ဝက်စ်ဝုဒ် အနီကတ် မထိခဲ့တာနဲ့ ပတ်သက်ပြီး အာဆင်နယ် ပရိသတ်တွေ ပေါက်ကွဲနေ
ballonestar.com
|
2022-01-24

အာဆင်နယ် အသင်းဟာ တနင်္ဂနွေနေ့တုန်းက အိမ်ကွင်းမှာ ဘန်လေ အသင်းကို သရေသာ ကန်နိုင်ခဲ့တာကြောင့် ထိပ်ဆုံး ၄ သင်းနေရာ အတွက် အနည်းငယ်ခက်ခဲလာဖွယ်ရှိနေပါတယ်။ ၂ သင်းစလုံးဟာ ရုန်းကန်နေရပြီး အဲ့ထဲမှာ ပြောစရာတစ်ချက်က ပထမပိုင်းမှာ ဝက်စ်ဝုဒ်တစ်ယောက် တီယာနေးကို တက်နင်းခဲ့တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။

တီယာနေးက ဘောလုံးဦးခဲ့ပေမယ့် ဝက်စ်ဝုဒ်က နောက်ကျမှရောက်လာခဲ့ပြီး အာဆင်နယ်စတားရဲ့ ဘယ်ခြေကို သိသိသာသာနင်းခဲ့တာဖြစ်ပါတယ်။ ဘန်လေစတားဟာ အဆိုပါဖျက်ထုတ်မှုကြောင့် အဝါကတ်သာထိခဲ့ပြီး အာဆင်နယ်ပရိသတ်တွေက ကွင်းလယ်ဒိုင် ဒေးဗစ်ကိုတီရဲ့ ဆုံးဖြတ်ချက်မပြတ်သားမှုကို VAR ကြားဝင်ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

တွစ်တာမှာအဆိုပါဖြစ်ရပ်အပြီး ပရိသတ်တစ်ဦးက "ဝက်စ်ဝုဒ်က တီယာနေးကို ပြင်းထန်တဲ့ဖျက်ထုတ်မှု လုပ်ခဲ့ပေမယ့် အဝါကတ်ပဲရခဲ့ပါတယ်”လို့ ရေးသားခဲ့ပါတယ်။ “ဝက်စ်ဝုဒ်ရဲ့ဖျက်ထုတ်မှုက တီယာနေးရဲ့ ခြေထောက်ကို သိသိသာသာကြီးနင်းခဲ့တာပါ။ အဲ့တာက ရုပ်ဆိုးလွန်းပါတယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တစ်ဦးက အဆိုပါဖြစ်ရပ်မှာ ဝက်စ်ဝုဒ် အထုတ်ခံခဲ့ရသင့်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ဖြစ်ခဲ့ပေမယ့် ဝက်စ်ဝုဒ်က ကွင်းထဲမှာ ဆက်ရှိနေခဲ့ပြီး ဘန်လေ အသင်းကို အဖိုးတန်သရေတစ်မှတ် ရရှိစေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကတော့ အဆိုပါသရေပွဲကြောင့် အဆင့် ၄ နေရာက ယူနိုက်တက်နဲ့ ၂ မှတ်ကွာ အနေအထားကို ရောက်ရှိခဲ့ပါတယ်။





Some text some message..