
Laptop ၏ထောင့်လေးတွင် message တစ်စောင်တက်လာ
သည်။ သို့သော်ဖွင့်ကြည့်မည်သူကမရှိ။ Laptop ကိုဖွင့်ခဲ့ပြီး မေ့ထား
ခဲ့ပုံရသည်။ ထို message မှစာတွေဆက်တိုက်ပို့လာနေ၏။
" ငါ..အိပ်မက်တွေထပ်မက်ပြန်ပြီ
ဟိုမိန်းမကြီးကိုပဲမက်နေတာဘယ်လိုလုပ်ရမလဲဟေ့ရောင်..."
" အိပ်ဖို့တောင်ကြောက်နေပြီကွ...
ကြာရင်ငါရူးသွားတော့မယ်ထင်တယ်..."
" ဟေ့ရောင်...ပြန်ပြောဦးလေ...
ငါဘာဆကျလုပျရမလဲ "
message များကမကြာခင်ရပ်သွား၏။ ဆက်မပို့လာတော့ပေ။
နာရီဝက်ခန့်ကြာသောအခါ Laptop ရှိရာအခန်းထဲသို့ လူတစ်
ယောက်ခေါင်းငိုက်စိုက်ငိုက်စိုက်ဖြင့် ဝင်လာလေသည်။ သူ၏ဆံပင်
များက ရှုပ်ပွနေပြီးလည်ဂုတ်ထိထောက်နေ၏။ မုတ်ဆိတ်မွေးများ
လည်း မရိတ်ဘဲထားသည်မှာမည်မျှပင်ကြာနေပြီမသိပေ။ တစ်
ကိုယ်ရည်သန့်ရှင်းမှုအားနည်းသဖြင့် တစ်ကိုယ်လုံးညှီနံ့ထောင်း
ထောင်းထနေသည်။ သူ၏မျက်လုံးများသည် အရောင်အဆင်းကင်းမဲ့
နေဟန်ရှိပြီး ကြည့်လိုက်သည်နှင့် ပျော်ရွှင်မှုများ ဆိတ်သုဉ်းနေ
မှန်း ပေါ်လွင်နေပေသည်။ သူသည် ဒေါက်တာတင်ထွန်းလတ်ပင်
ဖြစ်၏။
ဒေါက်တာက ထိုင်ခုံလေးကိုဆွဲယူထိုင်လိုက်သည်။ ထောင့်တွင်
ပေါ်နေသော message များကို အလေးထားပုံမရချေ။ Internet
ပေါ်မှ သတင်းများကိုသာဖတ်နေလေသည်။ သတင်းများကိုဖတ်နေရင်းသူ၏မျက်လုံးများက ပြူးကျယ်လာသည်။ သေရွာမှ
ပြန်လာသူ ဟုသတင်းကြီးနေသော သတင်းတစ်ပုဒ်ဖြစ်၏။
ဒေါက်တာတင်ထွန်းလတ်က သတင်းအရင်းအမြစ်ကိုလိုက်သည့်အခါ ထူးခြားမှုကိုတွေ့လိုက်ရတော့သည်။
လွန်ခဲ့သော တစ်ပတ်ခန့်က သေဆုံးသွားသော အဆိုပါအမျိုးသား
၏အမည်မှာ ကိုရန်ပိုင် ဟုခေါ်တွင်ပြီး သင်္ဂြိႋဟ်နီးအလောင်း
တစ်ညပျောက်သွားခဲ့သည်။ နောက်တစ်နေ့မနက်တွင် အသက်ရှင်
လျှက်အိမ်ပြန်လာသည်ဟု သူ၏ဇနီးသည်က ဝမ်းမြောက်စွာပြော
ကြားထားသော ဗီဒီယိုဖိုင်ကိုကြည့်ရလေသည်။ ဗီဒီယိုထဲတွင် သေရွာမှပြန်လာသူ ကိုရန်ပိုင်လည်းပါသည့်အခါ ဒေါက်တာသည် ထိုဗီဒီယို
ဖိုင်ကို ခေတ္တရပ်ထားပြီး zoom ဆွဲကြည့်၏။ ကိုရန်ပိုင်၏
ပုံကိုအနီးကပ်ဆွဲကာ သေချာစွာကြည့်ရှုနေသည်။ ထူးခြားမှုသည်
ကိုရန်ပိုင်၏မျက်လုံးတွင်ဖြစ်သည်။
သူ၏မျက်လုံးများက တစ်နေရာတည်းကိုစိုက်ကြည့်နေသည်။ သူ
စိုက်ကြည့်နေသောနေရာဖက်သို့ ရွှေ့ကြည့်သော်လည်း ဗီဒီယိုဖိုင်
ထဲမမြင်ရပေ။ ရသလောက်ရွှေ့ကြည့်ပြီး zoom ဆွဲလိုက်သည့်အခါ အရိပ်တစ်ခုကို ဝိုးတဝါးတွေ့လိုက်လေ၏။ ထိုအရိပ်မည်းမည်းသည် လက်ထဲတစ်စုံတစ်ရာကိုင်ထားသလိုပင်။ အရိပ်မည်း၏
