
ဖုန်းတွေ အမြဲသုံးနေတာ တကယ့်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ကိုယ့်ရဲ့ မျက်စိကျန်းမာရေးကိုလည်း ထိခိုက်စေပါသေးတယ်။ ဖုန်းတွေ မသုံးလည်း ပျော်စရာ ဖန်တီးလို့ ရပါတယ်။ ဖုန်းနဲ့ ဂိမ်းဆော့တာ မဟုတ်လည်း အပြင်မှာ ဆော့လို့ ရတဲ့ ဂိမ်းတွေ ရှိနေပါတယ်။ သူငယ်ချင်းတွေနဲ့ ဖြစ်စေ၊ မိသားစုတွေနဲ့ ဖြစ်စေ ပျော်စရာ အချိန်တွေ ဖန်တီးနိုင်မယ့် ကစားနည်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) မိုနိုပိုလီ
ငယ်ငယ်တုန်းက မကြာခဏ ဆော့ခဲ့ဖူးတဲ့ ဒီကစားနည်းကို မှတ်မိကြဦးမှာပါ။ ငယ်ဘဝ အလွမ်းပြေ အနေနဲ့လည်း ဆော့လို့ ရတာမို့ အိမ်မှာ မိသားစုနဲ့အတူ ဆော့သင့်တဲ့ ကစားနည်း တစ်ခု ဖြစ်ပါတယ်။

Photo by cottonbro from Pexels
(၂) ဒိုးဇက်
ဒါလည်းပဲ ကျောင်းကို သယ်ပြီး ဆော့ခဲ့ကြတဲ့ ကစားစရာပါပဲ။ အခုချိန်ထိ ဆော့တတ်ရင် အသုံးဝင်နေသေးတဲ့ ကစားနည်း ဖြစ်ပါတယ်။ မောင်နှမတွေ အားလပ်ချိန်မှာ ဒိုးဇက် ဆက်ရင်း ပျော်စရာ အချိန်တွေကို အတူ ပြန်ရှာလို့ ရပါတယ်နော်။

Photo by Dominika Roseclay from Pexels
(၃) UNO
ဒါကတော့ ဖုန်းမှာလည်း ဆော့လို့ရတဲ့ ကတ်ကစားနည်း တစ်ခု ဖြစ်ပါတယ်။ သိပ်ကို ပျော်ဖို့ ကောင်းတာမို့ ပျော်ပွဲစားထွက်တဲ့အခါ၊ သူငယ်ချင်းတွေနဲ့ ခရီးထွက်တဲ့အခါ ဆော့သင့်သလို အိမ်မှာ နေရင်းနဲ့လည်း ဆော့လို့ ရပါသေးတယ်။

Photo by Edgar Colomba from Pexelr
(၄) Scrabble
စာလုံးတွေ ဆက်တဲ့ ဒီကစားနည်းက အင်္ဂလိပ်စာ ဝေါဟာရကိုလည်း ပိုပြီး ကြွယ်ဝစေသလို အပျင်းလည်း ပြေစေပါတယ်။ အမှတ်တွေတွက်ပြီး ဆော့ရတာ ဖြစ်လို့ အပြိုင်အဆိုင်ဆော့ရင်းနဲ့ ပျော်စရာ သိပ်ကောင်းပါတယ်။

Photo by Emris Joseph from Pexels
Kham