ကျွန်မကအညာဖက်ကပေါ့။ အိမ်ထောင်ကျတော့ မန္တလေးသားနဲ့ရ 
လို့ မန္တလေးမှာပဲအခြေချနေဖြစ်တယ်။ အလုပ်အားတဲ့ရက်မျိုးဆိုရင် 
မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါအလာပဿလာပလေးတွေ 
ပြောဆိုဖြစ်ကြတယ်။ တစ်ရက်ကြတော့ ကျွန်မတို့အိမ်ထောင်ရှင်မ 
စကားဝိုင်းလေးမှာ ပရလောကအကြောင်းကိုစကားစပ်မိသွားပြီး 
ပြောဖြစ်ကြပြန်ရော။ ကျွန်မမိတ်ဆွေကသူကြုံခဲ့ရတာကိုအရင်ပြော 
ပြတယ်။ 
သေဆုံးသွားတဲ့အလောင်းကို အလောင်းပြင်ပေးရာက သူ့လက်ကိုထဆွဲတယ်တဲ့။ သူကဆက်ပြောပြတယ်။ စစချင်းတော့အတော်လေးကို 
ကြောက်လန့်ပြီး အော်ဟစ်မိတယ်ဆိုပဲ။ နောက်မှ လူသေအကြော 
တစ်ခုခုကိုဖိမိလို့ ဒီလိုဖြစ်တယ်ဆိုတာပြန်သုံးသပ်မိပြီးမှ အကြောက် 
ပြေသွားတယ်ပေါ့။ သူအဲ့ဒီအကြောင်းပြောမှ ကျွန်မ အသက် (၁၈) 
နှစ်လောက်က ကြားသိခဲ့ရတာကိုပြန်သတိရသွားမိတယ်။ သေသွားတဲ့လူသေအလောင်းကလမ်းထလျှောက်နေတယ်ဆိုတာ။ 
ကျွန်မကိုရူးနေပြီလို့ထင်ကြမှာပဲ။ ကျွန်မကတော့ကိုယ်တွေ့မျက်မြင် 
မကြုံခဲ့ရပေမယ့် ဒီကိစ္စကိုတော့ ယုံမိတယ်။ ထူးဆန်းတဲ့အဖြစ်ကြောင့် 
တစ်ရွာလုံးအုံးအုံးထခဲ့ကြတာ။ မျက်မြင် မြင်ရတဲ့သူတွေကတော့ ဒါကို 
ဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူးလို့ထင်ပါတယ်။ ကြုံခဲ့ ရတာက ရွာ 
ကာလသားတွေ။ အဲ့ထဲမှာ ကျွန်မရည်းစား ကိုသက်နောင်လည်းပါ 
တယ်။ မညားလိုက်ရတဲ့ရည်းစားဦးဆိုပါတော့။ ကျွန်မတို့ရွာက အိမ် 
ခြေသိပ်မများဘူး။ ရွာငယ်လေး။ဒါပေမယ့်ရွာကလူဦးရေတော့များ 
တယ်။ အိမ်ကြီးကြီးဆောက်ပြီးလူများများအတူနေကြတာ။ ကျွန်မတို့ရွာရဲ့ရွာလူကြီးက ရှေးရိုးသမား။အယူလည်းအရမ်းသီးတယ်။ 
အတိတ်နိမိတ်ကိုလည်းယုံတယ်။ 
တစ်ရက် ရွာထဲငှက်ဆိုးထိုးသံကို ကြားရပါလေရော။ မနက်ရောက် 
တော့ရွာလူကြီးဦးအံ့မောင်က မျက်စိမျက်နှာမကောင်းဘူး။ 
ငှက်ဆိုးထိုးတဲ့အိမ်ဆိုလူသေတတ်တယ်လို့အယူရှိကြတယ်မဟုတ် 