လက်တွင်းမှအရာကို သေချာစွာကြည့်ပြီး ပုံဖော်နေမိသည်။ ထိုအရာသည် လူ၏နှလုံးနှင့်တူလာသယောင်ယောင်ဖြစ်လာသည်။
ဒေါက်တာတင်ထွန်းလတ် ထိတ်လန့်တကြားယောင်ပြီးအနောက်
သို့ပင်ဆုတ်လိုက်မိလေတော့၏။ ကိုရန်ပိုင်ဆိုသူသည်သေဆုံးခဲ့ပြီး အသက်ပြန်သွင်းခံရခြင်းလော။ သို့တည်းမဟုတ် အခြားသောသူ၏
ဝိဉာဉ်ဝင်ရောက်နေခြင်းလော။ သို့လောသို့လောဖြစ်လာရသည်။
ကိုရန်ပိုင်၏အမျိုးသမီးမျက်နှာကိုထပ်မံဆန်းစစ်ကြည့်စဉ် သူမ၏
မျက်နှာသည်ပျော်ရွှင်ဟန်ပြသော်လည်း မျက်လုံးများထဲ၌ စိုးထိတ်
နေဟန်ကိုတစ်ချက်ချက်မြင်တွေ့လိုက်ရသည့်အခါ ဒေါက်တာသည်
စိုးရိမ်မှုမြှင့်တက်လာလေတော့သည်။
ထိုဗီဒီယိုထဲတွင်ပါရှိသော လိပ်စာကိုဖုန်း note ထဲမှတ်လိုက်၏။
ပြီးနောက် ထောင့်ဖက်တွင်ပို့ထားသည့် message box တွင်
စာပြန်ရေးလိုက်သည်။
" နောက်တစ်နာရီလောက်နေပြီး လာခေါ်မယ်...
အဆင်သင့်ပြင်ထားလိုက် "
တစ်ဖက်မှ Message ပြန်ပို့လာသည်။
" ဘယ်သွားမလို့လဲ... ငါညနေချိန်းထားတာရှိသေးတယ်...
ဝယ်လက်လာလို့ ကားသွားပြရမှာ... ''
ဒေါက်တာသည် ရောက်လာသည့် message ကိုမသိဟန်ပြုရင်း
laptop ကိုပိတ်လိုက်၏။ ထို့နောက်ရေချိုးခန်းထဲဝင်ကာ မုတ်ဆိတ်
ရိတ်ပြီး ရေမိုးချိုးလိုက်သည်။ မိမိကိုယ်ကိုယ်သပ်သပ်ရပ်ရပ်ပြင်ဆင်
ပြီးနောက် အိမ်အောက်ထပ်တွင်ရပ်ထားသည့်ကားကို မောင်းထွက်
လာလေတော့သည်။ မကြာမှီ နှစ်ထပ်တိုက်တစ်လုံးရှေ့တွင်ကားရပ်
လိုက်ပြီး ဟွန်းတီးလိုက်သည့်အခါ အသားခပ်လတ်လတ်နှင့်လူတစ်
ယောက်ထွက်လာလေသည်။
" ဘယ်သွားမှာလဲ... လေးနာရီလောက်ချိန်းထားတာရှိသေးတယ်...
မှီတယ်မလား...''
ဒေါက်တာကမည်သည်မှမပြောဘဲ ခေါင်းတစ်ချက်ဝေ့ကာ ကားပေါ်
တက်ခိုင်းလိုက်သည်။ ကားပေါ်သို့တက်ထိုင်ရင်း ထပ်မံမေးမြန်း၏။
" ဘယ်ကိုလဲဟေ့ရောင်... ငါဖုန်းဆက်လည်းတစ်ချက်တောင်မကိုင်
ဘူး... မက်ဆေ့ပို့တာတောင်ဖြေချင်မှပြန်ဖြေတယ်...မင်းကွာ...''
" ထူးဆန်းတာတစ်ခုတွေ့တယ်နိုင်မင်းထွေး..."
" ဘာထူးဆန်းတာလဲ ''
" သေရွာပြန်တဲ့ ''
" ဟမျ ''
နိုင်မင်းထွေး ခေါင်းနဘန်းများကြီးသွားတော့သည်။
" ဟေ့ရောင်...တင်ထွန်းလတ်... ဒီကိစ္စတွေငါ...ငါ...မပါ...ချင်ဘူး
နော်... ခုထက်ထိအိပ်မက်ဆိုးတွေညတိုင်းမက်နေတုံးဟ... ငါမလုပ်
ချင်တော့ဘူး ''
ဒေါက်တာမှာကားဘရိတ်ကိုဆောင့်နင်းချလိုက်၏။ ထို့နောက်နိုင်မင်း
ထွေးဖက်သို့လှည့်ကာ...
" မပါချင်ရင်ဒီကလှည့်ပြန်သွားလိုက်တော့...ငါတို့ဇာတ်လမ်းမပြီးသေး
ဘူးဆိုတာမင်းသိတယ်... ဟိုမိန်းမကြီး... ထွက်ပြေးသွားတာလည်း
မင်းအသိပဲ...ဘယ်အချိန်ငါတို့ဆီပြန်ရောက်လာမယ်မပြောနိုင်ဘူး...
