ပါဒါဘွန်းတိုက်စစ်မှူး၏ တူမဖြစ်သူ ဘိုင်ယန်ကွင်း၌ လဲကျသေဆုံး၊ ဆေးရုံသို့ ပို့ခဲ့သော်လည်း အသက်မမီ
mmtimes.com
|
2020-02-24



ပါဒါဘွန်း အသင်း၏ တိုက်စစ်မှူး စထရီလီမန်ဘာ။

ပါဒါဘွန်းတိုက်စစ်မှူး၏ တူမဖြစ်သူ ဘိုင်ယန်ကွင်း၌ လဲကျသေဆုံး၊ ဆေးရုံသို့ ပို့ခဲ့သော်လည်း အသက်မမီ

ဘွန်ဒက်စ်လီဂါကလပ် ပါဒါဘွန်း အသင်း၏ တိုက်စစ်မှူး စထရီလီမန်ဘာ၏တူမဖြစ်သူမှာ ဘိုင်ယန်မြူးနစ်အိမ်ကွင်း အလိုင်းယန့်အေရီနာတွင် သေဆုံးခဲ့ကြောင်း ဂျာမနီသတင်းများက ဖော်ပြခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် ဖေဖော်ဝါရီ ၂၁ ရက်က အိမ်ကွင်းတွင် ပါဒါဘွန်းနှင့် ကစားခဲ့ရာ လီဝမ်ဒေါ့စကီး၏ နောက်ကျ ဂိုးကြောင့် သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မန်ဘာ၏တူမဖြစ်သူမှာ အသက် တစ်နှစ် နှစ်လသာ ရှိသေးပြီး ပွဲချိန်အတွင်း ပွဲ ကြည့်စင်ပေါ်၌ ရှိနေခဲ့သည်။

လီဝမ်ဒေါ့စကီးသည် ပွဲချိန် ၈၈ မိနစ်၌ အနိုင်ဂိုး သွင်းယူခဲ့ပြီးနောက် ပရိသတ်များ အောင်ပွဲခံခဲ့ရာတွင် ကလေးငယ်မှာ လဲပြိုကျခဲ့သည်။ ထို့နောက် ကလေးငယ်ကို မြူးနစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ အသက်မမီခဲ့ပေ။ တိုက်စစ်မှူး မန်ဘာသည် ဘိုင်ယန်မြူးနစ်ပွဲတွင် ပွဲချိန် ၅၃ မိနစ်၌ လူစားလဲ ဝင်ရောက်ကစား ခဲ့သည်။

ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်နှင့်ပတ်သက် ၍ ပါဒါဘွန်းအသင်းနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့က မန်ဘာ၏မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။




Some text some message..