လီဗာပူးကြယ်ပွင့်ကစားသမားတွေဟာ ယခုနှစ်အတွင်း ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရရှိပါက အပိုဆုကြေး ပေါင် ၄ သန်း မျှဝေရရှိသွားမယ်လို့စပေါ့တ်မေးလ်ရဲ့ ရေးသားချက်အရ သိရှိရပါတယ်။နည်းပြ ဂျာဂင်ကလော့ရဲ့ အသင်းဟာ ၂၅ပွဲသာ ကစားထားရာမှာ ဒုတိယနေရာက အသင်းကို ၂၂မှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့ပြီး နှစ်ပေါင်း ၃၀ အတွင်း ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို စံချိန်အမှတ်နဲ့ ရယူနိုင်ရန် အခြေအနေကောင်းလျက်ရှိပါတယ်။ယခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ ကစားရတဲ့ လီဗာပူး ကစားသမားအားလုံးကို ဘောနပ်စ် ရရှိသွားမှာ ဖြစ်ပြီး ပွဲထွက်ခွင့်အလိုက်လည်း ပေးသွားမည်ဟု သိရပါတယ်။အကြမ်းဖျင်းအားဖြင့် ပထမ အသင်းမှာ ပုံမှန်ကစားခွင့်ရသူတွေဟာ ပေါင် ၁ သိန်းခွဲ ဘောနပ်စ် ရရှိသွားမှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလက တစ်နှစ် ပေါင် ၁၅ သန်းဖြင့် ၄နှစ်ခွဲ စာချုပ်သစ် ရေးထိုးခဲ့တဲ့နည်းပြ ဂျာဂင်ကလော့ဟာလည်း မြောက်မြားစွာသော ဘောနပ်စ်ရသွားဖို့ရှိနေပါတယ်။လီဗာပူးအသင်းသားတွေဟာ ယမန်နစ်က ချန်ပီယံလိဂ်ဆုဖလား ရယူရာတွင် ပေါင်၇ သန်း ရရှိခဲ့တာ ဖြစ်ပါတယ်။တစ်ဖက်မှာတော့ လီဗာပူးကွင်းလယ်လူ အဒမ်လယ်လာနာဟာ ယခုနှစ်နွေရာသီတွင် အလွတ်ပြောင်းရွေ့ကြေးဖြင့် ထွက်ခွာဖို့ရှိနေပါတယ်။အင်္ဂလန်သားဟာ လာမယ့်ဂျွန်လမှာ စာချုပ် ကုန်ဆုံးသွားမှာ ဖြစ်ပြီး တော့တင်ဟမ်၊ အာဆင်နယ်၊ လက်စတာအသင်းတို့က ၎င်းကိုခေါ်ယူရန် စောင့်ကြည့်လျက် ရှိပါတယ်။