သူပြန်လာခဲ့ရင်... မင်းဒီအတိုင်းနေမှာလား... ပြောလေ ''
နိုင်မင်းထွေးမှာအတိတ်မှအရိပ်ဆိုးတစ်ခုကိုပြန်လည်မြင်ယောင်လာ
ခဲ့သည်။ ဖုတ်ကောင်ကြီးသည် ပါးစပ်မှသွေးသံရဲရဲများစီးကျရင်း တော
နက်ကြီးထဲပြေးဝင်ပျောက်ကွယ်သွားသောမြင်ကွင်းက မျက်လုံးထဲ
ဖျောက်ဖျက်မရနေပေ။ ဒေါက်တာတင်ထွန်းလတ်ပြောသည်ကလည်း
ဟုတ်သည်။ ထိုဖုတ်ဝင်နေသောအလောင်းကြီးမှာ ၎င်းတို့ထံတစ်နေ့
နေ့တစ်ချိန်ချိန်လာလိမ့်ဦးမည်မှာ သေချာ၏။ ထိုသို့ဆိုလျှင် ကြိုတင်
ပြင်ဆင်ထားခြင်းမရှိပါမူ အသက်ဘေးကြုံရပေလိမ့်မည်။
" တင်ထွန်းလတ်... အခုမင်းသွားမယ့်နေရာက ဖုတ်ကောင်သတင်း
ရလို့သွားတာလား "
" အဲ့လိုမဟုတ်ဘူး...ဒီမှာကြည့် ''
ဒေါက်တာက Laptop ကိုဖွင့်ကာ ဗီဒီယိုဖိုင်ကိုပြလိုက်၏။
" ဒီဗီဒီယိုနဲ့ ဟိုဖုတ်ကောင်နဲ့ဘာပတ်သက်လို့လဲကွ.... သူ့ဘာသာသူသေရွာကပြန်လာတာမဟုတ်ဘူးလား...''
" အပေါ်ယံကြည့်ရင်တော့ဟုတ်ပါတယ်... ဒါပေမယ့်ဘေးကအရိပ်
တွေ့လား...အရိပ်မည်းကြီး... သူ့လက်ထဲကိုင်ထားတာဘာလဲသေ
ချာကြည့် ''
နိုင်မင်းထွေးက zoom ဆွဲကြည့်သည်။ သူမြင်ရသည်ကမရေမရာ။
" ဗီဒီယိုရိုက်တဲ့သူတွေရဲ့အရိပ်နေမှာပေါ့ကွ ''
" မင်း အဲ့ဒီလူမျက်လုံးရောကြည့်ပြီးပြီလား... ''
ကိုရန်ပိုင်၏မျက်လုံးနေရာနှင့် အရိပ်မည်းနေရာကိုယှဉ်ကြည့်သည်။
နိုင်မင်းထွေးထိတ်လန့်သွား၏။
" ဒါ...ဒါက...ဘယ်လိုဖြစ်နိုင်မှာလဲ... ငါတို့တွေ့ခဲ့တာဟားခါးနားက
ရွာ...ဒါက ကလေးမြို့နားထင်တယ်... ကလေးမြို့က စစ်ကိုင်းတိုင်းထဲမှာမဟုတ်လား..."
" ရိုးရိုးပဲတွေးနိုင်မင်းထွေး... ချင်းပြည်နယ်နဲ့စစ်ကိုင်းကတစ်ဆက်
တည်းပဲ... ဘာလို့မဖြစ်နိုင်ရမလဲ ''
နိုင်မင်းထွေးမှာအလွန်ပင်ချောက်ချားသွားတော့သည်။
" တ...တကယ်ပဲ... ဟိုဖုတ်ကောင်ကြီးလား...''
" ငါလည်းမသိဘူး... သေချာအောင်သွားကြည့်ရမယ်...''
