လိဂ်ဖလားရရှိသွားမှာကို မမြင်လိုတဲ့ အသင်းရဲ့နာမည်ကို ဖာဂူဆန်ဖွင့်ဟလာ
ballonestar.com
|
2024-03-21

လက်ရှိရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲသာ ကျန်ရှိတော့တဲ့အချိန် ချန်ပီယံဆုဖလားအတွက် အင်္ဂလန်တွင် လီဗာပူး၊ မန်စီးတီးနှင့် အာဆင်နယ်တို့အကြားမှာ ပြိုင်ဆိုင်မှုပြင်းထန်နေတယ်လို့ အားလုံးက သိထားကြတာပါ။ စပိန်မှာလည်း ရီးရဲလ်မက်ဒရစ်က ဇယားရဲ့ထိပ်ဆုံးမှာ ရှိနေသလို ပီအက်စ်ဂျီကလည်း ပြင်သစ်တွင် ဦးဆောင်နေကာ စီးရီးအေမှာတော့ အင်တာမီလန်က ဦးဆောင်နေပါတယ်။

ဘွန်ဒက်စ်လီဂါမှာတော့ အံ့ဩဖွယ်ရာအဖြစ် အလွန်ဆိုရဲ့ လေဗာကူဆင်က ဒုတိယနေရာက ဘိုင်ယန်မြူးနစ်ကို၁၀ မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။ ဂျာမနီမှာ တူချယ်ရဲ့အသင်းကို ဆုဖလားနှင့်လွဲချော်လိုစေလိုကြောင်း ဖရန့်ဖတ်ရဲ့ဝက်ဆိုဒ်သို့ ဖာဂူဆန်က ပြောကြားလိုက်ပါတယ်။

"အခြားအသင်းတွေပဲ အနိုင်ရရှိတာကို ကျွန်တော် အမြဲတမ်းမြင်ချင်ခဲ့တာပါ။ ဒါကို ဘိုင်ယန်မြူးနစ်ပရိသတ်တွေက သဘောတူကြမှာမဟုတ်သော်လည်း ဂျာမနီရှိ ကြားပရိသတ်တွေကတော့ အဲ့ဒါကို သဘောကျကြမှာပါ။ အခြားအသင်းတစ်သင်း အနိုင်ရရှိတာကိုပဲ ကျွန်တော် မြင်ချင်ပါတယ်" လို့ ဖာဂူဆန်က ပြောပါတယ်။

ဒီနွေရာသီ ယူရို ၂၀၂၄ အတွက် ဖာဂူဆန်က ခန့်မှန်းချက်တစ်ခု ပြလုပ်ပေးခဲ့ပြီး အဖွင့်ပွဲစဉ်မှာ သူ့ရဲ့စကော့တလန် အသင်းကို အိမ်ရှင်ဂျာမနီအနေနဲ့ အနိုင်မရရှိနိုင်ပါဘူးလို့ ဟာသလုပ် ပြောကြားသွားခဲ့ပါတယ်။

"မနိုင်နိုင်ပါဘူး (ရယ်လျက်)၊ ဒီပွဲကို ကျွန်တော် တိုက်ရိုက်ကြည့်မှာပါ။ ကြည့်ကိုကြည့်ရမယ့် ပွဲတစ်ပွဲပါ" "စကော့တလန်က အရမ်းဆိုးတဲ့ အသင်းမဟုတ်ပါဘူဆိုတာ သူတို့သိပါတယ်။ သူတို့မှာ ကွင်းလယ်ကစားသမားကောင်းတွေနဲ့ နောက်တန်း ၂ ဦးလောက်က ကောင်းကြပါတယ်" "ပြီးခဲ့တဲ့နှစ်တွေမှာသာ တိုက်စစ်နေရာအတွက် အခက်တွေ့ခဲ့ရတာဖြစ်ပြီး စကော့တလန်ပရိသတ်တွေ အတွက်တော့ အရမ်းကို ပျော်ဖို့ကောင်းလာမှာပါ" လို့ ဖာဂူဆန်က ပြောပါတယ်။






Some text some message..