လား။ ဒါပေမယ့်မနေ့ညကထိုးတဲ့ငှက်ဆိုးက ရွာခံအိမ်တွေပေါ်နား 
တာမဟုတ်ဘူးတဲ့။ ညထချောင်းကြည့်ကြတဲ့သူတွေပြောတာကတော့ 
ရွာလယ်ကရုက္ခစိုးစင်ပေါ်မှာနားပြီးထိုးတာလို့ပြောကြတယ်။ ဦးအံ့ 
မောင်ဘာလို့စိုးရိမ်သလဲဆိုတော့ ရွာလယ်ကညောင်ပင်ဟာ ရွာကို 
စောင့်ရှောက်ပေးနေတယ်လို့ယုံကြည်ထားလို့ပဲ။ 
ညောင်ပင်ရုက္ခစိုးကစောင့်ရှောက်တယ်ဆိုပြီးတစ်ရွာလုံးက ပသ 
ထားကြတာပေါ့။ အဲ့ဒီရုက္ခစိုးစင်ပေါ်မှာ ငှက်ဆိုးကထိုးတော့ ဦးအံ့ 
မောင်ဟာ တော်တော်လေးပူပန်နေရှာတယ်။ ရွာအတွက်နိမိတ် 
မကောင်းဘူးဆိုပြီးတော့။ နောက်ညရောက်တော့လည်း ငှက်ဆိုးက 
ထပ်ထိုးပြန်ရော။ နှစ်ညဆက်တိုက်ဆိုတော့ ပိုစိုးရိမ်လာပြီ။ နောက် 
တစ်ညမှာလည်းထပ်လာအော်တယ်။ စုစုပေါင်းသုံးညဆက်တိုက်ပဲ။ 
ဦးအံ့မောင်က စိတ်ပူပြီး ညောင်ပင်အောက်မှာ ရွာဘုန်းကြီးနဲ့ တရား 
နာခဲ့တယ်။ 
ရွာကလူတွေကိုလည်း သဲမန်းနဲ့ရေမန်းတွေဝေပေးတယ်။ တစ်ရွာလုံး 
ဖြန်းကြပက်ကြနဲ့ပေါ့လေ။ ကျွန်မကတော့ဘာမှနားမလည်ပါဘူး။ 
လူကြီးတွေလုပ်ခိုင်းလို့ သဲမန်းတွေ ဆန်မန်းတွေလိုက်ပက်ပေးလိုက် 
တာပဲရှိတယ်။ အဲ့လိုပက်ပြီး သုံးရက်မြောက်တဲ့ နေ့မှာပဲကျွန်မတို့ 
ရွာအပြင်ဖက်မှာ လူသေအလောင်းတစ်လောင်းကိုတွေ့လိုက်ရတယ်။ သေတဲ့လူကကျွန်မတို့ရွာကမဟုတ်ဘူး။ ဘယ်ကမှန်းမသိအောင်ရုပ် 
ပျက်ဆင်းပျက်ဖြစ်နေပြီ။ အဲ့ဒီခေတ်တုန်းက လမ်းပန်းဆက်သွယ်ရေးကသိပ်ပြီးခက်ခဲတော့ မြို့ရဲစခန်းကိုအကြောင်းကြားဖို့ တစ်ညအိပ်သွားရတယ်။ 
ရွာတွေမှာဖုန်းမရှိဘူး။ မြို့ပေါ်မှာတောင် ဖုန်းကနေရာတိုင်းမရှိတဲ့ 
အချိန်ပေါ့။ ဦးအံ့မောင်က သူ့မှာတာဝန်ရှိတယ်ဆိုပြီး သူကိုယ်တိုင် 
မြို့တက်သွားပြီးအကြောင်းသွားကြားခဲ့တယ်။ အလောင်းကတော့ 
ပိုင်ရှင်ဘယ်သူမှန်းလဲမသိ၊ လူသတ်မှုဆိုသက်သေပျက်မှာစိုးလို့ 
မထိမကိုင်ရဆိုတော့ တွေ့တဲ့အတိုင်းပဲထားထားကြတာပေါ့။ 