" ဘယ်တော့သွားကြမလဲ ''
" အခုပဲ ''
" ဟာ... ငါဘာမှမပြင်ရသေးဘူးလေကွာ... ''
" လိုတာလမ်းမှာဝယ်လိုက်... အချိန်မရှိဘူး ''
ဒေါက်တာက ကားကိုလမ်းပေါ်ပြန်တက်လိုက်ကာ အရှိန်ပြင်းပြင်း
မောင်းနှင်လိုက်တော့သည်။
ဗီဒီယိုဖိုင်ရိုက်ကူးထားသည့်နေရာသို့ရောက်သည့်အခါ ထိုနေရာသည်
ကလေးမြို့နှင့် လှမ်းသေး၏။ သာမာန် ရွာလေးတစ်ရွာသာဖြစ်သည်။
ရွာဖြစ်နေခြင်းကြောင့်လည်း ဒေါက်တာတင်ထွန်းလတ်ကပို၍စိတ်ပူမိ
သွားသည်။ ၎င်းတို့ကြုံခဲ့ဖူးသောဖုတ်ကောင်သည် မထင်မရှားရွာလေးများကိုသာပစ်မှတ်ထားတတ်သဖြင့်လည်း ယခုရွာလေးကို အသေး
စိပ်လိုက်စူးစမ်းနေမိခဲ့သည်။ ယခင်ကတော့လူစည်ကားဟန်မတူ
သော်လည်း သေရွာပြန်ဗီဒီယိုကြောင့် သတင်းထောက်များ
အလွန်များပြားစွာရောက်ရှိနေကြ၏။ ဒေါက်တာတို့လည်း သတင်း
ထောက်ဟန်ဆောင်ကာ ဝင်ရောလေတော့သည်။
သေရွာပြန်လာသူ ကိုရန်ပိုင်မှာ အိပ်ရာထဲခွေခေါက်နေသည်။ လူတွေ့
မခံချေ။ သူ၏ဇနီးဖြစ်သူသာ ဒိုင်ခံဧည့်ခံနေလေသည်။ သူမ၏အမည်
မှာ မမွန်လေး ဟုဆို၏။ သတင်းထောက်များကို ဖြစ်ကြောင်းကုန်စင်
ပြန်လည်ပြောပြနေသည်။ သတင်းထောက်များသည်လည်းတစ်ဖွဲ့ပြီး
တစ်ဖွဲ့ထပ်ရောက်လာပြီးထပ်မံမေးမြန်းကြသည့်အခါ မမွန်လေးမှာ
အပ်ကြောင်းထပ်အောင်ပြောလာနိုင်သည့်ပုံမပေါ်တော့ချေ။ ထပ်တလဲ
လဲပြောပြရသဖြင့် စိတ်ညစ်လေဟန်ဖြစ်ပေါ်နေလေ၏။ ဒေါက်တာနှင့်
နိုင်မင်းထွေးက ထိုအဖြစ်ကိုရိပ်မိပြီး ခပ်ဆိတ်ဆိတ်ပြန်ထွက်လာခဲ့ကြ
သည်။ ၎င်းတို့နှစ်ယောက်သည် မမွန်လေးအားမမေးမြန်းသေးဘဲ ရွာ
ထဲရှိ လူအချို့ကိုအရင်ဦးဆုံးမေးမြန်းကြည့်ခဲ့သည်။
တချို့တလေပြောပြကြသည်မှာ ကိုရန်ပိုင်သည် နာမကျန်းဖြစ်နေသည်
ကကြာရှည်နေပြီဟုပြောပြကြသည်။ တရှောင်ရှောင်ဖြစ်နေရာမှကုသ
နေသော်လည်းသက်သာမလာဘဲတစ်နေ့တစ်ခြားပိုပိုဆိုးလာခဲ့၏။
နောက်ဆုံးတွင်တော့ ဆုံးပါးသွားခဲ့လေသည်။ ၎င်းတို့ရပ်ရွာထုံးစံ
အတိုင်း အလောင်းအားသုံးညတိုင်ထားတတ်ကြသည်။ နောက်ဆုံး
ည သဂြိုလ်မည့်ရှေ့ရက်ဖြစ်သည်။ ထိုည၌ ထူးခြားမှုဖြစ်ခဲ့ကြ၏။
အလောင်းစောင့်နေသော ဖဲဝိုင်းရှိလူများအားလုံး ငိုက်မြည်းသွားကြ
သည်ဟုဆိုသည်။ ၎င်းတို့ငိုက်ရာမှနိုးလာသည့်အခါ ကိုရန်ပိုင်၏
အလောင်းမရှိတော့ဘဲပျောက်ဆုံးနေသည်ကိုသိရှိလိုက်ကြရတော့
သည်။
ပတ်ဝန်းကျင်တစ်ခုလုံးဆူဆူညံညံဖြစ်သွားကာ လိုက်ရှာကြသော်
လည်း အလောင်းကိုရှာမတွေ့ကြချေ။ အလောင်းကောင်ကြီးပျောက်
ဆုံးသွားသဖြင့် အားလုံးကထိတ်လန့်နေကြသည်။ မည်ကဲ့သို့ပျောက်
သွားမှန်း တွေးမရကြချေ။ အလောင်းခိုးယူခံရခြင်းသာဖြစ်မည်ဟု
တွေးကြသည့်သူကလူနည်းစုသာ။ အများစုက အလောင်းကောင်
ကြီးလမ်းထလျှောက်သည်ဟုထင်မြင်ကြ၏။ ဖုတ်ဝင်သွားပြီဟုလည်း
ပြောကြသည်။ သို့သော် မနက် ၅နာရီကျော် ၆နာရီအချိန်လောက်တွင်
ကိုရန်ပိုင်မှာ တစ်ရွေ့ရွေ့ဖြင့်ရွာထဲလမ်းလျှောက်ဝင်လာလေတော့၏။
