ဆီဗီလာကိုအနိုင်ရရှိတဲ့ ပွဲတွင်အံ့သြဖွယ်ကောင်းအောင် လက်စွမ်းပြပြီးနောက် ပြောဆိုလိုက်တဲ့ ဘာစီလိုနာရဲ့ ဂိုးသမား တာစတက်ဂန်
ballonestar.com
|
2018-10-22

သူ့ရဲ့အသင်းဟာ ဆီဗီလာအသင်းကို ၄-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ ပွဲတွင် လက်စွမ်းပြခဲ့ပြီးနောက် ဘာစီလိုနာ ဂိုးသမား တာစတက်ဂန်ဟာ ချီးကျူးဂုဏ်ပြုခြင်းကို ခံလိုက်ရပါတယ်။ဗယ်ဗာဒီရဲ့အသင်းဟာ လာလီဂါရဲ့ ထိပ်ပိုင်းကိုသွားနေပြီး ကော်တင်ဟို  မက်ဆီ၊ ဆွာရက်ဇ်နှင့် ရက်ခီတစ်တို့ကလည်း ဂိုးသွင်းယူခဲ့ပါတယ်။သို့သော်လည်း ကောင်းမွန်တဲ့ သေချာပေါက်နှစ်ဂိုးကို ကာကွယ်ခဲ့တဲ့ ဂိုးသမားရဲ့ စွမ်းဆောင်ရည်ကတော့ ကြီးမားတဲ့ ပြောစရာဖြစ်ခဲ့ပါတယ်။ဆီဗီလာအသင်းရဲ့ နည်းပြ ပတ်ဘ်လိုမက်ချင်က တာစတက်ဂန်ဟာ ဘာစီလိုနာရဲ့အဓိကအစိတ်အပိုင်း တစ်ခု ဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒီအခြေအနေက ရလဒ်တွေအားလုံးကိုပြောတာမဟုတ်ဘဲ ဘာစီလိုနာဟာ တိုက်စစ်နှင့်ခံစစ်တွင် တိကျနေပြီးအထူးသဖြင့် သူတို့ရဲ့ ကာကွယ်မှု ပိုင်းတွင်လို့ ထင်ပါတယ် လို့ မက်ချင်က ပြောပါတယ်ဆိုတာကို မာကာက ဖော်ပြထားပါတယ်။''ကျွန်တော်တို့ကို တားဆီးဖို့သူတို့မှာ ကောင်းမွန်တဲ့ ဂိုးသမားရှိပါတယ်။အသင်းဟာ ပြီးပြည့်စုံခဲ့ပြီး သူတို့ဟာ ဦးဆောင်ခဲ့တယ်ဆိုတာကို ပြိုင်ဘက်ကို ပြသခဲ့ပါတယ် ''ကျွန်တော်တို့ဟာလည်း လုပ်ဆောင်ခဲ့ပြီး ဂိုးသမားရဲ့ စွမ်းဆောင်ရည်တွေက ကောင်းမွန်ခဲ့ကာ တာစတက်ဂန်ကအဓိကဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ဘာစီလိုနာရဲ့ တရားဝင် တွစ်တာစာမျက်နှာတွင်လည်းအသင်းရဲ့ ဖော်လိုဝါတွေအား ပွဲရဲ့အဓိက တာစတက်ဂန် သို့မဟုတ် တာစတက်ဂန်လို့ ဟာသလုပ်ပြီး မေးထားပါတယ်။ဆီဗီလာနှင့်ပွဲတွင် သူ့ရဲ့ ကာကွယ်မှုအချို့က ကြံ့ကြံ့ခံခဲ့တယ်လို့ ယုံကြည်ရပြီး ကမ္ဘာပေါ်တွင်အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက်အဖြစ် ဂုဏ်သတင်း ကြီးစေခဲ့ပါတယ်။အသင်းရဲ့အောင်မြင်တဲ့ပွဲများတွင် ဆက်လက်ပြီး လက်စွမ်းပြဖို့ တာတက်စ်ဂန်ကို ဘာစီလိုနာက ယုံကြည်နေ ပါတယ်။ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ပွဲအဖြစ်အင်တာမီလန်နှင့် ကစားပြီးနောက်အီးအယ်လ် ကလက်စီကိုပွဲအဖြစ် နောက်တစ်ပတ်တွင် ဘာစီလိုနာဟာ ရီးရဲလ်နှင့် ကစားရမှာလည်းဖြစ်ပါတယ်။တာစတက်ဂန်ဟာ ၂၀၁၄ ခုနှစ်တွင်အသင်းသို့ရောက်ရှိကတည်းကအောင်မြင်နေတာဖြစ်ပြီး ၂၀၂၂အထိအသင်းနှင့် စာချုပ်ချုပ်ဆိုထားတာလည်းဖြစ်ပါတယ်။





Some text some message..