရာကကျွန်းပြားချပ်ယူသွားပေမယ့် ကျွန်မရင်ထဲ လန့်နေတုန်းပဲ။
အိမ်သားတွေက ဗီဒိုနဲ့ ဆက်တီကိုအိမ်ထဲမထည့်ရဲသေးကြလို့ အိမ်
အပြင်ဖက်ထုတ်ထားခဲ့တယ်။ အဲ့ဒီညကစပြီး သရဲမခြောက်တော့
ပါဘူး။ ဒါပေမယ့် ကျွန်မ စိတ်ထဲစနိုးစနောင့်တော့ဖြစ်နေတုန်းပဲ။
အဲ့ဒီမိန်းမကကျွန်မကိုသေချာပြောသွားတယ်မဟုတ်လား။ သူ့ကို
မောင်းထုတ်ရင် အလွတ်မပေးဘူးဆိုတာ။ ကျွန်မလည်း တစ်နေ့
တစ်နေ့ ဗီဒိုကြီးကိုအရိပ်တကြည့်ကြည့်နဲ့ ဘယ်အချိန်များ ပြန်
ပေါ်လာမလဲဆိုပြီး စိုးရွံ့နေဆဲပါပဲ။
သြော်...ဒါနဲ့ သူများပစ္စည်းအဟောင်း အချိုအချောင်ရမယ်ဆိုရင်
ကျွန်မ မဝယ်ဖြစ်တော့တာ ကြာခဲ့ပြီပဲလေ။
သော်တာလမင်းစန္ဒာ
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။