စတင်တွေ့ရှိသောသူမှာ မဝင်းမြင့် ဆိုသူအမျိုးသမီးဖြစ်ကြောင်းပြောပြ
ကြသည်။
မဝင်းမြင့်မှာ မနက်အိပ်ရာထချိန်မြင်တွေ့ခြင်းဖြစ်၏။ ဒေါက်တာတို့
လည်း မဝင်းမြင့်နှင့်တွေ့ဆုံရမည်ဟုမှတ်သားထားလိုက်ကြသည်။
ကိုရန်ပိုင်အသက်ရှင်လျှက်ပြန်လာသည်ဟူသောသတင်းက တစ်မ
ဟုတ်ချင်းသတင်းပြန့်သွားတော့သည်။ အလောင်းပျောက်နေရာက
သေရွာမှပြန်လာခြင်းသည် အားလုံးအတွက်ထူးဆန်းနေလေ၏။
ထိုအချင်းအရာအား လူတစ်ယောက်က internet ပေါ်ဗီဒီယိုတင်
မိရာမှ သတင်းထောက်များရောက်လာကြပြီး ဗီဒီယိုဖိုင်များပြန့်နှံ့
သွားခြင်းသာဖြစ်တော့သည်။
ဒေါက်တာနှင့်နိုင်မင်းထွေးမှာ မဝင်းမြင့်ထံသွားရောက်တွေ့ဆုံသည့်
အခါ သူမတွေ့မြင်ခဲ့ရသည်များအားပြောပြလေသည်။ ကိုရန်ပိုင်က
ငေးတိငိုင်တိုင်ဖြင့် သူ၏အိမ်သို့ပြန်နေကြောင်း၊ သူမသည်လည်း
အလောင်းကောင်ကြီးထလာသည်ဟူ၍အလွန်တရာကြောက်ရွံ့မိ
ကြောင်း၊ အသံကုန်ဟစ်ကာအော်မိကြောင်းများကို စီကာပတ်ကုံး
ပြောပြရှာသည်။ ဒေါက်တာကမူ ပတ်ဝန်းကျင်မှပြောသည့်စကားများ
အားတိတ်ဆိတ်စွာသုံးသပ်နေလေ၏။ နိုင်မင်းထွေးသည် မဝင်းမြင့်ကို
လာဘ်ထိုးသည့်နှယ် လမ်းတွင်ဝယ်ယူလာသော မုန့်ပုံးများ အအေးဗူး
များလက်ဆောင်ပေးလိုက်သည့်အခါ မဝင်းမြင့်အကူအညီဖြင့် ကိုရန်
ပိုင်တို့အိမ်သို့ဝင်ရောက်ခွင့်ရသွားခဲ့သည်။
ကိုရန်ပိုင်ကအိပ်ရာပေါ်တွင်အိပ်နေပြီး မမွန်လေးမှာဧည့်သည်များ
ဧည်ခံထားရသဖြင့်ပင်ပန်းနေပုံရသည်။ ဒေါက်တာတင်ထွန်းလတ်က
၎င်းတို့သည်သတင်းထောက်များဖြစ်ကြောင်းကိုအရင်ဦးဆုံးပြောထား
သော်လည်း ကိုရန်ပိုင်ကိုမြင်သည့်အခါ စစ်ဆေးကြည့်ချင်လာသော
ကြောင့် အမှန်အတိုင်းဖွင့်ပြောတော့မည်ဟုဆုံးဖြတ်လိုက်သည်။ သို့
သော်အမှန်အတိုင်းပြောလိုက်ပါက မမွန်လေးခမျာထိတ်လန့်ကြောက်
ရွံ့သွားမည်ကိုလည်းစိုးရိမ်မိနေလေသည်။
" အစ်မ... ကျွန်တော်တို့သိချင်တာက... ''
" နေဦး...နိုင်မင်းထွေး... ငါအရင်မေးမယ် "
ဒေါက်တာကစကားစဝင်ဖြတ်ပြောလိုက်သည်။ ထို့နောက် မမွန်လေး
အား စူးစိုက်ကာကြည့်လိုက်ပြီး
" အားတော့နာတယ်မမွန်လေး... ကျွန်တော်လည်းသိချင်တာလေး
တွေရှိတော့ အားမနာနိုင်တော့ဘူး...မေးမယ်နော်...''
မမွန်လေးမှာ နားမလည်သလိုတစ်ချက်ကြည့်လာပြီးခေါင်းငြိမ့်ပြ၏။
" ကိုရန်ပိုင်ကို အားရှိအောင် အာဟာရပြည့်တာဘာတွေကျွေးလဲ ''
ထိုမေးခွန်းကိုကြားသည့်အခါ မမွန်လေးမှာ ထိတ်လန့်သွားဟန်ရှိ
သည်။ သူမတံတွေးကိုမြိုချလိုက်ပြီးလည်ချောင်းရှင်းလိုက်၏။
" ပုံမှန်အတိုင်းပါပဲ... ထမင်းနဲ့ဟင်းပဲကျွေးပါတယ် "
" ဘယ်လိုဟင်းမျိုးလဲ "
မမွန်လေးက ဒေါက်တာအားပြန်လည်ကြည့်လာသည်။ သူမ ပြန်
ဖြေဖို့မဝံရဲနေသလိုပင်။ မဖြေရဲ ဖြေရဲဖြင့်အဖြေပေးလာသည်။
" ကျွန်မတို့စားသလိုပဲပေါ့... ထမင်းနဲ့ဟင်းနဲ့ အရံဟင်းလေးတွေနဲ့
အဲ့ဒါပါပဲ..."