အလောင်းကိုစောင့်ဖို့ ရွာကကာလသားတွေကိုတာဝန်ပေးတယ်။ 
အလောင်းစောင့်မယ့်သူက ၈ယောက်။ 
ရွာမှာကာလသားတွေကအလောင်းစောင့်ကြပြီ။ အဲ့ထဲမှာ ကျွန်မ 
ရည်းစားကိုသက်နောင်ကတော့မပါဘူး။ သူ့တာဝန်က ကင်းတဲ 
စောင့်ရတာ။ ရွာထိပ်မှာကင်းတဲက။ အလောင်းစောင့်တဲ့ကာလသား 
တွေနဲ့ သိပ်မဝေးဘူး။ ကင်းတဲမှာကိုသက်နောင်နဲ့ ရွာကကိုမြကြီးတို့ 
အတူစောင့်တယ်။ အလောင်းရှိလို့ ကြောက်တယ်ဆိုပြီးနှစ်ယောက် 
အတူစောင့်ကြတာ။ ရွာအပြင်ဖက်မှာစောင့်တဲ့သူတွေက အလောင်း 
စောင့်ရင်း ဗိုက်ဆာလို့ ကြက်ကာလသားဟင်းချက်စားကြသတဲ့။ 
နှစ်ယောက်ကရွာထဲပြန်လာပြီး ကြက်တစ်ကောင်ယူ၊ ဗူးသီးယူ၊လို 
တာနဲနဲစီယူသွားကြတယ်။ ရွာလူကြီးသာရှိရင် ခွင့်ပေးမှာမဟုတ်ဘူး။ 
ကာလသားဆိုတော့လည်း နဲနဲပါးပါးသောက်စားကြတယ်။ အလောင်း 
စောင့်ရင်း စားလိုက်သောက်လိုက် ထွေရာလေးပါးပြောဆိုကြပေါ့။ 
ဟင်းကောင်းလေးများစားရရင်ချစ်ခင်ရတဲ့သူကိုသတိရတယ်ဆိုတာ 
ဟုတ်မလားပဲ။ အလောင်းစောင့်တဲ့သူတွေက ကိုသက်နောင်နဲ့ ကို 
မြကြီးတို့စားဖို့ လာပို့ပေးသတဲ့။ သူတို့စီလာပို့တာက နှစ်ယောက်။ 
အလောင်းနားလူခြောက်ယောက်ကျန်ခဲ့တယ်။ သူတို့ခြောက်ယောက် 
ဟာ အလောင်းနားစောင့်နေပြီး အလောင်းပျောက်သွားတာမသိလိုက် 
ကြဘူး။ သတိရလို့ကြည့်မိတော့အလောင်းကမရှိတော့ဘူးတဲ့။ 
အလောင်းနဲ့မနီးမဝေးမှာနေပြီး အလောင်းပျောက်သွားတာကိုမသိ 
လိုက်ကြတာ။ အကုန်လုံးအမူးပြေပြီး လန့်ကုန်ကြတယ်။ 
လူသတ်သမားတွေကအလောင်းလာခိုးသွားတယ်လို့ထင်သွားကြ 
တာ။ အလောင်းပျောက်ပြီဆိုသူတို့အကုန်အမှုပတ်တော့မယ်လေ။ 
ကြောက်ကြောက်လန့်လန့်နဲ့ အနီးအနားကိုလိုက်ရှာကြတာပေါ့။ 
ဘယ်လိုမှရှာမတွေ့ကြဘူး။ ကျန်ခဲ့တဲ့ ခြောက်ယောက်ထဲကတစ် 
ယောက်က ကင်းတဲဆီပြေးလာပြီး လာပြောတယ်။ ကူရှာပေးကြဖို့။ 
ကိုသက်နောင်နဲ့ကိုမြကြီး လည်းရွာပြင်လိုက်သွားကြတာပေါ့။ သူတို့ 
