မနက် alarm ပေးတဲ့အခါ ဖုန်းကိုမသုံးပဲ နာရီနိုးစက်ကိုပဲ ဘာကြောင့် သုံးသင့်တာလဲ …
auntymay.com
|
2020-09-12

ခုခေတ်မှာ နိုးစက်ပါတဲ့ နာရီလေးတွေက ခေတ်တစ်ခေတ်မှာ ကျန်နေခဲ့သလိုပါပဲ သိပ်မသုံးတတ်ကြတော့ပါဘူး။ ဒီကနေ့ခေတ်မှာတော့ ဖုန်းတွေက လူတွေအတွက် အရေးအပါဆုံးသော အသုံးအဆောင်ဖြစ်လာပြီး ဖုန်းတစ်လုံးရှိရင် အကုန်ပြီးပြည့်စုံတတ်ပါတယ်။ ဒါပေမယ့် တိုးတက်လာတဲ့ အချက်တွေနဲ့အတူ ဆိုးကျိုးတွေ ပါလာတတ်လို့ မနက် alarm ပေးတဲ့အခါ ဖုန်းကိုမသုံးသင့်တဲ့ အကြောင်းအရင်းတွေ ရှိလို့နေပါတယ်။

အိပ်စက်ချိန်ကို နှောင့်ယှက်စေနိုင်တယ်

shutterstock/Antonio Guillem

ဖုန်းနဲ့ alarm ပေးထားတဲ့အခါ ဖုန်းကို အိပ်ရာဘေးမှာ ထားပြီး အိပ်တတ်ကြပါတယ်။ ဒါက တကယ့်ကို ဆိုးဝါးတဲ့ အလေ့အထ တစ်ခုပါ။ ဖုန်းကို အိပ်ရာထဲအထိ ယူလာမိတဲ့အခါ မအိပ်ခင်မှာ ဖုန်းသုံးတာကို လုပ်ကိုလုပ်တတ်ကြပါတယ်။ ဒါက အိပ်ချိန်မလုံလောက် ဖြစ်စေရုံမက ဖုန်းရဲ့ blue light ကြောင့် မျက်စိကြောင်ပြီး အိပ်မရဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဖုန်းကို alarm အဖြစ် အသုံးမပြုသင့်တာပါ။

မနက်ဘက် အကျင့်ဆိုးကို ဖြစ်စေတယ်

shutterstock/ Trendsetter Images

တကယ်လို့ ဖုန်းနဲ့ alarm ပေးထားတဲ့အခါ နိုးစက်သံမြည်တာနဲ့ ဖုန်းကို ကောက်ကိုင်မိပြီးသား ဖြစ်နေတတ်ပါတယ်။ ဒီတော့ alarm လေးကိုပိတ်ပြီး social media ပေါ်ကို တန်းရောက်သွားတတ်တာပါပဲ။ ဒါက သင့်ရဲ့မနက်ကို ကောင်းမွန်စွာ စတင်ခြင်းမျိုး မဟုတ်ပါဘူး။ Social media ပေါ်မှာ စောစောစီးစီး စိတ်ညစ်စိတ်ရှုပ်စရာတွေလည်း မြင်ရကြားရနိုင်လို့ သင့်ရဲ့ မနက်က စိတ်အနှောင့်အယှက်ဖြစ်စေပြီး တစ်နေ့လုံး ဆိုးဝါးသွားစေနိုင်ပါတယ်။ ဒီတော့ မနက်မှာ လန်းလန်းဆန်းဆန်း အိပ်ရာကထပြီး မနက်စာစားတာမျိုးသာ လုပ်သင့်ပါတယ် ဖုန်းမကြည့်သင့်ပါဘူး။

Alarm သံမကြားတာမျိုး ဖြစ်တတ်တယ်

shutterstock/DC Studio

ဖုန်းရဲ့ နိုးစက်သံက သာမာန် နာရီနိုးစက်တွေလောက် အသံအကျယ်ကြီး မမြည်တတ်ကြပါဘူး။ နောက်ပြီး လူတွေဟာ တစ်နေ့လုံး ဖုန်းတွေပဲ သုံးနေမိတာကြောင့် ဖုန်း alarm သံဟာ နားထဲမတိုးတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါက သင့်ရဲ့ တစ်နေ့တာကို ကမောက်ကမတွေဖြစ်ပြီး ရုံးနောက်ကျတာမျိုး၊ အလုပ်မမှီတော့တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ဘက်ထရီ ကုန်သွားနိုင်တယ်

shutterstock/Monkey Business Images

တကယ်လို့ ဖုန်းနဲ့သာ alarm ပေးတတ်တယ်ဆိုရင် ဖုန်းရဲ့ ဘက်ထရီက အလုပ်လုပ်နေရတဲ့အတွက် အားကုန်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် သင်ပေးထားတဲ့ alarm က မမြည်နိုင်တော့ပါဘူး။ တစ်ခါတစ်လေမှာ အားအပြည့်သွင်းထားပေမယ့် ဘက်ထရီမခံတာမျိုးတွေအထိ ဖြစ်လာတတ်တာမို့ ဖုန်းကို မသုံးပဲ ရိုးရိုး နိုးစက်ကိုသာ အသုံးပြုသင့်တာ ဖြစ်ပါတယ်နော်။

Khin




Some text some message..