ဒေါက်တာမှာ မျက်မှောင်တစ်ချက်ကျုံ့သွားပြီးဆက်မေး၏။
" ကျွန်တော်မေးတာ ဘယ်လိုဟင်းအမျိုးအစားလဲမေးတာ..ဥပမာဗျာ..
သတ်သတ်လွတ်လား...အသားငါးလား... အသားငါးဆိုရင် အစိမ်း
လား...အကျက်လား... အဲ့ဒါသိချင်တာပါ "
ထိုစကားကြားသည့်အခါ မမွန်လေးမှာလှုပ်လှုပ်ရှားရှားဖြစ်သွားသလို
အိပ်ရာပေါ်အိပ်နေသော ကိုရန်ပိုင်ကလည်း ထထိုင်လာလေတော့
သည်။
" ခင်ဗျားတို့ဘာတွေလာမေးနေကြတာလဲ... ကျုပ်ဘာသာကျုပ်
ဘာစားစားခင်ဗျားအပူလား...ကျုပ်အိမ်ကထွက်သွားကြ ''
ကိုရန်ပိုင်မှာ ရှုးရှုးရှားရှားဖြင့် ထပြောလာသည့်အခါ မမွန်လေးပင်
ထိတ်လန့်သွားရတော့သည်။ မမွန်လေး၏ပုံစံမှာပြောပြချင်သော်
လည်း ချုပ်တီးထားရဟန်ရှိ၏။ ထိုအဖြစ်ကိုရိပ်မိပြီး ဒေါက်တာမှာ
မမွန်လေးကို လက်တို့ပြီးအိမ်အပြင်သို့ခေါ်ထုတ်လာခဲ့တော့သည်။
" ဘာဖြစ်လို့လဲရှင့် ''
" ကျွန်တော်မေးတာသေချာဖြေပေးမလား... သိပ်ကိုအရေးကြီးလို့
မေးရတာကိုနားလည်ပေးစေချင်တယ်..."
မမွန်လေးလည်း ထိတ်ထိတ်လန့်လန့်ဖြင့်ခေါင်းငြိမ့်ပြလေသည်။
" သူ့ကို အသားအစိမ်းကျွေးမိသလား ''
ထိုအခါ မမွန်လေးသည် အလွန်စိတ်လှုပ်ရှားလာဟန်ဖြစ်လာပြီး
အိမ်ဖက်သို့လှမ်းကြည့်လိုက်သည်။
" မမွန်လေး... သေသေချာချာလေးဖြေပေးပါ "
" ဟို... ကိုရန်ပိုင်က အမဲသားတောင်းတယ်... ကျွန်မဝယ်ပြီးချက်
ပေးမလို့လုပ်တော့ မချက်နဲ့လို့ပြောလာတာ...ဘာဖြစ်လို့လဲလို့မေး
ကြည့်တဲ့အခါ...သူက အသားကိုပါးပါးလေးပဲလှီးပေးပါတဲ့... ကျွန်မ
လည်းပါးပါးလေးဖြစ်အောင်လှီးပေးလိုက်တယ်... ကျွန်မထင်တာက
ကြော်ခိုင်းမယ်ထင်တာ...သူကလှီးထားတဲ့အသားတွေကို ပန်းကန်
ထဲထည့်ပြီး အားရပါးရစားတော့တာပဲ... ကျွန်မဒါကိုဘယ်သူ့မှမပြော
ပြရဲဘူး... ကျွန်မယောကျာ်းကိုဖုတ်ဝင်နေတယ်ထင်ပြီး... အဟင့်...
ဟင့်...ဟီး... ဖုတ်ဝင်တယ်လို့သမုတ်ကြရင်...ဟီး...အီး..ဟီး..."
ဒေါက်တာမှာ အတော်ပင်စိတ်မကောင်းဖြစ်သွားခဲ့သည်။ ယခင်က
သူကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသဖြင့် မမွန်လေးအပေါ် ပို၍သနားမိ၏။
" ဟုတ်ပြီ...ကျွန်တော်ကူညီမယ်...မမွန်လေးလည်းကျွန်တော့ကို
ပြန်ကူညီပေး...ကျွန်တော်မေးတာအမှန်အတိုင်းဖြေ ''
" ဟုတ်ကဲ့ ''
ဒေါက်တာကပင့်သက်တစ်ချက်ရှုရှိုက်လိုက်ပြီး
" ကိုရန်ပိုင်ဆုံးသွားတဲ့အချိန်က မမွန်လေး တစ်ခုခုအပေးအယူလုပ်
ခဲ့မိသလား... ''
" ရှင် ''
" အသက်ပြန်သွင်းပေးမယ်ဆိုတာမျိုးလာပြောလို့ အပေးအယူလုပ်ခဲ့
မိသေးလား ''
မမွန်လေးသည် အလွန်ပင်ထိတ်လန့်တုန်လှုပ်သွားတော့သည်။
" ရှင်...ဘယ်သူလဲ... ရှင်တို့သတင်းထောက်မဖြစ်နိုင်ဘူး "
ဒေါက်တာတင်ထွန်းလတ်သည်လည်း အမှန်အတိုင်းဖွင့်ပြောပြလိုက်
တော့သည်။
" ကျွန်တော်ကဆရာဝန်ပါ...ဒေါက်တာတင်ထွန်းလတ်... ကျွန်တော့
သူငယ်ချင်းနာမည်ကနိုင်မင်းထွေးလို့ခေါ်ပါတယ်... ကျွန်တော်လွန်ခဲ့
တဲ့ ( ၇ )နှစ်လောက်က ချင်းပြည်နယ်မှာတာဝန်ကျရင်း ကျွန်တော့
အမျိုးသမီးကိုဆုံးရှုံးခဲ့ရတယ်... မမွန်လေးလိုပဲ... သူ့ကိုအဆုံးရှုံးမခံ
နိုင်လို့ အသက်ပြန်သွင်းခဲ့မိတာပေါ့... "
" အသက်ပြန်သွင်းတယ်... တကယ်ကြီးလားရှင်... ရှင့်မိန်းမရော...
