ဈေးမသေးတဲ့ Starlink ပရီမီယံ အင်တာနက်
myanmaritdirectory.com
|
2022-02-06

ဈေးမသေးတဲ့ Starlink ပရီမီယံ အင်တာနက်


SpaceX ရဲ့ Starlink ဂြိုဟ်တု အင်တာနက်မှာ ပရီမီယံ ဝန်ဆောင်မှုလည်း ရရှိနိုင်မယ်လို့ စီအီးအို Elon Musk က တွစ်တာမှာ အသိပေးခဲ့ပါတယ်။

ပရီမီယံ ဝန်ဆောင်မှုမှာ download အမြန်နှုန်း 150-500Mbps ရရှိမှာဖြစ်ပြီး latency က 20-40ms ဖြစ်ပါတယ်လို့ Starlink website မှာ ဖော်ပြထားပါတယ်။

ပရီမီယံ ဝန်ဆောင်မှု လစဉ်ကြေးက အမေရိကန်ဒေါ်လာ ၅၀၀ ဖြစ်ပါတယ်။

Starlink ပုံမှန်ဝန်ဆောင်မှုက လစဉ်ကြေး ၉၉ အမေရိကန်ဒေါ်လာ ဖြစ်ပါတာကြောင့် ပရီမီယံနဲ့ ပုံမှန် ဈေးအပြတ်အသတ် ကွာခြားပါတယ်။

အင်မတိအင်မတန် ဆိုးဝါးတဲ့ ရာသီဥတုမျိုးကို ကြံ့ကြံ့ခံနိုင်တဲ့စနစ်ကို တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

ယခုအခါ စတင်မှာကြားနိုင်ပြီး ၂၀၂၂ နှစ်လယ်ပိုင်းလောက်မှာ ဝန်ဆောင်မှု စတင်ရရှိမှာ ဖြစ်ပါတယ်။

အရင်စာရင်းသွင်းသူ အရင်ရမယ့် first-come, first-served စနစ်ဖြင့် ပစ္စည်းပို့ပေးသွားမှာ ဖြစ်ပါတယ်။

SpaceX က Starlink အတွက် စလောင်းနှင့် အင်တာနာကိရိယာတွေ ထုတ်လုပ်တဲ့ဆီမှာ အလျဉ်မီအောင် မထုတ်လုပ်နိုင်တဲ့အတွက် စာရင်းပေးပြီးရင် စောင့်ဆိုင်းချိန် ကြာမြင့်နေပါတယ်။

premium plan မှာ အမေရိကန်ဒေါ်လာ ၅၀၀ စရံအပ်နှံရမှာ ဖြစ်ပြီး satellite antenna, Wi-Fi router ၊ အ‌ခြေ၊ ကေဘယ် စတာတွေအတွက် အမေရိကန်ဒေါ်လာ ၂,၅၀၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။

SpaceX က ကမ္ဘာတစ်လွှား ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို ၂၀၂၀ မှာ စတင်ခဲ့ပြီး ယူနစ် ၁၀၀,၀၀၀ ကို ကမ္ဘာတစ်လွှားရှိ သုံးစွဲသူများထံ ပေးပို့ပြီးပြီလို့ ကုမ္ပဏီက ပြောကြားပါတယ်။

၁ နှစ်အတွင်း Starlink သုံးစွဲသူဦး‌ေရ ၅၀၀,၀၀၀ အထိ ရှိလာဖို့ ရည်မှန်းချက် ထားရှိကြောင်း Elon Musk က ပြောကြားခဲ့ပါတယ်။

မြန်နှုန်းမြင့် ဘရော့ဘင် အမျိုးအစား အက်တာနက်ဝန်ဆောင်မှုဖြစ်ပြီး ကမ္ဘာ့ပတ်လမ်းအနိမ့်မှာ ဂြိုဟ်တု အမြောက်အမြား ထားရှိပြီး အင်တာနက် ကွန်ရက်ကို ဂြိုဟ်တုဆက်သွယ်ရေးဖြင့် ထူထောင်ပေးထားပါတယ်။

ဂြိုဟ်တုတွေကို SpaceX ရဲ့ အာကာသ ကုန်စည်သယ်ဆောင်ရေး ဒုံးပျံဖြင့် ကမ္ဘာ့ပတ်လမ်းအနိမ့်သို့ ပို့ဆောင်ပေးပါတယ်။

မြေပြင်မှာ အက်တာနက် ချိတ်ဆက်ဖို့ ခက်ခဲတဲ့နေရာ၊ အကုန်အကျ ကြီးမားမယ့်နေရာတွေကို ဂြိုဟ်တုဆက်သွယ်ရေးဖြင့် အင်တာနက် ရရှိအောင် လုပ်ပေးဖို့ ရည်မှန်းချက် ထားရှိပါတယ်။

တစ်ဦးချင်း သုံးစွဲမှုအပြင် အစိုးရဌာနများ၊ လုပါငန်းငယ်များ အတွက်လည်း ရည်ရွယ်ပါတယ်။

ဂိမ်းမာများ နေ့စဉ် ဂိမ်းကစားနိုင်ကြဖို့၊ ကျန်းမာရေး စောင်‌့ရှောက်မှု ပေးအပ်တဲ့ ဝန်ဆောင်မှု လုပ်ငန်းများအတွက်လည်း ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။ အင်တာနာကို ကားပေါ် တပ်ဆင်အသုံးပြုနိုင်တာကြောင့် သဘာဝဘေးဒဏ်ကြောင့် လျှပ်စစ်မီးပြတ်နေချိန်မှာ ကယ်ဆယ်ရေး လုပ်ကိုင်သူများ အင်တာနက် သုံးနိုင်မယ်လို့ ဆိုပါတယ်။

starlink.com/premium



Some text some message..