ဂီလ်မောဟာ ချဲလ်ဆီး အသင်းရဲ့ နောက်ထပ်ကန်တီလက်သစ်ဖြစ်လာနိုင်တယ်လို့ မေဆင်မောင့် ထောက်ခံ
ballonestar.com
|
2020-03-10


ချဲလ်ဆီးအသင်းကွင်းလယ်ကစားသမား မေဆင်မောင့်ကတော့ လူငယ်ကွင်းလယ်ကစားသမား ဂီလ်မောဟာ ချဲလ်ဆီးအသင်းရဲ့နောက်ထပ် ကန်တီလက်သစ်ဖြစ်လာနိုင်တယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။ဂီလ်မောဟာ ချဲလ်ဆီးအသင်းမှာ ပွဲထွက်ခွင့်ရတဲ့အချိန်မှာပဲ ရင့်ကျက်တည်ငြိမ်တဲ့ ကွင်းလယ်ကစားသမားတစ်ဦးရဲ့စွမ်းဆောင်ရည်မျိုး ပြသထားခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် ဂီလ်မောဟာ လီဗာပူးအသင်းကို အက်ဖ်အေဖလားမှာ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း တစ်ပွဲလုံးရဲ့အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပြီး အဲဗာတန်နဲ့ပွဲမှာလည်း ပြောင်မြောက်တဲ့စွမ်းဆောင်ရည်ကိုပြသထားခဲ့ပါတယ်။စကော့တလန်သားဟာ အဲဗာတန်နဲ့ပွဲမှာလည်း အသင်းရဲ့ကွင်းလယ်ကို အကောင်းဆုံးထိန်းချုပ်ကစားခဲ့တာ ဖြစ်ပါတယ်။“ကျွန်တော်သူ့ကို ကစားသမားအဖြစ်ကော ကောင်လေးတစ်ယောက်အဖြစ်ပါ သိပါတယ်။ ပြီးတော့ ကျွန်တော့်မှာ သူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကို ကျွန်တော်သံသယမရှိပါဘူး။ အဲ့တာကို ပြီးခဲ့တဲ့ ၂ ပွဲကိုကြည့်ရင်သိနိုင်ပါတယ်။ သူဟာ အသင်းရဲ့ကွင်းလယ်မှာ ရင့်ကျက်တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်”လို့ မေဆင်မောင့်က ပြောပါတယ်။“လူငယ်ကစားသမားတွေက အခုဆို အသင်းကြီးမှာ ပါဝင်ခွင့်ရဖို့ စိန်ခေါ်လာကြပါပြီ။ ဒါဟာ အသင်းအတွက် အရမ်းကောင်းပါတယ်”လို့ မေဆင်မောင့်က ဆိုပါတယ်။တနင်္ဂနွေနေ့က အဲဗာတန်နဲ့ပွဲကို ကန်တီတစ်ယောက်ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ဂီလ်မောက အဆိုပါပွဲစဉ်မှာ အသင်းရဲ့ ကွင်းလယ်နေရာမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။စကော့တလန်သားဟာ ကန်တီရဲ့နေရာကို အကောင်းဆုံးဖြည့်တင်းနိုင်ခဲ့ပြီး ကန်တီလိုခြေစွမ်းမျိုးနဲ့ အသင်းရဲ့ကွင်းလယ်ကို ထိန်းကျောင်းနိုင်ခဲ့ပါတယ်။“ကျွန်တော့်ရဲ့ပထမဆုံးပွဲက အရမ်းကောင်းခဲ့ပါတယ်။ အခုဆို ဂီလ်မောကလည်း အသင်းကြီးကို ရောက်လာခဲ့ပါပြီ။ ကျွန်တော့်ကိုယ်ကျွန်တော် နံပါတ် ၈ ကစားသမားအဖြစ် မြင်ပါတယ်။ ကစားသမားဘဝတစ်လျှောက်လုံး နံပါတ် ၁၀ နေရာမှာ ကစားခဲ့တာပါ။ အခုတော့ ကျွန်တော်ဘယ်နေရာမှာ ကစားရ ကစားရ အဆင်ပြေပါတယ်”လို့ မေဆင်မောင့်က ပြောကြားခဲ့ပါတယ်။





Some text some message..