အခုဘယ်မှာလဲ... ''
" မရှိတော့ပါဘူး... "
" ဖြစ်မှဖြစ်ရလေ... "
" မမွန်လေး အဲ့လိုလုပ်ခဲ့သလား "
မမွန်လေးမှာ မြေကြီးသို့စိုက်ကြည့်နေသည်။ ထို့နောက်
" ကျွန်မတို့ရွာကနေ ၄မိုင်လောက်ဆက်သွားရင် နေရာတစ်နေရာရှိ
တယ်... အဲ့ဒီနေရာမှာသစ်ပင်အကြီးကြီးရှိတယ်... သူများတွေပြော
ကြတာက သစ်ပင်ကြီးကဆုတောင်းပြည့်တယ်တဲ့... ကိုရန်ပိုင်ဆုံး
တဲ့အခါ ကျွန်မအဲ့ဒီသစ်ပင်ဆီသွားပြီး ပူဇော်ပသမိတယ်ရှင်... ပူဇော်
တဲ့အခါ ပွဲပေးရတာပေါ့... အုန်းပွဲငှက်ပျောပွဲတစ်ပွဲနဲ့ အသီးငါးမျိုး...
နောက်ပြီးထမင်းဖြူတစ်ပုံ... အသားသုံးမျိုးနဲ့ ပသရတယ်...ကျွန်မ
ဆုတောင်းခဲ့တယ်... ကိုရန်ပိုင်အသက်ပြန်ရှင်လာပါစေ...မျောနေတာ
ပဲဖြစ်ပါစေလို့ဆုတောင်းပြီးပြန်လာခဲ့တာ... သဂြိုလ်ခါနီးညမှာ...
သူ့အလောင်းပျောက်သွားတာပဲ... နောက်ရက်သူ့သူအိမ်ပြန်လာ
တယ်... အသားအစိမ်းတွေတောင်းတယ်... နေမကောင်းဖြစ်တုန်း
ကလိုပဲ...အိပ်ရာထဲခွေနေမြဲပဲ... ဒါကျွန်မလုပ်မိတာအကုန်ပါပဲရှင်...
ဆရာ...ကျွန်မအမှားလုပ်မိသွားပြီလား..."
" အဲ့ဒီသစ်ပင်အကြောင်းဘယ်လိုစသိတာလဲ "
" ရွာထိပ်က ကိုမြင့်အောင်ပြောပြလို့ သိတာပါ ''
" သူ့ဆီလိုက်ပို့ပေးလို့ရလား..."
