မန်ယူအတွက် ဖာဂူဆန်ရဲ့ အဆိုးဆုံး ကစားသမားခေါ်ယူမှု (၇)ခု
mizzimaburmese.com
|
2020-04-22

မန်ယူအသင်းနဲ့အတူ အောင်မြင်မှုတွေများစွာ ရယူခဲ့တဲ့ နည်းပြကြီး ဖာဂူဆန်ဟာ သူ့ရဲ့ လက်ထက်မှာ ကစားသမားကောင်းများစွာကို အသင်းအတွက် ခေါ်ယူပေးနိုင်ခဲ့ပြီး ရော်နယ်ဒို၊ နစ္စတယ်ရွိုင်း၊ ရွန်နီတို့လို ကစားသမားတွေက အသင်းရဲ့ ပုံရိပ်ကို မြှင့်တင်ပေးနိုင်ခဲ့တဲ့အထိ ကမ္ဘာကျော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖာဂူဆန်ဟာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့သူတစ်ယောက် မဟုတ်လေတော့ သူ့ရဲ့ ကစားသမားခေါ်ယူမှုတွေမှာ လွဲချော်ခဲ့ရတာလေးတွေလည်းရှိပါတယ်။ သူကတော့ မျှော်လင့်တကြီးနဲ့ခေါ်လိုက်ပေမယ့် ရောက်လာချိန်မှာတော့ ဘယ်လိုမှ သုံးမရအောင်ဖြစ်ခဲ့ပြီး အထင်နဲ့အမြင် လွဲခဲ့ရတဲ့သူတွေပေါ့။ အဲဒီ ကစားသမားတွေက ဘယ်သူတွေလဲဆိုတော့…..


(၁)။ ဘီဘီ

ပေါ်တူဂီကလပ် ဂွီမာရေ့စ်အသင်းကနေ ပေါင် (၇.၄)သန်းနဲ့ခေါ်ယူလိုက်တဲ့ ကွင်းလယ်လူ ဘီဘီရဲ့ ခြေစွမ်းဟာ မန်ယူအသင်းအတွက် ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ ရာသီကြိုခြေစမ်းပွဲတွေမှာ ဘီဘီရဲ့ ခြေစွမ်းကို လေ့လာရသလောက် အကောင်းဆုံးလို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ မန်ယူအသင်းအတွက် (၂)ပွဲပဲ ကစားပေးခဲ့ရတာပါ။ ၂၀၁၀-၂၀၁၄ ခုနှစ်အထိ မန်ယူအသင်းမှာ ရှိခဲ့တဲ့ (၄)နှစ်တာ ကာလအတွင်းမှာ ဘီဘီတစ်ယောက် အငှားချခံရတာတွေနဲ့ပဲ အချိန်ကုန်ပြီး နောက်ဆုံးမှာ ဘင်ဖီကာအသင်းဆီ ပြောင်းရွှေ့သွားရတော့တာပါပဲ။


ITV Football ✔ @itvfootball

Man United legend Bebe is 26 today


129 3:12 AM - Jul 12, 2016 Twitter Ads info and privacy 220 people are talking about this
(၂)။ ကလီဘာဆင်

ကလီဘာဆင်ကတော့ မန်ယူအသင်းကို ၂၀၀၃ ခုနှစ်မှာ ရောက်ရှိခဲ့တာပါ။ မန်ယူဟာ ဒီကစားသမားကို ဘာစီလိုနာ၊ လိဒ်ယူနိုက်တက်၊ ဆဲလ်တစ်တို့နဲ့အပြိုင် ခေါ်ယူခဲ့ရပြီး ပေါင် (၆.၅)သန်း ပေးခဲ့ရတာပါ။ သူက မန်ယူမှာ ရှိနေတဲ့ (၂)နှစ်တာ ကာလအတွင်းမှာ ပွဲပေါင်း (၂၀)ပဲ ကစားခဲ့ပြီး (၂)ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ သူပြောခဲ့တာကတော့ သူက ဘရာဇီးဘောလုံးကစားဟန်နဲ့ မွေးဖွားလာတဲ့သူဖြစ်ပြီး မန်ယူမှာတော့ အဲဒီလို ကစားနိုင်တဲ့သူမျိုး မရှိတာကြောင့် အံမဝင်ခဲ့တာဆိုပဲ။


Squawka Football ✔ @Squawka
ON THIS DAY: In 2003, Man United completed the signings of Cristiano Ronaldo and Kléberson.

