ပတ်ဂွာဒီယိုလာရဲ့အားနည်းချက်နှင့် မန်းစီးတီးရဲ့ နောက်တန်းအကြောင်းကိုပြောဆိုလိုက်တဲ့ မန်ယူ နည်းပြဟောင်း ဗန်ဟား
ballonestar.com
|
2019-01-07

စပိန်နိုင်ငံသားနည်းပြဟာ ပြီးခဲ့တဲ့ရာသီက ရမှတ် ၁၀၀ ရရှိကာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့သော်လည်း သူ့ရဲ့ နောက်တန်းကစားပုံကိုတော့ ဗန်ဟားက သဘောမကျနေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်က ချန်ပီယံမန်းစီးတီးဟာအမှတ်ပေးဇယားတွင် လီဗာပူးလ်ရဲ့နောက် ၄ မှတ်အကွာဖြင့် ရပ်တည်နေပြီး ၇ ဂိုးထက်ပိုပြီး ပေးထားရတာလည်းဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင်းပြချက်ရှိရမယ်လို့ မန်ယူနည်ပြဟောင်း ဗန်ဟားက ယုံကြည်နေပြီး The Mirror သို့ပြော ရာတွင်လည်း ကွန်ပနီ၊ ဝေါ်ကာနှင့် စတုန်း တို့ကိုလည်း ဝေဖန်ခဲ့ပါတယ်။''အရည်အချင်းမြင့်မားတဲ့ ကစားသမားတွေက မန်စီးတီးမှာရှိပါတယ်။ သို့သော်လည်း တစ်ချန်တည်းမှာပဲ ဂွာဒီယိုလာ မှာလည်းအားနည်းချက်ရှိပါတယ်။ သူက တိုက်စစ်ပိုင်းကိုအသားပေးတဲ့ နည်းပြတစ်ယောက်ပါ။ ပြိုင်ဘက်အသင်းက ခံစစ်ကစားရတော့မယ်ဆိုရင် သူတို့က တော်တော်လေးကိုဆိုးရွားနေပါပြီ ''ဂျာဂျင်ကလော့ပ်ရဲ့ ဒီရာသီတွင် ဖလားရရှိမည့်အကြောင်းကိုလည်း မန်ယူနည်းပြဟောင်းကပြောဆိုထားပြီး သူတို့အသင်းကအားလုံးထက်ကောင်းတဲ့အသင်းလို့လည်း သူက ယုံကြည်နေပါတယ်။''လီဗာပူးလ်က ကောင်းမွန်တဲ့ ခံစစ်ရှိတဲ့အသင်းပါ။ ဘာကြောင့်လဲဆိုတာ့ သူတို့ကို ဘောလုံး ရရှိထားသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ကလော့ပ်က ကောင်းကောင်းလုပ်ဆောင်ဖို့အတွက် လေ့ကျင့်ပေးထားတာပါ''''အဲ့ဒါက ဂွာဒီယိုလာရဲ့အသင်းတွင် လုံဝကိုမရှိတဲ့အရာပါ။ မန်းစီးတီမှာ ထူးကဲတဲ့အကြံဉာဏ်နှင့် ကောင်းမွန်တဲ့ ကစားပုံရှိသော်လည်း မှန်ကန်တဲ့ ကစားလိုစိတ်မဟုတ်ပါဘူး။ မန်းစီးတီးကစားတဲ့ပုံကိုလည်း နှစ်သက်သဘောကျနေတုန်းပါ။ သို့သော်လည်း ကလော့ပ်ရဲ့ လီဗာပူးလ်ကို ကစားစေတဲ့ပုံစံက လုံးဝကိုကောင်းပါတယ်''ဒီတစ်ပတ်ရဲ့အစောပိုင်းက မန်စီးတီးဟာအီးသီးဟတ်ကွင်းကြီးတွင် လီဗာပူးလ်အသင်းအား ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး လီဗာပူးလ်ရဲ့ ရှုံးပွဲမရှိခြင်းကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။အဲ့ဒီနိုင်ပွဲက ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက လီဗာပူးလ်ကို ရှုံးခဲ့ခြင်းကို မန်းစီးတီက လက်စားပြန်ချေလိုက်တာပါ။လီဗာပူးလ်ကိုအနိုင်ရရှိခဲ့ပြီးနောက် ဂွာဒီယိုလာဟာ ပရီးမီးယား ဆုဖလားပြိုင်ဆိုင်မှုသို့ ပြန်လည် ရောက်လာခဲ့ပြီး ကံကောင်းစွာဖြင့် ပြိုင်ဆိုင်မှုရဲ့ ပြင်ပသို့မရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူးလ်ရဲ့တိုက်စစ်ကို ဦးဆောင်နိုင်မည့် ပြစ်ဒဏ်ဘောကန်သွင်းခွင့်ကို ဒိုင်လူကြီးအန်တိုနီတေလာက မပေးခဲ့တဲ့အတွက်ကြောင့် ဂွာဒီယိုလာက ၄ ယောက်မြောက် ဒိုင်လူကြီးကို ဒေါသတကြီးပြောဆိုခဲ့ပါသေးတယ်။





Some text some message..