ကမ္ဘာ့ဖလားကနေ ထွက်ခွာရပြီးနောက် တောင်းပန်စကားဆိုလိုက်တဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်
ballonestar.com
|
2022-12-07

ဘရာဇီးအသင်းကို ၄-၁ ဂိုးနဲ့ အရေးနိမ့်ပြီး ကမ္ဘာ့ဖလားကနေ တောင်ကိုရီးယားအသင်း ထွက်ခဲ့ရပြီးနောက် အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်းပန်စကားဆိုလိုက်ပါတယ်။

ဆွန်ဟောင်မင်ဟာ တနလာၤညတုန်းက ဘာမှသိပ်လုပ်မပြနိုင်ခဲ့ပဲ ဘရာဇီးအသင်းရဲ့ ၄ ဂိုးပြတ် ဦးဆောင်ခြင်းခံခဲ့ရကာ ပတ်ဆွန်ဟိုက ၇၆ မိနစ်မှာ ချေပဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့လားရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ဘယ်တုန်းကမှ အနိုင်မရခဲ့တာဖြစ်ပါတယ်။

“သူတို့မျှော်လင့်ချက်တွေကို မဖြည့်ပေးနိုင်တဲ့အတွက် ကျွန်တော်တို့ပရိသတ်တွေကို တောင်းပန်တာပဲ လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်ခဲ့ပေမယ့် ခက်ခဲတဲ့ပွဲတစ်ပွဲကို ကစားခဲ့ရတယ်လို့ ထင်ပါတယ်။ သို့ပေမယ့် ကစားသမားအားလုံး အကောင်းဆုံး လုပ်ဆောင်ခဲ့ကြတယ်ဆိုတာကို သံသယရှိစရာမလိုပါဘူး။ သူတို့ အလုပ်ကြိုးစားခဲ့ကြပါတယ်။ ပြီးတော့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေလည်း အခုပွဲအတွက် အကောင်းဆုံး ပြင်ဆင်ခဲ့ကြပါတယ်။ မင်းတို့နားလည်ကြလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”လို့ ဆွန်ဟောင်မင်က ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းနည်းပြ ဘန်တိုကတောာ့ ဘရာဇီးကို အရေးနိမ့်ပြီးနောက်မှာ အသင်းမှာ ဆက်နေမှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ အသက် ၅၃ နှစ်အရွယ် ပေါ်တူဂီသားဟာ ၂၀၁၈တုန်းက တောင်ကိုရီးယား အသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ကတော့ နည်းပြထွက်ခွာမှုအတွက် ဝမ်းနည်းမိတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် သူ့ဘောလုံးစတိုင်ကို ဘယ်တုန်းကမှ သံသယမရှိခဲ့ပါဘူး။ လူတွေအနေနဲ့ ကျွန်တော်တို့ အခုကမ္ဘာ့ဖလားလုပ်ခဲ့တာအတွက် ချီးကျူးမှုရသင့်တယ်လို့ ထင်ပါတယ်။ သူအသင်းကနေ ထွက်ခွာမှာကိုမြင်ရတာ ဝမ်းနည်းမိပါတယ်”လို့ ဆွန်ဟောင်မင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။






Some text some message..