အကုန်ဆယ်ယောက်ဖြစ်သွားတယ်။ အလောင်းတွေ့တဲ့နေရာနား 
ဓါတ်မီးတွေနဲ့ ဟိုထိုး ဒီထိုးကြည့်တော့ ခြေရာလက်ရာလည်းမပျက် 
နဘေူး။ 
လူသတ်သမားတွေကအလောင်းပြန်လာယူတယ်ဆို ခြုံတော့တိုးရ 
မှာ။ ခြုံတိုးထားတဲ့ပုံလည်းမတွေ့ရဘူး။ သူတို့ကပြန်စဉ်းစားကြတယ်။ 
သတ်တဲ့သူက ရွာထဲကလူများလားပေါ့။ ရွာထဲကဆို ဘယ်လိုဖြစ်ဖြစ် 
ကင်းတဲရှေ့ဖြတ်ကိုဖြတ်လာရမှာ။ ကင်းတဲမှာလူက လေးယောက်။ 
သူတို့လည်းဖြတ်တာမမြင်မိဘူး။ အလောင်းပျောက်သွားတာသိပ် 
ထူးဆန်းနေတာပေါ့။ ရွာအပြင်ဖက်မှာ ဆယ်ယောက်လုံးဘာလုပ်လို့ 
ဘာကိုင်ရမှန်းမသိခေါင်းမီးတောက်နေကြပြီ။ ထပ်ခါတလဲလဲရှာပေ 
မယ့် အလောင်းကိုမတွေ့တာ။ တစ်နာရီလောက်ကြာတော့ လက် 
လျော့လိုက်ကြတယ်။ 
အလောင်းစောင့်တဲ့သူတွေက အလောင်းမရှိတော့လို့ဆိုပြီးပြန်လို့ 
လည်းမဖြစ်ဘူးပေါ့။ မတော်တဆလူသတ်သမားက ဘယ်သူမှမရှိ 
မှန်းသိရင် ခြေရာလက်ရာလာဖျက်မှာစိုးလို့ ဒီအတိုင်းဆက်စောင့် 
ကျန်နေရစ်ကြတယ်။ ကိုသက်နောင်နဲ့ ကိုမြကြီးကတော့ ကင်းတဲ 
တာဝန်ဆိုတော့ နှစ်ယောက်သားပြန်လာကြတာပေါ့။ သူတို့နှစ် 
ယောက်ကင်းတဲပေါ်ရောက်တဲ့အခါ ကင်းတဲရှေ့ကနေ အလောင်း 
ကြီးကတရွေ့ရွေ့ဖြတ်လျှောက်သွားသတဲ့။ သူတို့လည်း မျက်လုံး 
ပြူး မျက်ဆန်ပြူးနဲ့ အတောင့်လိုက်ကြီးလိုက်ကြည့်နေမိကြတယ် 
ဆိုပဲ။ 
အလောင်းကရွာထဲကနေပြန်ထွက်လာတာလေ။ သူတို့ပြောပြတာ 
တော့ အလောင်းကြီးက တောင့်တောင့်ကြီးလမ်းလျှောက်နေတယ် 
ပြောတယ်။ ကင်းတဲကိုဖြတ်ပြီးရွာအပြင်ပြန်ထွက်သွားတဲ့ 
အလောင်းနောက်ကို လိုက်လည်းမကြည့်ရဲ၊ ကင်းတဲမှာနှစ်ယောက် 
သား တဆတ်ဆတ်တုန်နေကြတာပေါ့။ ရွာအပြင်ဖက်အလောင်း 
စောင့်တဲ့သူတွေဆီလည်းမသွားရဲကြတော့ဘူး။ သူတို့တွေဝရုန်းသုန်း 
ကားပြေးလာကြမလားဘဲနားစွင့်နေကြတယ်။ သုံးချက်တီးလောက် 
ရောက်တော့ ရွာပြင်က အလောင်းစောင့်တဲ့သူ နှစ်ယောက်ကသုတ် 
သုတ် သုတ်သုတ်နဲ့ ကင်းတဲဆီရောက်လာကြတာပေါ့။ 
