Don't Make This Mistake if You Get Into a Car Accident
mmtimes.com
|
2019-05-09



ကနေရီငှက်ကလေးဆိုတာ တခြားမဟုတ်ပါဘူး၊ နောဝစ်ချ်စီးတီးဆိုတဲ့ လိဂ်ချန်ပီယံရှစ်ကအသင်းလေးကိုပြောတာပါ။ ၂၀၁၈-၁၉ ဘောလုံးရာသီ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ လိဒ်စ်ယူနိုက်တက်နဲ့အပြိုင်အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး လိဂ်ချန်ပီယံရှစ်မှာ ချန်ပီယံဖြစ်ပြီး ပရီမီယာလိဂ်ကို တစ်ကျော့ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နောဝစ်ချ်နဲ့အပြိုင်ဖြစ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းကတော့ ပရီမီယာလိဂ်ကို တိုက်ရိုက်ဝင်ခွင့်မရဘဲ Play-off ကစားရမယ့်အခြေအနေနဲ့ ကြုံတွေ့သွားခဲ့ရပါတယ်။အခုတော့ ကနေရီငှက်ကလေးတွေ ပရီမီယာလိဂ်တောနက်ကြီးထဲကို တစ်ကျော့ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

၂၀၁၅-၁၆ ဘောလုံးရာသီက ပရီမီယာလိဂ်ကိုရောက်လာခဲ့တဲ့ နောဝစ်ချ်စီးတီးဟာ ချက်ချင်းပဲ တန်းပြန်ဆင်းသွားခဲ့ရပြီးအပြောင်းအလဲလုပ်ခဲ့တဲ့ နောက်ဝစ်ချ်ဟာ ၂၀၁၇ မှာ ပထမဆုံး နိုင်ငံခြားသားမန်နေဂျာကို ခန့်အပ်ပြီး လိဂ်ချန်ပီယံရှစ်မှာ ကျင်လည်နေခဲ့ပြီးအခု ၂၀၁၈-၁၉ ဘောလုံးရာသီမှာတော့ နောဝစ်ချ်ဟာ တည်ငြိမ်တဲ့ခြေစွမ်းနဲ့ ဖြတ်သန်းပြီး ထိုက်ထိုက်တန်တန် ချန်ပီယံဖြစ်ပြီး ပရီမီယာလိဂ်ကိုတက်လာခဲ့ပါတယ်။

၂၀၁၇ မေမှာ နောဝစ်ချ်ဟာ ဂျာမန်မန်နေဂျာဖြစ်တဲ့ ဒန်နီယယ်ဖာခ့်ကို နောဝစ်ချ် သမိုင်းရဲ့ ပထမဆုံး ပြည်ပ နိုင်ငံခြားသားနည်းပြကို ခံ့ခဲ့ပါတယ်။ ဂျာမန်နည်းပြရောက် လာတဲ့အတွက် နောဝစ်ချ်အသင်းကိုကြည့်လိုက်ရင် ဂျာမန် ကစားသမားတွေ ကစားနေတဲ့အသင်းဖြစ်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ၂၀၁၅ ကနေ ၂၀၁၇အထိ ဒေါ့မွန်လူငယ်သင်းကို ကိုင်တွယ်ခဲ့တဲ့ ဒန်နီယယ်ဖာ့ခ်ဟာ နောဝစ်ချ်ကို ရောက်တာနဲ့အပြောင်းအလဲတွေလုပ်ပြီး ဒေါ့မွန်ကစားဟန်မျိုး တည်ဆောက်ခဲ့တာက နှစ်နှစ်အကြာမှာ နောဝစ်ချ်ဟာအခုလိုအောင်မြင်လာခဲ့တာဖြစ်ပါတယ်။ မြန်မြန်သွက်သွက်ကစားဟန်က နောဝစ်ချ်ရဲ့ စတိုင်ပဲဖြစ်ပါတယ်။ ဒန်နီယယ်ဖာ့ခ်ဟာ သူ့ရဲ့ ပထမဆုံးရာသီ ၂၀၁၇-၁၈ မှာတော့ နောဝစ်ချ်ကိုအောင် မြင်အောင် မတည်ဆောက်နိုင်ခဲ့ပါဘူး၊အဲဒီရာသီက နောရစ်ချ်ဟာ လိဂ်ချန်ပီယံရှစ်မှာအဆင့် (၁၄) သာရခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီ ၂၀၁၈-၁၉ ရာသီမှာတော့ နောဝစ်ချ်ဟာ လိဂ်ချန်ပီယံရှစ်ပွဲ ၄၆ ပွဲမှာ ၂၇ ပွဲနိုင်၊ ၁၃ ပွဲသရေ၊ ခြောက်ပွဲရှုံ၊း ၉၃ ဂိုးသွင်း၊ ၅၇ ဂိုးပေး၊ ရမှတ် ၉၄ မှတ်နဲ့ ချန်ပီယံဖြစ်သွားခဲ့ပါတယ်။အသင်းပိုင်ရှင်ဖြစ်တဲ့ ဒေလီယာစမစ်၊ မိုက်ကယ်ဝင်းဂျုံးစ်နဲ့ နောဝစ်ချ်ပရိသတ်တွေ စိတ်ကြိုက်တွေ့ခဲ့တဲ့၊အမှတ်ရစေခဲ့တဲ့ရာသီ ဖြစ်သွားခဲ့ပါတယ်၊ နောဝစ်ချ်တိုက်စစ်က ဖင်လန်တိုက်စစ်မှုး တီမူပူကီလည်း လိဂ်ချန်ပီယံရှစ်ရဲ့ ဂိုးအများဆုံးသွင်း (၂၉ဂိုး)တဲ့တိုက်စစ်မ·းဖြစ်သွားခဲ့ပါတယ်။ လိဂ်ချန်ပီယံရှစ်ရဲ့အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိသွားပါတယ်။ ဒါဟာ ဂျာမန်နည်းပြ ဒန်နီယယ်ဖာခ့်ရဲ့အောင်မြင်မှုပါ။ နောဝစ်ချ်အသင်း လိဂ်ချန်ပီယံဖြစ်ပြီး ပရီမီယာလိဂ်ကို ဝင်ခွင့်ရသွားတဲ့နေ့က ၂၀၁၉ မေ ၅ ရက်နေ့ပါ။အက်စ်တွန်ဗီလာကိုအဝေးကွင်းမှာ ၂-၁ နဲ့အနိုင်ရပြီး ပရီမီယာလိဂ်က ပေါင်သန်း ၁၀ဝ ကို ရယူသွားနိုင်ခဲ့ပါတယ်။

