PUBG MOBILE ၏ Myanmar Championship 2020 Spring Split ဖိုင်နယ် ဂိမ်းပြိုင်ပွဲကြီးကို Online သီးသန့်ပြိုင်ပွဲအဖြစ်သာ ကျင်းပသွားမည်ဖြစ်ပြီး LIVE Stream ပြသသွားမည်
ictdirectory.com.mm
|
2020-03-27

၂၀၂၀ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Yangon Convention Center ၌ ကျင်းပရန် မူလစီစဉ်ထားရှိသော PUBG MOBILE Myanmar Championship 2020 Spring Split ဖိုင်နယ်အဆင့်ဂိမ်းပြိုင်ပွဲကြီးကို Online သီးသန့်ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပသွား မည်ဖြစ်ပြီး ပရိသတ်များ ဘေးကင်းလုံခြုံစွာ ကြည့်ရှုအားပေးနိုင်ရန် PUBG MOBILE ၏ မြန်မာနိုင်ငံ တရားဝင် Facebook Page တွင် တိုက်ရိုက် LIVE Stream ပြသသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။

တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ရိုက်ခတ်နေသော COVID-19 အခြေအနေကြောင့် မြန်မာနိုင်ငံမှ PUBG MOBILE ကစားသမားများနှင့် PUBG MOBILE ပရိသတ်များ၏ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် Online သီးသန့်ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။ သို့သော် PUBG MOBILE ပရိသတ်များနှင့် ပြိုင်ပွဲ၏ ဖိုင်နယ်အဆင့်ထိ တက်ရောက်လာသော ကစားသမား အသင်းများ၏ အမာခံပရိသတ်များ အနေဖြင့် မိမိလုံခြုံဘေးကင်းရာတွင် နေထိုင်ရင်း ဖိုင်နယ်ပြိုင်ပွဲကြီးကို ကြည့်ရှုခံစား အားပေးနိုင်ရန် မတ်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တွင် နေ့လယ် ၁ နာရီမှ ည ၈ နာရီထိ PUBG MOBILE ၏ မြန်မာနိုင်ငံ Facebook Page မှ တိုက်ရိုက် LIVE Stream ပြသသွားမည်ဖြစ်သည်။

ဤ PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲကြီးသည် PUBG MOBILE ၏ အရှေ့တောင်အာရှဒေသအတွင်း အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး အရှေ့တောင် အာရှနိုင်ငံများမှအကောင်းဆုံး ကစားသမားအဖွဲ့များနှင့် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင်မည့် PMCO (PUBG MOBILE Club Opens) SEA Final ပြိုင်ပွဲကြီးအထိ ခေါ်ဆောင်သွားနိုင်မည့် စိတ်လှုပ်ရှားဖွယ် နိုင်ငံတွင်းပြိုင်ပွဲကြီးဖြစ်သည်။

အဆိုပါပြိုင်ပွဲကြီးကို MPT သည် Official Telecom Partner အဖြစ် ပူးပေါင်းကူညီပံ့ပိုးထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်လာသည့် eSport ကဏ္ဍကို တစ်ဖက်တစ်လှမ်းမှ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ် ထားပါသည်။ MPT သည် အရည်အသွေးမြင့်သည့် ဂိမ်းနှင့်ပတ်သက်သော အကောင်းဆုံး ဝန်ဆောင်မှုများကို မြန်မာနိုင်ငံရှိ မိုဘိုင်းလ်ဂိမ်းချစ်သူများဆီသို့ ယူဆောင်ပေးဖို့ ကတိပြုထားပါသည်။

MPT အနေဖြင့် သုံးစွဲသူများအတွက် 900 MB ပါဝင်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး PUBG MOBILE Data Pack ကို ၉၄၅ ကျပ်ဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် မိတ်ဆက်ခဲ့ပြီး မိမိကြိုက်နှစ်သက်ရာ အင်တာနက် သုံးစွဲမှုများကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။ PUBG Data Pack ကို ရယူသုံးစွဲလိုသူများအနေဖြင့် *8005# သို့ခေါ်ဆို၍ ရယူနိုင်ပြီး PUBG MOBILE ဂိမ်း Item များကိုလည်း ကံထူးနိုင်မည် ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများ အတွက် ပိုမိုစိတ်လှုပ်ရှားဖွယ်ရာ PUBG MOBILE ဝန်ဆောင်မှုများကို မကြာမီမိတ် ဆက်ပေးသွားမည်ဖြစ်ပြီး MPT ၏ တရားဝင်ဖေ့စ်ဘွတ် စာမျက်နှာနှင့် ဝက်ဘ်ဆိုက်တွင် ကြေညာပေးသွားမည် ဖြစ်သည်။

