နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုယ်ပိုင်မြင်းများ မြင်းစီးအားကစားပြိုင်ပွဲတွင် မြင်းစီးအလှပြသ
mmtimes.com
|
2019-02-16

ပြည်သူ့အလှ နှင့်အမျိုးသားအလှ မြင်းတို့မြင်းစီးပြိုင်ပွဲတွင်အလှပြသခဲ့ပြီးအခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ရာဇာအောင် /မြန်မာတိုင်းမ်နေ့စဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင်မြင်းများဖြစ်သည့် ပြည်သူ့အလှ နှင့်အမျိုးသားအလှ မြင်းတို့သည် ၄၆ နှစ်မြောက် ရန်ကုန်မြင်းစီးအသင်းအထိမ်းအမှတ် မြင်းစီးပြိုင်ပွဲတွင်အလှပြသခဲ့ပြီးအခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ရန်ကုန်မြင်းစီးအသင်း၏ ပြည်ထောင်စုနေ့အထိမ်းအမှတ် နှင့် ရန်ကုန်မြင်းစီးအ သင်း၏ ၄၆နှစ်မြောက် မြင်းစီးအားကစား ပြိုင်ပွဲကို ယနေ့ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ မြင်းစီးအားကစားကွင်းတွင်အခမ်းအနားများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်သည်။

မြင်းစီးပြိုင်ပွဲတွင် (၁)အကြီးစားဒုန်း ပြိုင်ပွဲအလယ်တန်းဒုန်းပြိုင်ပွဲအငယ်တန်း ဒုန်းပြိုင်ပွဲ ၊(၂) Show jumping ခေါ် တန်းခုန်ပြိုင်ပွဲ ၊(၃)barrel. Racing. ခေါ် စည်းဝိုင်းပတ်ပြေးပွဲ ၊(၄) လူငယ်ကလေးများwalk. Trod . Test. ပြိုင်ပွဲ များကို မြင်း ၅၀ ကျော် ဖြင့်အသင်းရှစ်သင်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အလွတ်တန်းယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ဝင်ကြေးမရှိ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပါဝင် ယှင်ပြိုင်နိုင်မည်ဖြစ်သည်။

မြင်းစီးပြိုင်ပွဲကို ယနေ့ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၈ နာရီတွင်စတင်ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်မြင်းစီးအသင်း၏ နာယက ဝဏ္ဍကျော်ထင် ဒေါက်တာ ခင်ရွှေ၊ ရန်ကုန်မြင်းစီးအသင်း၏ ဥက္ကဌ ဦးအောင်မော်သိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်တို့ကအဖွင့်အမှာစကားပြောကြားခဲ့သည်။

မြင်းစီးပြိုင်ပွဲအား ရန်ကုန်မြင်းစီးအသင်းကြီး နာယက ဦးငြိမ်းကျော်က ကြီးကြပ်ပြီး နေ့လည် ၁၂ နာရီတွင်အနိုင်ရသူများအား ဆုအသီးသီး ချီးမြှင့်ခဲ့ကြသည်။




Some text some message..