
မန်စီးတီးနည်းပြ ဂွါဒီယိုလာက တိုက်စစ်မှူး ဟာလန်းတစ်ယောက် စနေနေ့မှာကစားမယ့် လီဗာပူးနဲ့ပွဲကို ပါဝင်ကစားနိုင်ဖို့ မသေချာသေးကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
အသက် ၂၂ နှစ်သားဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ပုံစံကောင်းပြသနိုင်ခဲ့တာဖြစပြီး ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲမှာ ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျော်ဂျီယာအသင်းနဲ့မကစားခင် ပေါင်ခြံဒဏ်ရာကြောင့် နော်ဝေအသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒဏ်ရာကြောင့် သောကြာနေ့က နောက်ဆုံးလေ့ကျင့်ခန်း အစီအစဉ်ကို ပါဝင်နိုင်ဖို့ ရုန်းကန်ခဲ့ရတယ်လို့ ဂွါဒီယိုလာက ဝန်ခံပြောကြားခဲ့ပါတယ်။
“ဟာလန်းက ပြန်လည်ကြံ့ခိုင်လာနေပါပြီ။ ဒီနေ့နေ့လည်ခင်းမှာ နောက်ဆုံး လေ့ကျင့်ခန်းဆင်းရမှာပါ။ သူဘယ်လိုခံစားနေရလဲဆိုတာ စောင့်ကြည့်ရပါမယ်။ အဆုံးသတ်မှာ ဆရာဝန်တွေက ဘယ်လိုခံစားရလဲဆိုတာကို ဆုံးဖြတ်မှာပါ။ ကျွန်တော် သူနဲ့စကားပြောပြီးပါပြီ။ သူခံစားမှုကောင်းပါတယ်။ ဘဝက ဒီလိုအနေအထားမှာ စွန့်စားမှုလုပ်ရပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
နော်ဝေသားဟာ ဒီရာသီအသင်းအတွက် ၄၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး သူမပါဝင်နိုင်တဲ့တိုက်စစ်က စနေနေ့မှာ ခက်ခဲဖွယ်ရှိနေပါတယ်။ အာဆင်နယ်က တစ်ပွဲပိုကစားပြီး ၈ မှတ်ဖြတ်ထားချိန်မှာ စီးတီးအနေနဲ့ အမှတ်မပြတ်သွားဖို့ အမီလိုက်ရမှာဖြစ်ပါတယ်။
လီဗာပူးအသင်းကလည်း ထိပ်ဆုံး ၄ သင်းနေရာ အတွက် အမှတ်လိုအပ်ချက်ရှိနေတာကြောင့် ဒီပွဲကို အနိုင်ကန်လာဖို့ ပြင်ဆင်လာမှာသချောပါတယ်။ ၂ သင်းကြားတွေ့ဆုံမှုတွေက ပြီးခဲ့တဲ့နှစ်တွေကတည်းက ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ဟာလန်း မပါဝင်နိုင်ရင် စီးတီးတိုက်စစ်က အခက်ကြုံဖွယ်ရှိနေပါတယ်။