GlobalNet နှင့် Zoom လက်တွဲ၍ မြန်မာနိုင်ငံအတွက် ပြီးပြည့်စုံသော ဆက်သွယ်ရေးဝန်ဆောင်မှုကို ဖော်ဆောင်သွားမည်
ictdirectory.com.mm
|
2020-10-25

5BB Broadband အင်တာနက် ဝန်ဆောင်မှု လုပ်ငန်း၏ မိခင်ကုမ္ပဏီဖြစ်သော Global Technology Company (GlobalNet)နှင့်

Zoom Video Communications, Inc ၏ Zoom (NASDAQ:ZM) Full suite of solutions တို့သည် ယနေ့တွင် ပထမဦးဆုံးအကြိမ် လက်တွဲခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားသည်။

“Zoom သည် မြန်မာနိုင်ငံအတွက် လုံးဝမရှိမဖြစ်လိုအပ်သော အရေးပါသည့်ခေတ်မီဆက်သွယ်ရေး ပလက်ဖောင်း ဖြစ်သည်။ ဗီဒီယိုဆက်သွယ်ရေးဈေးကွက်တွင် ဦးဆောင်နေသည့် Zoom နှင့် ယခုလက်ရှိ ကျွန်ုပ်တို့လုပ်ငန်းစု နှင့် ပူးပေါင်းမှု အတွက် အလွန်စိတ်လှုပ်ရှားနေကြသည်” ဟု Global Technology Group ၏ Co-Founder နှင့် Chairman ဖြစ်သူ ဦးရှိန်းသူအောင်က ပြောသည်။


အဆိုပါ အစီအစဉ်မှတစ်ဆင့် Global Technology ၏ မိတ်ဖက် များ သည် Zoom ၏ video- first unified communications solutions အပါအဝင် Zoom Meetings, Zoom Rooms နှင့် Zoom Webinars တို့အတွက်ပါ access ရရှိမည် ဖြစ်သည်။
Zoom နှင့် ပူးပေါင်းမှုအသစ်သည် နည်းပညာပိုင်းတွင် ဦးဆောင်နေသော Zoom ၏ product suite အလုံးစုံကို မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ဝင်ရောက်လာစေသောပထမဆုံးအခွင့်အလမ်း ဖြစ်ကြောင်း သိရသည်။

Transcom News Journal



Some text some message..