Contrasting fortunes.



538 11:36 PM - Aug 11, 2017 Twitter Ads info and privacy 430 people are talking about this
(၃)။ မက်ဆီမို တိုင်ဘီ

၁၉၉၉ ခုနှစ်၊ မန်ယူအသင်းရဲ့ အဓိက ဂိုးသမား ရှမိုက်ကယ် တစ်ယောက် စပို့တင်းလစ္စဘွန်းအသင်းကို ပြောင်းရွှေ့သွားချိန်မှာ မန်ယူအသင်းအတွက် ဂိုးသမားတစ်ယောက် လိုအပ်လာခဲ့ပါတယ်။ အဲဒီမှာပဲ ဖာဂူဆန်ကြီးက အီတလီကလပ် ဗီနီဇီယာမှာ ကစားနေတဲ့ ဂိုးသမား တိုင်ဘီ ကို ပေါင်(၄.၅)သန်းနဲ့ ခေါ်လိုက်တာပါ။ စီးရီးအေမှာ လက်စွမ်းပြနိုင်ခဲ့တဲ့ ဂိုးသမားဟာ မန်ယူအသင်းဆီမှာတော့ ဘယ်လိုမှ လက်စွမ်းမပြနိုင်ခဲ့ပဲ အသင်းအတွက် (၄)ပွဲသာ ကစားကာ အသင်းပြောင်းသွားခဲ့ရပါတယ်။


MailOnline Sport ✔ @MailSport
Massimo Taibi made the most infamous goalkeeping mistake in Premier League history... the Man United flop reveals how Paul Scholes teased him about being beaten by 'old man Matt Le Tissier' - but insists 'I'm no Loris Karius!'

https://trib.al/6bRFber Massimo Taibi reveals how Paul Scholes teased him about infamous gaffe ALVISE CAGNAZZO IN ITALY: Every goalkeeper makes mistakes, but some mistakes live longer in the memory than others. Here, Massimo Taibi reflects with Sportsmail on his instant infamy. dailymail.co.uk
38 2:30 PM - Dec 25, 2019 Twitter Ads info and privacy See MailOnline Sport's other Tweets
(၄)။ ဇာဟာ

လက်ရှိမှာ ပဲလေ့စ်အသင်းရဲ့နာမည်ကျော် တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ ဇာဟာဟာ မန်ယူအသင်းဆီကို ၂၀၁၃ ခုနှစ်က ရောက်ရှိလာခဲ့တာပါ။ မန်ယူအသင်းဟာ ဇာဟာအတွက် ပေါင် (၁၅)သန်းတောင်ပေးခဲ့ရပြီး မန်ယူအတွက် (၂)ပွဲ ကစားပေးပြီးချိန်မှာ ပဲလေ့စ်အသင်းဆီ အငှားပြန်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ကာဒစ်ဖ်အသင်းဆီ အငှား၊ အဲဒီနောက် ပဲလေ့စ်ဆီ အငှားနဲ့ ထပ်မံရောက်ရှိခဲ့ပြီးတဲ့နောက်တော့ သူ့ရဲ့အသင်းဟောင်း ပဲလေ့စ်အသင်းဆီ ပြန်လည်ရောင်းချဖို့ သဘောတူလိုက်ရတော့တာပါပဲ။


MailOnline Sport ✔ @MailSport
'I was just a youngster who wanted to do tricks, I didn't even care about end product'

Wilfried Zaha admits Man United failure was his fault

https://dailym.ai/2JoZSoO
43 10:00 PM - Apr 25, 2018 Twitter Ads info and privacy 16 people are talking about this
(၅)။ ဗီရွန်

