အမှတ်တရတွေအများကြီးရှိနေတဲ့ နန္ဒာလှိုင်ရဲ့ညီမ နွေးနွေးလှိုင်ရဲ့ ဖေ့ဘွတ်ခ်အကောင့်ကို ခိုးယူဖို့ကြံစည်နေတဲ့ မသမာသူတစ်ချို့
celezone.net
|
2020-10-09



လူမှုကွန်ရက်ဆိုတာ အသုံးပြုသူတွေအတွက်စိတ်အပန်းဖြေစရာနေရာတစ်ခုပါပဲ။ ကိုယ့်ရဲ့အမှတ်တရတွေ စိတ်ခံစားချက်တွေ ဓာတ်ပုံလှလှလေးတွေကို ဝေမျှတတ်ပြီး နှစ်ပတ်လည်ရောက်လာတိုင်းမှာလည်း ဒီအမှတ်တရလေးတွေကို ပြန်ပြီးကြည်နူးလို့ရပါတယ်။ နန္ဒာလှိုင်ရဲ့ညီမ နွေးနွေးလှိုင်ဟာ ကပ်ရောဂါဆိုးကြီးမှာ ခင်ပွန်းဖြစ်သူကိုဆုံးရှုံးလိုက်ရပြီး မိသားစုရဲ့အမှတ်တရတွေဟာ သူမရဲ့ဖေ့ဘွတ်အကောင့်မှာပဲကျန်ခဲ့ပါတယ်။




ဒီလိုအမှတ်တရတွေအများကြီးရှိနေတဲ့ သူမရဲ့အကောင့်ဟာ သူမအတွက်တော့ အဖိုးမဖြတ်နိုင်စရာပါ။ ဒါကိုခိုးယူဖို့ကြိုးစားနေတဲ့ မသမာသူတွေကို ညီမကိုယ်စား အမဖြစ်သူ နန္ဒာလှိုင်က ” ကျွန်မ ညီမလေး နွေးနွေးတို့မိသားစုက ကိုဗစ်ရောဂါကြောင့် ယောကျာ်းဆုံးပြီး စိတ်ဆင်းရဲနေကြရပါတယ်။ သူ့အမျိုးသားရဲ့ Facebook အကောင့်ကလဲ Facebook မှာ memorialized account ဖြစ်သွားပါတယ် ”




” အခုလဲ နွေးနွေးရဲ့အကောင့်ကိုလာခိုးဖို့ကြိုးစားနေကြပြန်ပြီ။ တောင်းပန်ပါတယ်ရှင်.. Facebook ပေါ် တင်ထားတဲ့ ပုံတွေက သူ့အတွက်အမှတ်တရတွေပါ။ နွေးနွေးတို့မိသားစု အမှတ်တရတွေဖြစ်ခဲ့တဲ့ Facebook အကောင့်ဟာ ခိုးယူနေတဲ့လူအတွက် ဘာတန်ဖိုးမှမရှိပေမယ့် သူ့အတွက်တန်ဖိုးကြီးပါတယ်။ ဆက်ပြီးခိုးဖို့ မကြိုးစားပါနဲ့တော့။ ” ဆိုပြီး မေတ္တာရပ်ခံခဲ့ပါတယ်။



Happy – Cele Zone
Photo – Nandar Hlaing

(ဇော်ဂျီဖြင့်ဖတ်ရန်)

အမှတ်တရတွေအများကြီးရှိနေတဲ့ နန္ဒာလှိုင်ရဲ့ညီမ နွေးနွေးလှိုင်ရဲ့ ဖေ့ဘွတ်ခ်အကောင့်ကို ခိုးယူဖို့ကြံစည်နေတဲ့ မသမာသူတစ်ချို့




လူမှုကွန်ရက်ဆိုတာ အသုံးပြုသူတွေအတွက်စိတ်အပန်းဖြေစရာနေရာတစ်ခုပါပဲ။ ကိုယ့်ရဲ့အမှတ်တရတွေ စိတ်ခံစားချက်တွေ ဓာတ်ပုံလှလှလေးတွေကို ဝေမျှတတ်ပြီး နှစ်ပတ်လည်ရောက်လာတိုင်းမှာလည်း ဒီအမှတ်တရလေးတွေကို ပြန်ပြီးကြည်နူးလို့ ရပါတယ်။ နန္ဒာလှိုင်ရဲ့ညီမ နွေးနွေးလှိုင်ဟာ ကပ်ရောဂါဆိုးကြီးမှာ ခင်ပွန်းဖြစ်သူကိုဆုံးရှုံးလိုက်ရပြီး မိသားစုရဲ့ အမှတ်တရတွေဟာ သူမရဲ့ဖေ့ဘွတ်အကောင့်မှာပဲကျန်ခဲ့ပါတယ်။

ဒီလိုအမှတ်တရတွေအများကြီးရှိနေတဲ့ သူမရဲ့အကောင့်ဟာ သူမအတွက်တော့ အဖိုးမဖြတ်နိုင်စရာပါ။ ဒါကိုခိုးယူဖို့ ကြိုးစားနေ တဲ့ မသမာသူတွေကို ညီမကိုယ်စား အမဖြစ်သူ နန္ဒာလှိုင်က ” ကျွန်မ ညီမလေး နွေးနွေးတို့မိသားစုက ကိုဗစ်ရောဂါ ကြောင့် ယောကျာ်းဆုံးပြီး စိတ်ဆင်းရဲနေကြရပါတယ်။ သူ့အမျိုးသားရဲ့ Facebook အကောင့်ကလဲ Facebook မှာ memorialized account ဖြစ်သွားပါတယ် ”

” အခုလဲ နွေးနွေးရဲ့အကောင့်ကိုလာခိုးဖို့ကြိုးစားနေကြပြန်ပြီ။ တောင်းပန်ပါတယ်ရှင်.. Facebook ပေါ် တင်ထားတဲ့ ပုံတွေက သူ့အတွက်အမှတ်တရတွေပါ။ နွေးနွေးတို့မိသားစု အမှတ်တရတွေဖြစ်ခဲ့တဲ့ Facebook အကောင့်ဟာ ခိုးယူနေတဲ့ လူအတွက် ဘာတန်ဖိုးမှမရှိပေမယ့် သူ့အတွက်တန်ဖိုးကြီးပါတယ်။ ဆက်ပြီးခိုးဖို့ မကြိုးစားပါနဲ့တော့။ ” ဆိုပြီး မေတ္တာရပ်ခံခဲ့ပါတယ်။


Happy – Cele Zone
Photo – Nandar Hlaing




Some text some message..