မိုဒရစ်က ရော်နယ်ဒို နဲ့ မက်ဆီကို ကမ္ဘာ့အတော်ဆုံး ကစားသမားတွေလို့ ချီးမွမ်းခဲ့ပြီးတော့ သူလည်းအခုလိုအကောင်းဆုံး ဆုရှင်အဖြစ် သတ်မှတ်ခံရဖို့ ထိုက်တန်ပါတယ်လို့ ပြော
ballonestar.com
|
2018-09-25

ရီးရဲမက်ဒရစ် ကြယ်ပွင့် မိုဒရစ်က ကမ္ဘာ့အကောင်းဆုံး နှစ်ယောက်ဖြစ်တဲ့ မက်ဆီ နဲ့ ရော်နယ်ဒိုကို ဂါရဝပြုပြောကြားခဲ့ပေမယ့် သူ့ရဲ့အချိန်လည်း ရောက်ရှိလာခဲ့ပြီလို့ မိုဒရစ်ကပြောခဲ့ပါတယ်။လီယွန်နယ် မက်ဆီနဲ့ ရော်နယ်ဒို တို့က ကမ္ဘာ့အကောင်းဆုံးကစားသမားတွေဆိုတာ လူကာ မိုဒရစ်က ယုံကြည်ထားပါတယ်။ ဒါပေမယ့် ဖီဖာရဲ့အကောင်းဆုံး ကစားသမားဆုရှင်အဖြစ် သတ်မှတ်ခံရတာကို ထိုက်တန်တယ်လို့လည်း ယုံကြည်နေတာဖြစ်ပါတယ်။မိုဒရစ်က တနင်္လာနေ့မှာပဲ ရော်နယ်ဒိုနဲ့ ဆာလက်တို့ကို ကျော်တက်ပြီး ဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။မိုဒရစ်က ရီးရဲလ်အသင်း ချန်ပီယံလိဂ်ဖလားရအောင် ကူညီစွမ်းဆောင်ပေးခဲ့ပါတယ်။ ခရိုအေးရှားအသင်းကိုလည်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲအထိပို့ပေးနိုင်ခဲ့ပြီး ရွှေဘောလုံးဆုကို သိမ်းယူခဲ့တာဖြစ်ပါတယ်။"ဆန်ခါတင်ကစားသမားတွေလည်း ဒီဆုကို ရဖို့ထိုက်တန်ခဲ့ပါတယ်။ သူတိုနဲ့အတူတူ ရွေးချယ်ခံရလို့လည်း ကျွန်တော် ဝမ်းသာပါတယ်။ သွင်းဂိုးတွေကအရေးကြီးပါတယ်။အထူးသဖြင့် ရော်နယ်ဒိုနဲ့ မက်ဆီတို့လို ကစားသမားတွေကအရမ်းတော်လွန်းတယ်။ သူတို့နှစ်ယောက်ကတော့ ကမ္ဘာ့အတော်ဆုံး နှစ်ယောက်ပါပဲ"ဒါပေမယ့်အခြားကစားသမားတွေလည်း တစ်နှစ်တာအတွင်းမှာ သူတို့အကောင်းဆုံးကြိုးစားခဲ့ရင်အသိမှတ်ပြုခံရသင့်ပါတယ်။အခုလည်း "ကျွန်တော်အသိမှတ်ပြုခံရတဲ့အတွက် ဝမ်းသာပါတယ်။ နောင်လာမယ့်အနာဂတ်မှာလည်းအရမ်းတော်တဲ့ ကွင်းလယ်ကစားသမားတွေ နောက်တန်းခံစစ်ကစားသမားတွေကို ရစေချင်ပါတယ်"လို့ မိုဒရစ်ကပြောခဲ့ပါတယ်။မိုဒရစ်က ကမ္ဘာ့ဖလားဆုဖလားအတွက် သူတစ်ဦးတည်းရခဲ့တဲ့ဆုတွေကို လဲနိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။"ရုရှားမှာအနိုင်ရဖို့ဆိုရင် ကျွန်တော် ဘာမဆို ပြောင်းလဲလို့ရရင် ပြောင်းလဲချင်ပါတယ်။ ကျွန်တော့်အတွက်တော့ ကျွန်တော့်အသင်းကအရေးကြီးဆုံးပါပဲလို့ သူက ပြောပါတယ်။အခု ရခဲ့တဲ့ ဆုက ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ရခဲ့တာပါ။ ကျွန်တော် ရီးရဲလ်နဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက်အားထုတ်ခဲ့တဲ့ ရာသီအတွက်အသိမှတ်ပြုခံရတာပါ"လူတွေအားလုံးက ကျွန်တော့်ကို ဒီနှစ်ဆုအတွက်အသိမှတ်ပြုပေးတဲ့အတွက် ကျွန်တော်အရမ်းပဲ ပျော်ရပါတယ်လို့ မိုဒရစ်ကပြောပါတယ်။





Some text some message..