တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi က 4GB RAM/32GB Storage ပါတဲ့ တတိယ မော်ဒယ်ကို ရောင်းချပေးလိုက်ပါတယ်။အဲဒီမော်ဒယ်ကို Xiaomiရဲ့ တရုတ်အွန်လိုင်း ဝက်ဆိုက်မှာ ဝယ်ယူနိုင်ပါပြီ။ Xiaomi Redmi 5 မှာ ၅.၇ လက်မ HD+ Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အချိုးမှာ 18:9 ဖြစ်ပါတယ်။ Chipset ကတော့ Qualcomm Snapdragon 450 ဖြစ်ပြီး 14 nm Process နည်းပညာကိုအခြေခံ၍ တည်ဆောက်ထားပါတယ်။ သူ့မှာ Octa-Core CPU တပ်ဆင်ထားပြီး Clock Speed မှာ 1.8GHz ဖြစ်ပါတယ်။
128GBအထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Android 7.1.2အခြေပြု MIUI 9 ထည့်သွင်းထားပါတယ်။ သူ့မှာ ဉာဏ်ရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်နဲ့ Picture-in-Picture Mode ပါလာပါတယ်။
အနောက်ဘက်မှာ 12MP Camera နဲ့အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပြီး LED Flash တစ်လုံးစီ တပ်ဆင်ပေးထားပါတယ်။အနောက်ဘက်မှာ လက်ဗွေရာအာရုံခံ ကိရိယာ ပါပါတယ်။ ဘက်ထရီကတော့ 3300mAh ဖြစ်ပါတယ်။ 1GB RAMအပိုပါတဲ့အတွက် ယွမ် ၂၀၀ ( ၃၁ ဒေါ်လာ) ပိုမိုများပြားလာပါတယ်။ သူ့ကို ယွမ် ၁၀၉၉ ( ၁၇၃ ဒေါ်လာ) ဖြင့် ရောင်းချပေးနေပါတယ်။အနက်၊ ရွှေနဲ့အပြာရောင်များ ထုတ်လုပ်ပေးထားပါတယ်။အခြား Specifications များဟာ မူလမော်ဒယ်နဲ့ တူညီပါတယ်။
ကေကေ(ရွှေအင်းလေး)