မန်ယူအသင်းရဲ့ ကွင်းလယ်နေရာအတွက် လာဇီယိုအသင်းကနေ စံချိန်တင် ပြောင်းရွှေ့ကြေး သုံးပြီးတော့တောင် ခေါ်လိုက်တဲ့ ဗီရွန်ကို သတိရနေကြဦးမှာပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီအာဂျင်တီးနားသားဟာ ထင်ထားသလို မဖြစ်လာခဲ့ပဲ အင်္ဂလိပ်တွေရဲ့ မာမာကျောကျော ကစားပုံနဲ့ အံမဝင်ဖြစ်ခဲ့တာပါ။ သူက မန်ယူအသင်းအတွက် (၅၁)ပွဲ ကစားပေးခဲ့ပြီး (၇)ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို များစွာရင်ဆိုင်ခဲ့ရပါတယ်။


UEFA Champions League ✔ @ChampionsLeague
Juan Sebastián Verón became the most expensive player in British football when he joined Man. United

#OnThisDay in 2001!


#UCL
2,895 2:24 AM - Jul 12, 2018 Twitter Ads info and privacy 350 people are talking about this
(၆)။ နစ်ခ်ပိုဝဲလ်

ခရူဝီအသင်းကနေ မန်ယူအသင်းဆီကို ရောက်ရှိလာတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားလေးဟာ မန်ယူအသင်းအတွက် တောက်ပလာမယ့် ကြယ်ပွင့်ဖြစ်လာမယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ သူ့ရဲ့ မန်ယူကစားသမားဘဝက အငှားနဲ့သာ အချိန်ကုန်သွားခဲ့ရပါတယ်။ ဖာဂူဆန်ဟာ အသက် (၁၈)နှစ်အရွယ် ကစားသမားလေးအတွက် ပေါင် (၆)သန်း သုံးခဲ့ပေမယ့် ဒဏ်ရာတွေ၊ အငှားချခဲ့ရမှုတွေကြားမှာ အဆင်မပြေခဲ့ပါဘူး။


Mirror Football ✔ @MirrorFootball
Nick Powell FORGOT to watch Man United's loss to Midtjylland - because he was playing FIFA

http://bit.ly/212uGT8
22 2:57 AM - Feb 19, 2016 Twitter Ads info and privacy 39 people are talking about this
(၇)။ ဂျမ်ဘာ ဂျမ်ဘာ

ကင်မရွန်းအသင်းရဲ့ လက်ရွေးစင်ဖြစ်ခဲ့ဖူးတဲ့ ဂျမ်ဘာဂျမ်ဘာဟာ မန်ယူအသင်းဆီကို ၂၀၀၃ ခုနှစ်က ရောက်ရှိလာခဲ့ပြီး တစ်ချိန်တည်းမှာ မန်ယူအသင်းဆီရောက်လာတဲ့ ရော်နယ်ဒိုနဲ့ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့တာပါ။ အရပ် ၅ ပေ ၁၁ လက်မသာရှိတဲ့ ကစားသမားဟာ ရွိုင်ကိန်းရဲ့နေရာကို အစားထိုးဖို့ မျှော်လင့်ထားခြင်းခံခဲ့ရပေမယ့်လည်း (၂)နှစ်အကြာမှာတော့ ဗီလာအသင်းဆီ ပေါင်(၁.၅)သန်းနဲ့ ပြန်လည်ရောင်းချခြင်းခံလိုက်ရပါတယ်။ မန်ယူဟာ သူ့ကိုခေါ်ယူခဲ့စဉ်တုန်းက ပေါင်(၃.၅)သန်း ပေးချေခဲ့ရတာပါ။


Squawka Football ✔ @Squawka

ON THIS TRANSFER DAY: In 2003, Man United signed Eric Djemba-Djemba for £3.5m from Nantes.


85 6:56 AM - Jul 3, 2015 Twitter Ads info and privacy 150 people are talking about this



Some text some message..