မန်ယူနိုက်တတ်အသင်း ကွင်းလယ်ကစားသမား ဖင်လိုင်နီ၏ စနိုက်ပါ ကန်ချက်
popolay.com
|
2018-12-17

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူကွင်းလယ်လူ ဖယ်လိုင်နီ ရဲ့ ကန်ချက်ကြောင့် ကွင်းထဲမှာထိုင်နေတဲ့ ကွင်းလုံခြုံရေးတစ်ယောက်ဟာ ထိုင်ခုံကနေ လဲကျခဲ့ရတယ်လို့သိရပါတယ်။ ပွဲကစား ချိန် ၈၄ မိနစ်မှာ ဖယ်လိုင်နီဟာ လီဗာပူးလ်အသင်းရဲ့ ဂိုးဧရိယာအတွင်းမှာ ခြေပဂိုးပြန်သွင်းနိုင်လောက်တဲ့ ဂိုးကန်သွင်း ခွင့်ကို ရရှိခဲ့ပါတယ်။





အဲ့ဒီအခွင့်အရေးကို ဖယ်လိုင်နီ ဟာ ရင်ဘတ်နဲ့ထိန်းကာ ဂိုးပေါက်ကိုချိန်ပြီးကန်လိုက်ပေမယ့် သူ့ရဲ့ကန်ချက်ဟာ ကွင်းထောင့်မှာထိုင်နေတဲ့ လုံခြုံရေးကိုထိမှန်ခဲ့ပါတယ်။အဲ့ဒီအဖြစ်အပျက်တွေမြင်ခဲ့ကြ တဲ့ ပရိသတ်တွေဟာ ဖယ်လိုင်နီ ရဲ့ ဂိုးကန်သွင်းမှု စွမ်းရည်ကို Twitter ပေါ်မှာ ” ကွင်းလုံခြုံရေးကတော့ ဖယ်လိုင်နီ ရဲ့ စနိုက်ပါနဲ့ ပစ်ခြင်းကိုခံလိုက်ရပြီ ” ၊ ” ဖယ်လိုင်နီ ကွင်းလုံခြုံရေးကို ခုံပေါ်ကနေလဲကျအောင် ကန်ချက်တစ်ချက်တည်းနဲ့ လုပ်လိုက်တာကို တွေ့ကြရဲ့လား ” ၊ ” ကွင်းထောင့်မှာထိုင်နေတဲ့ လုံခြုံရေးကိုတောင် ထိအောင်ကန်နိုင်တဲ့ ဖယ်လိုင်နီ ” လို့ ရေးသားကာ လှောင်ပြောင်ခဲ့ကြပါတယ်။





အဲ့ဒီပွဲစဉ်မှာမန်ယူအသင်းဟာအင်္ဂလန်ဒါဘီပြိုက်ဖက် လီဗာပူးလ်အသင်းကို ၃-၁ နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့အတွက် လီဗာပူးလ်အသင်းဟာ လိဂ်ပွဲ ၁၉ ပွဲဆက်တိုက်ရှုံးပွဲမရှိကစားနိုင်တဲ့အသင်းဖြစ်လာပြီး မန်ယူအသင်းကတော့ထိပ်ဆုံးက လီဗာပူးလ်နဲ့ ၁၉ မှတ်ပြတ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် မသေချာတဲ့အခြေအနေရောက်ခဲ့ကြရပါတယ်။






Some text some message..