“ကျွန်တော် သူ့ဖိနပ်ကို ယူပြီးအိပ်သာထဲ ဝင်သွားတယ်။ ဖိနပ်ထဲကို သေးပေါက်ချလိုက်တယ်”အီဗရာ
ballonestar.com
|
2018-09-25

ပက်ထရစ်အီဗရာဟာ မန်ယူအသင်းတွင် ပီကေးနှင့် လက်တွဲ ကစားခဲ့စဉ်က ပီကေးကို လက်စားချေ ခဲ့တဲ့အကြောင်း ပြောပြသွားခဲ့ပါတယ်။အီဗရာရဲ့လက်စားချေမှုက ရိုးရှင်းပြီး ထိရောက်လွန်းတာကြောင့် ပထမဆုံး သတိထားရမှာက သူ့ရဲ့ဖိနပ်ကို မီးရှို့မဖျက်ဆီးရန်ပါပဲ။ “ကိုယ်ပိုင်လိဂ် ခေါင်းစဉ်”နဲ့ ဆွေးနွေးခဲ့ကြရာတွင်အီဗရာဟာ သူ့ဖိနပ်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ပီကေးကို ဘယ်လို လက်စားချေခဲ့သလဲဆိုတာကို ပြောပြသွားခဲ့ပါတယ်။အီဗရာက “သူတို့တွေက ကျွန်တော့်ရဲ့ လေ့ကျင့်ရေး ဖိနပ်ကို မီးရှို့ခဲ့ကြပါတယ်။ ဒါက ရယ်စရာ မဟုတ်ပါဘူး။ ဒါက လုံး၀ ပီကေးပါ။ ကျွန်တော် သူ့ကို ဘာလုပ်ခဲ့လဲလို့ ထင်လဲ။ ကျွန်တော် သူ့ ဖိနပ်ကို ယူပြီးအိမ်သာထဲ ဝင်သွားတယ်။ ဖိနပ်ထဲကို သေးပေါက်ချလိုက်တယ်” လို့ မန်ယူ ကစားသမားဟောင်းအီဗရာက ပြောသွားခဲ့ပါတယ်။ နောက်ခံလူ ပီကေး နှင့် တခြား ကစားသမားများဟာအီဗရာရဲ့ ကလေး နာမည်ပါတဲ့အီဗရာရဲ့ ဖိနပ်သစ်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။အီဗရာဟာ သူ ရေချိုးနေစဉ်အတွင်း သူ့ဖိနပ်ကို ဖျက်ဆီးခဲ့တဲ့ ပီကေးဆီကို နောက်ပိုင်းတွင် သူ လက်စားချေတဲ့ ဗီဒီယိုဖိုင် တစ်ခု ပို့ပေးခဲ့ပါတယ်။အီဗရာဟာ မန်ယူအသင်းအတွက် ဘယ်နောက်ခံနေရာတွင် ကစားခဲ့ပြီး ဟာသဉာဏ်ကြောင့် ကွင်းပြင်ပတွင်အထင်ကရ ဖြစ်ခဲ့ပါတယ်။





Some text some message..