ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ဇွန်မိုးအောင် စာချုပ်သက်တမ်းကုန်ဆုံး၊ ဆုဖလားအတွက် ပြိုင်ဆိုင်နေသည့်အသင်း၌သာ ကစားလိုဟုဆို
mmtimes.com
|
2019-10-04

ဓာတ်ပုံ - နေရှင်နယ်လိဂ်

ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ဇွန်မိုးအောင် စာချုပ်သက်တမ်းကုန်ဆုံး၊ ဆုဖလားအတွက် ပြိုင်ဆိုင်နေသည့်အသင်း၌သာ ကစားလိုဟုဆို

ဇွဲကပင်ယူနိုက်တက်နှင့် စာချုပ်ပြည့်ခဲ့ပြီဖြစ်သော တောင်ပံကစားသမား ဇွန်မိုးအောင် သည် စိန်ခေါ်မှုသစ်များကိုလိုချင်သောကြောင့် အသင်းနှင့် စာချုပ်သက်တမ်းတိုးမြှင့်ခြင်း မရှိတော့ကြောင်း သိရသည်။


ဆုံးဖြတ်

၂၀၁၈ ဘောလုံးရာသီ ဒုတိယအကျော့တွင် ရန်ကုန်ယူနိုက်တက်မှ ဇွဲကပင်ယူနိုက်တက် သို့ ပြောင်းရွှေ့လာခဲ့သော ဇွန်မိုးအောင်သည် ယခုနှစ်အောက်တိုဘာ ၃ ရက်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သည်။ "ဇွဲကပင်အသင်းကို ကျွန်တော် အမြဲအမှတ်ရနေ မှာပါ။ ဇွဲကပင်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းမတိုးဖြစ်တဲ့ အဓိကအကြောင်းရင်းက အသင်း သစ်က စိန်ခေါ်မှုအသစ်တွေလိုချင်လို့ပါ။ ကျွန်တော်ဘောလုံးကို ကစားနိုင်စွမ်းအကောင်းဆုံး ရှိနေတဲ့အချိန်မှာ ဆုဖလားတွေအတွက် ပြိုင်ဆိုင်နေတဲ့အသင်း၊ ရည်မှန်းချက်မြင့်တဲ့ အသင်း တွေမှာပဲ ကစားချင်တယ်"ဟု ဇွန်မိုးအောင်က ပြောဆိုခဲ့သည်။


မျှော်လင့်ထား

လက်ရှိအချိန်တွင် ဇွန်မိုးအောင်ကို စိတ်ဝင်တစားကမ်းလှမ်းနေသည့် အသင်းများရှိနေပြီး လာမည့်နိုဝင်ဘာတွင် အသင်းသစ်နှင့် စာချုပ်နိုင်ရန် ၎င်းကမျှော်လင့်ထားသည်။ "ကျွန်တော့်ကို စိတ်ဝင်စားတဲ့ကလပ်တွေတော့ရှိပါတယ်။ တရားဝင်ကမ်းလှမ်းမှုတွေတော့ မလာသေးပေမယ့် ညှိနှိုင်းနေတာတော့ရှိပါတယ်။ ကျွန်တော့်အထင် နိုဝင်ဘာလမှာ အသင်းသစ်နဲ့စာချုပ်နိုင် မယ်လို့ မျှော်လင့်ထားပါတယ်"ဟု ပြောဆိုခဲ့သည်။

ဇွန်မိုးအောင်သည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ပဏာမ စာရင်း၌ ကစားသမားသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ရွေးချယ်ခံရသည်။ သို့သော် လည်း စခန်းသွင်းလေ့ကျင့်နေစဉ်ကာလအတွင်း ဆင်တုပ်ကွေးဖြစ်ခဲ့သဖြင့် နည်းပြစိတ်ကြိုက် မကစားနိုင်ခဲ့သောကြောင့် အပြီးသတ်စာရင်း၌ ပါဝင်ခဲ့ခြင်းမရှိပေ။




Some text some message..