" ရပါတယ်...ကျွန်မလိုက်ပို့ပေးမယ်... ''
ဒေါက်တာနှင့် မမွန်လေးတို့အိမ်ထဲပြန်ဝင်လာသည့်အခါ ကိုရန်ပိုင်
သည် မျက်ထောင့်နီဖြင့်နှစ်ယောက်လုံးကိုကြည့်နေ၏။ ပြီးနောက်
" မိမွန်... "
အေးစက်သောအသံကြီးဖြင့် မမွန်လေးကိုခေါ်လာသည်။
" ငါလူစိမ်းတွေနဲ့ပေါင်းတာ မကြိုက်ဘူး "
ထိုသို့ပြောလာသည့်အခါ မမွန်လေးမှာ တုန်လှုပ်သွားလေသည်။
မဝင်းမြင့် နားကပ်ကာ လေသံတိုးတိုးဖြင့်
" နောက်တစ်နာရီနေပြီးရင် ကျုပ်အိမ်ကထွက်လာမယ်ပြောပေး "
ဟုမှာလိုက်သည်။ မဝင်းမြင့်လည်းကြောင်တောင်တောင်ပြန်ကြည့်
ပြီး ဒေါက်တာတို့ကိုလက်တို့ကာ ထိုအိမ်မှပြန်ထွက်လာကြတော့
သည်။ ၎င်းတို့ထွက်ပြီး နှစ်အိမ်သုံးအိမ်ကျော်ရုံရှိသေး၏။ မမွန်လေး
တို့အိမ်မှာ အော်သံကိုကြားလိုက်ကြရသည်။ မမွန်လေး၏ ကျယ်
လောင်စူးရှသောအသံကပတ်ဝန်းကျင်တစ်ခုလုံးဖုံးလွှမ်းသွားချေပြီ။
ဒေါက်တာနှင့်နိုင်မင်းထွေးသည်လည်း ထိုအိမ်ဆီသို့အမြန်ပြေး
လာကြည့်သည်။ အိမ်ရှေ့သို့အရောက် မမွန်လေး၏အော်သံက
တိုးဝင်သွားသဖြင့် စိတ်ပူပန်သွားကြရသည်။ နိုင်မင်းထွေးမှာ
အသက်ရူသံပင်မြန်လာချေပြီ။ ဒေါက်တာသည်လည်း အိမ်ထဲသို့
ဝင်ရန် တံခါးဝသို့အရောက် ထိတ်လန့်စရာမြင်ကွင်းကိုမြင်တွေ့
လိုက်ရလေတော့သည်။
မမွန်လေးသည်မျက်လုံးပြူးထွက်နေပြီးငုတ်တုတ်ထိုင်နေ၏။ မမွန်
လေး၏နောက်တွင် ကိုရန်ပိုင်ကတောင့်တောင့်ကြီးရပ်နေကာ မျက်
ထောင့်နီကြီးဖြင့်ဒေါက်တာတင်ထွန်းလတ်ကိုကြည့်နေသည်။
ဒေါက်တာလည်းအိမ်ထဲလှမ်းအဝင် အိမ်တံခါးမှာ ရုတ်တရက်ဂျိမ်းကနဲ ပိတ်သွားလေသည်။
" မမွန်လေး... မမွန်လေး... ကိုရန်ပိုင်... တံခါးဖွင့်ပါဦး "
" ကိုရန်ပိုင်..."
ဒေါက်တာတင်ထွန်းလတ်နှင့် နိုင်မင်းထွေးတို့နှစ်ယောက်သား တံခါး
ကိုအပြင်မှ တဒုန်းဒုန်းထုနေကြသည်။ တံခါးမဖွင့်ပေးချေ။ ထိုစဉ်
မမွန်လေး၏ ကြောက်လန့်တကြား အော်ဟစ်ပြောလိုက်သံက လွင့်
ပျံလာလေသည်။
" ရှင်... ရှင်... မကောင်းဆိုးရွား... ဖုတ်ကောင်..ဖုတ်ကောင်ကြီး
အား... မလာနဲ့... မလာနဲ့... အား "
" မမွန်လေး... မမွန်လေး... တံခါးဖွင့်ပေးပါ..."
" နိုင်မင်းထွေး...တံခါးဖျက်ဝင်ကွာ..."
" ဟေ့ရောင်.. ရွာသားတွေဝိုင်းလာကြပြီ... ဘယ်လိုလုပ်မလဲ "
" ဘာဖြစ်လဲကွ...အိမ်ထဲမှာသေရေးရှင်ရေးဖြစ်နေတာ... သူတို့
ကိုလည်း ဖျက်ကူခိုင်းမယ် "
" မဟုတ်ဘူးဟေ့ရောင်... သေချာလည်းကြည့်ဦး "
နိုင်မင်းထွေးပြောမှ အနောက်သို့လှည့်ကြည့်မိသည်။ ၎င်းတို့အနောက်
တွင် လူလေးငါးဆယ်ယောက်ခန့်သည် ဖြူလျော့နေသောမျက်နှာနှင့်
မျက်လုံးနှစ်ဖက်နီရဲကာ ရပ်နေကြ၏။ ထို့နောက် ဒေါက်တာတင်ထွန်း
လတ်နှင့် နိုင်မင်းထွေးတို့နှစ်ယောက်အား မကျေမနပ်အကြည့်ဖြင့်
စူးစိုက်ကြည့်နေကြသည်အား မြင်တွေ့လိုက်ရသည့်အခါ ဒေါက်တာ
တင်ထွန်းလတ် အလွန်ပင်ထိတ်လန့်သွားမိတော့၏။ မည်သို့ဆက်
လုပ်ရမည်ကိုပင်မတွေးတတ်တော့ချေ။ ထိုသူများသည် သာမာန်
လူများမဟုတ်ကြသည်မှာတော့ သေချာနေချေပြီ။ ထိုသူများက ၎င်း
တို့ထံ တဖြည်းဖြည်းတိုးကပ်လာသလို အိမ်ထဲမှ မမွန်လေးသည်လည်း
တံခါးနားကပ်ခါ ငယ်သံပါအောင်အော်ဟစ်လာသည်တွင် ထိုအခိုက်
အတန့်သည် သွေးပျက်ချောက်ချားဖွယ်အတိဖြစ်နေလေပြီ။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
"လာမည့် အပတ်အင်္ဂါနေ့တွင့် အပိုင်း( ၂ ) ကို စောင့်မျှော်ဖတ်ရှုနိုင်ဖို့ လိုတရ ဆော့ဝဲလ်ကို ဒေါင်းလုဒ်ရယူပါ။"
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။