
ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ဒုတိယအကြိမ် ၃ လပတ်တစ်ကြိမ်ထုတ်ပြန်ချက်မှာ ယူနိုက်တက်ဟာ ပေါင် ၆.၃ သန်း (ဒေါ်လာ ၇.၇ သန်း)အမြတ်ရခဲ့တယ်လို့ သိရပါတယ်။
ကလပ်အသင်းကိုဝယ်ယူဖို့ ကမ်းလှမ်းထားချိန်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့တုန်းက ၃ လပတ်ဘဏ္ဍာရေးအခြေအနေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ စုစုပေါင်းပေါင် ၁၆၇.၃ သန်းအမြတ်ရခဲ့ပေမယ့် တစ်နှစ်ပြီးတစ်နှစ် ၉.၈% ကျဆင်းခဲ့တာဖြစ်ပါတယ်။
စီးပွားရေးပိုင်ဆိုင်ရာမှာ ပေါင် ၇၈.၇ သန်းအထိ အမြတ်ရခဲ့ပေမယ့် ရုပ်သံထုတ်လွှင့်ခွင့်နဲ့ ပွဲလက်မှတ်တွေမှာ အမြတ်ကျဆင်းခဲ့တာဖြစ်ပါတယ်။ ရုပ်သံထုတ်လွှင့်ခွင့်မှာ ပေါင် ၅၈.၇ သန်းသာရှိခဲ့ပြီး ၃၂.၁% ကျဆင်းခဲ့ကာ ပွဲအမြတ်ကတော့ ပေါင် ၂၉.၉ သန်းရှိခဲ့ပြီး ၁၃.၆% အထိကျဆင်းခဲ့ပါတယ်။
ယူနိုက်တက်ကတော့ ရုပ်သံထုတ်လွှင့်ခွင့်အမြတ်ကျဆင်းတာဟာ စီနီယာအသင်းက ချန်ပီယံလိဂ်ထက် ယူရိုပါလိဂ် ရောက်ခဲ့တာကြောင့်လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒေါ်လာသန်း ၆၅၀ ကို ချေးထားခဲ့ပေမယ့် ဗြိတိန် နဲ့ ယူအက်စ်ကြား ငွေကြေးကွာဟမှုကြောင့် အကြွေးတင်နေတယ်လို့ သိရပါတယ်။
ဂလေဇာမိသားစုကတော့ အသင်းကို ပိုင်ရှင်အသစ်ထံရောင်းချဖို့ ပြင်ဆင်နေကာ ကမ်းလှမ်းမှုတွေလည်းရရှိထားတယ်လို့ သိရပါတယ်။