မက်ဆီ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပြီး ဟော်လာ စံချိန်သစ်တင်ခဲ့တဲ့ ယမန်နေ့ည ချန်ပီယံလိဂ်ပွဲစဉ်တွေရဲ့ ပွဲပြီးအချက်အလက်များ
ballonestar.com
|
2021-11-25

ပီအက်စ်ဂျီအသင်းဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီး နောက်တစ်ဆက်ကို ဒုတိယနေရာကနေပဲ တက်ရဖို့ များသွားခဲ့ပါတယ်။ မက်ဆီနဲ့ နေမာတို့ဟာ အဆိုပါပွဲစဉ်အတွင်း အကောင်းဆုံးပုံစံ မရခဲ့ပေမဲ့ မက်ပီက ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။

ဒါပေမဲ့ မန်စီးတီးက အကောင်းဆုံး comebckနဲ့ ပြန်လာကာ နိုင်ပွဲရယူပြီး အုပ်စုပထမနေရာကနေ နောက်တစ်ဆင့်တက်ဖို့ သေချာသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ်၊ အင်တာ၊ စပို့တင်းတို့ နောက်တစ်ဆက်တက်ဖို့ သေချာသွားပေမဲ့ ဒေါ့မွန်ကတော့ ယူရိုပါလိဂ်သာ ဆက်ကန်ရဖို့ ရှိနေပါတယ်။

ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ ချန်ပီယံလိဂ်ညချမ်းအတွင်း စိတ်ဝင်စားစရာဖြစ်ခဲ့တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အတွဲအဖက်မမိခဲ့ပြန်တဲ့ မက်ဆီနဲ့ ပီအက်စ်ဂျီ

=====================

ပိုချက်တီနိုရဲ့ အနာဂတ်က မသေချာပဲ ဖြစ်နေချိန် ပီအက်စ်ဂျီအသင်းဟာ  မန်စီးတီးနဲ့ ပွဲစဉ်မှာ လုံလောက်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်း မရှိခဲ့ပါဘူး။ မန်စီးတီးအသင်းဟာ ပထမပိုင်းအတွင်း စိုးမိုးထားခဲ့ပြီး မက်ပီက ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုး သွင်းခဲ့ပေမဲ့ စတာလင်၊ ဂျီးဆပ်စ်တို့ရဲ့ ဂိုးတွေနဲ့အတူ စီးတီးတို့ ပြန်အနိုင်ရခဲ့ပါတယ်။

မက်ဆီကြောင့် မက်ပီရဲ့ ဂိုးက ရရှိခဲ့တာ ဖြစ်ပြီး နေမာအပါအ၀င် တိုက်စစ် ၃ယောက်က ပီအက်စ်ဂျီအတွက် အဖြေတွေထက် ပြဿနာတွေသာ ပိုဖန်တီးခဲ့ကာ အဆိုပါ ကစားသမား ၃ယောက်က လက်ကျန် ကစားသမားတွေနဲ့ အဆက်အသွယ် ပျက်နေခဲ့ပါတယ်။

အဆိုပါ ကစားသမား၃ယောက်ဟာ ရှုံးပွဲအတွက် စိတ်ပျက်နေမှာ မှန်ပေမဲ့ ခံစစ်ပိုင်း မကူမှုကြောင့် ပီအက်စ်ဂျီ ခံစစ်မှာ လူမရှိပဲ ဖြစ်နေတတ်ပါတယ်။ ပီအက်စ်ဂျီနဲ့ စီးတီးတို့ဟာ အုပ်စုအဆင့်ကနေ တက်သွားပြီ ဖြစ်ပေမဲ့ ပီအက်စ်ဂျီကတော့ အဝေးကွင်း ၃ပွဲဆက် နိုင်ပွဲပျောက်ကာ ပြဿနာ များနေခဲ့ပါတယ်။

ဟော်လာရဲ့ ချန်ပီယံလိဂ် စံချိန်သစ်

===================

အေဂျက်စ်တိုက်စစ်မှူး ဟော်လာဟာ ယခုနှစ် ချန်ပီယံလိဂ်မှာ ပြောစရာပုံပြပုံပြင်တစ်ပုဒ် ဖြစ်ခဲ့ပြီဖြစ်ပြီး စပို့တင်းနဲ့ ပွဲဦးထွက်မှာတင် ၄ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အလားတူ ဘက်ဆစ်ဆက်နဲ့ ၂ကျော့စလုံး၊ ဒေါ့မွန်နဲ့ပွဲ ၂ကျော့စလုံးမှာလည်း ဂိုးတွေ သွင်းနိုင်ခဲ့ကာ ၅ပွဲမှာ ၉ဂိုးအထိ သွင်းထားခဲ့ပါတယ်။

ဒါကြောင့် ဟော်လာဟာ ယခင်က ဟာလန်းရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ပထမ ၅ပွဲအတွင်း ဂိုးအများဆုံး သွင်းနိုင်တဲ့စံချိန်ကို ရရှိခဲ့ပါတယ်။

စပို့တင်းကို ရှုံးခဲ့ပြီးနောက် ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ ဒေါ့မွန်

=====================

ဒေါ့မွန်အသင်းဟာ ယမန်နေ့ညက စပို့တင်းကို ရှုံးခဲ့ပြီးနောက် ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။ ဂွန်ကယ်ဗက်စ်ရဲ့ သွင်းဂိုး၂ဂိုးနဲ့အတူ ပိုရိုရဲ့ ဂိုးကြောင့် စပို့တင်းတို့ ၃ဂိုးပြတ်ခဲ့ပြီး မယ်လန်ရဲ့ ဂိုးကြောင့် ဒေါ့မွန်ုတို့ နှစ်သိမ့်ချေပဂိုးသာ ရခဲ့ကာ ယူရိုပါလိဂ် သွားကစားရတော့မှာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဒေါ့မွန်ကွင်းလယ်လူ အမ်မရီချန်လည်း အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာကြောင့် အသင်းအတွက် ပိုဆိုးသွားစေခဲ့ပါတယ်။ စပို့တင်းကတော့ ၂၀၀၉ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်အဆင့်ကို ပထမဆုံး တက်ရောက်သွားခဲ့ပါတယ်။

အသက်မဲ့နေရာကနေ ပြန်လည်နိုးထလာတဲ့ အေစီမီလန်

==================

အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ် ပထမဆုံး ၄ပွဲကနေ ၁မှတ်သာ ရခဲ့ပေမဲ့ ယမန်နေ့ည အက်သလက်တီကိုအား နိုင်ခဲ့ပြီးနောက် နောက်တစ်ဆင့်တက်ရေး ပြန်အသက်ရှိလာခဲ့ပါတယ်။ မက်ဆီယက်စ်ရဲ့ နောက်ကျဂိုးကြောင့် အေစီမီလန်ဟာ အက်သလက်တီကိုနဲ့ ၄မှတ်စီ တူညီသွားပေမဲ့ ၂သင်းစလုံးက အုပ်စုပြုတ်မယ့် အခြေအနေမှာလည်း ရှိနေပါသေးတယ်။

၂သင်းစလုံးက ပေါ်တိုနဲ့ ၁မှတ်သာ ကွာတာဖြစ်ပြီး နောက်ဆုံး ပွဲစဉ်မှာ ပေါ်တိုနဲ့ အက်သလက်တီကို၊ အေစီမီလန်နဲ့ လီဗာပူးပွဲတွေက အဆုံးအဖြတ် ဖြစ်လာမှာပါ။





Some text some message..