ဇာခါဟာ သူကြိုက်တဲ့ ကစားသမားဖြစ်ပြီး မန်စီးတီးမှာကတည်းက ခေါ်ယူချင်ခဲ့ကြောင်း အာတီတာထုတ်ဖော်
ballonestar.com
|
2019-12-26


အာဆင်နယ်နည်းပြသစ် မီကယ် အာတီတာက ကွင်းလယ်လူ ဇာခါရဲ့ ခြေစွမ်းအပေါ် ကြိုက်နှစ်သက်ကြောင်း ကြေညာခဲ့ပြီး မန်စီးတီးမှာတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ဇာခါဟာ ရာသီအစ နည်းပြဟောင်း အမ်မရီလက်ထက်မှာ ပရိသတ်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့တာကြောင့် လူစာရင်းကနေ အချိန်အတန်ကြာ ချန်လှပ်ခံခဲ့ရပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွာတော့မယ်လို့တောင် သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ ဇန်နဝါရီအပြောင်းအရွှေ့ မစခင် ရက်ပိုင်းအလိုမှာတော့ အာတီတာက ဆွစ်ဇာလန်သား အနေနဲ့ အသင်းမှာ အသင်းမှာ အနာဂတ်ရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။သူဟာ ဇာခါကို အချိန်အတန်ကြာ လေးစားခဲ့ရပြီး ပရိသတ်တွေလည်း နွေးထွေးစွာနဲ့ ပြန်လည်ကြိုဆိုကြဖို့ မျှော်လင့်နေပါတယ်။အာတီတာက "ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် အာဆင်နယ်ကနေ မန်စီးတီးကို နည်းပြဘ၀ ကူးပြောင်းခဲ့ပြီးနောက် ကျွန်တော်တို့ အဲ့ဒီကွင်းလယ် နေရာအတွက် ခေါ်ယူဖို့ စီစဉ်ခဲ့ပါတယ်။ သူက ကျွန်တော်လိုချင်တဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်ပါတယ်။ အဲ့ဒီလို သူ့ကို ကျွန်တော်ကြိုက်ခဲ့တာပါ။ အာဆင်နယ် သူ့ကို ခေါ်ယူခဲ့တော့ ကျွန်တော် ဝမ်းသာခဲ့ပါတယ်။ သူ အသင်းအတွက် အကောင်းဆုံးတွေကို လုပ်ဆောင်ပေးခဲ့ပြီး အခုတော့ တော်တော်လေး ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါတယ်""ဒါပေမဲ့ အခုတော့ ပရိသတ်တွေနဲ့ ဆက်ဆံရေးက တဖြည်းဖြည်းတိုးတက်လာဦးမယ်လို့ ထင်ပါတယ်။ သူ့ကို ခက်ခဲတဲ့ အခြေအနေကနေ ကစားသမားကောင်း ပြန်ဖြစ်လာဖို့ ပြောင်းလဲရမှာတော့ တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူ့အတွက် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်"လို့ ပြောခဲ့ပါတယ်။ဟာသာဘာလင်အသင်းဟာ ဇာခါကို ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့ပေမဲ့ အာတီတာကတော့ ဆွစ်ဇာလန်သားအပေါ် ဘယ်လောက် တန်ဖိုးထားကြောင်း အပြတ်ပြောခဲ့ပါတယ်။"ကျွန်တော် သူ့ကို ဘယ်လောက် တန်ဖိုးထားကြောင်းနဲ့ ဘာတွေ မျှော်လင့်ထားတယ်ဆိုတာ ပြောထားပါတယ်။ ကျွန်တော် သူ့ကို ကူညီသွားမှာဖြစ်ပြီး သူ့ရဲ့နောက်ကနေ ရပ်တည်ပေးသွားမှာပါ"လို့ ပြောခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ ယနေ့ညမှာတော့ ဘုန်းမောက်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။





Some text some message..