
MECTel အားပေးသုံးစွဲသူများရှင့် MECTel ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအား ၃၀.၆.၂၀၂၀ ရက်နေ့နောက်ဆုံးထားပြီးမှတ်ပုံတင်ပြုလုပ်ရမှာဖြစ်ပါတယ်။
ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို www.mectel.com.mm သို့ဝင်ရောက်ပြီးမှတ်ပုံတင်ခြင်းကိုဆောင်ရွက်လို့ရပါတယ်။ မှတ်ပုံတင်မပြုလုပ်ရသေးသူများရော အမည်အသစ်ဖြင့်ထားရှိလိုသူများပါ ဆောင်ရွက်လို့ရပါတယ်။
-ပထမဦးစွာ မိမိဖုန်းသို့မဟုတ်ကွန်ပျူတာရှိ Internet Browser တွင် www.mectel.com.mm ရိုက်ပါ။
-Box ကျလာရင် ဖုန်းနံပါတ်နှင့် Code နံပါတ်ကိုရိုက်ထည့်ပါ ပြီးလျှင် Get SMS Code ကိုနှိပ်ပါ
-ပြီးနောက်ခဏလောက်စောင့်ပါ MECTel မှ OTP Code ပေးပို့ပေးပါလိမ့်မယ်
- OTP Code ကိုရိုက်ထည့်ပါ ပြီးနောက် login ကိုနှိပ်ပါ
-SIM ကတ်မှတ်ပုံတင်ပြုလုပ်ရန်အချက်အလက်များဖြည့်ပါ။ (အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အရှေ့ခြမ်းအနောက်ခြမ်းတို့အားဓာတ်ပုံရိုက်ထည့်ပါ)
-ပြီးနောက် Register ကိုနှိပ်ပါ
ဒါဆိုရင်မှတ်ပုံတင်ခြင်းပြီးစီးသွားပါပြီ။ ပြန်လည်စစ်ဆေးလိုပါက
www.mectel.com.mm
သို့ဝင်ရောက်ပြီးစစ်ဆေးကြည့်နိုင်ပါတယ်။ ကိုယ်တိုင်မှတ်ပုံတင်ပြုလုပ်လို့အဆင်မပြေရင်လည်းစိတ်မပူပါနဲ့နော် Viber No - 09 311 602 49 သို့ဖုန်းနံပါတ်၊ နေရပ်လိပ်စာ ၊ဆင်းမ်ကတ်မှတ်ပုံတင်ပြုလုပ်လိုသူ၏ မှတ်ပုံတင်အရှေ့ခြမ်းအနောက်ခြမ်းတို့အားဓာတ်ပုံရိုက်ပြီးပေးပို့ပေးပါ။
မှတ်ပုံတင်တစ်ခုလျှင်ဆင်းမ်ကတ် ၂ ခုမှတ်ပုံတင်ပြုလုပ်နိုင်ပါတယ်။
ဖုန်းဖြင့် မှတ်ပုံတင်သူများ
=========
Laptop ဖြင့် မှတ်ပုံတင်သူများ