MFFချာရတီဖလားပြိုင်ပွဲတွင် ရန်ကုန် ယူနိုက်တက်အသင်းကိုအနိုင်ယူကာ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲ
myanmaplatform.com
|
2019-01-07



ရန်ကုန်၊ ဇန်နဝါရီ

MFFချာရတီဖလားပြိုင်ပွဲတွင် ရန်ကုန် ယူနိုက်တက်အသင်းကိုအနိုင်ယူကာ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။

၂ဝ၁၉ ရာသီကြို MFFချာရတီဖလား ပြိုင်ပွဲကိုအောင်ဆန်း ကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းတို့ ပွဲချိန်မိနစ် ၉ဝ တွင် တစ်ဂိုးစီသရေကျနေ၍ ပယ်နယ် တီဖြင့် ဆုံးဖြတ်ရာ ရှမ်းယူနိုက်တက်အသင်းက လေးဂိုး-သုံးဂိုး၊အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်ပါတယ်။

ပင်နယ်တီအဆုံးအဖြတ် ခံယူရာတွင် ရှမ်းယူနိုက် တက်အသင်းမှ မေကွန်၊ ဂူစတာဗို၊ နန္ဒ ကျော်နှင့် ဒေးဗစ်ဒန်းတို့ ဂိုးဝင်ပြီး ဇွဲသက်ပိုင်၏ကန်သွင်းမှုကို ရန်ကုန်ဂိုး သမားဆန်းဆက်နိုင် ကာကွယ်နိုင်ခဲ့ပြီး ရန်ကုန်အသင်းမှ ဆယ်လာ၊ မိုကာ လူးနှင့် ရန်လင်းအောင်တို့ ဂိုးဝင်ပြီး ကြည်လင်းနှင့် ယာမာဇာကီတို့ ကန်သွင်း မှုများကို ရှမ်းဂိုးသမား သီဟစည်သူ ကာကွယ်နိုင်ခဲ့ခြင်းကောင့် ရှမ်းအသင်းက လေးဂိုး- သုံးဂိုးဖြင့်အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းသူက "အားလုံးကောင်းလို့အနိုင်ရတာပါ။အထူးသဖြင့် ကစားသမားတွေ ကောင်းလို့ပါ သူတို့တွေက တစ်ပွဲလုံး မခိုမကပ်ဘဲကစားခဲ့ကြတာပါ ။ကျနော့်ပလေယာတွေအတွက် ဂုဏ်ယူပါတယ် ။ ရာသီအစ ကောင်းသွားပြီ ဖြစ်လို့မကြာခင် ကစားရမယ့်အမှတ်ပေးအတွက်အားရှိပါတယ် ။အကောင်းဆုံး ကြိုးစားသွားမှာပါ "လို့ ပြောပါတယ်။

ယခုပွဲတွင် ကွင်းဝင်ကြေးကျပ် ၂၅ သိန်းကျော်ရခဲ့ပြီး မြန်မာနေရှင်နယ် ကလပ်အသင်းများမှ စုပေါင်းလှူဒါန်းငွေ များကို ကျိုက်ဝိုင်းလူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ၊ သဘာဝခေါ် သံဖောင်ဒေးရှင်း၊ ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များ ကွန်ရက်နှင့် မဟာ ဓမ္မရက္ခိတ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတို့ကို တစ်ခုလျှင် ငွေကျပ်သိန်း ၃ဝ စီဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရှမ်းယူနိုက်တက်အသင်း ဥက္ကဋ္ဌဦးခွန်နောင်မြင့်ဝေနှင့် တာဝန်ရှိသူ များကပေးအပ်ချီးမြှင့်ကာ ချာရတီဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ သည့် ရှမ်းယူနိုက်တက်အသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကချန်ပီယံဆုဖလား ပေးအပ် ခဲ့ပါတယ်။




Some text some message..