ခံစစ်အုတ်တံတိုင်းကြီးအဖြစ် တင်စားချီးကျူးခံခဲ့ရတဲ့ ဒီဂီယာ
ballonestar.com
|
2022-01-20

ယူနိုက်တက်အသင်း ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ ယမန်နေ့ညက ဘရန့်ဖို့ဒ်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ထပ်မံလက်စွမ်းပြနိုင်ခဲ့ပြီးနောက် အထူးချီးကျူးခြင်းခံခဲ့ရပါတယ်။ စပိန်လက်ရွေးစင် ဒီဂီယာဟာ ပထမပိုင်းမှာ အိမ်ရှင်ဘရန့်ဖို့ဒ်ရဲ့ ထိုးဖောက်ကန်သွင်းမှုတွေကို အထူးလက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး ယူနိုက်တက်လည်း ဒုတိယပိုင်းမှာ ပုံမှန်ခြေစွမ်းပြရကာ အမှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းအပြီးမှာပဲ ယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ရီယိုဖာဒီနန်က ''ဒီဂီယာသာမကယ်ရင် ပထမပိုင်းမှာကတည်းက ကျွန်တော်တို့အသင်း ၂ ဂိုး၊ ၃ဂိုးလောက်တော့ အသာလေးပေးနေရပါပြီ။ သူက အုတ်တံတိုင်းကြီးလိုပါပဲ။ ဒီနေရာမှာ ဒီလိုထိုင်ပြီး ဒီလိုအကြောင်းတွေ ဘယ်လောက်များ ပြောခဲ့ပြီးပြီလဲ''လို့ ချီးကျူးပါတယ်။

ပြိုင်ဘက် ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်ကိုယ်တိုင် ဒီဂီယာ လက်စွမ်းပြနေတယ်ဆိုတာ လက်သင့်ခံခဲ့ပြီး ပွဲအပြီးမှာ ''ဒီဂီယာလက်စွမ်းပြနိုင်ခဲ့ပါတယ်။ သူသာ လက်စွမ်းမပြနိုင်ရင် ကျွန်တော်တို့အသင်း ပထမပိုင်းမှာ အနည်းဆုံးတစ်ဂိုးတော့ ရမှာပါ။ ကျွန်တော်တို့အသင်း ပထမပိုင်းမှာ ကိုယ့်နည်းလမ်းအတိုင်း ကစားနိုင်ခဲ့ပါတယ်''လို့ ပြောပါတယ်။

ဒီဂီယာဟာ ပထမပိုင်းမှာ သေချာပေါက်ဂိုးသွားပြီလို့ထင်ရတဲ့ ကန်ချက်တွေကို ခြေထောက်နဲ့ ကာကွယ်နိုင်ခဲ့ပေမယ့် သူ့ရဲ့နေရာယူမှုတွေကလည်း မေးခွန်းထုတ်စရာမလိုအောင် ဖြစ်ခဲ့ပြီး ဖာဒီနန်နဲ့ ဖရန့်တို့အပြင် ပရိသတ်တွေကလည်း လူမှုမီဒီယာမှာ အသီးသီးချီးကျူးခဲ့ကြပါတယ်။





Some text some message..