ဒီနေ့ စက်တင်ဘာလ (၁၀)ရက်နေ့ သုဝဏ္ဏဘောလုံးကွင်း မှာ ကျင်းပပြုလုပ်တဲ့ (၂၀၂၀)ကမ္ဘာ့ဖလားဘောလူံပွဲကြီးအတွက် ခြေစမ်းပွဲကြီးကို မြန်မာလက်ရွေးစင်ဘောလုံးအသင်းက ဂျပန်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။စက်တင်ဘာလ (၅)ရက်နေ့မှာတော့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ မွန်ဂိုလီးယားအသင်းနဲ့တွေ့ဆုံယှဉ်ပြိုင်ခဲ့ပါသေးတယ်။ဒီနေ့ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာတော့ မြန်မာပရိသတ်တွေက မြန်မာလက်ရွေးစင်အသင်းကိုအားပါးတရနဲ့အားပေးနေတာကိုလည်းတွေ့ရပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းကိုအားပါးတရအားပေးနေကြတဲ့ ဘောလုံး ဝါသနာရှင်တွေထဲမှာ မြန်မာနိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်တွေလည်းအပါအဝင်ဖြစ်ပြီး ဒီထဲမှာမှအဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးကလည်း မြန်မာအသင်းဘက်ကနေအပြည့်အဝအားပေးနေတာပဲဖြစ်ပါတယ်။ယုန်လေးဟာ ကိုယ်တိုင်လည်း ဘောလုံးအားကစားကို ဝါသနာပါသလို မကြာသေးမီကလည်း ရေဘေးသင့်ပြည်သူတွေအတွက် ပြန်လည်ထောက်ပံ့ရေး ရံပုံငွေဘောလုံးပွဲနဲ့ မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းမှာကျင်းပခဲ့တဲ့အနုပညာရှင်ပေါင်းစုံ လေးသင်းပတ်လည်ဘောလုံးပြိုင်ပွဲ Royal Club Cup (2019)ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ယုန်လေးဟာ ဒီနေ့မှာ မြန်မာအသင်းကို မျိုးချစ်စိတ်အပြည့်နဲ့အားပေးနေတာဖြစ်ပြီး “နိုင်တာ ရူံးတာ သူတို့အလုပ်အားပေးရမှာ ကိုယ့်အလုပ်၊ ဂျပန်မကလို့ ဘရာဇီး နဲ့ တွေ့လဲ မြန်မာပဲ”လို့ ဘယ်လိုအသင်းမျိုးနဲ့တွေ့တွေ့ မြန်မာလက်ရွေးစင်အသင်းကိုသာအားပေးမှာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက် နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးရော မြန်မာအသင်းဘက်ကအပြည့်အဝအားပေးမှာလား။
Source ; Yone Lay
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။
“ဂျပန်မကလို့ ဘရာဇီးနဲ့ တွေ့လဲ မြန်မာကိုပဲ အားပေးတယ်ဆိုတဲ့ ယုန်လေး”
ဒီနေ့ စက်တင်ဘာလ (၁၀)ရက်နေ့ သုဝဏ္ဏဘောလုံးကွင်း မှာ ကျင်းပပြုလုပ်တဲ့ (၂၀၂၀)ကမ္ဘာ့ဖလားဘောလူံပွဲကြီးအတွက် ခြေစမ်းပွဲကြီးကို မြန်မာလက်ရွေးစင်ဘောလုံးအသင်းက ဂျပန်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။စက်တင်ဘာလ (၅)ရက်နေ့မှာတော့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ မွန်ဂိုလီးယားအသင်းနဲ့တွေ့ဆုံယှဉ်ပြိုင်ခဲ့ပါသေးတယ်။ဒီနေ့ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာတော့ မြန်မာပရိသတ်တွေက မြန်မာလက်ရွေးစင်အသင်းကို အားပါးတရနဲ့ အားပေးနေတာကိုလည်းတွေ့ရပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းကို အားပါးတရအားပေးနေကြတဲ့ ဘောလုံး ဝါသနာရှင်တွေထဲမှာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင်တွေလည်း အပါအဝင်ဖြစ်ပြီး ဒီထဲမှာမှ အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးကလည်း မြန်မာအသင်းဘက်ကနေ အပြည့်အဝအားပေးနေတာပဲဖြစ်ပါတယ်။ယုန်လေးဟာ ကိုယ်တိုင်လည်း ဘောလုံးအားကစားကို ဝါသနာပါသလို မကြာသေးမီကလည်း ရေဘေးသင့်ပြည်သူတွေအတွက် ပြန်လည်ထောက်ပံ့ရေး ရံပုံငွေဘောလုံးပွဲနဲ့ မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းမှာကျင်းပခဲ့တဲ့ အနုပညာရှင်ပေါင်းစုံ လေးသင်းပတ်လည်ဘောလုံးပြိုင်ပွဲ Royal Club Cup (2019)ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ယုန်လေးဟာ ဒီနေ့မှာ မြန်မာအသင်းကို မျိုးချစ်စိတ်အပြည့်နဲ့ အားပေးနေတာဖြစ်ပြီး “နိုင်တာ ရူံးတာ သူတို့အလုပ် အားပေးရမှာ ကိုယ့်အလုပ်၊ ဂျပန်မကလို့ ဘရာဇီး နဲ့ တွေ့လဲ မြန်မာပဲ”လို့ ဘယ်လိုအသင်းမျိုးနဲ့တွေ့တွေ့ မြန်မာလက်ရွေးစင်အသင်းကိုသာ အားပေးမှာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက် နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးရော မြန်မာအသင်းဘက်ကအပြည့်အဝအားပေးမှာလား။
Source ; Yone Lay
Chilli – CeleGabar