မနှစ်က လိဂ်ချန်ပီယံရှစ်ကနေ ပရီမီယာလိဂ်ကိုတန်းတက်လာတဲ့အသင်းတွေက ဝုဗ်ဗာဟန်တန်၊ ကာဒစ်ဖ်နဲ့ဖူဟမ်တို့ပါ။ ဒီသုံးသင်းမှာ လိဂ်ချန်ပီယံရှစ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဝုဗ်ဗာဟန်တန်ဟာ ပရီမီယာလိဂ်မှာ တင်ကျန်ခဲ့ပေမဲ့ ကာဒစ်ဖ်နဲ့ဖူဟမ်တို့ကတော့ သန်း ၁၀ဝပိုက်ပြီး တန်းပြန်ဆင်းသွားခဲ့ရပါတယ်။အခုလိဂ်ချန်ပီယံရှစ်မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ နောဝစ်ချ်ဟာ ဝုဗ်ဗာဟန်တန်လို တန်းတင်ကျန်နိုင်မလားဆိုတာကတော့ နောဝစ်ချ်ရဲ့ နွေရာသီရင်းနှီးမြှုပ်နှံမှုကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ လက်ရှိ လိဂ်ချန်ပီယံရှစ် ဖြတ်သန်းခဲ့တဲ့ နောဝစ်ချ်ကိုကြည့်လိုက်ရင် ဂျာမန်ကစားသမား ခုနစ်ယောက်ကစားနေတာ တွေ့ရမှာဖြစ်သလို ဖင်လန်၊ ဘော့စနီးယား၊ ဒိန်းမတ်၊ ဟော်လန်၊ ပေါ်တူဂီ ကစားသမားတွေလည်းကစားနေတဲ့အသင်းဖြစ်ပါတယ်။အင်္ဂလိပ်ကစားသမားတွေထက် ပြည်ပကစား သမားတွေကိုအားထားကစားခဲ့တဲ့အသင်းဖြစ်လို့ ဝုဗ်ဗာဟန်တန်နဲ့ ဆင်တူယိုးမှား ဖြစ်နေပါတယ်။ နောဝစ်ချ်ရဲ့ ဦးစားပေးကစားသမားတွေထဲမှာအင်္ဂလိပ်ကစားသမား သုံးဦးသာရှိ ထားခဲ့ပါတယ်။အဲဒီသုံးဦးဟာ နောက်တန်း ကစားသမားတွေ ဖြစ်ပါတယ်။ ကွင်းလယ်နဲ့ တိုက်စစ်က ပြည်ပကစားသမားတွေပဲ ဖြစ်ပါတယ်။

