အဖြစ်အပျက်တွေရဲ့ နောက်ကွယ်မှာ ဆန်းချက်ဇ်က တကယ့်ကိုဘာနဲ့တူနေလဲဆိုတာကို ပြောပြခဲ့တဲ့ မန်ယူစတား
ballonestar.com
|
2018-11-21

ဘိုင်လီက သူ့ရဲ့ ချီလီနိုင်ငံသားအသင်းဖော်အားပြောဆိုထားပြီး သူ့ရဲ့အကောင်းဆုံးတွေကို မကြာခင်ပြန်ရမယ်လို့ပြောဆိုထားပါတယ်။ပြီးခဲ့ဲတဲ့ ဇန်နဝါရီလကတည်းကအာဆင်နယ်ကနေအငြင်းပွားဖွယ်ရာ ပြောင်းရွေ့လာခဲ့ပြီးနောက် သူ့ရဲ့ အကောင်း ဆုံးတွေကို ရရှိအောင်လုပ်ဆောင်နေရတုန်းဖြစ်ပါတယ်။ဆန်းချက်ဇ်ဟာ ဒီရာသီတွင် ၁ ဂိုးသာ သွင်းယူထားသော်လည်းအသက် ၂၉နှစ်အရွယ် ကစားသမားဟာ မော်ရင်ဟိုရဲ့ လူစာရင်းတွင် တန်ဖိုးရှိနေပါတယ်လို့ ဘိုင်လီကပြောဆိုထားပါတယ်။''သူ့မှာအရည်အချင်းတွေအများကြီးရှိပါတယ်။ သူကအများကြီး ယူဆောင်လာပြီး ပိုပြီးတော့တောင်ယူဆောင် လာခဲ့ပါသေးတယ်။ သူ့ရဲ့အသင်းဖော်တွေနှင့်အခြားတိုက်စစ်မှုးအကြောင်းကိုသာအမြဲပြောပါတယ်။ သူ့လို ကစားသမားမျိုး ရှိရတာ ကျွန်တော် ဂုဏ်ယူပါတယ်။ ကောင်းမွန်တဲ့ပုံစံတွေဆက်ပြီးရှိနေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါက ကျွန်တော်တို့အသင်းအတွက်လည်း ကောင်းပါတယ်။ ဒီရာတွင် ခက်ခဲရုန်းကန်နေရတဲ့ နောက်ထပ် စတားတစ်ယောက်ကတော့ လူကာကူပဲဖြစ်ပါတယ်''ပေါင် ၇၅ သန်းဖြင့် ရောက်ရှိလာတဲ့ ကစားသမားဟာ ပြိုင်ပွဲစုံတွင် ၄ ဂိုးသာ သွင်းယူထားပြီး မကြာသေးခင် မော်ရင်ဟိုရဲ့ ပွဲထွက်စာရင်းကနေပြီး ချန်လှပ်ထားခြင်းကိုခံထားရတာလည်းဖြစ်ပါတယ်။'' ရိုမီယူကအရမ်းကောင်းတဲ့ တိုက်စစ်မှုးတစ်ယောက်ပါ။ သူ့လို့ ကစားသမားမျိုးကိုအသင်းကလည်းလိုအပ်ပါ တယ် '' လို့ ဘိုင်လီကပြောပါတယ်။''လေ့ကျင့်ခန်းဆင်းခဲ့အခါမှာ သူ့လိုကစားသမားမျိုးအတွက်နေရာရှိပါတယ်။ ဒီလိဂ်တွင်အတွေ့အကြုံပိုပြီးတော့ကို ရရှိပါတယ်။အင်္ဂလန်မှာ ကစားသမားကောင်းတွေအများကြီးရှိတဲ့အတွက် ကျွန်တော်တို့အတွက် လေ့ကျင့်ခန်းလုပ်ရတာ ကောင်းပါတယ်။အသင်းမှာ သူရှိရတာအရမ်းကိုအရေးကြီးပါတယ်''အင်္ဂလန် သူရဲကောင်း ရှက်ဖို့ဒ်အတွက်ကိုလည်း ဘိုင်လီက ချီးကျူးခဲ့ပြီး လူငယ်တိုက်စစ်မှုးဟာ မန်ယူရဲ့ ဂန္တဝင် ကစားသမားဖြစ်လာနိုင်တယ်လု့ိ ယုံကြည်နေပါတယ်။''ရက်ဖို့ဒ်က မြန်ဆန်ပြီးအရည်အချင်းရှိတဲ့ လူငယ်ကစားသမားပါ။ သူကအသင်းရဲ့အနာဂတ်ပါ '' လို့အိုင်ဗရီ ကို့စ် နောက်တန်းကစားသမားက ပြောပါတယ်။သူ့ရဲ့နားမှာ ဒီလိုကူညီမှုတွေရှိနေပြီး သူက ဆက်လက်ပြီး ခြေစွမ်းပြနိုင်မယ်လို့ မျှော်လင့်ကာ လာမယ့်နှစ်တွေမှာ မန်ယူတွင်အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာနိုု်င်ပါတယ်။''သူက လေးစားမှုအပြည့်ရှိတဲ့ ကစားသမားဖြစ်ပြီး တော်တော်လေးကို တည်ငြိမ်ပါတယ်။ ကွင်းထဲတွင် သူက တိကျ ပြတ်သားသော်လည်း သူက စကားအများကြီးမပြောပါဘူး။ သူက ကြီးမားတဲ့အရည်အချင်းရှိတဲ့သူလည်း ဖြစ်ပါတယ် '' လို့ ဘိုင်လီကပြောပါတယ်။နောက်ဆုံးကစားခဲ့တုန်းက မန်ယူအသင်းဟာ ပြိုင်ဘက် မန်းစီးတီကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ထားပြီး စနေနေ့ ခရစ္စတယ်ပဲလေ့ကိုအိမ်ကွင်တွင် လက်ခံကစားရတဲ့အခါမှာတော့ ပြန်လည်နိုးထလာဖို့လိုအပ်လိမ့်မှာလည်း ဖြစ်ပါတယ်။





Some text some message..