အလောင်းကဘယ်အချိန်ပြန်ရောက်နေမှန်းမသိဘူးတဲ့။ သူတို့လည်း 
စိတ်ပျက်လက်ပျက် ထိုင်နေကြတာ။ ''ချွတ်ကနဲ '' အသံကြားလို့ 
ကြည့်လိုက်တော့ အလောင်းကသူ့နေရာသူပြန်ရောက်နေသတဲ့။ 
အကုန်လုံးလည်းသွေးပျက်နေကြပြီ။ ရွာကလူတွေကိုလိုက်နိုးပြီး 
အကျိုးအကြောင်းပြောပြတော့ တစ်ရွာလုံးရွာပြင်ကိုလိုက်ကြည့်ကြ 
တယ်။ ရွာကအသက်ကြီးတဲ့သူတွေကကာလသားတွေကိုဆူကြတာ 
ပေါ့။ အလောင်းစောင့်ရင်း ဟင်းချက်စားရမလားဆိုပြီး။ စားတာက 
လည်း သူများအသက်၊ အချိန်က ညကြီးမင်းကြီးပေါ့၊ ရွာပြင်လည်း 
ဖြစ်သေးတယ်ဆိုပြီး ဆူကြတာ။ 
ကာလသားတွေကကြက်ကိုအရှင်ယူလာပြီး ချက်မယ့်နေရာရောက် 
မှ သတ်တာကိုး။ အဲ့ဒါကြောင့်ခုလိုဖြစ်တာလို့ပြောကြတာပဲ။ 
အလောင်းကိုပြန်ကြည့်ကြည့်တော့ ခြေထောက်နှစ်ဖက်လုံးပေပွလို့ 
တဲ့။ ရွာပြင် မှာရွာကလူတစ်ဝက်က မပြန်ဘဲစောင့်ကူကြတယ်။ 
မနက်လင်းမှအလျှိုလျှိုပြန်ကုန်ကြတာ။ ညစောင့်တဲ့သူတွေနဲ့ ရွာကလူတွေလူလဲစောင့်ကြပေါ့။ ဦးအံ့မောင်ပြန်လာရင် ထပ်အဆူခံရဦး 
မယ်ဆိုတာသိတော့ ကာလသားတွေလည်းငြိမ်ကုပ်နေကြရော။ ဉာဉ့် 
နက်လောက်ရောက်တဲ့အခါ ဦးအံ့မောင်နဲ့အတူ ရဲတွေရောက်လာပြီး 
အလောင်းကိုစစ်ဆေးကြတယ်။ စတွေ့တဲ့သူလည်းအစစ်ခံရတယ်။ 
အလောင်းကအနံ့တောင်ထွက်နေပြီ။ 
တာဝန်ရှိသူတွေလည်းအလောင်းကိုသယ်သွားကြတယ်။ သေတဲ့သူ 
ကဘယ်သူဆိုတာ မသိရသေးဘူး။ နောက်ဦးအံ့မောင်ပြောမှသိရ 
တာ သေတဲ့သူက အသတ်ခံရတာ။ ဘယ်သူဘယ်ဝါမှန်းမမှတ်မိ 
အောင် မျက်နှာတစ်ခုလုံးရိုက်နှက်ခံထားရတယ်။ ပြီးတော့ လူသတ် 
သမားဟာ အလောင်းကိုမှောက်ထားခဲ့တယ်တဲ့။ မှောက်ရက်ထား 
ခဲ့တဲ့အလောင်းဆို သတ်တဲ့သူမပေါ်ဘူးလို့ ဦးအံ့မောင်ကယုံကြည်နေ 
တယ်။ အဲ့ဒီကိစ္စကြီးဖြစ်ပြီး ရွာအပြင်ဖက်ကို ညနေဆိုမသွားရဲ မဖြတ် 
ရဲကြတော့ဘူး။ အလောင်းကြီးလမ်းထလျှောက်တဲ့ကိစ္စက တစ်ရွာ 
လုံးကို ချောက်ချားစေတာကို။ 