“COVID-19 အကျပ်အတည်းကို ရင်ဆိုင်နေရပေမယ့် ကစားသမားတွေနဲ့ ပရိသတ်တွေ ဘေးကင်းရှင်းဖို့နဲ့ သူတို့အတွက် အကောင်းဆုံး esports ဂိမ်းအတွေ့အကြုံ ပေးစွမ်းနိုင်ဖို့ကိုပဲ ကျွန်တော်တို့ PUBG MOBILE က အခုချိန်မှာ အဓိက အာရုံစိုက်ထားပါတယ်။ အခုကျင်းပမယ့် ဒီရာသီရဲ့ ချန်ပီယံပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ကြမယ့် ကစားသမားအဖွဲ့တွေအားလုံး အကောင်းဆုံးပြိုင်ပွဲဝင်နိုင်ဖို့နဲ့ မကြာခင်လတွေမှာ ကျင်းပသွားမယ့် တခြားအရှေ့တောင်အာရှက အကောင်းဆုံး ကစားသမားအဖွဲ့တွေနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် ပြိုင်ပွဲတွေ အတွက် သေချာပြင်ဆင်ပြီး အဆင်သင့်ဖြစ်နေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု PUBG MOBILE ၏ ကုမ္ပဏီ Tencent Thailand ၏ Head of Gaming Operations ဖြစ်သူ Mr. Andrew က ပြောကြား ခဲ့သည်။

ယခု PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲ ဖိုင်နယ်အဆင့် မတိုင်မီ ပြိုင်ပွဲဝင်အသင်းများသည် တစ်အုပ်စုလျှင် အသင်း ၂၀ ဖြင့် အုပ်စု ၆၀ ခွဲကာ အွန်လိုင်း Round ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အသင်း ၁၆ သင်း နှင့် ပြီးခဲ့သော ၂၀၁၉ ခုနှစ်တွင် PUBG MOBILE Myanmar Championship Offline ဂိမ်းပြိုင်ပွဲကြီးမှ ပထမနှင့် ဒုတိယရရှိသော အသင်း ၂ သင်း၊ စုစုပေါင်း ၁၈ သင်းသည် PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲ Final အဆင့်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အဆင့် ၁ အနိုင်ရသည့် အသင်းကို ကျပ်သိန်း ၁၅၀၊ အဆင့် ၂ ရရှိသည့် အသင်းကို ကျပ်သိန်း ၁၀၀၊ အဆင့် ၃ ရရှိသည့် အသင်းကို ကျပ် သိန်း ၆၀၊ အဆင့် ၄ ရရှိသည့် အသင်းကို ကျပ်သိန်း ၃၀၊ အဆင့် ၅ မှ ၈ ရရှိသည့် အသင်းများကို ကျပ် ၁၅ သိန်းစီ၊ အဆင့် ၉ မှ ၁၈ ရရှိသည့် အသင်းများကို ကျပ် ၁၀ သိန်းစီ ဆုကြေးငွေများ အသီးသီး ချီးမြှင့်သွားမည်ဖြစ်သည်။ ဤဖိုင်နယ်အဆင့်ပြိုင်ပွဲတွင် ထိပ်ဆုံးရရှိသော အသင်း (၄) သင်းသည် PMCO SEA Wildcard Final အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ ထို မြန်မာအသင်း ၄ သင်းနှင့်အတူ လာအို၊ စင်္ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောနိုင်ငံများမှ Online ပြိုင်ပွဲများမှ အနိုင်ရရှိသော အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်း တို့သည် PMCO SEA Wildcard Final အဆင့်တွင် Online မှတစ်ဆင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို PMCO SEA Wildcard Final အဆင့်တွင် ထိပ်ဆုံးရပ်တည်နိုင်သော အသင်း (၃) သင်းကသာ ကိုယ်ပိုင် League ရှိသော နိုင်ငံများ ဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံမှ အသင်းများ နှင့်အတူ PMCO SEA Final သို့ တက်လှမ်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ PMCO SEA Final ပြိုင်ပွဲကြီးတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိသည့် ဆုကြေးငွေများ ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။

ပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များအားလုံးကို PUBG MOBILE နှင့် MPT တို့၏ Official Facebook စာမျက်နှာတို့တွင် လေ့လာနိုင်ပြီး LIVE Streaming ကိုလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ PUBG MOBILE Myanmar Facebook Page - www.fb.com/PUBGMOBILE.MM.OFFICIAL MPT Facebook Page -

https://www.facebook.com/mptofficialpage/
Zawgyi Version

https://www.facebook.com/mptofficialpage/ Myanmar ICT Guide

Some text some message..