
ရီးရဲလ်မက်ဒရစ်အသင်းက ပေါ့ဘာအတွက် ဂျိမ်းရိုဒရီဂွတ်စ်အပြင် ပေါင်(၂၇.၄) သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း မန်ယူအသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဂျိမ်းရိုဒရီဂွတ်ဟာ ယခုရာသီမှာ ရီးရဲလ်အသင်းကနေ ပြောင်းရွေ့ဖို့ စိတ်အားထက်သန်နေပြီး နည်းပြ ဇီဒန်းက ပေါ့ဘာအတွက်အပြောင်းအရွ့တစ်စိတ်တစ်ပိုင်းအနေနဲ့အသုံချပြုဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက နောက်ရာသီမှာ ပေါ့ဘာ မန်ယူအသင်းမှာပဲ ဆက်ရှိနေမယ်လို့ မျှော်လင့်နေသော်လည်း ပေါင်း သန်း (၁၅၀) ဖြင့်ကမ်းလှမ်းလာပါက လက်ခံသွားဖွယ်ရှိနေပါတယ်။ ပေါ့ဘာဟာ လာမည့်အပါတ်တွင် ချဲလ်ဆီးအသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ် (၁) တွင် ကြံခိုင်မှုအပြည့်နဲ့ ပါဝင်လာနိင်မယ် လို့သိရပါတယ်။
ရီးရဲလ်အသင်းဟာအသက် (၂၈)နှစ်ရှိ ဂျိမ်းရိုဒရီဂွတ်စ်ကို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပြောင်းရွှေ့ကြေးပေါင် (၆၃)သန်းဖြင့် ခေါ်ယူခဲ့တာဖြစ်ပြီးအငှားထွက်ကစားရတဲ့အချိန်တွေသာ များခဲ့ပါတယ်။ဒါကြောင့် ရီးရဲလ်က ဂျိမ်းရိုဒရီဂွတ်စ်ကို ရောင်းချဖို့ ပြင်ဆင်နေပြီးအဆင်မပြေပါက နာပိုလီအသင်းသို့အငှားချသွားဖွယ်ရှိတယ်လို့ သိရပါတယ်။