လိဂ်ချန်ပီယံရှစ် ၄၆ ပွဲမှာ ၅၇ ဂိုးအသွင်းခံထားရလို့ နောဝစ်ချ်ခံစစ်ဟာတောင့်တင်းလှခြင်းမရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဒီခံစစ်နဲ့ပရီမီယာလိဂ်ကို ဖြတ်သန်းမယ်ဆိုရင် နောဝစ်ချ်ဟာ ရုန်းကန်ရနိုင်လို့ တန်းတက်နောဝစ်ချ်ဟာ ခံစစ်ကိုပိုပြီးပြင်ဆင်လာနိုင်ဖွယ်ရှိပါတယ်။ နောဝစ်ချ်ရဲ့Sporting Director စတူးဝပ်ဝက်ဘာနဲ့ မန်နေဂျာ ဒန်နီယယ်ဖာ့ခ်တို့ဟာ နားလည်မှုရှိနေပြီး စတူးဝပ် ဝက်ဘာဆိုရင် ဆောက်သမ်တန်က ခေါ်ယူဖို့တောင် သတင်းတွေ ထွက်နေသူဖြစ်ပါတယ်။ ဒါပေမဲ့ ဝက်ဘာဟာ နောဝစ်ချ်မှာပဲရှိနေဆဲဖြစ်ပါတယ်။ ပရီမီယာလိဂ်ဖြတ်သန်းဖို့ စတူးဝပ်ဝက်ဘာနဲ့ ဒန်နီယယ်ဖာ့ခ်တို့ စွမ်းဆောင်ရည်က စိတ် ဝင်စားစရာဖြစ်ပြီး ဝုဗ်ဗာဟန်တန်ဟာ ပေါ်တူဂီနည်းပြနဲ့ ပေါ်တူဂီ ကစားသမားတွေ တည်ဆောက်ခဲ့ပြီးအောင်မြင်မှုရနေတာက ဝက်ဘာကလည်း ဒန်နီယယ်ဖာ့ခ်အတွက် ဂျာမန်ကစားသမားတွေကို ဖြည့်တင်းဖို့ရှိနေပါတယ်။

စတူးဝပ်ဝက်ဘာဟာ ဟတ်ဒါးစ်ဖီးလ်အသင်း ပရီမီယာလိဂ် တန်းတက်အောင် စွမ်းဆောင်ရာမှာအရေးပါခဲ့သူဖြစ်ခဲ့ပြီး ဟတ်ဒါးစ်ဖီးလ်မှတစ်ဆင့် နောဝစ်ချ်ကိုပြောင်း လာခဲ့သူဖြစ်ပါတယ်။ ဝက်ဘာဟာ ဟတ်ဒါးစ်ဖီးလ်မှာတုန်းက မန်နေဂျာ ဒေးဗစ်ဝက်ဂနာ ကို မန်နေဂျာခန့်ခဲ့သူဖြစ်သလိုအခုလည်း နောဝစ်ချ်ကိုအပြောင်းအလဲလုပ်ရာမှာ မန်နေဂျာ ဒန်နီယယ်ဖာ့ခ်ကို မန်နေဂျာ ခန့်ခဲ့သူဖြစ်ပါတယ်။ ဝက်ဘာရဲ့ စွမ်းဆောင်ချက်တွေကအကောင်းဆုံးတွေ ဖြစ်နေလို့ ဆောက်သမ်တန်ဟာ ဝက်ဘာကိုခေါ်ဖို့ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ ၂၀၁၇ ဧပြီမှာ စတူးဝပ်ဝက်ဘာကိုSporting Directorအဖြစ်ခန့်အပ်ပြီး ၂၀၁၇ မေမှာ ဝက်ဘာဟာ ဒန်နီယယ်ဖာ့ခ်ကို မန်နေဂျာခန့်ခဲ့တာဖြစ်လို့ သူတို့အတွဲဟာ ချက်ချင်းလက်တွဲဖြုတ်ဖွယ်မရှိပါဘူး၊

Short Passနဲ့ကစားပြီးအမြန်နှုန်းနဲ့ရွေ့တဲ့ဟန်ကို တည်ဆောက်ထားပါတယ်။ ဦးစားပေးကစားသမား ၁၁ ဦးကို သေသေချာချာ ရွေးချယ်ကစားစေတယ်။ ကစားသမားကိုအရမ်းပြောင်းလဲမထားဘူး၊ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးတယ်ဆိုတာ မန်နေဂျာ ဒန်နီယယ်ဖာ့ခ်ရဲ့အားသာချက်ဖြစ်ပါတယ်။အားနည်းချက်က ခံစစ်ဟာအမြင့်ဘောတွေရှင်းရာမှာ၊ တည်ကန်ဘောတွေမှာ ထိန်းချုပ်ရာမှာအားနည်းမှုရှိနေပါတယ်။ ဖင်လန်တိုက်စစ်မ·း ပူကီဟာ ၂၉ ဂိုးသွင်းပြီး နောရစ်ချ်ရဲ့ ထင်ရှားတဲ့တိုက်စစ်မှုးဖြစ်နေပေမဲ့ ကွင်းလယ်ကအာဂျင်တီးနားတောင်ပံသမား ဘူယန်ဒီယာနဲ့ ဂျာမန်ကစားသမားတွေဖြစ်တဲ့ စတိုင်ပါမန်နဲ့အိုနယ်ဟာနန်ဒက်ဇ်တို့ဟာလည်း နောဝစ်ချ်ရဲ့အခရာကျတဲ့ကစားသမားတွေဖြစ်ကြပါတယ်။