ကာလသားတွေကတော့ အဆူခံရတာမှပက်ပက်စက်စက်ပဲ။ အယူ 
သီးတဲ့ ဦးအံ့မောင်က အလောင်းကြီးရွာထဲဝင်လာပြီးလျှောက်သွား 
နေတာကြားကတည်းက စိုးရိမ်ပူပန်နေတော့တာ။ တစ်ရွာလုံးကို 
တရားနာ ရေမန်းသဲမန်းထပ်ပက်၊ ရွာစည်းချတာတွေလည်းလုပ်တာ 
ပေါ့။ ထူးဆန်းမှုလား၊ တိုက်ဆိုင်မှုလားမသိဘူး။ ရွာပြင်ကအလောင်း 
ပြီးတော့ ရွာထဲမှာ လူနှစ်ယောက်ထပ်သေတယ်။ သေတဲ့သူတွေက 
ရိုးရိုးတန်းတန်းပါပဲ။ ရောဂါနဲ့သေတာကတစ်ယောက်၊ အိပ်နေရင်း 
သေတာကတစ်ယောက်။ ဒါပေမယ့် သုံးလောင်းစလုံး တစ်ပတ်စီပဲ 
ခြားတာတော့ထူးဆန်းတယ်။ 
ငှက်ဆိုးကသုံးညဆက်တိုက်ထိုးခဲ့ပြီး သုံးလောင်းဆက်တိုက်သေ 
တာ ဦးအံ့မောင်တွေးသလို အတိတ်နိမိတ်ကမှန်တယ်ဆိုရမလား။ 
သေချာတာကတော့ ရွာကလူတွေအကုန် ဦးအံ့အောင်ကိုပိုပြီး ယုံ 
ကြည်အားထားလာကြတာပါပဲ။ ဒီအကြောင်းအရာက ကျွန်မ ၁၈နှစ် 
အရွယ်လောက်ကဖြစ်ခဲ့တာပေါ့။ အခုကျွန်မအသက် ၄၀ကျော်ပြီဆို 
တော့ နှစ်ပေါင်း ၂၀ကျော်ခဲ့ပြီ။ အခုချိန်မှာရွာကပြောင်းလဲသွားပါ 
ပြီ။ လမ်းပန်းဆက်သွယ်ရေးလည်းကောင်းသွားပြီ။ ဖုန်းတွေလည်း 
ရှိလာပြီ။ တစ်ခုခုဆို ချက်ချင်းသိရပြီလေ။ ကျွန်မလည်း ဘာမှနား 
မလည်ပေမယ့် အခုချိန်မှာပြန်တွေးမိတာကတော့ ရွာပြင်ကအလောင်း 
သာ ခုလိုဖုန်းတွေရှိချိန် လမ်းပန်းဆက်သွယ်ရေးကောင်းချိန်လိုသာဆို 
ရင် တရားခံများမိမလားရယ်လို့တော့ တခါခါတွေးမိနေတယ်။ 
သူ့မှာမိသားစုတွေသာရှိမယ်ဆိုရင် သေတာလည်းသိရှာမယ်မထင် 
ပါဘူး။ တွေးမိတိုင်းစိတ်မကောင်းဖြစ်မိတယ်။ လူ့ဘဝတွေက အချိုး 
အကွေ့သိပ်များလွန်းပါတယ်။ ရွာပြင်ကအလောင်းလိုအဖြစ်မျိုးဘယ် 
သူ့ကိုမှမဖြစ်စေချင်သလို အလောင်းကလမ်းထလျှောက်တဲ့ကိစ္စ 
လည်း ဘာရယ်ကြောင့်ဆိုတာ အဖြေရှာမရခဲ့ပါဘူး။ သေသွားတဲ့သူ 
ကတော့ ကျွန်မအပါအဝင်ရွာကလူတွေရဲ့ နှုတ်ဖျားမှာ ရွာပြင်က 
အလောင်းရယ်လို့ ပါးစပ်ရာဇဝင်တွင်ရစ်သွားပါပြီလေ။ 
သော်တာလမင်းစန္ဒာ