
ပုံဆွဲလွယ်ကူဖို့ Google ရဲ့ A.I. experiment အသစ်တစ်ခု autodraw
Google ရဲ့ A.I. experiment တစ်ခုဖြစ်ပြီး ပုံကူဆွဲပေးပါတယ်။
web-based ဖြစ်လို့ အက်ပ် ဒေါင်းဖို့မလိုဘဲ
ဖုန်း တက်ဘလက် လက်ပ်တော့တို့ဖြင့် သုံးစွဲလို့ ရတယ်။
ဖရီးဘအခမဲ့ သုံးနိုင်ပြီး ဆွဲထားတဲ့ပုံကို ဒေါင်းယူလို့ ရတယ်။
Google ရဲ့ အွန်လိုင်းဂိမ်း Quick, Draw! နဲ့ ဆင်ဆင်တူတယ်။ ဆွဲလိုက်တဲ့ပုံကို အေအိုင်က အနီးစပ်ဆုံး စဉ်းစားပေးတယ်
ဆွဲလိုက်တဲ့ပုံကြမ်းက ဘာပုံလဲ နီးစပ်ရာ ပုံတွေပြပေးတယ်။ လိုချင်တာ ရွေးလိုက်ရုံပဲ။
Google ရဲ့ အေအိုင်ကလည်း လိုက်မှတ်ပြီး သင်ယူနေတယ်။ သုံးတဲ့သူတွေများပြီး ကြိမ်ရေများလာရင် အေအိုင်လည်း ပိုသိပိုတတ်လာမှာဖြစ်ပြီး နောင်တစ်ချိန်ကျရင် ပုံဆွဲတဲ့ကိစ္စအပြင် တခြားကိစ္စရပ်တွေမှာပါ အေအိုင်က ပိုမိုထိရောက်စွာ ကူညီပေးမှာ ဖြစ်ပါတယ်။
ဗီဒီယိုအတို တချက်ရှိုးပြီး ဝင်သုံးကြည့်လိုက်ပါမိတ်ဆွေ။
https://www.autodraw.com/