"တစ်ခါက ကျွန်တော်တို့ဟာ ဧဝရက်တောင်ကို တက်ခဲ့ဖူးတယ်၊အခုတစ်ခါ နောက်ထပ်ပြန်တက်ရတော့မယ်"လို့ ပရီမီယာလိဂ်ပြန်လည်တက်ရောက်လာခြင်းနဲ့ပတ်သက်ပြီး မန်နေဂျာ ဒန်နီယယ်ဖာ့ခ်ကပြောဆိုခဲ့ပါတယ်။ သူပြောသလိုပါပဲ၊ တန်းတက်အသင်းတစ်သင်းအနေနဲ့ ပရီမီယာလိဂ်ဆိုတာ ဧဝရက်တောင်ကို တက်နေရသလိုပါပဲ။ တကယ်တမ်းဆိုရင် နောဝစ်ချ်ဟာ တန်းတက်လာနိုင်မယ်လို့အများစု မျှော်လင့်ထားခဲ့ကြတာမဟုတ်ပါဘူး။ ပစ်ချာ၊ မက်ဒီဆန်၊ မာဖီတို့လို လူငယ်ကစားသမားတွေကို ရောင်းထုတ်လိုက်လို့ နောဝစ်ချ်ဟာ ပေါင်သန်း ၄၀ လောက်ရသွားပေမဲ့အသင်းကအားလျော့သွားတယ်လို့ထင်ခဲ့တာ ဒေလီယာစမစ်တောင် ပါခဲ့ပါတယ်။ စတူဝပ်ဝက်ဘာနဲ့ ဒန်နီယယ်ဖာ့ခ်တို့ဟာ တိုက်စစ်မ·းပူကီကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ခဲ့တာကတော့အသင်းအတွက်အလွန်အကျိုးရှိ သွားခဲ့ပါတယ်။




ပရီမီယာလိဂ်မှာ တင်ကျန်နေဖို့ တစ်ဦးတစ်ယောက်အားကိုးနဲ့ ကစားလို့မရပါဘူး။အယူအဆ၊ ယုံကြည်မှု၊ စည်းကမ်းလိုက်နာမှု၊ ပူးပေါင်းအားထုတ်နိုင်မှုတွေကသာအဓိက ဖြစ်ပါတယ်။ နောဝစ်ချ်အကယ်ဒမီက ထွက်လာတဲ့ နောက်တန်းသမားတွေဖြစ်တဲ့ မက်စ်အေရွန်၊ ဂျမဲလ်လူးဝစ်တို့ကို ဦးစားပေးပြီး လိဂ်ချန်ပီယံရှစ်ကို ဖြတ်သန်းလာခဲ့ခြင်းကတော့ ဒန်နီယယ်နဲ့ ဝက်ဘာတို့အတွက်အောင်မြင်မှုပဲဖြစ်ပါတယ်။ ဒီလူငယ်လေးတွေရဲ့ ခြေစွမ်းကို မြင်တွေ့ရပါတော့မယ်။ သူတို့တွေဟာ ပရီမီယာလိဂ်ကို တန်းတက်ခဲ့တဲ့ ဖူဟမ်အသင်း တန်းပြန်ဆင်းခဲ့ရတဲ့အဖြစ်မျိုး မဖြစ်အောင်သင်ခန်းစာယူထားကြသူတွေ ဖြစ်ပါတယ်။

ဒါကြောင့် တစ်ကျော့ပြန်လာတဲ့ ကနေရီငှက်ကလေးတွေ ပရီမီယာလိဂ်တောထဲမှာ ရှင်သန်နိုင်ဖို့ စတူးဝပ်ဝက်ဘာနဲ့ ဒန်နီယယ်ဖာ့ခ်တို့ ဘယ်လိုပြင်ဆင်မလဲဆိုတာ စောင့်ကြည့်နေကြပါပြီ။တိုက်စစ်အားကောင်းတဲ့ နောဝစ်ချ်စီးတီးရဲ့အိမ်ကွင်းပွဲတွေဟာပရီမီယာလိဂ်က သမ္ဘာရင့်နေတဲ့အလယ်အလတ်အသင်းတွေအခက်တွေ့လာဖွယ်ရှိတယ်လို့ ယူဆနေကြပါရဲ့။




Some text some message..